သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာနဲ႔ လူနည္းစုအေရး NUG ရပ္တည္ခ်က္ အေမရိကန္ႀကိဳဆို


ကုတုပေလာင္ ဒုကၡသည္စခန္း ျမင္ကြင္းတခု။ ၆ ေအာက္တိုဘာ၊ ၂၀၂၀ (ဓာတ္ပံု - AFP)

(Zawgyi/Unicode)

ရိုဟင္ဂ်ာေတြအပါအ၀င္ လူနည္းစု လူ႔အခြင့္အေရးကိုအကာကြယ္ေပးဖို႔နဲ႔ ၁၉၈၂ ႏုိင္ငံသားျဖစ္ေရးဥပေဒေတြကို ျပန္လည္ျပင္ဆင္ႏုိင္ေရး ၾကားကာလ အမ်ဳိးသားညီညြတ္ေရးအစိုးရ (NUG) နဲ႔ ဒီမိုကေရစီေရးလိုလားတဲ့အစုအဖြဲ႔ေတြရဲ႕ ေမ ွ်ာ္မွန္းခ်က္နဲ႔ ကတိက၀တ္ေတြကို အေမရိကန္ျပည္ေထာင္စုက ႀကိဳဆိုတယ္လို႔ အေမရိကန္ႏုိင္ငံျခားေရးဌာနေျပာခြင့္ရ Ned Price ရဲ႕ ၾသဂုတ္လ ၂၄ ရက္ေန႔စြဲနဲ႔ ထုတ္ျပန္ခ်က္တခုမွာ ေျပာထားပါတယ္။

ရခုိင္ျပည္နယ္ေျမာက္ပုိင္းမွာ လူမ်ဳိးစုအလိုက္ ရွင္းလင္းေရးဖယ္ရွားမႈအျဖစ္ အေမရိကန္ကသတ္မွတ္ထားတဲ့ လုပ္ရပ္ေတြကို ျမန္မာစစ္တပ္က က်ဴးလြန္ခဲ့တဲ့ ၄ ႏွစ္ေျမာက္ႏွစ္ပတ္လည္အျဖစ္ ၾသဂုတ္လ(၂၄)ရက္ေန႔က ထုတ္ျပန္ခ်က္မွာ အဲဒီလိုေျပာထားတာပါ။

ရိုဟင္ဂ်ာေတြအပါအ၀င္ ျမန္မာႏုိင္ငံတြင္း လူအားလုံးရဲ ႔လူ႔ဂုဏ္သိကၡာနဲ႔ လူ႔အခြင့္အေရးေတြကို ကာကြယ္ေပးဖို႔ လိုအပ္တယ္လို႔လည္း ေၾကျငာခ်က္မွာ ေျပာထားပါတယ္။ ရိုဟင္ဂ်ာေတြအေနနဲ႔ ဆယ္စုႏွစ္ေတြနဲ႔ခ်ီ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံေနရသလို လြန္ခဲ့တဲ့ ၄ နွစ္က စစ္တပ္ရဲ ႔ရက္စက္ၾကမ္းၾကဳတ္မႈအေပၚ ႏုိင္ငံတကာအသိုင္းအ၀ုိင္းက အထိတ္တလန္႔ျဖစ္ခဲ့ရၿပီး ဒီကေန႔ထိလည္း အဲဒီလို အႏုိင္က်င့္မႈေတြ ဆက္ၿပီးေပၚေပါက္ေနတယ္လို႔ ေျပာထားပါတယ္။

အလားတူအျဖစ္မ်ိဳး ထပ္ၿပီးေပၚေပါက္မလာေအာင္ အေျခခံအေၾကာင္းရင္းကို ေဖာ္္ထုတ္ဖို႔လိုတယ္လို႔လည္း ဆိုထားပါတယ္။ ၂၀၁၇ ခုႏွွစ္က ရိုဟင္ဂ်ာေတြအေပၚ အၾကမ္းဖက္ရက္စက္ခဲ့တဲ့ တပ္ဖြဲ႔ေတြရဲ ႔လုပ္ရပ္အတုိင္း ေဖေဖာ္၀ါရီလ ၁ ရက္ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ႏုိင္ငံတ၀န္း ဒီမိုကေရစီေရးတက္ၾကြလႈပ္ရွားသူေတြ၊ လူမႈအသိုင္းအ၀ိုင္းေတြအေပၚ ျမန္မာစစ္တပ္က အႏုိင္က်င့္ဖိႏွိပ္ေနတယ္လို႔လည္း ေၾကျငာခ်က္မွာ ေရးသားထားပါတယ္။

ျမန္မာႏုိင္ငံတြင္း ၾကမ္းၾကဳတ္ရက္စက္မႈေတြ က်ဴးလြန္ခဲ့တ့ဲသူေတြ၊ လူ႕အခြင့္အေရးခ်ဳိးေဖာက္ခဲ့သူေတြ သူတို႔လုပ္ရပ္အတြက္ တာ၀န္ခံမႈရွိေအာင္ေဆာင္ရြက္ေပးဖို႔႔ ႏုိင္ငံျခားေရးဌာနရဲ ႔အဲဒီထုတ္ျပန္ခ်က္မွာ ေတာင္းဆိုထားပါတယ္။
ျမန္မာႏုိင္ငံမွာ တရားမ ွ်တမႈရွိေရး၊အေရးႀကီးလွတဲ့ လူသားခ်င္းစာနာမႈဆုိင္ရာ အကူအညီေတြေပးအပ္ေရး၊ ဒီမိုကေရစီစနစ္ျပန္လည္ေဖာ္ေဆာင္ေရး၊ အေျခခံလြတ္လပ္ခြင့္နဲ႔ လူ႔အခြင့္အေရးေတြကို ေလးစားလုိက္နာေရး ျမန္မာျပည္သူေတြနဲ႔အတူပူးေပါင္းၿပီး ေရွ႔ဆက္ေဆာင္ရြက္သြားမယ္လို႔လည္း ေၾကျငာခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒီအခ်ိန္မွာပဲ လူမ်ိဳးတုန္းသတ္ျဖတ္မႈဆိုင္ရာ ရာဇသတ္ႀကီးဥပေဒပုဒ္မ (၃၁၁) မွာပါတဲ့ ပုဒ္မခြဲ (က)နဲ႔ (ခ)တို႔ကို ျဖည့္စြက္ျပင္ဆင္ေၾကာင္း စစ္ေကာင္စီက ၾသဂုတ္လ ၂၄ ရက္ အဂၤါေန႔က သတင္းထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ဒါဟာ ICJ ႏိုင္ငံတကာတရားရံုးနဲ႔ ရင္ဆိုင္ေနရတဲ့ ျမန္မာစစ္ေကာင္စီအေနနဲ႔ သူတို႔အေပၚ စဲြခ်က္ေတြသက္သာရာရေအာင္ ကာကြယ္ႀကိဳးပမ္းေနတာျဖစ္တယ္လို႔ ေနာ္ေ၀းအေျခစိုက္ လူ႔အခြင့္အေရးေရွ႕ေန ဦးမင္းလြင္ဦးက ဗြီအိုေအကို ေျပာပါတယ္။

......................................................................................

ရိုဟင်ဂျာနဲ့ လူနည်းစုအရေး NUG ရပ်တည်ချက် အမေရိကန်ကြိုဆို

(Unicode)

ရိုဟင်ဂျာတွေအပါအဝင် လူနည်းစု လူ့အခွင့်အရေးကိုအကာကွယ်ပေးဖို့နဲ့ ၁၉၈၂ နိုင်ငံသားဖြစ်ရေးဥပဒေတွေကို ပြန်လည်ပြင်ဆင်နိုင်ရေး ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ဒီမိုကရေစီရေးလိုလားတဲ့အစုအဖွဲ့တွေရဲ့ မေ ျှာ်မှန်းချက်နဲ့ ကတိကဝတ်တွေကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရ Ned Price ရဲ့ သြဂုတ်လ ၂၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူမျိုးစုအလိုက် ရှင်းလင်းရေးဖယ်ရှားမှုအဖြစ် အမေရိကန်ကသတ်မှတ်ထားတဲ့ လုပ်ရပ်တွေကို မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ ၄ နှစ်မြောက်နှစ်ပတ်လည်အဖြစ် သြဂုတ်လ(၂၄)ရက်နေ့က ထုတ်ပြန်ချက်မှာ အဲဒီလိုပြောထားတာပါ။

ရိုဟင်ဂျာတွေအပါအဝင် မြန်မာနိုင်ငံတွင်း လူအားလုံးရဲ့လူ့ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ လိုအပ်တယ်လို့လည်း ကြေငြာချက်မှာ ပြောထားပါတယ်။ ရိုဟင်ဂျာတွေအနေနဲ့ ဆယ်စုနှစ်တွေနဲ့ချီ လူ့အခွင့်အရေး ချိုးဖောက်ခံနေရသလို လွန်ခဲ့တဲ့ ၄ နှစ်က စစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်မှုအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက အထိတ်တလန့်ဖြစ်ခဲ့ရပြီး ဒီကနေ့ထိလည်း အဲဒီလို အနိုင်ကျင့်မှုတွေ ဆက်ပြီးပေါ်ပေါက်နေတယ်လို့ ပြောထားပါတယ်။

အလားတူအဖြစ်မျိုး ထပ်ပြီးပေါ်ပေါက်မလာအောင် အခြေခံအကြောင်းရင်းကို ဖော်ထုတ်ဖို့လိုတယ်လို့လည်း ဆိုထားပါတယ်။ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်ရက်စက်ခဲ့တဲ့ တပ်ဖွဲ့တွေရဲ့လုပ်ရပ်အတိုင်း ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်း ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေ၊ လူမှုအသိုင်းအဝိုင်းတွေအပေါ် မြန်မာစစ်တပ်က အနိုင်ကျင့်ဖိနှိပ်နေတယ်လို့လည်း ကြေငြာချက်မှာ ရေးသားထားပါတယ်။

မြန်မာနိုင်ငံတွင်း ကြမ်းကြုတ်ရက်စက်မှုတွေ ကျူးလွန်ခဲ့တဲ့သူတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခဲ့သူတွေ သူတို့လုပ်ရပ်အတွက် တာဝန်ခံမှုရှိအောင်ဆောင်ရွက်ပေးဖို့ နိုင်ငံခြားရေးဌာနရဲ့အဲဒီထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ တရားမ ျှတမှုရှိရေး၊အရေးကြီးလှတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးအပ်ရေး၊ ဒီမိုကရေစီစနစ်ပြန်လည်ဖော်ဆောင်ရေး၊ အခြေခံလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာရေး မြန်မာပြည်သူတွေနဲ့အတူပူးပေါင်းပြီး ရှေ့ဆက်ဆောင်ရွက်သွားမယ်လို့လည်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

ဒီအချိန်မှာပဲ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေပုဒ်မ (၃၁၁) မှာပါတဲ့ ပုဒ်မခွဲ (က)နဲ့ (ခ)တို့ကို ဖြည့်စွက်ပြင်ဆင်ကြောင်း စစ်ကောင်စီက သြဂုတ်လ ၂၄ ရက် အင်္ဂါနေ့က သတင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါဟာ ICJ နိုင်ငံတကာတရားရုံးနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာစစ်ကောင်စီအနေနဲ့ သူတို့အပေါ် စွဲချက်တွေသက်သာရာရအောင် ကာကွယ်ကြိုးပမ်းနေတာဖြစ်တယ်လို့ နော်ဝေးအခြေစိုက် လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက ဗွီအိုအေကို ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG