သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာလူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ား အေရးမယူႏိုင္လို႔ သက္ေရာက္မႈႀကီး - (IIMM အႀကီးအကဲ)


၄၂ ႀကိမ္ေျမာက္ လူ႔အခြင့္အေရးေကာင္စီညီလာခံမွာ အစီရင္ခံတင္ျပေနတဲ့ IIMM ျမန္မာႏိုင္ငံဆိုင္ရာ လြတ္လပ္တဲ့ စံုစမ္းစစ္ေဆးမႈ ယႏၱရား အဖဲြ႔ ဥကၠဌ Nicholas Koumjian

(Zawgyi/Unicode)

လူ႔အခြင့္အေရး ခ်ိဳးေဖာက္သူေတြကို အေရးမယူႏိုင္ဘဲ လြတ္ေနတဲ့အတြက္ အမ်ိဳးသား၊ အမ်ိဳးသမီး၊ ကေလးငယ္ေတြ နဲ႔ တိုင္းရင္းသား လူနည္းစုေတြ အပါအဝင္ ျပည္သူလူထု တစ္ရပ္လုံးအေပၚ သက္ေရာက္မႈေတြ ရွိေနတယ္လို႔ မစၥတာ Nicholas Koumjian က လူ႔အခြင့္အေရးေကာင္စီကို ေျပာခဲ့ပါတယ္။

ကုလသမဂၢ လူ႔အခြင့္အေရး ေကာင္စီရဲ႕ ပုံမွန္ အစည္းအေဝး ဒီကေန႔ စက္တင္ဘာလ ၁၃ ရက္ေန႔မွာ က်င္းပခဲ့တာမွာ ျမန္မာႏိုင္ငံဆိုင္ရာ သီးျခား လြတ္လပ္တဲ့ စုံစမ္းစစ္ေဆးေရးအဖြဲ႕ IIMMရဲ႕ အစီရင္ခံစာကို ေခါင္းေဆာင္ မစၥတာ Nicholas Koumjian က လူ႔အခြင့္အေရးေကာင္စီကို တင္သြင္းခဲ့တာပါ။

ေဖေဖာ္ဝါရီ အာဏာ သိမ္းၿပီးကတည္းက ၿငိမ္းခ်မ္းစြာ ဆႏၵျပေနၾကသူေတြ အေပၚ မတန္တဆ အင္အားသုံး ဖိႏွိပ္ခဲ့တဲ့အျပင္၊ ထင္သလို ဖမ္းဆီး၊ ညႇင္းပန္း ႏွိပ္စက္၊ ဘယ္ေရာက္လို႔ ေရာက္မွန္းမသိ ေပ်ာက္ဆုံးေနၾကတာေတြနဲ႔ သတ္ျဖတ္တာေတြ ရွိခဲ့တယ္လို႔ မစၥတာ နီကိုလပ္စ္ က လူ႔အခြင့္အေရး ေကာင္စီ ကို တင္ျပပါတယ္။

၂၀၁၇ ခုနစ္၊ ရခိုင္ျပည္နယ္မွာ အိမ္ေတြကို မီးရွိ႕ ဘူဒိုဇာေတြနဲ႔ တိုက္ဖ်က္ခဲ့တာေၾကာင့္ ႐ိုဟင္ဂ်ာေတြ ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ထြက္ေျပး ေနထိုင္ေနၾကရတယ္လို႔ သူက တင္ျပပါတယ္။ အဲဒီလို ရာဇဝတ္မႈ က်ဴးလြန္သူေတြဟာ အေရးယူမခံရဘဲ လြတ္ေနၾကတဲ့ အျဖစ္မ်ိဳးကို အဆုံးသတ္ဖို႔ လိုအပ္တယ္လို႔ သူက တင္ျပသြားပါတယ္။

ခု အခ်ိန္ထိ သူတို႔ အဖြဲ႕ဟာ အေထာက္အထားေပါင္း ၂ သိန္း ၁ ေသာင္း ၉ ေထာင္ေက်ာ္ကို စုေဆာင္းထားၿပီးၿပီလို႔လည္း ေျပာပါတယ္။ ဒါဟာ သတင္းအခ်က္အလက္ေပါင္း ၁.၄ သန္း ကေန စုေဆာင္းယူခဲ့တာ ျဖစ္ပါတယ္။ လူ႔အခြင့္အေရး အခ်ိဳးေဖာက္ခံရတဲ့ ျမန္မာျပည္သူေတြ အတြက္ တရားမွ်တမႈကို ေဆာင္းက်ဥ္းေပးႏိုင္ၿပီး၊ အေရးယူ မခံရဘဲ လြတ္ေျမာက္ေနတာေတြကို အဆုံးသတ္ႏိုင္ရမယ္လို႔ သူက ေဆြးေႏြးသြားပါတယ္။

အေမရိကန္ျပည္ေထာင္စုကေတာ့ ျမန္မာျပည္သူေတြ လိုလားေတာင့္တေနတဲ့ ၿငိမ္းခ်မ္း၊ သာယာဝေျပာၿပီး လူ႔အခြင့္အေရးကို ေလးစားလိုက္နာတဲ့ ဒီမိုကေရစီႏိုင္ငံေပၚထြန္းလာေရးအတြက္ လက္ရွိ ျဖစ္ေပၚေနတဲ့ အၾကမ္းဖက္ ရက္စက္မႈေတြ ရပ္တန႔္ၿပီး အဲဒီ ဒဏ္ေတြကို ခံစားခဲ့ရသူေတြရဲ႕ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးတဲ့တခ်ိန္ထဲမွာဘဲ ျပစ္မႈက်ဴးလြန္သူေတြကို အျပစ္ေပး အေရးယူေရးဟာ အေရးႀကီးေၾကာင္း၊ ဒါေၾကာင့္ IIMM ရဲ႕ လုပ္ငန္းစဥ္ေတြကို အျပည့္အဝေထာက္ခံေၾကာင္းနဲ႔ ျမန္မာအပါအဝင္ အဖြဲ႕ဝင္ႏိုင္ငံအားလုံးကလည္း IIMM ရဲ႕ လုပ္ငန္းစဥ္ေတြကို ေထာက္ခံၾကဖို႔ တိုက္တြန္းပါေၾကာင္း ေျပာပါတယ္။

အီးယူ ဥေရာပသမဂၢအဖြဲ႕ကေတာ့ ျမန္မာႏိုင္ငံအတြင္း ျဖစ္ေပၚေနတဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြအေပၚ အထူးစိုးရိမ္ ပူပန္ေၾကာင္း၊ IIMM အေပၚ ေပးအပ္ထားတဲ့ လုပ္ငန္းတာဝန္ေတြ အျပည့္အ၀ အေကာင္အထည္ေဖာ္ႏိုင္ေရးအတြက္ ျမန္မာႏိုင္ငံအေနနဲ႔ IIMM နဲ႔ ပူးေပါင္းေဆာင္႐ြက္ၿပီး IIMM အဖြဲ႕က လိုအပ္တဲ့ အခ်က္အလက္ေတြရရွိေရးအတြက္ သူတို႔ သြားလိုတဲ့ေနရာေတြ အဟန႔္အတားမရွိ သြားေရာက္ ေလ့လာႏိုင္ေရးခြင့္ျပဳဖို႔ တိုက္တြန္းေၾကာင္း ေျပာပါတယ္။

ၿဗိတိန္ႏိုင္ငံကေတာ့ - IIMM ရဲ႕ လုပ္ငန္းစဥ္ေတြကို ေထာက္ခံတဲ့ တခ်ိန္ထဲမွာဘဲ ျမန္မာႏိုင္ငံမွာ စစ္တပ္ကအာဏာသိမ္းတာကို အျပင္းအထန္ ကန႔္ကြက္ေၾကာင္းေျပာဆိုလိုက္ၿပီး လူထုက ေ႐ြးေကာက္တင္ေျမာက္ထားတဲ့ အရပ္သားအစိုးရလက္ထဲ အာဏာျပန္လြဲေျပာင္းေပးဖို႔နဲ႔ ဆိုး႐ြားတဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို ရပ္တန္းရပ္ဖို႔၊ ေရရွည္ တည္ၿငိမ္တဲ့ တိုင္းျပည္ ျဖစ္ေပၚလာေရးအတြက္ အမ်ိဳးသားရင္ၾကားေစ့ေရးကို ဦးတည္ေစတဲ့ ေဆြးေႏြးမႈေတြ ျပဳလုပ္ၾကဖို႔ တိုက္တြန္းေၾကာင္း ေျပာပါတယ္။

.................................................................................................

တိုက္႐ိုက္ လင့္ခ္


မြန်မာလူ့အခွင့်အရေးချိုးဖောက်မှုများ အရေးမယူနိုင်လို့ သက်ရောက်မှုကြီး - (IIMM အကြီးအကဲ)

(Unicode)

လူ့အခွင့်အရေး ချိုးဖောက်သူတွေကို အရေးမယူနိုင်ဘဲ လွတ်နေတဲ့အတွက် အမျိုးသား၊ အမျိုးသမီး၊ ကလေးငယ်တွေ နဲ့ တိုင်းရင်းသား လူနည်းစုတွေ အပါအဝင် ပြည်သူလူထု တစ်ရပ်လုံးအပေါ် သက်ရောက်မှုတွေ ရှိနေတယ်လို့ မစ္စတာ Nicholas Koumjian က လူ့အခွင့်အရေးကောင်စီကို ပြောခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ပုံမှန် အစည်းအဝေး ဒီကနေ့ စက်တင်ဘာလ ၁၃ ရက်နေ့မှာ ကျင်းပခဲ့တာမှာ မြန်မာနိုင်ငံဆိုင်ရာ သီးခြား လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ IIMMရဲ့ အစီရင်ခံစာကို ခေါင်းဆောင် မစ္စတာ Nicholas Koumjian က လူ့အခွင့်အရေးကောင်စီကို တင်သွင်းခဲ့တာပါ။

ဖေဖော်ဝါရီ အာဏာ သိမ်းပြီးကတည်းက ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသူတွေ အပေါ် မတန်တဆ အင်အားသုံး ဖိနှိပ်ခဲ့တဲ့အပြင်၊ ထင်သလို ဖမ်းဆီး၊ ညှင်းပန်း နှိပ်စက်၊ ဘယ်ရောက်လို့ ရောက်မှန်းမသိ ပျောက်ဆုံးနေကြတာတွေနဲ့ သတ်ဖြတ်တာတွေ ရှိခဲ့တယ်လို့ မစ္စတာ နီကိုလပ်စ် က လူ့အခွင့်အရေး ကောင်စီ ကို တင်ပြပါတယ်။

၂၀၁၇ ခုနစ်၊ ရခိုင်ပြည်နယ်မှာ အိမ်တွေကို မီးရှိ့ ဘူဒိုဇာတွေနဲ့ တိုက်ဖျက်ခဲ့တာကြောင့် ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေး နေထိုင်နေကြရတယ်လို့ သူက တင်ပြပါတယ်။ အဲဒီလို ရာဇဝတ်မှု ကျူးလွန်သူတွေဟာ အရေးယူမခံရဘဲ လွတ်နေကြတဲ့ အဖြစ်မျိုးကို အဆုံးသတ်ဖို့ လိုအပ်တယ်လို့ သူက တင်ပြသွားပါတယ်။

ခု အချိန်ထိ သူတို့ အဖွဲ့ဟာ အထောက်အထားပေါင်း ၂ သိန်း ၁ သောင်း ၉ ထောင်ကျော်ကို စုဆောင်းထားပြီးပြီလို့လည်း ပြောပါတယ်။ ဒါဟာ သတင်းအချက်အလက်ပေါင်း ၁.၄ သန်း ကနေ စုဆောင်းယူခဲ့တာ ဖြစ်ပါတယ်။ လူ့အခွင့်အရေး အချိုးဖောက်ခံရတဲ့ မြန်မာပြည်သူတွေ အတွက် တရားမျှတမှုကို ဆောင်းကျဉ်းပေးနိုင်ပြီး၊ အရေးယူ မခံရဘဲ လွတ်မြောက်နေတာတွေကို အဆုံးသတ်နိုင်ရမယ်လို့ သူက ဆွေးနွေးသွားပါတယ်။

အမေရိကန်ပြည်ထောင်စုကတော့ မြန်မာပြည်သူတွေ လိုလားတောင့်တနေတဲ့ ငြိမ်းချမ်း၊ သာယာဝပြောပြီး လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ ဒီမိုကရေစီနိုင်ငံပေါ်ထွန်းလာရေးအတွက် လက်ရှိ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် ရက်စက်မှုတွေ ရပ်တန့်ပြီး အဲဒီ ဒဏ်တွေကို ခံစားခဲ့ရသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတဲ့တချိန်ထဲမှာဘဲ ပြစ်မှုကျူးလွန်သူတွေကို အပြစ်ပေး အရေးယူရေးဟာ အရေးကြီးကြောင်း၊ ဒါကြောင့် IIMM ရဲ့ လုပ်ငန်းစဉ်တွေကို အပြည့်အဝထောက်ခံကြောင်းနဲ့ မြန်မာအပါအဝင် အဖွဲ့ဝင်နိုင်ငံအားလုံးကလည်း IIMM ရဲ့ လုပ်ငန်းစဉ်တွေကို ထောက်ခံကြဖို့ တိုက်တွန်းပါကြောင်း ပြောပါတယ်။

အီးယူ ဥရောပသမဂ္ဂအဖွဲ့ကတော့ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် အထူးစိုးရိမ် ပူပန်ကြောင်း၊ IIMM အပေါ် ပေးအပ်ထားတဲ့ လုပ်ငန်းတာဝန်တွေ အပြည့်အ၀ အကောင်အထည်ဖော်နိုင်ရေးအတွက် မြန်မာနိုင်ငံအနေနဲ့ IIMM နဲ့ ပူးပေါင်းဆောင်ရွက်ပြီး IIMM အဖွဲ့က လိုအပ်တဲ့ အချက်အလက်တွေရရှိရေးအတွက် သူတို့ သွားလိုတဲ့နေရာတွေ အဟန့်အတားမရှိ သွားရောက် လေ့လာနိုင်ရေးခွင့်ပြုဖို့ တိုက်တွန်းကြောင်း ပြောပါတယ်။

ဗြိတိန်နိုင်ငံကတော့ - IIMM ရဲ့ လုပ်ငန်းစဉ်တွေကို ထောက်ခံတဲ့ တချိန်ထဲမှာဘဲ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းတာကို အပြင်းအထန် ကန့်ကွက်ကြောင်းပြောဆိုလိုက်ပြီး လူထုက ရွေးကောက်တင်မြောက်ထားတဲ့ အရပ်သားအစိုးရလက်ထဲ အာဏာပြန်လွဲပြောင်းပေးဖို့နဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရပ်တန်းရပ်ဖို့၊ ရေရှည် တည်ငြိမ်တဲ့ တိုင်းပြည် ဖြစ်ပေါ်လာရေးအတွက် အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်စေတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ကြဖို့ တိုက်တွန်းကြောင်း ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG