သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႀကီးေလးတဲ့ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြ IIMM ဆက္လက္စုေဆာင္း


IIMM အႀကီးအကဲ Nicholas Koumjian ႏွင့္ မစုျမတ္မြန္
တိုက္႐ိုက္ လင့္ခ္

ျမန္္မာႏိုင္ငံမွာျဖစ္တဲ့ ဆိုးဝါးတဲ့ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈ အေထာက္အထားေတြကို ဆက္လက္စုေဆာင္း သိမ္းဆည္းေနပါတယ္လို႔ IIMM ရဲ႕ အႀကီးအကဲက ဗီအိုေအျမန္မာပိုင္းကို ေျပာပါတယ္။ ႐ွမ္း၊ ကခ်င္နဲ႔ ရခိုင္ျပည္နယ္ေတြမွာ ၂၀၁၁ ခုႏွစ္ထဲက ျဖစ္ေနတဲ့ ႀကီးေလးတဲ့ လူ႔အခြင့္အေရးဆိုင္ရာ ျပစ္မႈအေထာက္အထားေတြ စုေဆာင္းသံုးသပ္ၿပီး၊ ႏုိင္ငံတကာဥပေဒနဲ႔အညီ စစ္ေဆးတဲ့ တရား႐ံုးေတြကို မွ်ေဝဖို႔ IIMM (ေခၚ) Independent Investigative Mechanism for Myanmar / Myanmar Mechanism ကို ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီက တာဝန္ေပးထားတာ ျဖစ္ပါတယ္။ ျမန္မာတႏိုင္ငံလံုးမွာ ျဖစ္သမွ် ႀကီးေလးတဲ့ ျပစ္မႈက်ဴးလြန္မႈမွန္သမွ် ဆက္လက္စုေဆာင္းသြားမွာ ျဖစ္တယ္လို႔ အႀကီးအကဲ Nicholas Koumjian က ေျပာပါတယ္။ မစုျမတ္မြန္က ဆက္သြယ္ေမးထားပါတယ္။

ေမး ။ ။ IIMM အႀကီးအကဲအေနနဲ႔ Myanmar Mechanism လို႔ အတုိေကာက္ေခၚတဲ့ IIMM ဆိုတာ ႐ွင္းျပပါ႐ွင့္၊ Myanmar Mechanism ရဲ႕ လုပ္ပိုင္ခြင့္၊ တာဝန္ေတြက ဘာပါလဲ၊ ဒီတာဝန္ေတြေက်ဖုိ႔ ဘယ္လိုေဆာင္႐ြက္ေနပါလဲ။

ေျဖ ။ ။ Myanmar Mechanism ဆိုတာကေတာ့ ကုလသမဂၢရဲ႕ လူ႔အခြင့္အေရးဆိုင္ရာ အဆင့္အျမင့္ဆံုးအဖဲြ႔အစည္း လူ႔အခြင့္အေရးေကာင္စီက ဖဲြ႔စည္းေပးထားတဲ့ ယႏၱရားတခု ျဖစ္ပါတယ္။ ကၽြန္ေတာ္တုိ႔ကို အပ္ႏွင္းထားတဲ့ လုပ္ပိုင္ခြင့္ေတြကေတာ့ ျမန္မာႏိုင္ငံမွာ ၂၀၁၁ ခုႏွစ္ထဲကစလို႔ ဆိုးဝါးတဲ့ ႏိုင္ငံတကာျပစ္မႈေတြ၊ ႏိုင္ငံတကာဥပေဒေတြ ခ်ဳိးေဖာက္က်ဴးလြန္တဲ့ ဆိုးဝါးတဲ့ ျပစ္မႈေတြရဲ႕ အေထာက္အထားေတြ စုေဆာင္းဖုိ႔၊ သိမ္းဆည္းဖုိ႔နဲ႔ သံုးသပ္ဖုိ႔ ျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ လုပ္ပိုင္ခြင့္က ျမန္မာတႏိုင္ငံလံုးမွာ အႀကံဳးဝင္ပါတယ္။ ႀကီးေလးတဲ့ ႏိုင္ငံတကာ ျပစ္မႈေျမာက္တဲ့အမႈေတြကို အဖဲြ႔အစည္းတခုအေပၚ က်ဴးလြန္တာျဖစ္ျဖစ္၊ လူတဦးတေယာက္က က်ဴးလြန္တာပဲျဖစ္ျဖစ္ က်ဴးလြန္တယ္ဆိုရင္ အေထာက္အထားေတြ စုေဆာင္းဖုိ႔ လုပ္ပိုင္ခြင့္အာဏာ အပ္ႏွင္းထားပါတယ္။

၂၀၁၁ ခုႏွစ္ ဇန္နဝါရီလ (၁) ရက္ေန႔ထဲက စတာျဖစ္ၿပီး၊ ခြင့္ျပဳတဲ့ လုပ္ပိုင္ခြင့္ကို လူ႔အခြင့္အေရးေကာင္စီက မျပင္မခ်င္း ဆက္ၿပီး စံုစမ္းေနမွာ ျဖစ္ပါတယ္။ ဒီေန႔နက္ျဖန္ ေနာက္သီတင္းပါတ္ေတြအထိ ဆက္ၿပီး အခ်က္အလက္ေတြ စုေဆာင္းေနမွာပါ။ ကၽြန္ေတာ္တို႔ကို လုပ္ပိုင္ခြင့္ တာဝန္ေပးထားတဲ့ ေနာက္တခ်က္က ျပစ္မႈက်ဴးလြန္သူေတြကို ႏိုင္ငံတကာ တရား႐ံုးမွာပဲျဖစ္ျဖစ္၊ ႏိုင္ငံအဆင့္ တရား႐ံုးမွာပဲျဖစ္ျဖစ္ တရားစြဲတဲ့အခါ ကၽြန္ေတာ္တို႔ ရ႐ွိထားတဲ့ အခ်က္အလက္ေတြကို သံုးသပ္ၿပီး လိုအပ္တာ မွ်ေဝဖုိ႔ ျဖစ္ပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔က ရ႐ွိတဲ့ ဒီအခ်က္အလက္ေတြကုိ ဆန္းစစ္ၿပီး ဒီအမႈမွာ ဘယ္သူက တာဝန္႐ွိသလဲဆိုတာကို ႀကိဳးစားသံုးသပ္ပါတယ္။ အမႈတည္ေဆာက္ထားၿပီး တေန႔ေန႔မွာ သက္ဆိုင္ရာအမႈကို စစ္ေဆးတဲ့ တရား႐ံုးေတြကို မွ်ေဝႏိုင္ဖုိ႔ ျပင္ဆင္ထားရပါတယ္။

ေမး ။ ။ ေစာေစာက မစၥတာခြမ္းဂ်န္ ႐ွင္းျပတဲ့ထဲမွာပါသလိုပဲ IIMM ကို စတင္ဖဲြ႔စည္းခ်ိန္က ႐ွမ္း၊ ကခ်င္၊ ရခိုင္မွ ၂၀၁၁ ခုႏွစ္ထဲက ျဖစ္ခဲ့တဲ့ အဆိုးဝါးဆံုး လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈ အေထာက္အထားေတြကို စုေဆာင္းမွတ္တမ္းျပဳစုထားဖုိ႔ ျဖစ္တယ္လုိ႔ နားလည္ပါတယ္။ ဒါေပမဲ့ ေဖေဖာ္ဝါရီ (၁) ရက္ အာဏာသိမ္းၿပီးေနာက္ လံုၿခံဳေရးတပ္ဖဲ႔ြေတြရဲ႕ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြကိုလည္း ရယူမွတ္တမ္းျပဳထားတယ္ဆိုေတာ့ လုပ္ငန္းလုပ္ပိုင္ခြင့္ တာဝန္ေတြကို တိုးခ်ဲ ႔လိုက္တဲ့သေဘာပါလား။

ေျဖ ။ ။ လုပ္ပိုင္ခြင့္တာဝန္ေတြကို တိုးေပးလိုက္တာ မဟုတ္ပါဘူး။ IIMM ကို စတင္ ဖဲြ႔စည္းတည္ေထာင္ခ်ိန္ထဲက ျမန္မာတႏိုင္ငံလံုးမွာ ျဖစ္ခဲ့တဲ့ ျပစ္မႈေတြကို စံုစမ္းဖို႔ တာဝန္ေပးထားတာပါ။ ခင္ဗ်ားေျပာတာ မွန္ပါတယ္။ လူ႔အခြင့္အေရးေကာင္စီက IIMM ကို ဖြဲြ႔စည္းေပးလိုက္ခ်ိန္ကေတာ့ ရခိုင္၊ ႐ွမ္းနဲ႔ ကခ်င္ျပည္နယ္ေတြမွာ ျဖစ္ခဲ့တဲ့ ျပစ္မႈအေထာက္အထားေတြကို အဓိက စုေဆာင္းဖုိ႔ တာဝန္ေပးခဲ့တာပါ။ ဒါေပမဲ့ ျမန္မာႏိုင္ငံ ဘယ္ေနရာမွာမဆို က်ဴးလြန္တဲ့ ႀကီးေလးတဲ့၊ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြကို စံုစမ္းရမယ္လို႔ တာဝန္ေပးထားတာ ျဖစ္ပါတယ္။ ဘယ္တုန္းကမွ အခ်ိန္ကန္႔သတ္ခ်က္လည္း လုပ္မထားပါဘူး။ က်ဳးလြန္သူေတြအေနနဲ႔ တာဝန္ခံမႈ၊ တာဝန္ယူမႈ မ႐ွိရင္၊ အခုလိုႀကီးေလးတဲ့ ျပစ္မႈေတြ ထပ္ခါထပ္ခါ ခ်ဳိးေဖာက္ေနမွာကို လူ႔အခြင့္အေရးေကာင္စီက စိုးရိမ္လို႔ ျဖစ္မွာပါ။ ဒါေၾကာင့္လဲ အေထာက္အထားေတြကို စုစည္းသိမ္းဆည္းထားတဲ့ အဖဲြ႔တခုကို တည္ေထာင္ေပးလိုက္တာ ျဖစ္ပါတယ္။ ဒါမွ တေန႔က်ရင္ တာဝန္႐ွိသူေတြ တာဝန္ခံရမွာ ျဖစ္ပါတယ္။ ေနာက္တခ်က္ကလည္း ႏိုင္ငံတကာ အသိုင္းအဝိုင္းက အခုလို အေထာက္အထားေတြကို စုေဆာင္းေနတယ္ဆုိတာ သိရင္ တခ်ဳိ႕က်ဴးလြန္မႈမ်ဳိးေတြကို ထပ္ၿပီး က်ဴးလြန္ဖုိ႔ တြန္႔သြားႏိုင္တယ္ဆုိတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ IIMM ကို ဖဲြ႔စည္းေပးထားတာ ျဖစ္ပါတယ္။

ေမး ။ ။ အဲဒီေတာ့ IIMM က ဘယ္လိုအခ်က္အလက္၊ သက္ေသ၊ အေထာက္အထားေတြကို ရယူ စုေဆာင္းေနပါသလဲ၊ တကယ္လို႔ အဲဒီအခ်က္အလက္ေတြ ပို႔ေပးခ်င္သူေတြအေနနဲ႔ သူတုိ႔ ပို႔ေပးတဲ့အခ်က္ေတြ အလဟာသ မျဖစ္ရေအာင္ ဘာေတြသတိျပဳသင့္ပါလဲ။

ေျဖ ။ ။ လူသားထုအေပၚ က်ဴးလြန္တဲ့ျပစ္မႈ၊ စစ္ရာဇဝတ္မႈ ဒါမွမဟုတ္ လူမ်ဳိးတံုးသတ္ျဖတ္မႈလို ႀကီးေလးတဲ့ ႏိုင္ငံတကာျပစ္မႈေျမာက္တဲ့ အမႈေတြနဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြကို စုေဆာင္းပါတယ္။ စစ္ရာဇဝတ္မႈကေတာ့ လက္နက္ကိုင္ ပဋိပကၡေတြနဲ႔ ဆက္စပ္တဲ့ ျပစ္မႈေတြပါ။ ဂ်ီနီဗာ ပဋိဥာဥ္ (Geneva Convention) ပါအခ်က္ေတြကို ခ်ဳိးေဖာက္တဲ့၊ ဥပေဒစည္းကမ္းေတြကို ခ်ဳိးေဖာက္တဲ့ အမႈေတြ ျဖစ္ပါတယ္။ လူသားထုအေပၚ က်ဴးလြန္တဲ့ ျပစ္မႈမ်ဳိးက်ေတာ့ အရပ္သားေတြအေပၚ စနစ္တက် က်ယ္က်ယ္ျပန္႔ျပန္႔ ျပစ္မွတ္ထားတဲ့အခါ က်ဳးလြန္တဲ့ ႀကီးေလးတဲ့ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈမ်ဳိး ျဖစ္ပါတယ္။

လူမ်ဳိးတံုးသတ္ျဖတ္မႈကေတာ့ ရည္႐ြယ္ခ်က္႐ွိ႐ွိနဲ႔ လူမ်ဳိးေရး၊ ဘာသာေရး အေျခခံတဲ့ အသိုင္းအဝိုင္းေတြကို ဖ်က္စီးျပစ္တာ ျဖစ္ပါတယ္။ ဆိုေတာ့ ကၽြန္ေတာ္တုိ႔က ဒီလိုျပစ္မႈေတြ က်ဳးလြန္တယ္ဆိုတဲ့ အေထာက္အထားမ်ဳိးစံုကို စုေဆာင္းပါတယ္။ ဒီျပစ္မႈေတြအတြက္ ဘယ္သူေတြမွာ တာဝန္႐ွိသလဲဆိုတာ သိႏိုင္မယ့္ အေထာက္အထားေတြကိုလည္း စုေဆာင္းပါတယ္။ ျပစ္မႈက်ဴးလြန္ခံရသူေတြ သက္ေသေတြကို ကၽြန္ေတာ္တုိ႔ စကားေျပာခ်င္ပါတယ္။ ဒီအမႈေတြက်ဳးလြန္ဖုိ႔ စီစဥ္သူေတြ အမိန္႔ေပးသူေတြကို ေဖာ္ထုတ္ဖုိ႔အတြက္ ထဲထဲဝင္ဝင္ အေၾကာင္းအခ်က္ေတြ သိထားသူေတြနဲ႔ စကားေျပာႏို္င္ဖုိ႔ သိပ္အေရးႀကီးတယ္ဆုိတာ အလားတူျပစ္မႈေတြ စံုစမ္းဖူးတဲ့ ကၽြန္ေတာ့္အေတ႔ြအႀကံဳအရ ေျပာခ်င္ပါတယ္။ ဒါေၾကာင့္ အဲလို အတြင္းသတင္းေပးႏိုင္သူမ်ဳိးေတြ ကၽြန္ေတာ္တုိ႔ကို ဆက္သြယ္လာဖုိ႔ ေမွ်ာ္လင့္ပါတယ္။ ကၽြန္ေတာ္တို႔ နည္းမ်ဳိးစံုနဲ႔ အေထာက္အထားေတြ စုေဆာင္းတဲ့ အေသးစိတ္ကိုေတာ့ ကၽြန္ေတာ္တုိ႔ အလုပ္ေတြ ထိခိုက္မွာစိုးလို႔ သိပ္မေျပာခ်င္ပါဘူး။ ေျပာႏုိင္တာကေတာ့ ကၽြန္ေတာ္တုိ႔ကို အခ်က္အလက္ေပးခ်င္လို႔ ဆက္သြယ္လာသူေတြ အမ်ားႀကီး႐ွိပါတယ္။

သူတို႔ကို ကၽြန္ေတာ္တုိ႔ေတာင္းဆိုတာက ဓါတ္ပံုေတြ ဗီဒီယိုေတြေပးတယ္ဆုိရင္ ဘာျဖစ္တာလဲ ဘယ္ေန႔က ဘယ္မွာျဖစ္တာလဲ။ အဲဒီဓါတ္ပံု ဗီဒီယိုေတြကို ဘယ္သူ႐ိုက္ထားတာလဲဆိုတာ ေျပာျပဖုိ႔ ေမးပါတယ္။ အင္တာနက္ေပၚမွာ ေတ႔ြႏိုင္တဲ့ ဗီဒီယိုမ်ဳိးဆိုရင္ေတာ့ ကၽြန္ေတာ္တုိ႔လဲ အခ်က္အလက္ရႏိုင္တဲ့အတြက္ အဲဒါမ်ဳိးေတြေပးဖို႔ မလုိပါဘူး။ ကၽြန္ေတာ္တို႔ဆီ ဆက္သြယ္မယ့္သူေတြအေနနဲ႔ သူတို႔အတြက္ အႏၱရာယ္မ႐ွိႏိုင္တဲ့ နည္းလမ္းေတြနဲ႔ ဆက္သြယ္ဖုိ႔ ေျပာပါတယ္။ သူတို႔လံုၿခံဳေရးက ကၽြန္ေတာ္တုိ႔အတြက္ သိပ္အေရးႀကီးပါတယ္။ ကၽြန္ေတာ္တို႔ရဲ႕ (https://iimm.un.org/) website ေပၚမွာလည္း ကၽြန္ေတာ္တို႔ကို ဘယ္လို ဆက္သြယ္လုိ႔ရတယ္ဆိုတာ ႐ွင္းျပထားပါတယ္။ ပို႔တဲ့အခ်က္အလက္ေတြ ၾကားျဖတ္မယူႏိုင္ေအာင္ အင္မတန္လံုၿခံဳစိတ္ခ်ရတဲ့ Proton Mail စနစ္ကို သံုးပါတယ္။ တခု႐ွိတာက ဆက္သြယ္တဲ့သူကလည္း အဲဒီ Proton Mail စနစ္ကို သံုးဖို႔ေတာ့ လိုပါတယ္။ Message ပို႔ခ်င္တယ္ဆိုရင္လည္း Signal လို စိတ္ခ်လံုၿခံဳတဲ့ စနစ္ကို သံုးပါလို႔ ကၽြန္ေတာ္ကေတာ့ အႀကံဳျပဳခ်င္ပါတယ္။

ေမး ။ ။ IIMM က ဘယ္သူမဆိုေပးပို႔တဲ့ အေထာက္အထား အခ်က္အလက္ေတြကို ရယူစုေဆာင္းတဲ့ open-source investigation ကို လုပ္ေနတာဆိုေတာ့ ရ႐ွိတာေတြကို ဘယ္လို ကိုင္တြယ္ပါလဲ။

ေျဖ ။ ။ စိန္ေခၚမႈေတြ ႐ွိပါတယ္။ အထူးသျဖင့္ အာဏာသိမ္းမႈျဖစ္ၿပီးေနာက္မွာ အခ်က္အလက္ေတြ၊ ဓါတ္ပံုေတြ၊ ဗီဒီယိုေတြပါတဲ့ message မက္ေဆ့ခ်္ေပါင္း - သတင္းေပးမႈေပါင္း (၂) သိန္းေလာက္ ရပါတယ္။ ကၽြန္ေတာ္တို႔ ရသမွ် မက္ေဆ့ခ်္ေတြအားလံုးကို ၾကည့္ပါတယ္။ ဓါတ္ပံုေတြ၊ ဗီဒီယိုေတြကိုလည္း ေနာက္ထပ္ဆက္ၿပီး ဆန္းစစ္ႏုိင္ဖုိ႔ စုေဆာင္းသိမ္းထားပါတယ္။ ဒီအခ်က္အလက္ေတြကို ကၽြန္ေတာ္တို႔ ေရ႐ွည္သိမ္းထားမွာပါ။ စိန္ေခၚမႈတခုက ကၽြန္ေတာ္တို႔ရတဲ့ အခ်က္အလက္ ပမာဏေၾကာင့္ ကၽြန္ေတာ္တုိ႔ အင္မတန္လံုၿခံဳၿပီး အဆင့္ျမင့္တဲ့ အခ်က္အလက္သိမ္းစနစ္ကို လုပ္ရပါတယ္။ ဒါမွ ကၽြန္ေတာ္တုိ႔ ဒီအခ်က္အလက္ေတြကို သံုးသပ္လို႔ရမွာပါ။ ဥပမာ ရတဲ့ဗီဒီယိုေတြက ဆင္တူျဖစ္ေနတာေတြလား ဆိုတာမ်ဳိး သိႏိုင္ေအာင္ လုပ္ထားရပါတယ္။

ေမး ။ ။ ေစာေစာက Mr. Koumjian ရွင္းျပသြားတဲ့အထဲမွာ IIMM ရဲ႕ အဓိက အလုပ္တခုက အဆိုးဝါးဆံုး လူ႔အခြင့္အေရး ခ်ဳိးေဖာက္တယ္ဆိုတဲ့ ကိစၥေတြကို စုေဆာင္းသိမ္းဆည္းၿပီး သံုးသပ္ေပးရတာပါ။ ဒါေပမဲ့ အဖဲြ႔အေနနဲ႔ ျမန္မာႏိုင္ငံထဲကုိ သြားလို႔မရေတာ့ အခုလို လူ႔အခြင့္အေရး ခ်ဳိးေဖာက္တယ္လို႔ ေျပာတဲ့ေနရာေတြကို ကိုယ္တိုင္မ်က္စိနဲ႔ မေတ႔ြရပါဘူး။ အဲဒီေတာ့ ဒီရ႐ွိထားတဲ့ အခ်က္အလက္ေတြက လူ႔အခြင့္အေရး ခ်ဳိးေဖာက္တယ္ဆိုတဲ့ ကိစၥေတြဟာ တကယ္ျဖစ္ခဲ့တယ္ မွန္တယ္ဆိုတာ ေသခ်ာေအာင္ လုပ္ဖို႔ ဘယ္ေလာက္ခက္ခဲပါလဲ။

ေျဖ ။ ။ ျပစ္မႈက်ဴးလြန္ခဲ့တဲ့ေနရာေတြနဲ႔ မ်က္ျမင္သက္ေသေတြ အမ်ားႀကီး႐ွိတဲ့ ျမန္မာႏိုင္ငံထဲကို မသြားႏုိင္တာက အခက္အခဲတခု ျဖစ္တယ္ဆိုတာကေတာ့ ေသခ်ာပါတယ္။ ပံုမွန္ဆို ရာဇဝတ္မႈေတြ စံုစမ္းရင္ အခင္းျဖစ္တဲ့ေနရာ သြားၾကည့္တာက စရတာပါ။ ဆုိေတာ့ ကၽြန္ေတာ္တုိ႔အတြက္ ပိုၿပီးစိန္ေခၚမႈေတြ ျဖစ္ေစပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ္တုိ႔မွာ အေထာက္အထားေတြ စုေဆာင္းဖုိ႔ တျခားနည္းလမ္းေတြ ႐ွိပါတယ္။ တခ်ဳိ႕က ျမန္မာႏိုင္ငံထဲက လာတဲ့သူေတြဆီက ရတယ္။ အဲဒီလိုရသမွ် အေထာက္အထားေတြအားလံုးကို ေနာင္ႏွစ္ေပါင္းမ်ားစြာ သံုးႏုိင္တဲ့အထိ စုစည္းသိမ္းဆည္းထားပါတယ္။ အခုလက္႐ွိ ရ႐ွိထားတဲ့ အခ်က္အလက္တခ်ဳိ႕က အခုခ်က္ခ်င္း အသံုးဝင္ခ်င္မွ ဝင္ႏိုင္မွာ ျဖစ္ေပမယ့္ ေနာင္ (၁) ႏွစ္ (၂) ႏွစ္ေလာက္မွာ ရတဲ့ အေထာက္အထားေတြအရ သိပ္ကို အသံုးဝင္တာမ်ဳိး ျဖစ္လာႏိုင္ပါတယ္။

ဒါေၾကာင့္ ကၽြန္ေတာ္တုိ႔ရသမွ် အခ်က္အလက္ေတြကို ထိမ္းသိမ္းထားဖုိ႔ သိပ္ကို အေရးႀကီးပါတယ္။ အခုဆို ကၽြန္ေတာ္တုိ႔မွာ ဝန္ထမ္း (၅၀) ေလာက္ ႐ွိပါတယ္။ လုပ္စရာေတြလည္း အမ်ားႀကီးပါ။ အခ်က္အလက္ေတြ စုေဆာင္းဖုိ႔ သံုးသပ္ဖုိ႔ စိန္ေခၚမႈေတြ အမ်ားႀကီး ႐ွိပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ္တုိ႔မွာ သက္ဆုိင္ရာ နယ္ပယ္မွာ ကၽြမ္းက်င္သူေတြ ႐ွိပါတယ္။ စစ္ရာဇဝတ္မႈေတြ၊ လူသားထုအေပၚ က်ဴးလြန္တဲ့ ျပစ္မႈေတြနဲ႔ဆိုင္တဲ့ ဥပေဒေတြအေၾကာင္း ေကာင္းေကာင္းနားလည္တဲ့ ႏိုင္ငံတကာေ႐ွ႕ေနေတြ ႐ွိပါတယ္။ ရ႐ွိတဲ့ အခ်က္အလက္ အမ်ားႀကီးကို သံုးသပ္ႏုိင္တဲ့ ဝါရင့္ မႈခင္းစစ္ေတြ ႐ွိပါတယ္။ ဒါတင္မက စံုစမ္းစစ္ေဆးသူေတြ၊ လံုၿခံဳေရးဝန္ထမ္းေတြ၊ အခ်က္အလက္ေတြကို အဆင္ျမင့္ ကၽြမ္းက်င္စြာ စီမံခန္႔ခြဲႏိုင္သူေတြအျပင္ မ်က္ျမင္သက္ေသေတြကို အကာအကြယ္ေပးတဲ့ ဝန္ထမ္းေတြလည္း ႐ွိပါတယ္။

ေမး ။ ။ IIMM အေနနဲ႔ ျမန္မာႏိုင္ငံထဲ သြားႏိုင္ဖုိ႔ တႀကိမ္မက ႀကိဳးစားခဲ့ဖူးမယ္ ထင္ပါတယ္။ ေနာင္မွာေရာ ျမန္မာေခါင္းေဆာင္ေတြ ပူးေပါင္းေဆာင္႐ြက္လာေအာင္ စြဲေဆာင္ဖုိ႔၊ ျမန္မာႏိုင္ငံထဲမွာ ႐ွိေနတဲ့ ကုလသမဂၢအဖဲြ႔အစည္းကတဆင့္ ျမန္မာႏိုင္ငံထဲက ေနရာေတြ သြားႏိုင္ဖို႔ ထပ္ႀကိဳးစားမယ့္ အစီအစဥ္ေတြ႐ွိပါလား။

ေျဖ ။ ။ ျမန္မာႏိုင္ငံထဲ သြားႏုိင္ဖုိ႔ ခြင့္ျပဳခ်က္ရတဲ့အထိ ဆက္ၿပီးေတာင္းသြားမွာပါ။ ကၽြန္ေတာ္ကိုယ္တိုင္ သြားႏိုင္ဖုိ႔လည္း ခြင့္ျပဳခ်က္ ေတာင္းထားဖူးပါတယ္။ သူတုိ႔ဘက္က ဘယ္လို တံု႔ျပန္မယ္ဆိုတာကေတာ့ ေစာင့္ၾကည့္ရမွာပါ။ ျမန္မာႏိုင္ငံထဲသြားႏုိင္ဖုိ႔ သူတုိ႔ ခြင့္ျပဳခ်က္ေပးသည္ျဖစ္ေစ မေပးသည္ျဖစ္ေစ ကၽြန္ေတာ္တုိ႔ကေတာ့ အေထာက္အထားေတြ ရႏိုင္ဖုိ႔ ကၽြန္ေတာ္တို႔ လုပ္ႏိုင္တဲ့နည္းေတြနဲ႔ ဆက္လက္လုပ္သြားမွာပါ။

ေမး ။ ။ IIMM ရဲ ႔ ေနာက္အေရးႀကီးတဲ့ အလုပ္တခုက ရ႐ွိထားတဲ့ အခ်က္အလက္တခ်ဳိ႕နဲ႔ ျပစ္မႈက်ဴးလြန္ထားတဲ့ အမႈတဲြေတြကို သီးျခားလြတ္လပ္တဲ့ တရား႐ံုးေတြနဲ႔ မွ်ေဝဖို႔ပါ။ အဲေတာ့ IIMM က ေပးတဲ့ အခ်က္အလက္ေတြဟာ (၁၀၀) ရာခိုင္ႏႈန္း မွန္ကန္စိတ္ခ်ရတယ္။ ႏိုင္ငံတကာ ဥပေဒေတြလိုက္နာတဲ့ တရား႐ံုးေတြ ခံု႐ံုးေတြမွာ သံုးႏုိင္မယ္လို႔ ဘယ္လို အာမခံႏိုင္ေအာင္ ဘယ္လိုလုပ္ပါလဲ။

ေျဖ ။ ။ ႏိုင္ငံအဆင့္၊ ႏိုင္ငံတကာအဆင့္ ျပစ္မႈဆုိင္ရာ စစ္ေဆးၾကားနာတဲ့ အမႈေတြမွာ ႏွစ္ေပါင္းမ်ားစြာ အေတ႔ြအႀကံဳ႐ွိတဲ့ ဝန္ထမ္းေတြမ်ဳိးစံု ကၽြန္ေတာ္တုိ႔မွာ ႐ွိပါတယ္။ ကၽြန္ေတာ္တုိ႔ဘက္ကေတာ့ ျပစ္မႈဆိုင္ရာ စစ္ေဆးၾကားနာမႈေတြမွာ လိုက္နာေဆာင္႐ြက္သင့္တဲ့ ကိစၥေတြအတိုင္း အေကာင္းဆံုးလုပ္သြားမွာပါ။ တခါတေလက်လို႔ရိွရင္ သက္ေသအေထာက္အထားရဖုိ႔ ဇစ္ျမစ္ေနရာေတြဆီ သြားလို႔မရတဲ့ အေျခအေနမ်ဳိး ျဖစ္တတ္ပါတယ္။ အဲဒီအခါမ်ဳိးက်ရင္ တျခားျဖစ္ရပ္အေထာက္အထားေတြနဲ႔ ဆက္စပ္စဥ္းစားၿပီးေတာ့ သူ႔ရဲ႕ မွန္ကန္စိတ္ခ်ရမႈကို အတည္ျပဳယူႏုိင္ပါတယ္။

ႏိုင္ငံတကာ ရာဇဝတ္တရား႐ံုးေတြ၊ ႏိုင္ငံတကာ ရာဇဝတ္မႈ စံုစမ္းစစ္ေဆးမႈေတြမွာ ဒါမ်ဳိးက ႀကံဳေတြ႔ရေလ့ ႐ွိပါတယ္။ ကၽြန္ေတာ္ကိုယ္တုိင္ ရာဇဝတ္တရား႐ံုးမွာစစ္တဲ့ အမႈေတြအျပင္ အေထာက္အထား စုေဆာင္းတဲ့ အဖဲြ႔ေတြ စုစုေပါင္း (၇) မ်ဳိးမွာ ပါဝင္ခဲ့ဖူးပါတယ္။ ရာဇဝတ္မႈ ျဖစ္ခဲ့တဲ့ေနရာေတြဆီ သြားၿပီးစံုစမ္းႏိုင္ဖုိ႔၊ ျပစ္မႈက်ဴးလြန္ထားသူေတြဆီသြားၿပီး၊ ေမးျမန္းခြင့္မရတဲ့ စိန္ေခၚမႈမ်ဳိးေတြ မၾကာခဏ ႀကံဳေတြ႔ရတတ္ပါတယ္။ ျပည္တြင္းမွာ စစ္ေဆးတဲ့ အမႈမ်ဳိးေတြထက္ ပိုခက္ခဲပါတယ္။ ဒါေပမဲ့လဲ တျခားနည္းလမ္းေတြနဲ႔ အေထာက္အထားေတြ ရ႐ွိေအာင္ လုပ္ႏိုင္ခဲ့တဲ့ အေတ႔ြအႀကံဳေတြနဲ႔ ဒီအခက္အခဲေတြကို ေက်ာ္လႊားႏိုင္ပါတယ္။

ေမး ။ ။ လက္႐ွိမွာဆိုရင္ ျမန္မာေခါင္းေဆာင္ေတြအေပၚ ICC, ICJ နဲ႔ အာဂ်င္တီးနားႏုိင္ငံက တရား႐ံုးေတြမွာ တရားစြဲထားတဲ့ အမႈေတြ ႐ွိပါတယ္။ အဲဒီအမႈေတြအတြက္ေရာ IIMM က ဘယ္လို အဆက္အသြယ္လုပ္ ပူးေပါင္းေဆာင္႐ြက္ေနပါသလဲ။

ေျဖ ။ ။ ပုဂၢိဳလ္တဦးတေယာက္အေပၚ မွ်မွ်တတ တရားစီရင္ဖုိ႔ လိုလားတယ္၊ စီရင္ႏုိင္မယ္ဆိုတဲ့ ႏိုင္ငံအဆင့္ ႏိုင္ငံတကာအဆင့္ တရား႐ံုးေတြမွာ အမႈၾကားနာစစ္ေဆးတဲ့အခါ အခ်က္အလက္ေတြ မွ်ေဝဖုိ႔အတြက္ ကၽြန္ေတာ္တုိ႔ IIMM ကို အဓိက ဖဲြ႔စည္းထားတာ ျဖစ္ပါတယ္။ ျပစ္မႈက်ဴးလြန္သူေတြကို အကာအကြယ္ ေပးဖုိ႔လုပ္တဲ့ ဟန္ျပစစ္ေဆးမႈမ်ဳိး မျဖစ္ရဘူး။ စြပ္စဲြခံရသူရဲ႕ အခြင့္အေရးကိုလည္း ေလးစားၿပီး အမႈမွာ ပါတ္သက္ေနသူအားလံုးအတြက္ မွ်မွ်တတ ၾကားနာ တရားစီရင္မႈမ်ဳိးျဖစ္ဖုိ႔ လိုပါတယ္။ ႏိုင္ငံတကာ ရာဇဝတ္တရား႐ံုး ICC နဲ႔ ႏိုင္ငံတကာ တရားမွ်တမႈခံု႐ံုး ICJ က အမႈေတြမွာ IIMM အေနနဲ႔ ပူးေပါင္းေဆာင္႐ြက္ဖုိ႔အတြက္ လူ႔အခြင့္အေရးေကာင္စီက ကၽြန္ေတာ္တုိ႔ကို အထူးတိုက္တြန္းထားပါတယ္။ အဲဒီတရား႐ံုး (၂) ခုရဲ႕ တရားစီရင္ေရးက ကြာျခားပါတယ္။ တရား႐ံုး (၂) ခုလံုးနဲ႔ ကၽြန္ေတာ္တုိ႔ ပူးေပါင္းေဆာင္႐ြက္ေနပါတယ္။ သင့္ေတာ္တဲ့ အေထာက္အထားေတြ ေပးဖို႔လည္း အဆင္သင့္ပါ။ ဒါေပမဲ့ မွ်ေဝႏို္င္ပါတယ္ဆိုၿပီး ကၽြန္ေတာ္တို႔ကို ခြင့္ျပဳခ်က္ေပးထားတဲ့ အေထာက္အထားေတြကိုပဲ ကၽြန္ေတာ္တုိ႔က မွ်ေဝပါတယ္။

ဒီမွာ VOA ေသာတ႐ွင္ေတြကို အေရးႀကီးတာတခ်က္ ေျပာခ်င္တာက ကၽြန္ေတာ္တို႔ဆီ အခ်က္အလက္ အေထာက္အထားေတြေပးတဲ့အခါ အဲဒီအေထာက္အထားေတြကို တရားစီရင္စစ္ေဆးမႈေတြမွာ သံုးခြင့္ေပးမလားလို႔ ကၽြန္ေတာ္တို႔ဘက္က ေမးပါတယ္။ သံုးခြင့္ေပးပါတယ္လို႔ ခြင့္ျပဳတဲ့ အေထာက္အထားေတြကိုပဲ ကၽြန္ေတာ္တို႔က မွ်ေဝခြင့္ ႐ွိပါတယ္။ တကယ္လို႔ သူတုိ႔က မွ်ေဝခြင့္ျပဳရင္ေတာင္ ကၽြန္ေတာ္တို႔ဘက္က ဒီလိုမွ်ေဝလို႔ သူတို႔အတြက္ (ဒါမွမဟုတ္) တျခားတေယာက္ေယာက္အတြက္ အႏၱရာယ္႐ွိမလားဆုိတာ ထပ္ၿပီး စဥ္းစားဆံုးျဖတ္ပါတယ္။ အႏၱရာယ္ ႐ွိႏုိင္တယ္လို႔ ကၽြန္ေတာ္တုိ႔က သံုးသပ္ရင္ တရား႐ံုးေတြကို မေပးပါဘူး။ အႏၱရာယ္ မ႐ွိႏိုင္ဘူးဆိုေတာ့မွ မွ်ေဝတာ ျဖစ္ပါတယ္။

မစုျမတ္မြန္ ။ ။ Thank you so much, Mr. Koumjian. Thank you for giving time to answer the questions.


==Unicode==

မြန်မာနိုင်ငံမှာဖြစ်တဲ့ ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အထောက်အထားတွေကို ဆက်လက်စုဆောင်း သိမ်းဆည်းနေပါတယ်လို့ IIMM ရဲ့ အကြီးအကဲက ဗီအိုအေမြန်မာပိုင်းကို ပြောပါတယ်။ ရှမ်း၊ ကချင်နဲ့ ရခိုင်ပြည်နယ်တွေမှာ ၂၀၁၁ ခုနှစ်ထဲက ဖြစ်နေတဲ့ ကြီးလေးတဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြစ်မှုအထောက်အထားတွေ စုဆောင်းသုံးသပ်ပြီး၊ နိုင်ငံတကာဥပဒေနဲ့အညီ စစ်ဆေးတဲ့ တရားရုံးတွေကို မျှဝေဖို့ IIMM (ခေါ်) Independent Investigative Mechanism for Myanmar / Myanmar Mechanism ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက တာဝန်ပေးထားတာ ဖြစ်ပါတယ်။ မြန်မာတနိုင်ငံလုံးမှာ ဖြစ်သမျှ ကြီးလေးတဲ့ ပြစ်မှုကျူးလွန်မှုမှန်သမျှ ဆက်လက်စုဆောင်းသွားမှာ ဖြစ်တယ်လို့ အကြီးအကဲ Nicholas Koumjian က ပြောပါတယ်။ မစုမြတ်မွန်က ဆက်သွယ်မေးထားပါတယ်။

မေး ။ ။ IIMM အကြီးအကဲအနေနဲ့ Myanmar Mechanism လို့ အတိုကောက်ခေါ်တဲ့ IIMM ဆိုတာ ရှင်းပြပါရှင့်၊ Myanmar Mechanism ရဲ့ လုပ်ပိုင်ခွင့်၊ တာဝန်တွေက ဘာပါလဲ၊ ဒီတာဝန်တွေကျေဖို့ ဘယ်လိုဆောင်ရွက်နေပါလဲ။

ဖြေ ။ ။ Myanmar Mechanism ဆိုတာကတော့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အဆင့်အမြင့်ဆုံးအဖွဲ့အစည်း လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းပေးထားတဲ့ ယန္တရားတခု ဖြစ်ပါတယ်။ ကျွန်တော်တို့ကို အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်တွေကတော့ မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်ထဲကစလို့ ဆိုးဝါးတဲ့ နိုင်ငံတကာပြစ်မှုတွေ၊ နိုင်ငံတကာဥပဒေတွေ ချိုးဖောက်ကျူးလွန်တဲ့ ဆိုးဝါးတဲ့ ပြစ်မှုတွေရဲ့ အထောက်အထားတွေ စုဆောင်းဖို့၊ သိမ်းဆည်းဖို့နဲ့ သုံးသပ်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ လုပ်ပိုင်ခွင့်က မြန်မာတနိုင်ငံလုံးမှာ အကြုံးဝင်ပါတယ်။ ကြီးလေးတဲ့ နိုင်ငံတကာ ပြစ်မှုမြောက်တဲ့အမှုတွေကို အဖွဲ့အစည်းတခုအပေါ် ကျူးလွန်တာဖြစ်ဖြစ်၊ လူတဦးတယောက်က ကျူးလွန်တာပဲဖြစ်ဖြစ် ကျူးလွန်တယ်ဆိုရင် အထောက်အထားတွေ စုဆောင်းဖို့ လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းထားပါတယ်။

၂၀၁၁ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့ထဲက စတာဖြစ်ပြီး၊ ခွင့်ပြုတဲ့ လုပ်ပိုင်ခွင့်ကို လူ့အခွင့်အရေးကောင်စီက မပြင်မချင်း ဆက်ပြီး စုံစမ်းနေမှာ ဖြစ်ပါတယ်။ ဒီနေ့နက်ဖြန် နောက်သီတင်းပါတ်တွေအထိ ဆက်ပြီး အချက်အလက်တွေ စုဆောင်းနေမှာပါ။ ကျွန်တော်တို့ကို လုပ်ပိုင်ခွင့် တာဝန်ပေးထားတဲ့ နောက်တချက်က ပြစ်မှုကျူးလွန်သူတွေကို နိုင်ငံတကာ တရားရုံးမှာပဲဖြစ်ဖြစ်၊ နိုင်ငံအဆင့် တရားရုံးမှာပဲဖြစ်ဖြစ် တရားစွဲတဲ့အခါ ကျွန်တော်တို့ ရရှိထားတဲ့ အချက်အလက်တွေကို သုံးသပ်ပြီး လိုအပ်တာ မျှဝေဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ရရှိတဲ့ ဒီအချက်အလက်တွေကို ဆန်းစစ်ပြီး ဒီအမှုမှာ ဘယ်သူက တာဝန်ရှိသလဲဆိုတာကို ကြိုးစားသုံးသပ်ပါတယ်။ အမှုတည်ဆောက်ထားပြီး တနေ့နေ့မှာ သက်ဆိုင်ရာအမှုကို စစ်ဆေးတဲ့ တရားရုံးတွေကို မျှဝေနိုင်ဖို့ ပြင်ဆင်ထားရပါတယ်။

မေး ။ ။ စောစောက မစ္စတာခွမ်းဂျန် ရှင်းပြတဲ့ထဲမှာပါသလိုပဲ IIMM ကို စတင်ဖွဲ့စည်းချိန်က ရှမ်း၊ ကချင်၊ ရခိုင်မှ ၂၀၁၁ ခုနှစ်ထဲက ဖြစ်ခဲ့တဲ့ အဆိုးဝါးဆုံး လူ့အခွင့်အရေးချိုးဖောက်မှု အထောက်အထားတွေကို စုဆောင်းမှတ်တမ်းပြုစုထားဖို့ ဖြစ်တယ်လို့ နားလည်ပါတယ်။ ဒါပေမဲ့ ဖေဖော်ဝါရီ (၁) ရက် အာဏာသိမ်းပြီးနောက် လုံခြုံရေးတပ်ဖဲ့ွတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း ရယူမှတ်တမ်းပြုထားတယ်ဆိုတော့ လုပ်ငန်းလုပ်ပိုင်ခွင့် တာဝန်တွေကို တိုးချဲ့လိုက်တဲ့သဘောပါလား။

ဖြေ ။ ။ လုပ်ပိုင်ခွင့်တာဝန်တွေကို တိုးပေးလိုက်တာ မဟုတ်ပါဘူး။ IIMM ကို စတင် ဖွဲ့စည်းတည်ထောင်ချိန်ထဲက မြန်မာတနိုင်ငံလုံးမှာ ဖြစ်ခဲ့တဲ့ ပြစ်မှုတွေကို စုံစမ်းဖို့ တာဝန်ပေးထားတာပါ။ ခင်ဗျားပြောတာ မှန်ပါတယ်။ လူ့အခွင့်အရေးကောင်စီက IIMM ကို ဖွဲ့စည်းပေးလိုက်ချိန်ကတော့ ရခိုင်၊ ရှမ်းနဲ့ ကချင်ပြည်နယ်တွေမှာ ဖြစ်ခဲ့တဲ့ ပြစ်မှုအထောက်အထားတွေကို အဓိက စုဆောင်းဖို့ တာဝန်ပေးခဲ့တာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံ ဘယ်နေရာမှာမဆို ကျူးလွန်တဲ့ ကြီးလေးတဲ့၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းရမယ်လို့ တာဝန်ပေးထားတာ ဖြစ်ပါတယ်။ ဘယ်တုန်းကမှ အချိန်ကန့်သတ်ချက်လည်း လုပ်မထားပါဘူး။ ကျုးလွန်သူတွေအနေနဲ့ တာဝန်ခံမှု၊ တာဝန်ယူမှု မရှိရင်၊ အခုလိုကြီးလေးတဲ့ ပြစ်မှုတွေ ထပ်ခါထပ်ခါ ချိုးဖောက်နေမှာကို လူ့အခွင့်အရေးကောင်စီက စိုးရိမ်လို့ ဖြစ်မှာပါ။ ဒါကြောင့်လဲ အထောက်အထားတွေကို စုစည်းသိမ်းဆည်းထားတဲ့ အဖွဲ့တခုကို တည်ထောင်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒါမှ တနေ့ကျရင် တာဝန်ရှိသူတွေ တာဝန်ခံရမှာ ဖြစ်ပါတယ်။ နောက်တချက်ကလည်း နိုင်ငံတကာ အသိုင်းအဝိုင်းက အခုလို အထောက်အထားတွေကို စုဆောင်းနေတယ်ဆိုတာ သိရင် တချို့ကျူးလွန်မှုမျိုးတွေကို ထပ်ပြီး ကျူးလွန်ဖို့ တွန့်သွားနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ IIMM ကို ဖွဲ့စည်းပေးထားတာ ဖြစ်ပါတယ်။

မေး ။ ။ အဲဒီတော့ IIMM က ဘယ်လိုအချက်အလက်၊ သက်သေ၊ အထောက်အထားတွေကို ရယူ စုဆောင်းနေပါသလဲ၊ တကယ်လို့ အဲဒီအချက်အလက်တွေ ပို့ပေးချင်သူတွေအနေနဲ့ သူတို့ ပို့ပေးတဲ့အချက်တွေ အလဟာသ မဖြစ်ရအောင် ဘာတွေသတိပြုသင့်ပါလဲ။

ဖြေ ။ ။ လူသားထုအပေါ် ကျူးလွန်တဲ့ပြစ်မှု၊ စစ်ရာဇဝတ်မှု ဒါမှမဟုတ် လူမျိုးတုံးသတ်ဖြတ်မှုလို ကြီးလေးတဲ့ နိုင်ငံတကာပြစ်မှုမြောက်တဲ့ အမှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စုဆောင်းပါတယ်။ စစ်ရာဇဝတ်မှုကတော့ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ဆက်စပ်တဲ့ ပြစ်မှုတွေပါ။ ဂျီနီဗာ ပဋိဉာဉ် (Geneva Convention) ပါအချက်တွေကို ချိုးဖောက်တဲ့၊ ဥပဒေစည်းကမ်းတွေကို ချိုးဖောက်တဲ့ အမှုတွေ ဖြစ်ပါတယ်။ လူသားထုအပေါ် ကျူးလွန်တဲ့ ပြစ်မှုမျိုးကျတော့ အရပ်သားတွေအပေါ် စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် ပြစ်မှတ်ထားတဲ့အခါ ကျုးလွန်တဲ့ ကြီးလေးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုမျိုး ဖြစ်ပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှုကတော့ ရည်ရွယ်ချက်ရှိရှိနဲ့ လူမျိုးရေး၊ ဘာသာရေး အခြေခံတဲ့ အသိုင်းအဝိုင်းတွေကို ဖျက်စီးပြစ်တာ ဖြစ်ပါတယ်။ ဆိုတော့ ကျွန်တော်တို့က ဒီလိုပြစ်မှုတွေ ကျုးလွန်တယ်ဆိုတဲ့ အထောက်အထားမျိုးစုံကို စုဆောင်းပါတယ်။ ဒီပြစ်မှုတွေအတွက် ဘယ်သူတွေမှာ တာဝန်ရှိသလဲဆိုတာ သိနိုင်မယ့် အထောက်အထားတွေကိုလည်း စုဆောင်းပါတယ်။ ပြစ်မှုကျူးလွန်ခံရသူတွေ သက်သေတွေကို ကျွန်တော်တို့ စကားပြောချင်ပါတယ်။ ဒီအမှုတွေကျုးလွန်ဖို့ စီစဉ်သူတွေ အမိန့်ပေးသူတွေကို ဖော်ထုတ်ဖို့အတွက် ထဲထဲဝင်ဝင် အကြောင်းအချက်တွေ သိထားသူတွေနဲ့ စကားပြောနိုင်ဖို့ သိပ်အရေးကြီးတယ်ဆိုတာ အလားတူပြစ်မှုတွေ စုံစမ်းဖူးတဲ့ ကျွန်တော့်အတေ့ွအကြုံအရ ပြောချင်ပါတယ်။ ဒါကြောင့် အဲလို အတွင်းသတင်းပေးနိုင်သူမျိုးတွေ ကျွန်တော်တို့ကို ဆက်သွယ်လာဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ နည်းမျိုးစုံနဲ့ အထောက်အထားတွေ စုဆောင်းတဲ့ အသေးစိတ်ကိုတော့ ကျွန်တော်တို့ အလုပ်တွေ ထိခိုက်မှာစိုးလို့ သိပ်မပြောချင်ပါဘူး။ ပြောနိုင်တာကတော့ ကျွန်တော်တို့ကို အချက်အလက်ပေးချင်လို့ ဆက်သွယ်လာသူတွေ အများကြီးရှိပါတယ်။

သူတို့ကို ကျွန်တော်တို့တောင်းဆိုတာက ဓါတ်ပုံတွေ ဗီဒီယိုတွေပေးတယ်ဆိုရင် ဘာဖြစ်တာလဲ ဘယ်နေ့က ဘယ်မှာဖြစ်တာလဲ။ အဲဒီဓါတ်ပုံ ဗီဒီယိုတွေကို ဘယ်သူရိုက်ထားတာလဲဆိုတာ ပြောပြဖို့ မေးပါတယ်။ အင်တာနက်ပေါ်မှာ တေ့ွနိုင်တဲ့ ဗီဒီယိုမျိုးဆိုရင်တော့ ကျွန်တော်တို့လဲ အချက်အလက်ရနိုင်တဲ့အတွက် အဲဒါမျိုးတွေပေးဖို့ မလိုပါဘူး။ ကျွန်တော်တို့ဆီ ဆက်သွယ်မယ့်သူတွေအနေနဲ့ သူတို့အတွက် အန္တရာယ်မရှိနိုင်တဲ့ နည်းလမ်းတွေနဲ့ ဆက်သွယ်ဖို့ ပြောပါတယ်။ သူတို့လုံခြုံရေးက ကျွန်တော်တို့အတွက် သိပ်အရေးကြီးပါတယ်။ ကျွန်တော်တို့ရဲ့ (https://iimm.un.org/) website ပေါ်မှာလည်း ကျွန်တော်တို့ကို ဘယ်လို ဆက်သွယ်လို့ရတယ်ဆိုတာ ရှင်းပြထားပါတယ်။ ပို့တဲ့အချက်အလက်တွေ ကြားဖြတ်မယူနိုင်အောင် အင်မတန်လုံခြုံစိတ်ချရတဲ့ Proton Mail စနစ်ကို သုံးပါတယ်။ တခုရှိတာက ဆက်သွယ်တဲ့သူကလည်း အဲဒီ Proton Mail စနစ်ကို သုံးဖို့တော့ လိုပါတယ်။ Message ပို့ချင်တယ်ဆိုရင်လည်း Signal လို စိတ်ချလုံခြုံတဲ့ စနစ်ကို သုံးပါလို့ ကျွန်တော်ကတော့ အကြုံပြုချင်ပါတယ်။

မေး ။ ။ IIMM က ဘယ်သူမဆိုပေးပို့တဲ့ အထောက်အထား အချက်အလက်တွေကို ရယူစုဆောင်းတဲ့ open-source investigation ကို လုပ်နေတာဆိုတော့ ရရှိတာတွေကို ဘယ်လို ကိုင်တွယ်ပါလဲ။

ဖြေ ။ ။ စိန်ခေါ်မှုတွေ ရှိပါတယ်။ အထူးသဖြင့် အာဏာသိမ်းမှုဖြစ်ပြီးနောက်မှာ အချက်အလက်တွေ၊ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေပါတဲ့ message မက်ဆေ့ချ်ပေါင်း - သတင်းပေးမှုပေါင်း (၂) သိန်းလောက် ရပါတယ်။ ကျွန်တော်တို့ ရသမျှ မက်ဆေ့ချ်တွေအားလုံးကို ကြည့်ပါတယ်။ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေကိုလည်း နောက်ထပ်ဆက်ပြီး ဆန်းစစ်နိုင်ဖို့ စုဆောင်းသိမ်းထားပါတယ်။ ဒီအချက်အလက်တွေကို ကျွန်တော်တို့ ရေရှည်သိမ်းထားမှာပါ။ စိန်ခေါ်မှုတခုက ကျွန်တော်တို့ရတဲ့ အချက်အလက် ပမာဏကြောင့် ကျွန်တော်တို့ အင်မတန်လုံခြုံပြီး အဆင့်မြင့်တဲ့ အချက်အလက်သိမ်းစနစ်ကို လုပ်ရပါတယ်။ ဒါမှ ကျွန်တော်တို့ ဒီအချက်အလက်တွေကို သုံးသပ်လို့ရမှာပါ။ ဥပမာ ရတဲ့ဗီဒီယိုတွေက ဆင်တူဖြစ်နေတာတွေလား ဆိုတာမျိုး သိနိုင်အောင် လုပ်ထားရပါတယ်။

မေး ။ ။ စောစောက Mr. Koumjian ရှင်းပြသွားတဲ့အထဲမှာ IIMM ရဲ့ အဓိက အလုပ်တခုက အဆိုးဝါးဆုံး လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတဲ့ ကိစ္စတွေကို စုဆောင်းသိမ်းဆည်းပြီး သုံးသပ်ပေးရတာပါ။ ဒါပေမဲ့ အဖွဲ့အနေနဲ့ မြန်မာနိုင်ငံထဲကို သွားလို့မရတော့ အခုလို လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ ပြောတဲ့နေရာတွေကို ကိုယ်တိုင်မျက်စိနဲ့ မတေ့ွရပါဘူး။ အဲဒီတော့ ဒီရရှိထားတဲ့ အချက်အလက်တွေက လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတဲ့ ကိစ္စတွေဟာ တကယ်ဖြစ်ခဲ့တယ် မှန်တယ်ဆိုတာ သေချာအောင် လုပ်ဖို့ ဘယ်လောက်ခက်ခဲပါလဲ။

ဖြေ ။ ။ ပြစ်မှုကျူးလွန်ခဲ့တဲ့နေရာတွေနဲ့ မျက်မြင်သက်သေတွေ အများကြီးရှိတဲ့ မြန်မာနိုင်ငံထဲကို မသွားနိုင်တာက အခက်အခဲတခု ဖြစ်တယ်ဆိုတာကတော့ သေချာပါတယ်။ ပုံမှန်ဆို ရာဇဝတ်မှုတွေ စုံစမ်းရင် အခင်းဖြစ်တဲ့နေရာ သွားကြည့်တာက စရတာပါ။ ဆိုတော့ ကျွန်တော်တို့အတွက် ပိုပြီးစိန်ခေါ်မှုတွေ ဖြစ်စေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ အထောက်အထားတွေ စုဆောင်းဖို့ တခြားနည်းလမ်းတွေ ရှိပါတယ်။ တချို့က မြန်မာနိုင်ငံထဲက လာတဲ့သူတွေဆီက ရတယ်။ အဲဒီလိုရသမျှ အထောက်အထားတွေအားလုံးကို နောင်နှစ်ပေါင်းများစွာ သုံးနိုင်တဲ့အထိ စုစည်းသိမ်းဆည်းထားပါတယ်။ အခုလက်ရှိ ရရှိထားတဲ့ အချက်အလက်တချို့က အခုချက်ချင်း အသုံးဝင်ချင်မှ ဝင်နိုင်မှာ ဖြစ်ပေမယ့် နောင် (၁) နှစ် (၂) နှစ်လောက်မှာ ရတဲ့ အထောက်အထားတွေအရ သိပ်ကို အသုံးဝင်တာမျိုး ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ရသမျှ အချက်အလက်တွေကို ထိမ်းသိမ်းထားဖို့ သိပ်ကို အရေးကြီးပါတယ်။ အခုဆို ကျွန်တော်တို့မှာ ဝန်ထမ်း (၅၀) လောက် ရှိပါတယ်။ လုပ်စရာတွေလည်း အများကြီးပါ။ အချက်အလက်တွေ စုဆောင်းဖို့ သုံးသပ်ဖို့ စိန်ခေါ်မှုတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ သက်ဆိုင်ရာ နယ်ပယ်မှာ ကျွမ်းကျင်သူတွေ ရှိပါတယ်။ စစ်ရာဇဝတ်မှုတွေ၊ လူသားထုအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ဆိုင်တဲ့ ဥပဒေတွေအကြောင်း ကောင်းကောင်းနားလည်တဲ့ နိုင်ငံတကာရှေ့နေတွေ ရှိပါတယ်။ ရရှိတဲ့ အချက်အလက် အများကြီးကို သုံးသပ်နိုင်တဲ့ ဝါရင့် မှုခင်းစစ်တွေ ရှိပါတယ်။ ဒါတင်မက စုံစမ်းစစ်ဆေးသူတွေ၊ လုံခြုံရေးဝန်ထမ်းတွေ၊ အချက်အလက်တွေကို အဆင်မြင့် ကျွမ်းကျင်စွာ စီမံခန့်ခွဲနိုင်သူတွေအပြင် မျက်မြင်သက်သေတွေကို အကာအကွယ်ပေးတဲ့ ဝန်ထမ်းတွေလည်း ရှိပါတယ်။

မေး ။ ။ IIMM အနေနဲ့ မြန်မာနိုင်ငံထဲ သွားနိုင်ဖို့ တကြိမ်မက ကြိုးစားခဲ့ဖူးမယ် ထင်ပါတယ်။ နောင်မှာရော မြန်မာခေါင်းဆောင်တွေ ပူးပေါင်းဆောင်ရွက်လာအောင် စွဲဆောင်ဖို့၊ မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းကတဆင့် မြန်မာနိုင်ငံထဲက နေရာတွေ သွားနိုင်ဖို့ ထပ်ကြိုးစားမယ့် အစီအစဉ်တွေရှိပါလား။

ဖြေ ။ ။ မြန်မာနိုင်ငံထဲ သွားနိုင်ဖို့ ခွင့်ပြုချက်ရတဲ့အထိ ဆက်ပြီးတောင်းသွားမှာပါ။ ကျွန်တော်ကိုယ်တိုင် သွားနိုင်ဖို့လည်း ခွင့်ပြုချက် တောင်းထားဖူးပါတယ်။ သူတို့ဘက်က ဘယ်လို တုံ့ပြန်မယ်ဆိုတာကတော့ စောင့်ကြည့်ရမှာပါ။ မြန်မာနိုင်ငံထဲသွားနိုင်ဖို့ သူတို့ ခွင့်ပြုချက်ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ ကျွန်တော်တို့ကတော့ အထောက်အထားတွေ ရနိုင်ဖို့ ကျွန်တော်တို့ လုပ်နိုင်တဲ့နည်းတွေနဲ့ ဆက်လက်လုပ်သွားမှာပါ။

မေး ။ ။ IIMM ရဲ့ နောက်အရေးကြီးတဲ့ အလုပ်တခုက ရရှိထားတဲ့ အချက်အလက်တချို့နဲ့ ပြစ်မှုကျူးလွန်ထားတဲ့ အမှုတွဲတွေကို သီးခြားလွတ်လပ်တဲ့ တရားရုံးတွေနဲ့ မျှဝေဖို့ပါ။ အဲတော့ IIMM က ပေးတဲ့ အချက်အလက်တွေဟာ (၁၀၀) ရာခိုင်နှုန်း မှန်ကန်စိတ်ချရတယ်။ နိုင်ငံတကာ ဥပဒေတွေလိုက်နာတဲ့ တရားရုံးတွေ ခုံရုံးတွေမှာ သုံးနိုင်မယ်လို့ ဘယ်လို အာမခံနိုင်အောင် ဘယ်လိုလုပ်ပါလဲ။

ဖြေ ။ ။ နိုင်ငံအဆင့်၊ နိုင်ငံတကာအဆင့် ပြစ်မှုဆိုင်ရာ စစ်ဆေးကြားနာတဲ့ အမှုတွေမှာ နှစ်ပေါင်းများစွာ အတေ့ွအကြုံရှိတဲ့ ဝန်ထမ်းတွေမျိုးစုံ ကျွန်တော်တို့မှာ ရှိပါတယ်။ ကျွန်တော်တို့ဘက်ကတော့ ပြစ်မှုဆိုင်ရာ စစ်ဆေးကြားနာမှုတွေမှာ လိုက်နာဆောင်ရွက်သင့်တဲ့ ကိစ္စတွေအတိုင်း အကောင်းဆုံးလုပ်သွားမှာပါ။ တခါတလေကျလို့ရှိရင် သက်သေအထောက်အထားရဖို့ ဇစ်မြစ်နေရာတွေဆီ သွားလို့မရတဲ့ အခြေအနေမျိုး ဖြစ်တတ်ပါတယ်။ အဲဒီအခါမျိုးကျရင် တခြားဖြစ်ရပ်အထောက်အထားတွေနဲ့ ဆက်စပ်စဉ်းစားပြီးတော့ သူ့ရဲ့ မှန်ကန်စိတ်ချရမှုကို အတည်ပြုယူနိုင်ပါတယ်။

နိုင်ငံတကာ ရာဇဝတ်တရားရုံးတွေ၊ နိုင်ငံတကာ ရာဇဝတ်မှု စုံစမ်းစစ်ဆေးမှုတွေမှာ ဒါမျိုးက ကြုံတွေ့ရလေ့ ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင် ရာဇဝတ်တရားရုံးမှာစစ်တဲ့ အမှုတွေအပြင် အထောက်အထား စုဆောင်းတဲ့ အဖွဲ့တွေ စုစုပေါင်း (၇) မျိုးမှာ ပါဝင်ခဲ့ဖူးပါတယ်။ ရာဇဝတ်မှု ဖြစ်ခဲ့တဲ့နေရာတွေဆီ သွားပြီးစုံစမ်းနိုင်ဖို့၊ ပြစ်မှုကျူးလွန်ထားသူတွေဆီသွားပြီး၊ မေးမြန်းခွင့်မရတဲ့ စိန်ခေါ်မှုမျိုးတွေ မကြာခဏ ကြုံတွေ့ရတတ်ပါတယ်။ ပြည်တွင်းမှာ စစ်ဆေးတဲ့ အမှုမျိုးတွေထက် ပိုခက်ခဲပါတယ်။ ဒါပေမဲ့လဲ တခြားနည်းလမ်းတွေနဲ့ အထောက်အထားတွေ ရရှိအောင် လုပ်နိုင်ခဲ့တဲ့ အတေ့ွအကြုံတွေနဲ့ ဒီအခက်အခဲတွေကို ကျော်လွှားနိုင်ပါတယ်။

မေး ။ ။ လက်ရှိမှာဆိုရင် မြန်မာခေါင်းဆောင်တွေအပေါ် ICC, ICJ နဲ့ အာဂျင်တီးနားနိုင်ငံက တရားရုံးတွေမှာ တရားစွဲထားတဲ့ အမှုတွေ ရှိပါတယ်။ အဲဒီအမှုတွေအတွက်ရော IIMM က ဘယ်လို အဆက်အသွယ်လုပ် ပူးပေါင်းဆောင်ရွက်နေပါသလဲ။

ဖြေ ။ ။ ပုဂ္ဂိုလ်တဦးတယောက်အပေါ် မျှမျှတတ တရားစီရင်ဖို့ လိုလားတယ်၊ စီရင်နိုင်မယ်ဆိုတဲ့ နိုင်ငံအဆင့် နိုင်ငံတကာအဆင့် တရားရုံးတွေမှာ အမှုကြားနာစစ်ဆေးတဲ့အခါ အချက်အလက်တွေ မျှဝေဖို့အတွက် ကျွန်တော်တို့ IIMM ကို အဓိက ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူတွေကို အကာအကွယ် ပေးဖို့လုပ်တဲ့ ဟန်ပြစစ်ဆေးမှုမျိုး မဖြစ်ရဘူး။ စွပ်စွဲခံရသူရဲ့ အခွင့်အရေးကိုလည်း လေးစားပြီး အမှုမှာ ပါတ်သက်နေသူအားလုံးအတွက် မျှမျှတတ ကြားနာ တရားစီရင်မှုမျိုးဖြစ်ဖို့ လိုပါတယ်။ နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC နဲ့ နိုင်ငံတကာ တရားမျှတမှုခုံရုံး ICJ က အမှုတွေမှာ IIMM အနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် လူ့အခွင့်အရေးကောင်စီက ကျွန်တော်တို့ကို အထူးတိုက်တွန်းထားပါတယ်။ အဲဒီတရားရုံး (၂) ခုရဲ့ တရားစီရင်ရေးက ကွာခြားပါတယ်။ တရားရုံး (၂) ခုလုံးနဲ့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ သင့်တော်တဲ့ အထောက်အထားတွေ ပေးဖို့လည်း အဆင်သင့်ပါ။ ဒါပေမဲ့ မျှဝေနိုင်ပါတယ်ဆိုပြီး ကျွန်တော်တို့ကို ခွင့်ပြုချက်ပေးထားတဲ့ အထောက်အထားတွေကိုပဲ ကျွန်တော်တို့က မျှဝေပါတယ်။

ဒီမှာ VOA သောတရှင်တွေကို အရေးကြီးတာတချက် ပြောချင်တာက ကျွန်တော်တို့ဆီ အချက်အလက် အထောက်အထားတွေပေးတဲ့အခါ အဲဒီအထောက်အထားတွေကို တရားစီရင်စစ်ဆေးမှုတွေမှာ သုံးခွင့်ပေးမလားလို့ ကျွန်တော်တို့ဘက်က မေးပါတယ်။ သုံးခွင့်ပေးပါတယ်လို့ ခွင့်ပြုတဲ့ အထောက်အထားတွေကိုပဲ ကျွန်တော်တို့က မျှဝေခွင့် ရှိပါတယ်။ တကယ်လို့ သူတို့က မျှဝေခွင့်ပြုရင်တောင် ကျွန်တော်တို့ဘက်က ဒီလိုမျှဝေလို့ သူတို့အတွက် (ဒါမှမဟုတ်) တခြားတယောက်ယောက်အတွက် အန္တရာယ်ရှိမလားဆိုတာ ထပ်ပြီး စဉ်းစားဆုံးဖြတ်ပါတယ်။ အန္တရာယ် ရှိနိုင်တယ်လို့ ကျွန်တော်တို့က သုံးသပ်ရင် တရားရုံးတွေကို မပေးပါဘူး။ အန္တရာယ် မရှိနိုင်ဘူးဆိုတော့မှ မျှဝေတာ ဖြစ်ပါတယ်။

မစုမြတ်မွန် ။ ။ Thank you so much, Mr. Koumjian. Thank you for giving time to answer the questions.

XS
SM
MD
LG