သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စိတ္ပိုင္းဆိုင္ရာျပႆနာေတြကို ဘယ္လို ကုစားႏိုင္သလဲ


စိတ္ပညာရပ္ဆိုင္ရာ ပညာရွင္ မဂ်ဴးဂ်ဴးမင္းသူ
တိုက္႐ိုက္ လင့္ခ္

စစ္အာဏာသိမ္းၿပီးေနာက္မွာ ႏိုင္ငံေရးနဲ႔ လူမႈစီးပြားေရး အက်ပ္အတည္းေတြ ႀကဳံေနရတဲ့အခ်ိန္မွာ ကိုဗစ္ကပ္ေဘး ဆိုးဆိုးဝါးဝါး ထပ္ႀကဳံရတဲ့ ျမန္မာျပည္သူေတြအတြက္ စိတ္ပိုင္းဆိုင္ရာ ျပႆနာေတြ ျဖစ္လာႏိုင္တာကို လစ္လ်ဴရႈထားလို႔ မရဘူးလို႔ Honolulu ၿမိဳ႕က စိတ္ပညာရပ္ဆိုင္ရာ ပညာရွင္ မဂ်ဴးဂ်ဴးမင္းသူက ေျပာပါတယ္။ မဂ်ဴးဂ်ဴးမင္းသူ ကို မခင္ျဖဴေထြးက ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး ။ ။ မဂ်ဴးဂ်ဴးမင္းသူ အခုလို အခ်ိန္ေပးၿပီးေတာ့ VOA အတြက္ ေျဖၾကားေပးတဲ့အတြက္ အမ်ားႀကီးေက်းဇူးတင္ပါတယ္။ မဂ်ဴးဂ်ဴးျမင့္သူက သိပ္မၾကာေသးခင္ကပဲ ကိုဗစ္ေၾကာင့္ ဖခင္ဆုံးရႈံးရတယ္။ ေနာက္ မိသားစုေဆြမ်ိဳးေတြထဲမွာဆိုလည္း အဖြား၊ ဦးေလး၊ အေဒၚ စသည္ျဖင့္ (၅) ဦးေလာက္ ဆုံးရႈံးရတယ္လို႔ သိရတဲ့အတြက္ အဲဒီအတြက္လည္း အင္မတန္ကိုမွ စိတ္မေကာင္းဘူးဆိုတာကိုလည္း ဦးဆုံးေျပာခ်င္ပါတယ္ရွင့္။ မဂ်ဴးဂ်ဴးက ေလာေလာလတ္လတ္ မိသားစုေတြ ဆုံးရႈံးရလို႔ ပူေဆြေနရမယ့္ အေျခအေနမွာေတာင္ ကိုယ္ကြၽမ္းက်င္တဲ့ ပညာရပ္နဲ႔ စိတ္ဒဏ္ရာရတဲ့ လူေတြကို ကူညီပံ့ပိုးေပးေနတာကိုလည္း ေတြ႕ရပါတယ္။ ဒီေဆးပညာရပ္ဆိုင္ရာ ကြၽမ္းက်င္သူတစ္ေယာက္အေနနဲ႔ ဒီေန႔ ျမန္မာႏိုင္ငံမွာ ျမန္မာျပည္သူေတြအတြက္ စိတ္ပိုင္းဆိုင္ရာ ကုစားမႈေတြ လုပ္ေပးဖို႔က ဘယ္ေလာက္အထိ အေရးႀကီးတယ္လို႔ ကိုယ္ကယူဆၿပီးေတာ့ အခုလိုကူညီေပးျဖစ္ေနတာလဲ။

ေျဖ ။ ။ လိုအပ္တာေတာ့ အရမ္းလိုအပ္ေနတဲ့အခ်ိန္ - အရမ္းလည္း Critical Stage ကို ေရာက္ေနတယ္။ ႏိုင္ငံတစ္ခုအေနနဲ႔ ေျပာရမယ္ဆိုရင္ တစ္ဦးခ်င္းအေနနဲ႔လည္း Survival Guilt ေတြက အရမ္းမ်ားတယ္။ ငါ့မိဘအစား ငါျဖစ္လိုက္ပါလား။ ငါ့သူငယ္ခ်င္းအစား ငါပဲျဖစ္လိုက္ပါလား။ တန္းဖိုးရွိတဲ့လူေတြ အမ်ားႀကီးဆုံးရႈံးလိုက္ရတဲ့အခါၾကေတာ့ က်မတို႔အေနနဲ႔ ပထမဦးဆုံး အဲဒီလိုျဖစ္လာၿပီဆိုရင္ စိတ္ခံစားခ်က္ေတြက အေတြးေတြက ဟိုေရာက္ဒီေရာက္ျဖစ္တတ္ၾကတယ္။ ေနာက္ၿပီးေတာ့ အဲဒီလိုမ်ိဳး ေစာေစာကေျပာသလို ငါပဲျဖစ္လိုက္ပါလား။ ငါပဲေသလိုက္ပါလားဆိုတဲ့ Passive Aggressive Suicidal Thoughts ေတြ ဝင္လာတယ္။ မသိစိတ္ကေန ေသခ်င္တဲ့စိတ္ေတြ ဝင္လာတယ္၊ ျဖစ္လာတဲ့အခါၾကေတာ့ အရမ္းလည္းသတိထားရတယ္။ စိတ္က်န္းမာေရးအတြက္ အဲဒီလို အေတြးေတြ မ်ားလာၿပီဆိုရင္ ကိုယ့္ကိုယ္ကို ေသေၾကာင္းႀကံစည္းမႈေတြ ျဖစ္လာဖို႔အတြက္၊ အရမ္းလည္းနီးကပ္လာတဲ့အခါၾကေတာ့ က်မတို႔အေနနဲ႔ ျဖစ္ႏိုင္လို႔ရွိရင္ ကိုယ္စိတ္ခ်ယုံၾကည္ရတဲ့ လူတစ္ေယာက္ကို ဦးဆုံးအေနနဲ႔ စကားေျပာသင့္တယ္။ ၿပီးသြားတဲ့အခါမွာ က်မတို႔လို Clinically Train ထားတဲ့ လူေတြနဲ႔လည္း စကားေျပာသင့္တယ္။ ျမန္မာျပည္မွာလည္း အခုဆိုရင္ Services ေတြ အမ်ားႀကီးရွိလာၿပီ။ စိတ္က်န္းမာေရးကုစားေရဒအတြက္။ အဲဒါေၾကာင့္မို႔ အခုလိုမ်ိဳး အေရးႀကီးတဲ့အခ်ိန္မွာ မိမိကိုယ္ကိုယ္ ျပန္လည္ကုစားေရးကေန စသင့္တယ္လို႔ ထင္ပါတယ္ရွင့္။

ေမး ။ ။ ဒီအခ်ိန္မွာေတာ့ တကယ့္ကို စိတ္ပိုင္းဆိုင္ရာ က်ဆင္းမသြားေအာင္ တည္ေဆာက္ႏိုင္ဖို႔အတြက္ အင္မတန္အေရးႀကီးတယ္လို႔ ထင္ပါတယ္။ အဲဒီေတာ့ လက္ရွိမွာ ေစာေစာကေျပာသလိုပဲ ဘက္ေပါင္းစုံကေန အက်ပ္အတည္းေတြ ရင္ဆိုင္လာရေတာ့ ျပည္သူေတြ ႀကဳံေတြ႕ေနရတဲ့ စိတ္ဖိစီးမႈေတြ၊ စိတ္ဒဏ္ရာေတြက ဘယ္ေလာက္အထိ Level အားျဖင့္ အဆင့္ဘယ္ေလာက္အထိ ျပင္းထန္လာတယ္လို႔ စိတ္ပညာရွင္တစ္ေယာက္အေနနဲ႔ ေလ့လာသုံးသပ္မိသလဲ။

ေျဖ ။ ။ က်မတို႔ အခုျမန္မာျပည္မွာဆိုရင္ အေၾကာက္တရားေတြနဲ႔ ေနရေအာင္၊ အေၾကာက္တရားေတြ လႊမ္းမိုးေအာင္လို႔ အာဏာရွင္စစ္ေကာင္စီကေန နည္းစနစ္က်က် လုပ္ေဆာင္ေနတယ္။ အထူးသျဖင့္ ကိုဗစ္ေၾကာင့္ျဖစ္ေစ၊ လူေတြက ကိုဗစ္ကလည္း လူေတြကိုသတ္ႏိုင္တယ္။ စစ္အာဏာရွင္ကလည္း လူေတြကိုသတ္ႏိုင္တယ္။ ႏွစ္ခုစလုံးက ေၾကာက္ဖို႔ေကာင္းတယ္။ အဲဒီအခ်ိန္မွာ သူတို႔က က်မတို႔ကို စိတ္ဒဏ္ရာ ဗလာပြနဲ႔ ႀကီးျပင္းေအာင္။ က်မတို႔ရဲ႕ စိတ္ဒဏ္ရာေတြကို ပိုၿပီးေတာ့ တိုးပြားလာေအာင္လို႔ က်မတို႔မိသားစုေတြ၊ က်မတို႔လူမ်ိဳးေတြ ဆုံးရႈံးသြားေအာင္လို႔ သူတို႔က စနစ္တက် စီစဥ္ထားတယ္။ ဥပမာဆိုရင္ ေဆး႐ုံေဆးခန္းသြားဖို႔ေတာင္ ေထာက္ခံစာယူရတယ္။ အဲဒီလို ေထာက္ခံစာယူေနတဲ့အခ်ိန္မွာ က်မအေဒၚတစ္ေယာက္ အသက္ဆုံးရႈံုးသြားတယ္။ ေနာက္ၿပီးေတာ့ ကိုယ့္မိသားစု ေအာက္ဆီဂ်င္လိုေနလို႔ တန္းစီးေနခ်ိန္မွာပဲ သူတို႔က ေသနတ္ပစ္ၿပီးေတာ့ လူစုခြဲတာေတြလုပ္တယ္။ အဲဒီလိုမ်ိဳးေတြ လုပ္တဲ့အခါၾကေတာ့ လူေတြက နာက်ည္းလာၾကတယ္။ နာက်ည္းလာတဲ့အခါမွာ စိုးရိမ္ဖို႔ေကာင္းတာ လူေတြက က်မတို႔ Mental Health Services ေတြ စိတ္က်န္းမာေရး ကုစားေရးေတြ လာၿပီးေတာ့ ခံယူတဲ့လူေတြက လက္စားေခ်ဖို႔အထိ နည္းလမ္းေတြ ရွာေဖြလာတယ္ဆိုတာ ေျပာျပလာတဲ့အခါ သူတို႔ ဘယ္ေလာက္ထိ စိတ္ထဲမွာ ခံစားရတာ ျပင္းထန္ေနတယ္ဆိုတာ ေပၚလြင္ပါတယ္ရွင့္။

ေမး ။ ။ အဲဒီေတာ့ အခုဒီလိုျဖစ္ေနတဲ့ အေျခအေနက တႏိုင္ငံလုံး အတိုင္းအတာလို႔ေတာင္မွ ေျပာရမလို ျဖစ္ေနတာေပါ့။ စစ္ေဘးေၾကာင့္ျဖစ္ျဖစ္၊ ေရာဂါဘယေဘးေၾကာင့္ျဖစ္ျဖစ္ ပတ္ဝန္းက်င္တစ္ခုလုံးမွာ ႀကဳံေနရတာဆိုေတာ့ ေစာေစာကေျပာတဲ့ စိတ္ဖိစီးမႈေတြ၊ စိတ္ဒဏ္ရာေတြက ပတ္ဝန္းက်င္အေပၚမွာ ႐ိုက္ခတ္မႈက ဘယ္ေလာက္အထိ ဆိုးဝါးတယ္လို႔ ေျပာလို႔ရသလဲ။ တိုင္းျပည္အနာဂတ္အတြက္ ဘယ္ေလာက္အထိ သက္ေရာက္မႈ ဆုံးရႈံးနစ္နာမႈေတြ ရွိပါသလဲရွင့္။

ေျဖ ။ ။ တစ္ႏိုင္ငံလုံး အတိုင္းအတာနဲ႔ ၾကည့္မယ္ဆိုရင္ေတာ့ က်မတို႔ လူသားအရင္းအျမစ္ေတြ အမ်ားႀကီးဆုံးရႈံးသြားတယ္။ တစ္ဦးခ်င္းၾကည့္မယ္ဆိုရင္ေတာ့ က်မတို႔ရဲ႕ Productivity က က်ဆင္းလာတယ္။ က်မတို႔မွာ ေန႔တဓုဝ စိတ္ဖိစီးမႈေတြက မ်ားေနတဲ့အခါၾကေတာ့ က်မတို႔ရဲ႕ Psycho Social Spiritual ပိုင္းေတြမွာ ဆုတ္ယုတ္လာတယ္။ က်မတို႔က စိတ္ပိုင္းဆိုင္ရာအရ ထိခိုက္သြားၿပီဆိုရင္ အခ်ိန္ယူၿပီးေတာ့ ဘဝနဲ႔ရင္းၿပီးေတာ့ ျပန္လည္ကုစားရတယ္။ သြားကိုက္လို႔ ႏုတ္မယ္ဆိုရင္ နာေနတဲ့ သြားေလးကို ႏုတ္လိုက္လို႔ရတယ္။ စိတ္ဒဏ္ရာရသြားၿပီ၊ စိတ္ပိုင္းဆိုင္ရာ ထိခိုက္သြားၿပီဆိုရင္ အဲဒီဟာကို သူ႔ရဲ႕ လူမႈေရးအရ၊ လူတစ္ေယာက္ရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈ ေႏွာင့္ေႏွးသြားတယ္။ လူမႈေရး ပဋိပကၡေတြ ရွိလာတယ္။ ေနာက္ၿပီးေတာ့ ႏိုင္ငံအက်ိဳးအတြက္ သယ္ပိုးဖို႔အတြက္လည္း အခ်ိန္ေတြ အမ်ားႀကီးကုန္ဆုံးသြားတယ္။ အခုျမန္မာျပည္မွာဆိုရင္ ႏိုင္ငံေတာ္ဝင္ေငြေတြ အမ်ားႀကီး တစ္ေန႔ကို ဘီလီယံေပါင္းမ်ားစြာ ဆုံးရႈံးသြားတယ္။ ဒါေတြက က်မတို႔အေနနဲ႔ ေရွ႕တိုးရမယ့္အစား ေနာက္ဆုတ္သြားတယ္။ ႏိုင္ငံေတာ္အတြက္လည္း ဆုံးရႈံးနစ္နာမႈေတြ ျဖစ္တာေပါ့ရွင့္။

ေမး ။ ။ အဲဒီေတာ့ ဒီကေနလက္ရွိ ျမန္မာျပည္သူေတြ ႀကဳံေတြ႕ေနရတဲ့ စိတ္ပိုင္းဆိုင္ရာ ဖိစီးမႈေတြ စိတ္ဒဏ္ရာေတြ သက္သာရာရဖို႔အတြက္ ဘယ္လိုနည္းလမ္းေတြက အခုအခ်ိန္မွာ အသင့္ေတာ္ဆုံး ျဖစ္ပါမလဲ။ ဘာေတြကိုမ်ား အႀကံေပးႏိုင္မလဲ။ စိတ္ပိုင္းဆိုင္ရာ ပညာရွင္ရႈေထာင့္ကေန။ ၿပီးေတာ့ ကိုယ္ကိုယ္တိုင္ကလည္း မိသားစု ခ်စ္ရခင္ရတဲ့လူေတြ ဆုံးရႈံးရတဲ့အေပၚမွာ ကိုယ္ကိုယ္တိုင္းႀကဳံေတြ႕ခဲ့ရတဲ့ ကိုယ္ေတြ႕အေတြ႕အႀကဳံကေန က်န္းမာေရးပညာရွင္တစ္ေယာက္ ရႈေထာင့္ကေန ဘယ္လိုမ်ား အႀကံေပးခ်င္ပါလဲရွင့္။

ေျဖ ။ ။ က်မတို႔အေနနဲ႔ ၾကည့္ရမွာက အခုေလာေလာဆယ္ ႏိုင္ငံတစ္ခုအေနနဲ႔ လူမ်ိဳးတစ္ခုအေနနဲ႔ အရမ္းခက္ခဲတဲ့အခ်ိန္ သမိုင္းမွာ ေက်ာ္လႊာေနရတာ ျဖစ္တယ္။ ဒီလိုပဲ တျခားႏိုင္ငံေတြရဲ႕ သမိုင္းကို ျပန္ၾကည့္လိုက္ရင္လည္း ဂ်ပန္ႏိုင္ငံလည္း ဗုံးႀကဲခံရၿပီး လူသားေတြ အမ်ားႀကီး ဒုတိယကမာၻစစ္တုန္းက ဆုံးရႈံးခဲ့တယ္။ ဂ်ဴးလူမ်ိဳးေတြဆိုရင္လည္း လူမ်ိဳးတုန္းသတ္ျဖတ္ခံရတယ္။ သူတို႔မိသားစုေတြကို မီးေလာင္းတိုက္အသြင္းခံခဲ့ရတယ္။ က်မေလ့လာခဲ့တဲ့ Psychologist Edith Eva Eger ဆိုရင္ သူတို႔ဆို ညီအမႏွစ္ေယာက္ပဲ အသက္ရွင္ခဲ့တယ္။ သူတို႔အေမဆိုရင္ သူတို႔ေရွ႕မွာပဲ မီးေလာင္းတိုက္သြင္းခံလိုက္ရတဲ့အခါမွာ သူ႔အေနနဲ႔ စိတ္ဒဏ္ရာေတြ အမ်ားႀကီးနဲ႔ ႀကီးျပင္းလာတယ္။ ဒါေပမဲ့ နာဇီေတြကို သူကို Sub-human လူလိုေတာင္မွ မဆက္ဆံခဲ့ဘူး။ လူတစ္ေယာက္အေနနဲ႔လည္း အသိအမွတ္ မျပဳခဲ့ဘူး။ ဒါေပမဲ့ သူ႔ရဲ႕ အေကာင္းဆုံးလက္စားေခ်ျခင္းက လူသားတစ္ေယာက္အေနနဲ႔ ကိုယ့္ကိုယ္ကို တိုးတက္ႀကီးပြားေအာင္ လုပ္ေဆာင္ၿပီးေတာ့ အမွန္တရားကို ေဖာ္ထုတ္ခဲ့တယ္။ သူကိုယ္တိုင္လည္း စိတ္ပညာရွင္ Psychologist တစ္ေယာက္အေနနဲ႔ စိတ္က်န္းမာေရးကို ျပန္လည္ကုစားတယ္။ ခံစားေနရတဲ့ သူမ်ားေတြကိုလည္း ကုစားေရးေတြ လုပ္ခဲ့တယ္။ က်မအေနနဲ႔ ပထမဦးဆုံးေျပာလို႔တာက မိမိကိုယ္ကိုယ္ ျပန္လည္ကုစားပါ။ အခ်ိန္ေပးၿပီးေတာ့ ကုစားပါ။ အဲဒီလို ကုစားတဲ့ေနရာမွာ ကိုယ့္ကိုယ္ကို Selfcare လုပ္ပါ။ ေနာက္ၿပီးေတာ့ က်မတို႔က သူမ်ားတကာေတြကို ေဘးနားက ကိုယ့္မိသားစုေတြ၊ ကိုယ့္အသိုင္းအဝိုင္းေတြကို ကုစားေနခ်ိန္မွာ ကိုယ့္ကိုယ္ကို ေမ့တတ္ၾကတယ္။ အဲဒီအခ်ိန္မွာ စိတ္ပင္းပန္ႏြမ္းနယ္မႈေတြ ျဖစ္တတ္ၾကတယ္။ ဆိုလိုတာက သူမ်ားကို ကုေနရင္ သူမ်ားတကာကို အခ်ိန္ေပးရင္ ကိုယ္ပါ ေနမေကာင္းတာေတြ ျဖစ္တတ္ၾကတယ္။ အဲဒါကိုလည္း သတိထားေစခ်င္တယ္။

ေနာက္ဆုံးအေနနဲ႔ ေျပာခ်င္တာက ေလယာဥ္စီးတဲ့အခါ အသက္ကယ္တဲ့ေနရာမွာ ေအာက္ဆီဂ်င္ေပးတယ္။ တစ္ခုခုျဖစ္လို႔ရွိရင္ ေအာက္ဆီဂ်င္ မ်က္ႏွာဖုံးစြပ္တဲ့အခါမွာ ကိုယ့္ကိုယ္ကို အရင္ဦးဆုံးကာကြယ္ၿပီးမွာ သူမ်ားကို လုပ္ေပးပါ။ ကိုယ္အသက္ရွင္ေနဖို႔ မလြယ္ဘူးဆိုရင္ သူမ်ားကို ကူညီဖို႔ ခက္ခဲတဲ့အတြက္ေၾကာင့္မို႔ ပထမဦးဆုံး မိမိကိုယ္ကိုယ္ ျပန္လည္ကုစားေရးကအစ အခ်ိန္ေပးၿပီးေတာ့ ကုစားေပးၿပီးေတာ့မွ သူမ်ားတကာကိုလည္း ကုစားလို႔ရမယ္။ က်မတို႔ ယဥ္ေက်းမႈမွာ နည္းနည္းေတာ့စိမ္းတယ္။ တကိုယ္ေကာင္းဆန္သလို ျဖစ္ေနမွာေပါ့။ ဒါေပမဲ့ တကယ္လက္ေတြ႕ Survival Skill အေနနဲ႔က ကိုယ့္ကိုယ္ကို မကုစားဘူး။ ကိုယ့္ကိုယ္ကို ျပန္လည္မထူေထာင္ဘူးဆိုရင္ အျခားသူေတြကို ကူညီဖို႔က ခက္ခဲတယ္။ အဲဒါေၾကာင့္မို႔ အခ်ိန္ေပးၿပီးေတာ့ မိမိကိုယ္ကိုယ္ အခ်ိန္ေပးပါလို႔ တိုက္တြန္းပါရေစ။

မခင္ျဖဴေထြး။ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ အခုလိုမ်ိဳး အခ်ိန္ေပးၿပီးေတာ့ ေျဖၾကားေပးတဲ့အတြက္။


===Unicode===

စစ်အာဏာသိမ်းပြီးနောက်မှာ နိုင်ငံရေးနဲ့ လူမှုစီးပွားရေး အကျပ်အတည်းတွေ ကြုံနေရတဲ့အချိန်မှာ ကိုဗစ်ကပ်ဘေး ဆိုးဆိုးဝါးဝါး ထပ်ကြုံရတဲ့ မြန်မာပြည်သူတွေအတွက် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်တာကို လစ်လျူရှုထားလို့ မရဘူးလို့ Honolulu မြို့က စိတ်ပညာရပ်ဆိုင်ရာ ပညာရှင် မဂျူးဂျူးမင်းသူက ပြောပါတယ်။ မဂျူးဂျူးမင်းသူ ကို မခင်ဖြူထွေးက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ မဂျူးဂျူးမင်းသူ အခုလို အချိန်ပေးပြီးတော့ VOA အတွက် ဖြေကြားပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်။ မဂျူးဂျူးမြင့်သူက သိပ်မကြာသေးခင်ကပဲ ကိုဗစ်ကြောင့် ဖခင်ဆုံးရှုံးရတယ်။ နောက် မိသားစုဆွေမျိုးတွေထဲမှာဆိုလည်း အဖွား၊ ဦးလေး၊ အဒေါ် စသည်ဖြင့် (၅) ဦးလောက် ဆုံးရှုံးရတယ်လို့ သိရတဲ့အတွက် အဲဒီအတွက်လည်း အင်မတန်ကိုမှ စိတ်မကောင်းဘူးဆိုတာကိုလည်း ဦးဆုံးပြောချင်ပါတယ်ရှင့်။ မဂျူးဂျူးက လောလောလတ်လတ် မိသားစုတွေ ဆုံးရှုံးရလို့ ပူဆွေနေရမယ့် အခြေအနေမှာတောင် ကိုယ်ကျွမ်းကျင်တဲ့ ပညာရပ်နဲ့ စိတ်ဒဏ်ရာရတဲ့ လူတွေကို ကူညီပံ့ပိုးပေးနေတာကိုလည်း တွေ့ရပါတယ်။ ဒီဆေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူတစ်ယောက်အနေနဲ့ ဒီနေ့ မြန်မာနိုင်ငံမှာ မြန်မာပြည်သူတွေအတွက် စိတ်ပိုင်းဆိုင်ရာ ကုစားမှုတွေ လုပ်ပေးဖို့က ဘယ်လောက်အထိ အရေးကြီးတယ်လို့ ကိုယ်ကယူဆပြီးတော့ အခုလိုကူညီပေးဖြစ်နေတာလဲ။

ဖြေ ။ ။ လိုအပ်တာတော့ အရမ်းလိုအပ်နေတဲ့အချိန် - အရမ်းလည်း Critical Stage ကို ရောက်နေတယ်။ နိုင်ငံတစ်ခုအနေနဲ့ ပြောရမယ်ဆိုရင် တစ်ဦးချင်းအနေနဲ့လည်း Survival Guilt တွေက အရမ်းများတယ်။ ငါ့မိဘအစား ငါဖြစ်လိုက်ပါလား။ ငါ့သူငယ်ချင်းအစား ငါပဲဖြစ်လိုက်ပါလား။ တန်းဖိုးရှိတဲ့လူတွေ အများကြီးဆုံးရှုံးလိုက်ရတဲ့အခါကြတော့ ကျမတို့အနေနဲ့ ပထမဦးဆုံး အဲဒီလိုဖြစ်လာပြီဆိုရင် စိတ်ခံစားချက်တွေက အတွေးတွေက ဟိုရောက်ဒီရောက်ဖြစ်တတ်ကြတယ်။ နောက်ပြီးတော့ အဲဒီလိုမျိုး စောစောကပြောသလို ငါပဲဖြစ်လိုက်ပါလား။ ငါပဲသေလိုက်ပါလားဆိုတဲ့ Passive Aggressive Suicidal Thoughts တွေ ဝင်လာတယ်။ မသိစိတ်ကနေ သေချင်တဲ့စိတ်တွေ ဝင်လာတယ်၊ ဖြစ်လာတဲ့အခါကြတော့ အရမ်းလည်းသတိထားရတယ်။ စိတ်ကျန်းမာရေးအတွက် အဲဒီလို အတွေးတွေ များလာပြီဆိုရင် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်းမှုတွေ ဖြစ်လာဖို့အတွက်၊ အရမ်းလည်းနီးကပ်လာတဲ့အခါကြတော့ ကျမတို့အနေနဲ့ ဖြစ်နိုင်လို့ရှိရင် ကိုယ်စိတ်ချယုံကြည်ရတဲ့ လူတစ်ယောက်ကို ဦးဆုံးအနေနဲ့ စကားပြောသင့်တယ်။ ပြီးသွားတဲ့အခါမှာ ကျမတို့လို Clinically Train ထားတဲ့ လူတွေနဲ့လည်း စကားပြောသင့်တယ်။ မြန်မာပြည်မှာလည်း အခုဆိုရင် Services တွေ အများကြီးရှိလာပြီ။ စိတ်ကျန်းမာရေးကုစားရေဒအတွက်။ အဲဒါကြောင့်မို့ အခုလိုမျိုး အရေးကြီးတဲ့အချိန်မှာ မိမိကိုယ်ကိုယ် ပြန်လည်ကုစားရေးကနေ စသင့်တယ်လို့ ထင်ပါတယ်ရှင့်။

မေး ။ ။ ဒီအချိန်မှာတော့ တကယ့်ကို စိတ်ပိုင်းဆိုင်ရာ ကျဆင်းမသွားအောင် တည်ဆောက်နိုင်ဖို့အတွက် အင်မတန်အရေးကြီးတယ်လို့ ထင်ပါတယ်။ အဲဒီတော့ လက်ရှိမှာ စောစောကပြောသလိုပဲ ဘက်ပေါင်းစုံကနေ အကျပ်အတည်းတွေ ရင်ဆိုင်လာရတော့ ပြည်သူတွေ ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေ၊ စိတ်ဒဏ်ရာတွေက ဘယ်လောက်အထိ Level အားဖြင့် အဆင့်ဘယ်လောက်အထိ ပြင်းထန်လာတယ်လို့ စိတ်ပညာရှင်တစ်ယောက်အနေနဲ့ လေ့လာသုံးသပ်မိသလဲ။

ဖြေ ။ ။ ကျမတို့ အခုမြန်မာပြည်မှာဆိုရင် အကြောက်တရားတွေနဲ့ နေရအောင်၊ အကြောက်တရားတွေ လွှမ်းမိုးအောင်လို့ အာဏာရှင်စစ်ကောင်စီကနေ နည်းစနစ်ကျကျ လုပ်ဆောင်နေတယ်။ အထူးသဖြင့် ကိုဗစ်ကြောင့်ဖြစ်စေ၊ လူတွေက ကိုဗစ်ကလည်း လူတွေကိုသတ်နိုင်တယ်။ စစ်အာဏာရှင်ကလည်း လူတွေကိုသတ်နိုင်တယ်။ နှစ်ခုစလုံးက ကြောက်ဖို့ကောင်းတယ်။ အဲဒီအချိန်မှာ သူတို့က ကျမတို့ကို စိတ်ဒဏ်ရာ ဗလာပွနဲ့ ကြီးပြင်းအောင်။ ကျမတို့ရဲ့ စိတ်ဒဏ်ရာတွေကို ပိုပြီးတော့ တိုးပွားလာအောင်လို့ ကျမတို့မိသားစုတွေ၊ ကျမတို့လူမျိုးတွေ ဆုံးရှုံးသွားအောင်လို့ သူတို့က စနစ်တကျ စီစဉ်ထားတယ်။ ဥပမာဆိုရင် ဆေးရုံဆေးခန်းသွားဖို့တောင် ထောက်ခံစာယူရတယ်။ အဲဒီလို ထောက်ခံစာယူနေတဲ့အချိန်မှာ ကျမအဒေါ်တစ်ယောက် အသက်ဆုံးရှုံးသွားတယ်။ နောက်ပြီးတော့ ကိုယ့်မိသားစု အောက်ဆီဂျင်လိုနေလို့ တန်းစီးနေချိန်မှာပဲ သူတို့က သေနတ်ပစ်ပြီးတော့ လူစုခွဲတာတွေလုပ်တယ်။ အဲဒီလိုမျိုးတွေ လုပ်တဲ့အခါကြတော့ လူတွေက နာကျည်းလာကြတယ်။ နာကျည်းလာတဲ့အခါမှာ စိုးရိမ်ဖို့ကောင်းတာ လူတွေက ကျမတို့ Mental Health Services တွေ စိတ်ကျန်းမာရေး ကုစားရေးတွေ လာပြီးတော့ ခံယူတဲ့လူတွေက လက်စားချေဖို့အထိ နည်းလမ်းတွေ ရှာဖွေလာတယ်ဆိုတာ ပြောပြလာတဲ့အခါ သူတို့ ဘယ်လောက်ထိ စိတ်ထဲမှာ ခံစားရတာ ပြင်းထန်နေတယ်ဆိုတာ ပေါ်လွင်ပါတယ်ရှင့်။

မေး ။ ။ အဲဒီတော့ အခုဒီလိုဖြစ်နေတဲ့ အခြေအနေက တနိုင်ငံလုံး အတိုင်းအတာလို့တောင်မှ ပြောရမလို ဖြစ်နေတာပေါ့။ စစ်ဘေးကြောင့်ဖြစ်ဖြစ်၊ ရောဂါဘယဘေးကြောင့်ဖြစ်ဖြစ် ပတ်ဝန်းကျင်တစ်ခုလုံးမှာ ကြုံနေရတာဆိုတော့ စောစောကပြောတဲ့ စိတ်ဖိစီးမှုတွေ၊ စိတ်ဒဏ်ရာတွေက ပတ်ဝန်းကျင်အပေါ်မှာ ရိုက်ခတ်မှုက ဘယ်လောက်အထိ ဆိုးဝါးတယ်လို့ ပြောလို့ရသလဲ။ တိုင်းပြည်အနာဂတ်အတွက် ဘယ်လောက်အထိ သက်ရောက်မှု ဆုံးရှုံးနစ်နာမှုတွေ ရှိပါသလဲရှင့်။

ဖြေ ။ ။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင်တော့ ကျမတို့ လူသားအရင်းအမြစ်တွေ အများကြီးဆုံးရှုံးသွားတယ်။ တစ်ဦးချင်းကြည့်မယ်ဆိုရင်တော့ ကျမတို့ရဲ့ Productivity က ကျဆင်းလာတယ်။ ကျမတို့မှာ နေ့တဓုဝ စိတ်ဖိစီးမှုတွေက များနေတဲ့အခါကြတော့ ကျမတို့ရဲ့ Psycho Social Spiritual ပိုင်းတွေမှာ ဆုတ်ယုတ်လာတယ်။ ကျမတို့က စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်သွားပြီဆိုရင် အချိန်ယူပြီးတော့ ဘဝနဲ့ရင်းပြီးတော့ ပြန်လည်ကုစားရတယ်။ သွားကိုက်လို့ နုတ်မယ်ဆိုရင် နာနေတဲ့ သွားလေးကို နုတ်လိုက်လို့ရတယ်။ စိတ်ဒဏ်ရာရသွားပြီ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားပြီဆိုရင် အဲဒီဟာကို သူ့ရဲ့ လူမှုရေးအရ၊ လူတစ်ယောက်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးသွားတယ်။ လူမှုရေး ပဋိပက္ခတွေ ရှိလာတယ်။ နောက်ပြီးတော့ နိုင်ငံအကျိုးအတွက် သယ်ပိုးဖို့အတွက်လည်း အချိန်တွေ အများကြီးကုန်ဆုံးသွားတယ်။ အခုမြန်မာပြည်မှာဆိုရင် နိုင်ငံတော်ဝင်ငွေတွေ အများကြီး တစ်နေ့ကို ဘီလီယံပေါင်းများစွာ ဆုံးရှုံးသွားတယ်။ ဒါတွေက ကျမတို့အနေနဲ့ ရှေ့တိုးရမယ့်အစား နောက်ဆုတ်သွားတယ်။ နိုင်ငံတော်အတွက်လည်း ဆုံးရှုံးနစ်နာမှုတွေ ဖြစ်တာပေါ့ရှင့်။

မေး ။ ။ အဲဒီတော့ ဒီကနေလက်ရှိ မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ စိတ်ဒဏ်ရာတွေ သက်သာရာရဖို့အတွက် ဘယ်လိုနည်းလမ်းတွေက အခုအချိန်မှာ အသင့်တော်ဆုံး ဖြစ်ပါမလဲ။ ဘာတွေကိုများ အကြံပေးနိုင်မလဲ။ စိတ်ပိုင်းဆိုင်ရာ ပညာရှင်ရှုထောင့်ကနေ။ ပြီးတော့ ကိုယ်ကိုယ်တိုင်ကလည်း မိသားစု ချစ်ရခင်ရတဲ့လူတွေ ဆုံးရှုံးရတဲ့အပေါ်မှာ ကိုယ်ကိုယ်တိုင်းကြုံတွေ့ခဲ့ရတဲ့ ကိုယ်တွေ့အတွေ့အကြုံကနေ ကျန်းမာရေးပညာရှင်တစ်ယောက် ရှုထောင့်ကနေ ဘယ်လိုများ အကြံပေးချင်ပါလဲရှင့်။

ဖြေ ။ ။ ကျမတို့အနေနဲ့ ကြည့်ရမှာက အခုလောလောဆယ် နိုင်ငံတစ်ခုအနေနဲ့ လူမျိုးတစ်ခုအနေနဲ့ အရမ်းခက်ခဲတဲ့အချိန် သမိုင်းမှာ ကျော်လွှာနေရတာ ဖြစ်တယ်။ ဒီလိုပဲ တခြားနိုင်ငံတွေရဲ့ သမိုင်းကို ပြန်ကြည့်လိုက်ရင်လည်း ဂျပန်နိုင်ငံလည်း ဗုံးကြဲခံရပြီး လူသားတွေ အများကြီး ဒုတိယကမ္ဘာစစ်တုန်းက ဆုံးရှုံးခဲ့တယ်။ ဂျူးလူမျိုးတွေဆိုရင်လည်း လူမျိုးတုန်းသတ်ဖြတ်ခံရတယ်။ သူတို့မိသားစုတွေကို မီးလောင်းတိုက်အသွင်းခံခဲ့ရတယ်။ ကျမလေ့လာခဲ့တဲ့ Psychologist Edith Eva Eger ဆိုရင် သူတို့ဆို ညီအမနှစ်ယောက်ပဲ အသက်ရှင်ခဲ့တယ်။ သူတို့အမေဆိုရင် သူတို့ရှေ့မှာပဲ မီးလောင်းတိုက်သွင်းခံလိုက်ရတဲ့အခါမှာ သူ့အနေနဲ့ စိတ်ဒဏ်ရာတွေ အများကြီးနဲ့ ကြီးပြင်းလာတယ်။ ဒါပေမဲ့ နာဇီတွေကို သူကို Sub-human လူလိုတောင်မှ မဆက်ဆံခဲ့ဘူး။ လူတစ်ယောက်အနေနဲ့လည်း အသိအမှတ် မပြုခဲ့ဘူး။ ဒါပေမဲ့ သူ့ရဲ့ အကောင်းဆုံးလက်စားချေခြင်းက လူသားတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကို တိုးတက်ကြီးပွားအောင် လုပ်ဆောင်ပြီးတော့ အမှန်တရားကို ဖော်ထုတ်ခဲ့တယ်။ သူကိုယ်တိုင်လည်း စိတ်ပညာရှင် Psychologist တစ်ယောက်အနေနဲ့ စိတ်ကျန်းမာရေးကို ပြန်လည်ကုစားတယ်။ ခံစားနေရတဲ့ သူများတွေကိုလည်း ကုစားရေးတွေ လုပ်ခဲ့တယ်။ ကျမအနေနဲ့ ပထမဦးဆုံးပြောလို့တာက မိမိကိုယ်ကိုယ် ပြန်လည်ကုစားပါ။ အချိန်ပေးပြီးတော့ ကုစားပါ။ အဲဒီလို ကုစားတဲ့နေရာမှာ ကိုယ့်ကိုယ်ကို Selfcare လုပ်ပါ။ နောက်ပြီးတော့ ကျမတို့က သူများတကာတွေကို ဘေးနားက ကိုယ့်မိသားစုတွေ၊ ကိုယ့်အသိုင်းအဝိုင်းတွေကို ကုစားနေချိန်မှာ ကိုယ့်ကိုယ်ကို မေ့တတ်ကြတယ်။ အဲဒီအချိန်မှာ စိတ်ပင်းပန်နွမ်းနယ်မှုတွေ ဖြစ်တတ်ကြတယ်။ ဆိုလိုတာက သူများကို ကုနေရင် သူများတကာကို အချိန်ပေးရင် ကိုယ်ပါ နေမကောင်းတာတွေ ဖြစ်တတ်ကြတယ်။ အဲဒါကိုလည်း သတိထားစေချင်တယ်။

နောက်ဆုံးအနေနဲ့ ပြောချင်တာက လေယာဉ်စီးတဲ့အခါ အသက်ကယ်တဲ့နေရာမှာ အောက်ဆီဂျင်ပေးတယ်။ တစ်ခုခုဖြစ်လို့ရှိရင် အောက်ဆီဂျင် မျက်နှာဖုံးစွပ်တဲ့အခါမှာ ကိုယ့်ကိုယ်ကို အရင်ဦးဆုံးကာကွယ်ပြီးမှာ သူများကို လုပ်ပေးပါ။ ကိုယ်အသက်ရှင်နေဖို့ မလွယ်ဘူးဆိုရင် သူများကို ကူညီဖို့ ခက်ခဲတဲ့အတွက်ကြောင့်မို့ ပထမဦးဆုံး မိမိကိုယ်ကိုယ် ပြန်လည်ကုစားရေးကအစ အချိန်ပေးပြီးတော့ ကုစားပေးပြီးတော့မှ သူများတကာကိုလည်း ကုစားလို့ရမယ်။ ကျမတို့ ယဉ်ကျေးမှုမှာ နည်းနည်းတော့စိမ်းတယ်။ တကိုယ်ကောင်းဆန်သလို ဖြစ်နေမှာပေါ့။ ဒါပေမဲ့ တကယ်လက်တွေ့ Survival Skill အနေနဲ့က ကိုယ့်ကိုယ်ကို မကုစားဘူး။ ကိုယ့်ကိုယ်ကို ပြန်လည်မထူထောင်ဘူးဆိုရင် အခြားသူတွေကို ကူညီဖို့က ခက်ခဲတယ်။ အဲဒါကြောင့်မို့ အချိန်ပေးပြီးတော့ မိမိကိုယ်ကိုယ် အချိန်ပေးပါလို့ တိုက်တွန်းပါရစေ။

မခင်ဖြူထွေး။ ကျေးဇူးအများကြီးတင်ပါတယ်။ အခုလိုမျိုး အချိန်ပေးပြီးတော့ ဖြေကြားပေးတဲ့အတွက်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG