သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အုပ္ခ်ဳပ္ေရးေကာင္စီ အဖြဲ႔ဝင္ရဲ ႔ ေျဖရွင္းခ်က္


စစ္အုပ္ခ်ဳပ္ေရးေကာင္စီ အဖြဲ႔ဝင္ ဦးခင္ေမာင္ေဆြ
တိုက္႐ိုက္ လင့္ခ္

ျမန္မာစစ္ေကာင္စီက အိမ္ေစာင့္အစိုးရ ေျပာင္းလဲဖြဲ႔စည္းခဲ့တာနဲ႔ ပတ္သက္ၿပီးေတာ့ စစ္အုပ္ခ်ဳပ္ေရးေကာင္စီ အဖြဲ႔ဝင္တစ္ဦးျဖစ္တဲ့ ဦးခင္ေမာင္ေဆြကို ကိုရန္ႏုိင္က ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး ။ ။ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဘက္ကေန အိမ္ေစာင့္အစိုးရ ဖြဲ႔လုိက္တယ္။ ဒါနဲ႔ ပတ္သက္ၿပီးေတာ့ အဖြဲ႔ဝင္တစ္ေယာက္ျဖစ္တဲ့ အန္ကယ္သေဘာထားကို သိလုိပါတယ္။

ေျဖ ။ ။ တပ္ခ်ဳပ္ႀကီးက မိန္႔ခြန္းေျပာသြားတာ သိၿပီျဖစ္မွာပါ။ အဲဒီမွာ က်ေနာ္တုိ႔ပါပါတယ္။ ေရြးေကာက္ပြဲကို က်င္းပေပးမယ္။ ေရြးေကာက္ပြဲ မသမာမႈေတြကို ေတြ႔ရိွတာေတြကို ထုတ္ေဖာ္ၿပီးေတာ့ သက္ဆိုင္ရာ ႏုိင္ငံေတြကို ထုတ္ျပန္မယ္။ အာဆီယံလာရင္လည္း အာဆီယံကို ေျပာျပမယ္။ ၿပီးေတာ့ ေရြးေကာက္ပြဲကို မုခ်မေသြ က်င္းပေပးမယ္ဆိုတဲ့ ကတိစကားေတြ ေျပာသြားတာ ၾကားရမွာပါ။ သေဘာကေတာ့ ေရြးေကာက္ပြဲ က်င္းပဖို႔က ကိုဗစ္ေရာဂါ က်ဆင္းသြားတဲ့ အေျခအေနေရာက္မွသာလွ်င္ ေရြးေကာက္ပြဲက က်င္းပဖို႔ ျဖစ္ႏိုင္ေခ်မ်ားတယ္။ ေနာက္ၿပီးေတာ့ မွတ္ပံုတင္ကိစၥေတြလည္း (၁၈) လၾကာ လုပ္ရကိုင္ရအံုးမယ္ဆိုေတာ့ ဒါေတြၿပီးမွဆိုရင္ေတာ့ သူေျပာတဲ့အတိုင္းပဲ ပုဒ္မ (၄၁၉) အရ (၂) နွစ္တိတိ တာဝန္ယူႏိုင္တယ္ဆိုတဲ့ အေနအထားအထိ သြားရမယ္လို႔ ျမင္ပါတယ္။ အဲဒါေတြၿပီးရင္ေတာ့ ေရြးေကာက္ပြဲကို (၆) လအၾကာမွာ မဲဆြယ္စည္းရံုးခြင့္ေတြ ေပးၿပီးေတာ့၊ ေရြးေကာက္ပြဲအသစ္တစ္ခုကို ျဖတ္သန္းမယ္လို႔ ဒါေတြဆိုသြားတာ ရိွပါတယ္။

အဲဒါေတြကို ေအာင္ျမင္ေအာင္လုပ္ဖို႔ဆိုတာ ေကာင္စီတစ္ရပ္အေနနဲ႔လုပ္ဖို႔ မျဖစ္ႏိုင္ဘဲနဲ႔ Caretaker Government အိမ္ေစာင့္အစိုးရအေနနဲ႔လုပ္ဖို႔ ျဖစ္မွသာလွ်င္ တိုင္းနဲ႔ျပည္နယ္အသီးသီးကို ထိထိမိမိ ခ်ဳပ္ကိုင္ၿပီးေတာ့ ေဆာင္ရြက္ႏိုင္မယ့္ အေျခအေနရိွတယ္လို႔ ယူဆတဲ့အတြက္ေၾကာင့္ ဒီလို Caretaker Government အေနနဲ႔ ေဆာင္ရြက္သြားဖို႔ ျဖစ္ေပၚလာျခင္း ျဖစ္တယ္လို႔ ေျပာရပါလိမ့္မယ္။ ေနာက္ၿပီးေတာ့ ႏိုင္ငံတကာမ်က္ႏွာစာမွာလည္း က်ေနာ္တုိ႔ ကာလအပိုင္းအျခားတစ္ခုအတြင္းမွာ ရိွေနတဲ့ အစိုးရဟာ အိမ္ေစာင့္အစိုးရ ျဖစ္တယ္။ သူတို႔ေျပာသလို စစ္ေကာင္စီ မဟုတ္ပါဘူး။ ပုဒ္မ (၄၁၉) အရ တာဝန္လႊဲယူထားၿပီးေတာ့ တာဝန္ကို ၂၀၂၃ ၾသဂုတ္မွာ က်င္းပတဲ့ ေရြးေကာက္ပြဲမွာ အႏုိင္ရတဲ့ပါတီကို လႊဲေပးမယ္လို႔ အတိအလင္းလည္း ေျပာသြားၿပီးေတာ့ ကတိလည္းေပးသြားတာကို ေတြ႔ရပါတယ္။ Caretaker Government အေနနဲ႔ လုပ္ေနတာ အဓိပၸါယ္ရိွၿပီးေတာ့ ႏုိင္ငံတကာ ဆက္ဆံေရးမွာလည္း အမ်ားႀကီးတာသြားမယ္လို႔ ယူဆလို႔ရပါတယ္။

ေမး ။ ။ အန္ကယ္တို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက ၿပီးခဲ့တဲ့အခ်ိန္မွာ ဖြဲ႔လိုက္တဲ့ စီမံအုပ္ခ်ဳပ္ေရးေကာင္စီက ဘယ္လိုမ်ဳိးဆက္ၿပီးေတာ့ ရိွေနမွာလဲ။

ေျဖ ။ ။ ဒါကေတာ့ ထင္သာျမင္သာ ရိွပါတယ္။ ေကာင္စီထဲမွာ ဘယ္သူဘယ္ဝါေတြ ဆက္ၿပီးေတာ့ရိွမယ္ဆိုတာေတာ့ လက္ရိွအတိုင္းပဲ ရိွေနမယ္ဆိုတာကို မွန္းဆလုိ႔ ရပါတယ္။ ဒါေပမဲ့ စီမံအုပ္ခ်ဳပ္ေရးေကာင္စီကေတာ့ ဆက္ရိွေနတယ္ဆိုတာ အတြင္းေရးမွဴး ဗိုလ္ခ်ဳပ္ႀကီးေအာင္လင္းေဒြး လက္မွတ္ထိုးၿပီးထုတ္တဲ့ အမိန္႔ေတြက ေကာင္စီကေန ထုတ္ျပန္ေနတာ ျဖစ္တာမို႔ ေကာင္စီဟာ ဆက္ၿပီးေတာ့ စီမံအုပ္ခ်ဳပ္ေရးေကာင္စီက ဆက္ၿပီးေတာ့ ရိွေနမယ္ဆိုတာေတာ့ ဒါကိုမုခ်မေသြ မွန္းဆလို႔ရပါတယ္။

ေမး ။ ။ ေရြးေကာက္ပြဲကို အန္ကယ္တို႔က ဆက္ၿပီးေတာ့ က်င္းပသြားမယ္ေပါ့။ အခုဒီမွာ ေၾကညာထားတယ္။ က်င္းပသြားမယ္။ အဲဒီလို က်င္းပတဲ့အခါမွာ ၿပီးခဲ့တဲ့ ၂၀၂၀ ေရြးေကာက္ပြဲတုန္းက အႏုိင္ရခဲ့တဲ့ NLD ပါတီအေနနဲ႔ ဝင္ယွဥ္ခြင့္ ရမွာလား။ ဘယ္လိုမ်ဳိး စဥ္းစားထားတာမ်ဳိး ရိွပါသလဲ။ ျပည္သူလူထုေတြကေတာ့ တေလွ်ာက္လံုး NLD ပါတီကို ၿပီးခဲ့တဲ့တစ္ေခါက္မွာလည္း အျပတ္အသတ္ မဲေပးခဲ့တယ္ဆိုေတာ့ အဲဒါနဲ႔ ပတ္သက္ၿပီးေတာ့ အန္ကယ္တို႔ ဘယ္လိုစဥ္းစားထားတာ ရိွပါသလဲ။

ေျဖ ။ ။ ဒါကေတာ့ က်ေနာ့္တစ္ေယာက္ထဲ စဥ္းစားလို႔ရတဲ့ ကိစၥ မဟုတ္ဘူးေလ။ စည္းမ်ဥ္းဥပေဒနဲ႔ အညီအညြတ္ပဲ ဆက္လက္ေဆာင္ရြက္သြားမယ္ဆိုတာကို အႀကိမ္ဖန္မ်ားစြာ သတင္းစာရွင္းလင္းပြဲေတြမွာ ေျပာၿပီးျဖစ္ပါတယ္။ NLD ပါတီ ၿပိဳင္ေရးမၿပိဳင္ေရးကေတာ့ စည္းမ်ဥ္းဥပေဒေတြနဲ႔ ဘယ္လိုကန္႔သတ္မလဲ။ ႏို္င္ငံေရးပါတီမ်ား မွတ္ပံုတင္ျခင္း ဥပေဒေတြနဲ႔ ဘယ္လိုၿငိတြယ္ေနသလဲဆိုတဲ့ေပၚမွာ မူတည္ၿပီးေတာ့ ေရွ ႔ဆက္ၿပီးေတာ့ NLD ပါတီ ရပ္တည္ႏိုင္ခြင့္ ရိွေသးလား၊ မရိွေသးလားဆိုတာ မၾကာခင္မွာပဲ ခင္မ်ားတို႔ ျမင္ေတြ႔သြားရပါလိမ့္မယ္လို႔ က်ေနာ္ ေျပာခ်င္ပါတယ္။

ေမး ။ ။ တဘက္မွာလဲ ႏိုင္ငံတကာမွာ အသိအမွတ္ျပဳမႈ ရဖို႔အတြက္ကို အခုလိုမ်ဳိး အိမ္ေစာင့္အစိုးရအေနနဲ႔ ဖြဲ႔စည္းလိုက္တယ္။ ဒါေပမဲ့ တဘက္္မွာလဲ ႏိုင္ငံတဝွမ္းမွာ ျပည္သူေတြက ဆန္႔က်င္ဆႏၵျပမႈေတြ ရိွေနတုန္းပဲဆိုေတာ့ ျပည္သူလူထုကလည္း ဒါကို လက္မခံဘူးဆိုတဲ့ဟာမ်ဳိးကို ျပသေနတာေတြ ရိွေနတယ္။ ဒီအေပၚကို ဘယ္လိုိမွတ္ခ်က္ေပးလိုပါလဲ။

ေျဖ ။ ။ ေျမျပင္အေနအထားမွာေတာ့ ျပည္သူလူထုက ဆန္႔က်င္ဆႏၵျပတယ္ဆိုတဲ့အဆင့္ကေတာ့ ေက်ာ္သြားၿပီ။

ေမး ။ ။ ျပည္သူလူထုက ဆန္႔က်င္ဆႏၵျပတဲ့ အေနအထားက ေက်ာ္သြားၿပီဆိုေပမယ့္ တိုက္ပြဲေတြ၊ စစ္ပြဲေတြက ရိွေနတယ္။ ေဒသခံေတြနဲ႔ တိုက္ပြဲေတြလည္း ရိွေနတယ္။ တိုင္းရင္းသားလက္နက္ကိုင္ေတြနဲ႔လည္း တုိက္ပြဲေတြ ရိွေနတယ္။ အေျခအေနက လံုးဝႀကီးၿငိမ္သက္သြားတာမ်ဳိးလည္း မဟုတ္ဘူး။ ျပည္သူလူထုေတြမွာ တခ်ိန္လံုး ဆႏၵျပေနတာေတြ ရိွေနပါေသးတယ္။ အဲဒီဟာကို ဘယ္လိုေျပာခ်င္ပါလဲ။

ေျဖ ။ ။ ဆန္႔က်င္မႈ မရိွဘူးလို႔ ေျပာတာမဟုတ္ဘူး။ ခင္မ်ားေျပာတဲ့ အသံုးအႏႈန္းကို က်ေနာ္က ေျပာတာပါ။ ျပည္သူေတြက မေက်နပ္ဘူး။ ျပည္သူအားလံုးက ဆႏၵျပတယ္ဆိုရင္ ျပည္သူအားလံုးရဲ ႔ ဘယ္ေလာက္ရာႏႈန္းက ဆႏၵျပေနသလဲ။ အခုထက္ထိ ေျမျပင္မွာ ရိွေနသလဲ။ လူတစ္စု လူတစ္ဖြဲ႔ကေန ေနာက္ကေျမွာက္ေပးေနတဲ့၊ အေဝးကေန ေျမွာက္ေပးေနတဲ့ NUG အဖြဲ႔က ပုဂၢိဳလ္ေတြကေျပာတဲ့ လူေတြပဲ ဆႏၵျပေနတာကိုၾကည့္ၿပီးေတာ့ ျပည္သူလူထုတစ္ရပ္လံုးက အိမ္ထဲကေတာင္ မထြက္ပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ရန္ကုန္မွာဆို ကိုဗစ္-၁၉ ကို ေၾကာက္ၿပီးေတာ့ မထြက္ၾကပါဘူး။ တၿမိဳ ႔လံုးဆႏၵျပတဲ့ဆိုတဲ့ အသံုးအႏႈန္းကို က်ေနာ္ လက္မခံဘူး။ ျပည္သူအစိတ္အပိုင္းက ဆႏၵျပတယ္ဆိုရင္ေတာ့ လက္ခံပါတယ္။ ရာခိုင္ႏႈန္းနဲ႔ ၾကည့္မယ္ဆိုရင္ တၿမိဳ ႔လံုးထြက္ ဆႏၵျပေနတာ မဟုတ္ဘူးဆိုတာေတာ့ ခင္မ်ားတို႔ စဥ္းစားၾကည့္ရင္ သိသာအထင္အရွား ျဖစ္ပါလိမ့္မယ္။ ဒါကေတာ့ တစ္ခ်က္ေပါ့။

လက္နက္ကိုင္ေတြနဲ႔ တိုက္ပြဲေတြ ျဖစ္ေနတယ္ဆိုတာလဲ ဘယ္သူဘယ္ဝါ ပုဂၢိဳလ္ေတြက ေနာက္ကြယ္ကေန ပံ့ပိုးမႈနဲ႔ သြားဗံုးခြဲလိုက္အံုး။ သင္တန္းသြားတက္ၿပီး လုပ္လိုက္အံုးဆိုတာေတြကေတာ့ ရိွေနတယ္။ ဒါေတြက မရိွဘူးမဟုတ္ဘူး၊ ရိွေနပါတယ္။ ထို႔နည္းလည္းေကာင္းပဲ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြမွာ သင္တန္းတက္ၿပီးေတာ့ ေရာက္သြားတဲ့လူေတြကလည္း အေဝးကေန ညႊန္ၾကားခ်က္ေတြနဲ႔ လုပ္ေနတာေတြကလည္း အထိုက္အေလ်ာက္ေတာ့ ရိွေနတယ္။ ျပည္သူတစ္ရပ္လံုးပါေနတဲ့ တိုက္ပြဲႀကီးကို ဆင္ႏႊဲေနတယ္ဆိုတာမ်ဳိးကေတာ့ ႏုိင္ငံေရးအနစ္သာရမဲ့တဲ့ အေျပာမ်ဳိးျဖစ္မွာစိုးလို႔ ခင္မ်ားကို ဒီလိုေတာ့ မယူဆပါနဲ႔ ေျပာခ်င္ပါတယ္။

ေမး ။ ။ အန္ကယ္တို႔ သေဘာထားအျမင္ကို က်ေနာ္ ျမင္ပါတယ္။ ဒါေပမဲ့ ျပည္သူလူထုတစ္ရပ္လံုးက အခုအခ်ိန္မွာ မဟုတ္ေပမယ့္၊ ဆႏၵျပပြဲေတြ ရိွေနတယ္။ ဒါေပမဲ့ ျပည္သူလူထုတစ္ရပ္လံုးက ဆႏၵျပခဲ့တဲ့ အခ်ိန္မွာ အၾကမ္းဖက္ႏိွမ္နင္းခဲ့တာေတြ ပစ္ခတ္ခဲ့တာေၾကာင့္ ဒီဆႏၵျပမႈေတြက အတိုင္းအတာတစ္ခုအထိ ေလ်ာ့က်သြားတယ္လို႔ ေျပာရင္ေကာ အန္ကယ္လက္ခံမလား။ ျပည္သူက ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ဆႏၵျပခဲ့တာေလ။

ေျဖ ။ ။ ဒီကိစၥကေတာ့ ဆႏၵျပတာကိုေတာ့ နစကအေနနဲ႔ ဘာမွအျငင္းမပြားပါဘူး။ ဆႏၵျပခြင့္ကို ေပးထားတာ ျဖစ္ပါတယ္။ လက္နက္ကိုင္ၿပီးေတာ့ ပစ္ခတ္မယ္ဆိုရင္သာ ဥပေဒအရ ႏိွမ္နင္းဖို႔သာ တာဝန္ယူျခင္း ျဖစ္ပါတယ္။ ဆႏၵျပတာကိုေတာ့ မျပရဘူးလို႔ ကန္႔သတ္ထားျခင္းမ်ဳိး ဒီေန႔အထိ မရိွေသးပါဘူး။ ဆႏၵျပေနတာေတြ ရိွေနတုန္းပါပဲ။ သို႔ေသာ္လဲ ျပည္သူပိုင္ပစၥည္းေတြ၊ အစိုးရဌာနေတြ ပ်က္ဆီးမယ္ဆိုရင္ေတာ့ ဖမ္းဆီးႏိွပ္ကြပ္တာမ်ဳိးေတာ့ ရိွေကာင္းရိွမွာေပါ့။ ဒါေပမဲ့ ျပည္သူေတြကို အေၾကာင္းမဲ့ သတ္ျဖတ္ေနတယ္ဆိုတဲ့ မီဒီယာေတြရဲ ႔ ေျပာဆိုခ်က္ကေတာ့ မဟုတ္ပါဘူး။

ေမး ။ ။ ဒါေပမဲ့ တဘက္မွာ ျပည္သူေတြက ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ဆႏၵျပခဲ့တယ္။ ဒါကို အၾကမ္းဖက္ႏိွမ္နင္းခဲ့တာေတြ ရိွတယ္။ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ဆႏၵျပလို႔ ျပတာကို အၾကမ္းဖက္ႏိွမ္နင္းခဲ့တာ ရိွတယ္ဆိုတာကိုလည္း သက္ေသအေထာက္အထားေတြ ရိွပါတယ္။

ေျဖ ။ ။ က်ေနာ္တုိ႔ကေတာ့ ဟိုဘက္က ဒီဘက္ကဆိုတာ မရိွဘူး။ က်ေနာ္တုိ႔က ႏုိင္ငံေရးသမားေတြ ျဖစ္တယ္။ တိုင္းျပည္ေကာင္းစားေရး၊ ျပည္သူလူထု ၿငိမ္းခ်မ္းသာယာေရးအတြက္ကိုပဲ က်ေနာ္တုိ႔ ေမွ်ာ္လင့္ၿပီးေတာ့ မွန္တယ္ဘက္က ရပ္ေနတာ ျဖစ္တယ္။ မဲမသမာမႈ ျဖစ္ေနတာႀကီးကို မဲသမာမႈႀကီးက မဟုတ္ပါဘူးလို႔ က်ေနာ္တို႔က ေျဗာင္ဘက္လိုက္ၿပီး ေျပာႏုိင္တဲ့ ကိုယ္ပိုင္ႏုိင္ငံေရး အေတြးအေခၚ မရိွပါဘူး။ က်ေနာ္တုိ႔မွာ မွန္ရင္မွန္တယ္၊ မွားရင္မွားတယ္ ျပည္သူအက်ဳိးမရိွဘူး၊ ျပည္သူလူထုအတြက္ ေျပာရဲတဲ့သတိၱ ရိွပါတယ္။ ဟိုဘက္က ဒီဘက္က မရိွပါဘူး။ ျပည္သူဘက္က ဆိုတဲ့ေနရာမွာ ဘယ္သူေတြက၊ ဘယ္အဖြဲ႔အစည္းေနရာကေန - ဒီကိုဗစ္-၁၉ အလွဴေငြေတြေပး၊ volunteers ေတြလည္း တအားလုပ္ေနတဲ့အခါမ်ဳိးမွာ ျပည္သူလူထုတစ္ရပ္လံုးက ဆန္႔က်င္ေနပါတယ္ဆိုတဲ့ အေျပာမ်ဳိးကေတာ့ မွန္ကန္မႈအတိုင္းအတာ အေတာ္ႀကီးအားနည္းသြားၿပီလို႔ က်ေနာ္က ယူဆပါတယ္။

ေမး ။ ။ ဒါေပမဲ့ အခုထိုးေနတဲ့ဟာမွာလည္း သိပ္အမ်ားႀကီးေတာ့ မရိွပါဘူး။ အနည္းအက်င္းပဲ ရိွတယ္လို႔ က်ေနာ္က သိထားပါတယ္။

ေျဖ ။ ။ ရတာလည္း နည္းနည္းပဲ ရတာပဲ။ (၃) သန္း (၄) သန္းပဲရေတာ့ ရသေလာက္ပဲ အဆင့္လိုက္ ခြဲထိုးေနတာ။ (၆၅) ႏွစ္နဲ႔ က်န္းမာေရးဝန္ထမ္းတို႔ ဘဏ္လုပ္ငန္းတို႔ အဲဒီလိုမ်ဳိး ခြဲထိုးေပးေနတာ။ တကယ္လို႔သာ ျပည္သူေတြတစ္ရပ္လံုးက ဆန္႔က်င္တယ္ဆိုရင္ ေဆးထုိးစရာလည္း မလိုဘူး။ ဘာမွ သူတို႔ေပးတဲ့ ဆန္ေတြဆီေတြ ယူစရာအေၾကာင္းလည္း မရိွဘူး။ အဲဒီလိုလည္း ေတြးလို႔ရတယ္လို႔ ခင္မ်ားကို ေျပာျပတာျဖစ္တယ္။

ကိုရန္ႏုိင္ ။ ။ အခုလို ေျဖၾကားေပးတဲ့အတြက္လည္း ေက်းဇူးတင္ပါတယ္။


==Unicode ==

မြန်မာစစ်ကောင်စီက အိမ်စောင့်အစိုးရ ပြောင်းလဲဖွဲ့စည်းခဲ့တာနဲ့ ပတ်သက်ပြီးတော့ စစ်အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးခင်မောင်ဆွေကို ကိုရန်နိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဘက်ကနေ အိမ်စောင့်အစိုးရ ဖွဲ့လိုက်တယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ အန်ကယ်သဘောထားကို သိလိုပါတယ်။

ဖြေ ။ ။ တပ်ချုပ်ကြီးက မိန့်ခွန်းပြောသွားတာ သိပြီဖြစ်မှာပါ။ အဲဒီမှာ ကျနော်တို့ပါပါတယ်။ ရွေးကောက်ပွဲကို ကျင်းပပေးမယ်။ ရွေးကောက်ပွဲ မသမာမှုတွေကို တွေ့ရှိတာတွေကို ထုတ်ဖော်ပြီးတော့ သက်ဆိုင်ရာ နိုင်ငံတွေကို ထုတ်ပြန်မယ်။ အာဆီယံလာရင်လည်း အာဆီယံကို ပြောပြမယ်။ ပြီးတော့ ရွေးကောက်ပွဲကို မုချမသွေ ကျင်းပပေးမယ်ဆိုတဲ့ ကတိစကားတွေ ပြောသွားတာ ကြားရမှာပါ။ သဘောကတော့ ရွေးကောက်ပွဲ ကျင်းပဖို့က ကိုဗစ်ရောဂါ ကျဆင်းသွားတဲ့ အခြေအနေရောက်မှသာလျှင် ရွေးကောက်ပွဲက ကျင်းပဖို့ ဖြစ်နိုင်ချေများတယ်။ နောက်ပြီးတော့ မှတ်ပုံတင်ကိစ္စတွေလည်း (၁၈) လကြာ လုပ်ရကိုင်ရအုံးမယ်ဆိုတော့ ဒါတွေပြီးမှဆိုရင်တော့ သူပြောတဲ့အတိုင်းပဲ ပုဒ်မ (၄၁၉) အရ (၂) နှစ်တိတိ တာဝန်ယူနိုင်တယ်ဆိုတဲ့ အနေအထားအထိ သွားရမယ်လို့ မြင်ပါတယ်။ အဲဒါတွေပြီးရင်တော့ ရွေးကောက်ပွဲကို (၆) လအကြာမှာ မဲဆွယ်စည်းရုံးခွင့်တွေ ပေးပြီးတော့၊ ရွေးကောက်ပွဲအသစ်တစ်ခုကို ဖြတ်သန်းမယ်လို့ ဒါတွေဆိုသွားတာ ရှိပါတယ်။

အဲဒါတွေကို အောင်မြင်အောင်လုပ်ဖို့ဆိုတာ ကောင်စီတစ်ရပ်အနေနဲ့လုပ်ဖို့ မဖြစ်နိုင်ဘဲနဲ့ Caretaker Government အိမ်စောင့်အစိုးရအနေနဲ့လုပ်ဖို့ ဖြစ်မှသာလျှင် တိုင်းနဲ့ပြည်နယ်အသီးသီးကို ထိထိမိမိ ချုပ်ကိုင်ပြီးတော့ ဆောင်ရွက်နိုင်မယ့် အခြေအနေရှိတယ်လို့ ယူဆတဲ့အတွက်ကြောင့် ဒီလို Caretaker Government အနေနဲ့ ဆောင်ရွက်သွားဖို့ ဖြစ်ပေါ်လာခြင်း ဖြစ်တယ်လို့ ပြောရပါလိမ့်မယ်။ နောက်ပြီးတော့ နိုင်ငံတကာမျက်နှာစာမှာလည်း ကျနော်တို့ ကာလအပိုင်းအခြားတစ်ခုအတွင်းမှာ ရှိနေတဲ့ အစိုးရဟာ အိမ်စောင့်အစိုးရ ဖြစ်တယ်။ သူတို့ပြောသလို စစ်ကောင်စီ မဟုတ်ပါဘူး။ ပုဒ်မ (၄၁၉) အရ တာဝန်လွှဲယူထားပြီးတော့ တာဝန်ကို ၂၀၂၃ သြဂုတ်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီကို လွှဲပေးမယ်လို့ အတိအလင်းလည်း ပြောသွားပြီးတော့ ကတိလည်းပေးသွားတာကို တွေ့ရပါတယ်။ Caretaker Government အနေနဲ့ လုပ်နေတာ အဓိပ္ပါယ်ရှိပြီးတော့ နိုင်ငံတကာ ဆက်ဆံရေးမှာလည်း အများကြီးတာသွားမယ်လို့ ယူဆလို့ရပါတယ်။

မေး ။ ။ အန်ကယ်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြီးခဲ့တဲ့အချိန်မှာ ဖွဲ့လိုက်တဲ့ စီမံအုပ်ချုပ်ရေးကောင်စီက ဘယ်လိုမျိုးဆက်ပြီးတော့ ရှိနေမှာလဲ။

ဖြေ ။ ။ ဒါကတော့ ထင်သာမြင်သာ ရှိပါတယ်။ ကောင်စီထဲမှာ ဘယ်သူဘယ်ဝါတွေ ဆက်ပြီးတော့ရှိမယ်ဆိုတာတော့ လက်ရှိအတိုင်းပဲ ရှိနေမယ်ဆိုတာကို မှန်းဆလို့ ရပါတယ်။ ဒါပေမဲ့ စီမံအုပ်ချုပ်ရေးကောင်စီကတော့ ဆက်ရှိနေတယ်ဆိုတာ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး လက်မှတ်ထိုးပြီးထုတ်တဲ့ အမိန့်တွေက ကောင်စီကနေ ထုတ်ပြန်နေတာ ဖြစ်တာမို့ ကောင်စီဟာ ဆက်ပြီးတော့ စီမံအုပ်ချုပ်ရေးကောင်စီက ဆက်ပြီးတော့ ရှိနေမယ်ဆိုတာတော့ ဒါကိုမုချမသွေ မှန်းဆလို့ရပါတယ်။

မေး ။ ။ ရွေးကောက်ပွဲကို အန်ကယ်တို့က ဆက်ပြီးတော့ ကျင်းပသွားမယ်ပေါ့။ အခုဒီမှာ ကြေညာထားတယ်။ ကျင်းပသွားမယ်။ အဲဒီလို ကျင်းပတဲ့အခါမှာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့တဲ့ NLD ပါတီအနေနဲ့ ဝင်ယှဉ်ခွင့် ရမှာလား။ ဘယ်လိုမျိုး စဉ်းစားထားတာမျိုး ရှိပါသလဲ။ ပြည်သူလူထုတွေကတော့ တလျှောက်လုံး NLD ပါတီကို ပြီးခဲ့တဲ့တစ်ခေါက်မှာလည်း အပြတ်အသတ် မဲပေးခဲ့တယ်ဆိုတော့ အဲဒါနဲ့ ပတ်သက်ပြီးတော့ အန်ကယ်တို့ ဘယ်လိုစဉ်းစားထားတာ ရှိပါသလဲ။

ဖြေ ။ ။ ဒါကတော့ ကျနော့်တစ်ယောက်ထဲ စဉ်းစားလို့ရတဲ့ ကိစ္စ မဟုတ်ဘူးလေ။ စည်းမျဉ်းဥပဒေနဲ့ အညီအညွတ်ပဲ ဆက်လက်ဆောင်ရွက်သွားမယ်ဆိုတာကို အကြိမ်ဖန်များစွာ သတင်းစာရှင်းလင်းပွဲတွေမှာ ပြောပြီးဖြစ်ပါတယ်။ NLD ပါတီ ပြိုင်ရေးမပြိုင်ရေးကတော့ စည်းမျဉ်းဥပဒေတွေနဲ့ ဘယ်လိုကန့်သတ်မလဲ။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွေနဲ့ ဘယ်လိုငြိတွယ်နေသလဲဆိုတဲ့ပေါ်မှာ မူတည်ပြီးတော့ ရှေ့ဆက်ပြီးတော့ NLD ပါတီ ရပ်တည်နိုင်ခွင့် ရှိသေးလား၊ မရှိသေးလားဆိုတာ မကြာခင်မှာပဲ ခင်များတို့ မြင်တွေ့သွားရပါလိမ့်မယ်လို့ ကျနော် ပြောချင်ပါတယ်။

မေး ။ ။ တဘက်မှာလဲ နိုင်ငံတကာမှာ အသိအမှတ်ပြုမှု ရဖို့အတွက်ကို အခုလိုမျိုး အိမ်စောင့်အစိုးရအနေနဲ့ ဖွဲ့စည်းလိုက်တယ်။ ဒါပေမဲ့ တဘက်မှာလဲ နိုင်ငံတဝှမ်းမှာ ပြည်သူတွေက ဆန့်ကျင်ဆန္ဒပြမှုတွေ ရှိနေတုန်းပဲဆိုတော့ ပြည်သူလူထုကလည်း ဒါကို လက်မခံဘူးဆိုတဲ့ဟာမျိုးကို ပြသနေတာတွေ ရှိနေတယ်။ ဒီအပေါ်ကို ဘယ်လိုမှတ်ချက်ပေးလိုပါလဲ။

ဖြေ ။ ။ မြေပြင်အနေအထားမှာတော့ ပြည်သူလူထုက ဆန့်ကျင်ဆန္ဒပြတယ်ဆိုတဲ့အဆင့်ကတော့ ကျော်သွားပြီ။

မေး ။ ။ ပြည်သူလူထုက ဆန့်ကျင်ဆန္ဒပြတဲ့ အနေအထားက ကျော်သွားပြီဆိုပေမယ့် တိုက်ပွဲတွေ၊ စစ်ပွဲတွေက ရှိနေတယ်။ ဒေသခံတွေနဲ့ တိုက်ပွဲတွေလည်း ရှိနေတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့လည်း တိုက်ပွဲတွေ ရှိနေတယ်။ အခြေအနေက လုံးဝကြီးငြိမ်သက်သွားတာမျိုးလည်း မဟုတ်ဘူး။ ပြည်သူလူထုတွေမှာ တချိန်လုံး ဆန္ဒပြနေတာတွေ ရှိနေပါသေးတယ်။ အဲဒီဟာကို ဘယ်လိုပြောချင်ပါလဲ။

ဖြေ ။ ။ ဆန့်ကျင်မှု မရှိဘူးလို့ ပြောတာမဟုတ်ဘူး။ ခင်များပြောတဲ့ အသုံးအနှုန်းကို ကျနော်က ပြောတာပါ။ ပြည်သူတွေက မကျေနပ်ဘူး။ ပြည်သူအားလုံးက ဆန္ဒပြတယ်ဆိုရင် ပြည်သူအားလုံးရဲ့ ဘယ်လောက်ရာနှုန်းက ဆန္ဒပြနေသလဲ။ အခုထက်ထိ မြေပြင်မှာ ရှိနေသလဲ။ လူတစ်စု လူတစ်ဖွဲ့ကနေ နောက်ကမြှောက်ပေးနေတဲ့၊ အဝေးကနေ မြှောက်ပေးနေတဲ့ NUG အဖွဲ့က ပုဂ္ဂိုလ်တွေကပြောတဲ့ လူတွေပဲ ဆန္ဒပြနေတာကိုကြည့်ပြီးတော့ ပြည်သူလူထုတစ်ရပ်လုံးက အိမ်ထဲကတောင် မထွက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်မှာဆို ကိုဗစ်-၁၉ ကို ကြောက်ပြီးတော့ မထွက်ကြပါဘူး။ တမြို့လုံးဆန္ဒပြတဲ့ဆိုတဲ့ အသုံးအနှုန်းကို ကျနော် လက်မခံဘူး။ ပြည်သူအစိတ်အပိုင်းက ဆန္ဒပြတယ်ဆိုရင်တော့ လက်ခံပါတယ်။ ရာခိုင်နှုန်းနဲ့ ကြည့်မယ်ဆိုရင် တမြို့လုံးထွက် ဆန္ဒပြနေတာ မဟုတ်ဘူးဆိုတာတော့ ခင်များတို့ စဉ်းစားကြည့်ရင် သိသာအထင်အရှား ဖြစ်ပါလိမ့်မယ်။ ဒါကတော့ တစ်ချက်ပေါ့။

လက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုတာလဲ ဘယ်သူဘယ်ဝါ ပုဂ္ဂိုလ်တွေက နောက်ကွယ်ကနေ ပံ့ပိုးမှုနဲ့ သွားဗုံးခွဲလိုက်အုံး။ သင်တန်းသွားတက်ပြီး လုပ်လိုက်အုံးဆိုတာတွေကတော့ ရှိနေတယ်။ ဒါတွေက မရှိဘူးမဟုတ်ဘူး၊ ရှိနေပါတယ်။ ထို့နည်းလည်းကောင်းပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမှာ သင်တန်းတက်ပြီးတော့ ရောက်သွားတဲ့လူတွေကလည်း အဝေးကနေ ညွှန်ကြားချက်တွေနဲ့ လုပ်နေတာတွေကလည်း အထိုက်အလျောက်တော့ ရှိနေတယ်။ ပြည်သူတစ်ရပ်လုံးပါနေတဲ့ တိုက်ပွဲကြီးကို ဆင်နွှဲနေတယ်ဆိုတာမျိုးကတော့ နိုင်ငံရေးအနစ်သာရမဲ့တဲ့ အပြောမျိုးဖြစ်မှာစိုးလို့ ခင်များကို ဒီလိုတော့ မယူဆပါနဲ့ ပြောချင်ပါတယ်။

မေး ။ ။ အန်ကယ်တို့ သဘောထားအမြင်ကို ကျနော် မြင်ပါတယ်။ ဒါပေမဲ့ ပြည်သူလူထုတစ်ရပ်လုံးက အခုအချိန်မှာ မဟုတ်ပေမယ့်၊ ဆန္ဒပြပွဲတွေ ရှိနေတယ်။ ဒါပေမဲ့ ပြည်သူလူထုတစ်ရပ်လုံးက ဆန္ဒပြခဲ့တဲ့ အချိန်မှာ အကြမ်းဖက်နှိမ်နင်းခဲ့တာတွေ ပစ်ခတ်ခဲ့တာကြောင့် ဒီဆန္ဒပြမှုတွေက အတိုင်းအတာတစ်ခုအထိ လျော့ကျသွားတယ်လို့ ပြောရင်ကော အန်ကယ်လက်ခံမလား။ ပြည်သူက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒပြခဲ့တာလေ။

ဖြေ ။ ။ ဒီကိစ္စကတော့ ဆန္ဒပြတာကိုတော့ နစကအနေနဲ့ ဘာမှအငြင်းမပွားပါဘူး။ ဆန္ဒပြခွင့်ကို ပေးထားတာ ဖြစ်ပါတယ်။ လက်နက်ကိုင်ပြီးတော့ ပစ်ခတ်မယ်ဆိုရင်သာ ဥပဒေအရ နှိမ်နင်းဖို့သာ တာဝန်ယူခြင်း ဖြစ်ပါတယ်။ ဆန္ဒပြတာကိုတော့ မပြရဘူးလို့ ကန့်သတ်ထားခြင်းမျိုး ဒီနေ့အထိ မရှိသေးပါဘူး။ ဆန္ဒပြနေတာတွေ ရှိနေတုန်းပါပဲ။ သို့သော်လဲ ပြည်သူပိုင်ပစ္စည်းတွေ၊ အစိုးရဌာနတွေ ပျက်ဆီးမယ်ဆိုရင်တော့ ဖမ်းဆီးနှိပ်ကွပ်တာမျိုးတော့ ရှိကောင်းရှိမှာပေါ့။ ဒါပေမဲ့ ပြည်သူတွေကို အကြောင်းမဲ့ သတ်ဖြတ်နေတယ်ဆိုတဲ့ မီဒီယာတွေရဲ့ ပြောဆိုချက်ကတော့ မဟုတ်ပါဘူး။

မေး ။ ။ ဒါပေမဲ့ တဘက်မှာ ပြည်သူတွေက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒပြခဲ့တယ်။ ဒါကို အကြမ်းဖက်နှိမ်နင်းခဲ့တာတွေ ရှိတယ်။ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြလို့ ပြတာကို အကြမ်းဖက်နှိမ်နင်းခဲ့တာ ရှိတယ်ဆိုတာကိုလည်း သက်သေအထောက်အထားတွေ ရှိပါတယ်။

ဖြေ ။ ။ ကျနော်တို့ကတော့ ဟိုဘက်က ဒီဘက်ကဆိုတာ မရှိဘူး။ ကျနော်တို့က နိုင်ငံရေးသမားတွေ ဖြစ်တယ်။ တိုင်းပြည်ကောင်းစားရေး၊ ပြည်သူလူထု ငြိမ်းချမ်းသာယာရေးအတွက်ကိုပဲ ကျနော်တို့ မျှော်လင့်ပြီးတော့ မှန်တယ်ဘက်က ရပ်နေတာ ဖြစ်တယ်။ မဲမသမာမှု ဖြစ်နေတာကြီးကို မဲသမာမှုကြီးက မဟုတ်ပါဘူးလို့ ကျနော်တို့က ဗြောင်ဘက်လိုက်ပြီး ပြောနိုင်တဲ့ ကိုယ်ပိုင်နိုင်ငံရေး အတွေးအခေါ် မရှိပါဘူး။ ကျနော်တို့မှာ မှန်ရင်မှန်တယ်၊ မှားရင်မှားတယ် ပြည်သူအကျိုးမရှိဘူး၊ ပြည်သူလူထုအတွက် ပြောရဲတဲ့သတ္တိ ရှိပါတယ်။ ဟိုဘက်က ဒီဘက်က မရှိပါဘူး။ ပြည်သူဘက်က ဆိုတဲ့နေရာမှာ ဘယ်သူတွေက၊ ဘယ်အဖွဲ့အစည်းနေရာကနေ - ဒီကိုဗစ်-၁၉ အလှူငွေတွေပေး၊ volunteers တွေလည်း တအားလုပ်နေတဲ့အခါမျိုးမှာ ပြည်သူလူထုတစ်ရပ်လုံးက ဆန့်ကျင်နေပါတယ်ဆိုတဲ့ အပြောမျိုးကတော့ မှန်ကန်မှုအတိုင်းအတာ အတော်ကြီးအားနည်းသွားပြီလို့ ကျနော်က ယူဆပါတယ်။

မေး ။ ။ ဒါပေမဲ့ အခုထိုးနေတဲ့ဟာမှာလည်း သိပ်အများကြီးတော့ မရှိပါဘူး။ အနည်းအကျင်းပဲ ရှိတယ်လို့ ကျနော်က သိထားပါတယ်။

ဖြေ ။ ။ ရတာလည်း နည်းနည်းပဲ ရတာပဲ။ (၃) သန်း (၄) သန်းပဲရတော့ ရသလောက်ပဲ အဆင့်လိုက် ခွဲထိုးနေတာ။ (၆၅) နှစ်နဲ့ ကျန်းမာရေးဝန်ထမ်းတို့ ဘဏ်လုပ်ငန်းတို့ အဲဒီလိုမျိုး ခွဲထိုးပေးနေတာ။ တကယ်လို့သာ ပြည်သူတွေတစ်ရပ်လုံးက ဆန့်ကျင်တယ်ဆိုရင် ဆေးထိုးစရာလည်း မလိုဘူး။ ဘာမှ သူတို့ပေးတဲ့ ဆန်တွေဆီတွေ ယူစရာအကြောင်းလည်း မရှိဘူး။ အဲဒီလိုလည်း တွေးလို့ရတယ်လို့ ခင်များကို ပြောပြတာဖြစ်တယ်။

ကိုရန်နိုင် ။ ။ အခုလို ဖြေကြားပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG