သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

နယ္သာလန္မွာ ခိုလႈံခြင့္ယူခဲ့ရတဲ့ ျမန္မာဆရာဝန္


နယ္သာလန္မွာ ခိုလႈံခြင့္ယူခဲ့ရတဲ့ ျမန္မာဆရာဝန္
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံမွာ စစ္တပ္ႀကီးစိုးတဲ့ အာဏာသိမ္းမႈ အဆုံးမသတ္မခ်င္း၊ အထူးသျဖင့္ လူငယ္ေတြရဲ႕ အနာဂတ္ ေပ်ာက္ဆုံးေနရဦးမွာ ျဖစ္တယ္လို႔ မၾကာေသးခင္က နယ္သာလန္ႏိုင္ငံ (Netherlands) ကို ေရာက္ရွိၿပီး ၊ ခိုလႈံခြင့္ေတာင္းခံထားသူ မအိနီတာေမာင္က ေျပာပါတယ္။ မိသားစုဝင္ထဲက တဦး ပုဒ္မ (၅၀၅) နဲ႔ ဖမ္းဝရမ္းထုတ္ခံထားရသလို၊ မိမိကိုယ္တိုင္က စစ္တပ္ရဲ႕ အၾကမ္းဖက္မႈကို လူမႈကြန္ယက္ေပၚမွာ သတင္းေတြျဖန႔္ေဝထားတာေၾကာင့္ ျမန္မာႏိုင္ငံကို မျပန္ရဲေတာ့ဘဲ၊ အခုလို ခိုလႈံခြင့္ေတာင္းခံဖို႔ ျဖစ္လာရတာလို႔ တ႐ုတ္ႏိုင္ငံ ဂြမ္ဂ်ိဳးေဆးတကၠသိုလ္ကေန ေက်ာင္းၿပီးခဲ့တဲ့ ေဒါက္တာအိနီတာေမာင္က VOA ကို ေျပာပါတယ္။ ကိုဉာဏ္ဝင္းေအာင္က ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး ။ ။ မအိနိတာေမာင္က နယ္သာလန္ႏုိင္ငံမွာ ႏုိင္ငံေရးခိုလံႈဖို႔ ေရာက္ျဖစ္လာတဲ့အေၾကာင္းကို အရင္ရွင္းျပပါလား။

ေျဖ ။ ။ ညီမက တရုတ္ႏိုင္ငံမွာ ၂၀၀၄ ကစၿပီးေတာ့ ေက်ာင္းတက္ေနတာပါ။ ၂၀၂၀ မွာ ဘြဲ႔ရၿပီးေတာ့ အိမ္ျပန္ဖို႔လုပ္တဲ့အခ်ိန္မွာ ကိုဗစ္ေၾကာင့္မို႔ ျပန္လို႔မရဘူး။ အဲဒီေနာက္ပိုင္း ေဖေဖၚဝါရီလပိုင္း ေရာက္သြားတယ္။ အဲဒီမွာ စစ္တပ္အာဏာသိမ္းေနာက္ပိုင္းမွာ စၾကားတဲ့အခ်ိန္ကစၿပီးေတာ့ ကိုယ့္ရဲ ႔ Facebook page ေပၚမွာ သူတုိ႔ ရက္စက္မႈေတြ၊ တျဖည္းျဖည္းနဲ႔ ဆႏၵျပတဲ့ျပည္သူေတြအေပၚ တံု႔ျပန္မႈေတြကို တစ္ခုၿပီးတစ္ခု တတ္ႏိုင္သေလာက္ share ခဲ့တယ္။ ဘာျဖစ္လုိ႔လဲဆိုေတာ့ ကိုယ့္က တရုတ္မွာဆိုေတာ့ ကိုယ္တုိင္လမ္းေပၚထြက္ ဆႏၵမျပႏုိင္တဲ့အတြက္ ကိုယ္တတ္ႏိုင္သမွ် information ေလးေတြ share ေပးခဲ့တယ္။ အဲဒီေနာက္ပိုင္း ညီမ့ညီမေလး ရတနာဆုိလည္း သူက ၅၀၅ ပုဒ္မ ထုတ္ခံရၿပီး၊ အခု ေရွာင္ေနရတယ္။ အကယ္၍ သူကိုလာဖမ္းလို႔ရိွရင္ သူကိုမေတြ႔တဲ့အခါမွာ မိသားစုေတြ အႏိွပ္စက္ခံရမယ္။ အခု ညီမတို႔ မိသားစုေတြလည္း တကြဲတျပားနဲ႔ အဲဒါေၾကာင့္မို႔ ညီမ ဘယ္လိုမွ ျပန္လို႔မရေတာ့ဘူး။ ေလယာဥ္လည္း မရိွေတာ့ဘူး။ အကယ္၍ ရိွခဲ့ရင္ေတာင္ ေလဆိပ္မွာ ညီမကို ဘယ္လုိဆက္ဆံမလဲ။ ညီမကို ေခၚၿပီးေတာ့ ႏိွပ္စက္ဖို႔က မ်ားေနတာေၾကာင့္ ေသသြားတာပဲျဖစ္ျဖစ္၊ ဒါမွမဟုတ္ တျခားႏုိင္ငံတစ္ႏုိင္ငံမွာ သြားခိုလံႈေနတာပဲျဖစ္ျဖစ္ ပိုေကာင္းတာေပါ့။ ဒါေပမဲ့လဲ ဘာမွေရြးခ်ယ္စရာ မရိွတဲ့အတြက္ ဒီကိုပဲ လာလိုက္ရတာပါရွင့္။

ေမး ။ ။ ညီမအိနီတာေမာင္ရဲ ႔ညီမ မရတနာသည္ ၅၀၅ (ဃ) နဲ႔ ဖမ္းဝရမ္းထုတ္ ခံထားရတာ ဘာေၾကာင့္ပါလဲ။

ေျဖ ။ ။ သူကလည္း ညီမလိုပဲ အခ်က္အလက္ေတြ အကုန္လံုးေတြ အကုန္လံုးကို share ပါတယ္။ ျဖစ္ႏုိင္သမွ် သူကေတာ္ေတာ္မ်ားမ်ား share ပါတယ္။ သူ႔မွာ သူငယ္ခ်င္းေတြလည္း အမ်ားႀကီးရိွပါတယ္။ အဲဒီမွာ ဖမ္းဝရမ္းထုတ္ခံထားရသူေတြ အမ်ားႀကီး အဆိုေတာ္ေတြ၊ နာမည္ႀကီးမႀကီး activists မွန္သမွ်ကို အဲဒီလို ထုတ္ထားတာေပါ့။

ေမး ။ ။ အဲဒီေတာ့ တရုတ္ႏိုင္ငံမွာ ေက်ာင္းၿပီသြားၿပီးဆိုေပမယ့္ တရုတ္ႏိုင္ငံမွာ ဆက္ၿပီးေတာ့ ေနမယ္ဆိုရင္ေကာ မျဖစ္ႏိုင္ဘူးလား။ တရုတ္အစိုးရက ဗီဇာထုတ္ေပးၿပီးေတာ့ ကူညီေစာင့္ေရွာက္ေပးတာမ်ဳိးေကာ မရိွႏိုင္ဘူးလား။

ေျဖ ။ ။ တရုတ္ႏိုင္ငံမွာ ခုိလံႈခြင့္ေလွ်ာက္ဖို႔က လံုးဝလံုးဝကို မျဖစ္ႏုိင္ပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ အကယ္၍ တရုတ္လူမ်ဳိးတစ္ေယာက္နဲ႔ လက္ထပ္ယူၿပီးေတာ့ ေနမယ္ဆိုရင္ေတာ့ သူတို႔က ဗီဇာကို ခဏ (၅) ႏွစ္ေလာက္ပဲ ေပးပါတယ္။ အကယ္၍ အဲဒီလူနဲ႔ ကိုယ္က ျပႆနာျဖစ္ၿပီးေတာ့ ကြဲကြာသြားခဲ့မယ္ဆုိရင္ ထပ္ၿပီးေတာ့ ေနလို႔မရေတာ့ဘူး။ အဲဒါေၾကာင့္မို႔ ညီမအေနနဲ႔ ခိုလံႈခြင့္ကို ဘယ္လိုမွ ေလွ်ာက္ဖို႔မျဖစ္ခဲ့ဘူး။ အကယ္၍ ေက်ာင္းတက္ေနမယ္ဆိုရင္ ေက်ာင္းတက္ေနမယ့္ ဗီဇာပဲ ရိွမယ္။ အဲဒီ ဗီဇာ ကုန္လို႔ရိွရင္ အဲဒီႏိုင္ငံကေန ထြက္သြားရတယ္။ မထြက္သြားလို႔ရိွရင္ Fine ေကာက္မယ္။ အဲဒီလိုမ်ဳိး ေနာက္ဆက္တြဲဆိုးက်ဳိးေတြ အမ်ားႀကီးရိွပါတယ္။

ေမး ။ ။ ဘာျဖစ္လုိ႔ နယ္သာလန္ႏုိင္ငံကို ေရြးခ်ယ္ၿပီး ထြက္ရတာပါလဲ။

ေျဖ ။ ။ ညီမ အင္တာနက္မွာ ဖတ္ရတာက နယ္သာလန္ႏိုင္ငံက အခုအခ်ိန္္မွာ တျခားႏုိင္ငံေတြထက္ လူ႔အခြင့္အေရးကို ပိုၿပီးေတာ့ ဦးစားေပးတယ္။ ေနာက္ၿပီးေတာ့ ဒုကၡသည္ေလွ်ာက္တဲ့အခါမွာလည္း ေကာင္းေကာင္းမြန္မြန္ ဆက္ဆံတာေပါ့။ တတ္ႏုိင္သမွ် ျဖည့္ဆည္းေပးတယ္။ ေနာက္ ဒီမွာ လူမ်ဳိးဘာသာ ခြဲျခားဆက္ဆံတာလည္း မရိွဘူး။ ညီမတို႔ ျမန္မာႏုိုင္ငံမွာဆိုရင္ သိတဲ့အတုိင္းပဲ ျမန္မာက မူစလင္ အစၥလာမ္ဆိုေတာ့ အၿမဲတမ္းနိမ့္ခ်ၿပီးေတာ့ ဆက္ဆံတာတို႔။ ေနာက္ဘာမွ အျပစ္မလုပ္ဘဲနဲ႔ အျပစ္ရွာတာတို႔။ ညီမ ျပန္သြားလို႔ရိွရင္ သူမ်ားထက္ အႏၱရာယ္က ႏွစ္ဆပိုႀကီးတယ္။ အဲဒါေၾကာင့္မို႔ မျပန္ဘဲနဲ႔ ဒီႏုိင္ငံကို လာၿပီးေတာ့ Asylum ေလွ်ာက္ဖို႔ ဆံုးျဖတ္ခ်က္ခ် ေရာက္လာတာပါ။


ေမး ။ ။ အဲဒီေတာ့ နယ္သာလန္က လူမႈဖူလံုမႈေစာင့္ေရွာက္ေရး ေကာင္းတာတုိ႔၊ လူ႔အခြင့္အေရးနဲ႔ ပတ္သက္လာလို႔ရိွရင္ ေကာင္းမြန္တဲ့ မွတ္တမ္းေတြ ရိွတာတို႔ အဲဒီလိုရိွတဲ့ အေနအထားမွာ ကိုယ္က သိထားမွန္းထားတာနဲ႔ အခုေရာက္လာတဲ့အခ်ိန္မွာ ဘယ္လုိကြာျခားမႈေတြ၊ ဘယ္လိုအခက္အခဲေတြနဲ႔ ရင္ဆုိင္ရပါသလဲ။

ေျဖ ။ ။ ညီမ ဒီကိုေရာက္လာေတာ့ ေလယာဥ္ကြင္းကေန ေခၚသြားတယ္။ ေထာင္လုိမ်ဳိးပဲ လံုးဝအပိတ္ႀကီး။ လံုးဝထြက္မရဘူး။ ကိုယ့္တံခါးေနာက္မွာပဲ ေနေနရတယ္။ တစ္ေန႔မွာ တစ္နာရီ၊ ႏွစ္နာရီေလာက္ အျပင္ခဏထြက္ခြင့္ရၿပီး လူေတြနဲ႔ စကားေျပာခြင့္ရတယ္။

ေမး ။ ။ အဲဒါက ဘယ္ၿမိဳ ႔မွာလဲ။

ေျဖ ။ ။ အဲဒါက Amsterdam မွာပါ။ Amsterdam ေလဆိပ္နဲ႔နီးတဲ့ အခ်ဳပ္ခန္းပါ။ အဲဒီမွာ (၁၈) ရက္ေလာက္ ေနလိုက္ရတယ္။ အမွန္တကယ္ေတာ့ ဒီထက္ရက္နည္းတယ္။ အဲဒီမွာ ကိုဗစ္လူနာတစ္ေယာက္ရိွလို႔ သူတုိ႔ေရွ ႔ေနေတြ ဘာေတြငွားေပးၿပီးေတာ့ ကိုယ့္အမႈကို Process လုပ္မယ့္ကိစၥကို Freeze ရပ္လိုက္တာေပါ့။ အဲဒါေၾကာင့္မို႔ ရက္ပိုၾကာသြားတာပါ။ (၁၈ - ၁၉) ရက္ေလာက္ ေနလိုက္ရတယ္။ အဲဒီေနာက္ပိုင္း ညီမကို Amsterdam ေဝးတဲ့ေနရာမွာ (၃) နာရီေလာက္ ရထားနဲ႔သြားလို႔ရတဲ့ ေနရာမွာ ညီမကို အခုထားထားတယ္။ အခု တန္းလ်ားေလးလိုမ်ဳိးမွာ ေနရပါတယ္။ တစ္ေယာက္ထဲေတာ့ မဟုတ္ဘူး။ တျခားမိသားစုေတြနဲ႔ share ပါတယ္။ ညီမတို႔ တန္းလ်ားေလးမွာ အိမ္လိုမ်ဳိး အိမ္ကေလးရိွတယ္။ အဲဒီအိမ္ထဲမွာ လူေတြအမ်ားႀကီးေနရတယ္။ ေရခ်ဳိးခန္း၊ အိမ္သာဆိုလည္း အကုန္္ share ေပါ့။ အိမ္ခန္းက်ဥ္းက်ဥ္းေလးမွာ ေနရပါတယ္။ ဒါေပမဲ့လဲ အဆင္ေျပပါတယ္။ အဆင္ေျပေအာင္ ေနေနပါတယ္။ တျခားလူေတြကို ေမးၾကည့္ေတာ့ သူတုိ႔က (၆) လအတြင္းမွာ ေနထိုင္ခြင့္ ေပးရင္လဲေပး၊ ဒါမွမဟုတ္ (၁) ႏွစ္ (၂) နွစ္ ေစာင့္ရတာေတြ ရိွတယ္လို႔ ေျပာပါတယ္ရွင့္။ ဒါေပမဲ့ ညီမအေနနဲ႔ေတာ့ ကိုယ္က ရည္ရြယ္ခ်က္ရိွတယ္။ ေဆးေက်ာင္းလည္း တက္ၿပီးၿပီ ဘြဲ႔လည္းရၿပီးၿပီဆိုေတာ့ ကိုယ့္ႏိုင္ငံကို အက်ဳိးမျပဳႏိုင္ေတာင္မွ တျခားႏုိင္ငံမွာ ကိုယ္တတ္ႏုိင္သမွ် လုပ္ေပးခ်င္တာေပါ့။ အခု သူတုိ႔က ေစာင့္ခိုင္းထားလို႔ ဘာမွလုပ္မရဘူး။ သူတုိ႔ ဘယ္ေလာက္ေစာင့္ခိုင္းမလဲဆိုေတာ့ ေသခ်ာလည္း မသိေသးဘူး။ ေစာင့္ေနရလို႔ ေမွ်ာ္လင့္ခ်က္ပ်က္ၿပီးေတာ့ ရည္မွန္းခ်က္ေတြ ေပ်ာက္ဆံုးသြားမွာစိုးတယ္။

ေမး ။ ။ ဆိုေတာ့ ျမန္မာႏုိင္ငံမွာ ေဆးေက်ာင္းမတက္ဘဲနဲ႔ ဘာလို႔ တရုတ္ႏုိင္ငံမွာ သြားတက္ျဖစ္တာပါလဲ။

ေျဖ ။ ။ ညီမ ဆယ္တန္းေအာင္တုန္းက ေဆးမွတ္မမီပါဘူး။ ေနာက္ေတာ့ အေဖ့သူငယ္ခ်င္းရဲ ႔ သမီးေလးက တရုတ္ႏုိင္ငံမွာ ေဆးေက်ာင္းတက္ေနတယ္။ ၿပီးေတာ့ သူတုိ႔ေျပာတာက တရုတ္ႏုိင္ငံမွာဆုိရင္ အဲဒီေလာက္ အမွတ္အမ်ားႀကီး မလုိဘူး။ ေနာက္ ေဆးေက်ာင္းတက္ခြင့္ရႏုိင္တယ္ဆိုၿပီး စမ္းေလွ်ာက္ခြင့္ဆိုလို႔ ညီမေလွ်ာက္ၾကည့္လိုက္ေတာ့ ဂြမ္ဂ်ဳိးေဆးေက်ာင္းက လက္ခံလိုက္လို႔ ဂြမ္ဂ်ဳိးမွာ တက္ျဖစ္တာပါရွင့္။

ေမး ။ ။ အဲဒီမွာ အျခားျမန္မာေဆးေက်ာင္းသားေတြ ရိွပါသလား။

ေျဖ ။ ။ ညီမသြားတက္ေနတဲ့အခ်ိန္တုန္းက ျမန္မာေဆးေက်ာင္းသားဆိုလို႔ ညီမတစ္ေယာက္ပဲ ရိွပါတယ္။ ညီမတက္ၿပီးေတာ့ (၂) ႏွစ္ (၃) ႏွစ္ ေရာက္တဲ့အခါမွာ ျမန္မာတစ္ေယာက္ႏွစ္ေယာက္ ထပ္ေရာက္လာပါတယ္ရွင့္။

ေမး ။ ။ ဒီေနရာမွာ တရုတ္ႏုိင္ငံနဲ႔ ပတ္သက္ၿပီးေတာ့ တစ္ခုသိခ်င္တာက တရုတ္အစိုးရဆိုရင္ လက္ရိွအာဏာသိမ္းထားတဲ့ စစ္ေကာင္စီနဲ႔ သူတုိ႔ ဆက္ဆံေရး အေတာ္ေလးကို ေျပလည္တာ၊ ၿပီးေတာ့ ႏုိင္ငံတကာမ်က္ႏွာစာမွာ အကာအကြယ္ေပးေနတာေတြကို က်ေနာ္တုိ႔ ေတြ႔ရပါတယ္။ အဲဒါၾကေတာ့ အာဏာသိမ္းတဲ့ကိစၥကို သာမန္တရုတ္ျပည္သူေတြ တရုတ္ေက်ာင္းသူေက်ာင္းသားေတြက ဘယ္လိုအျမင္ ရိွၾကသလဲ။ ဘယ္လိုသေဘာထား ရိွတာကို ေတြ႔ခဲ့ရပါသလဲ။

ေျဖ ။ ။ အာဏာသိမ္းတာနဲ႔ ပတ္သက္ၿပီးေတာ့ ညီမ သိတဲ့လူေတြက ႏိုင္ငံေရးမသိလုိ႔လား။ သိပ္ၿပီးေတာ မဖတ္လုိ႔လား မသိဘူး။ အဲဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီးေတာ့ ဘာမွသိပ္ၿပီးေတာ မေျပာဘူး။ သူတုိ႔ သိတာက ဗမာႏုိင္ငံမွာ စစ္အာဏာသိမ္းထားတယ္ဆိုၿပီးေတာ့ပဲ သိၾကတယ္။ သူတုိ႔အစိုးရက ျမန္မာႏုိင္ငံကို လက္နက္အား၊ နည္းပညာပိုင္း အားလံုးကူညီေပးေနတာကို သူတို႔ သိပ္မသိဘူးရွင့္။ ညီမတို႔ကလည္း ေက်ာင္းထဲမွာဆိုေတာ့ သူတို႔နဲ႔ ပတ္သက္တာပဲ ဖတ္တာမ်ားတယ္။ ႏုိင္ငံေရးပိုင္းကို သိပ္မသိၾကဘူးရွင့္။

ေမး ။ ။ ညီမ သိတဲ့အတိုင္းပဲ ႏုိင္ငံတစ္ခုမွာဆိုရင္ ႏိုင္ငံရဲ ႔ အနာဂတ္က လူငယ္ထုရဲ ႔ အင္အားေပၚမွာ မီွခိုအားထားရပါတယ္။ ဆိုေတာ့ ျမန္မာႏုိင္ငံမွာ လက္ရိွအာဏာသိမ္းလိုက္တဲ့ စစ္ေကာင္စီကေန ညီမတို႔လို လူငယ္ထုေပၚမွာ ဘယ္ေလာက္အထိ အေလးထားမႈ၊ ဆက္ဆံမႈ ရိွတာကို ျမင္မိပါသလဲ။

ေျဖ ။ ။ သူတုိ႔က လူငယ္ေတြအေပၚကို ေတာ္ေတာ္ေလးကို စက္ဆုတ္ယုတ္ရွာၿပီး မုန္းတီးၿပီးေတာ့ ရန္သူလိုသေဘာထားတယ္လုိ႔ ျမင္ပါတယ္။ ဘာျဖစ္လို႔လဲဆုိေတာ့ လူငယ္ေတြက ပညာတတ္ၿပီးေတာ့ သူတုိ႔ကို ပုန္ကန္မွာစိုးတယ္။ အဲဒီလိုမ်ဳိး ပညာနဲ႔ပဲျဖစ္ျဖစ္၊ လက္နက္နဲ႔ပဲျဖစ္ျဖစ္ ပုန္ကန္မွာ အရမ္းစိုးတဲ့အတြက္ လူငယ္ေတြကို သူတုိ႔ေၾကာက္တယ္။ ေၾကာက္ၿပီးေတာ့ အဲဒီလိုမ်ဳိး ရန္သူအျဖစ္ ဆက္ဆံၿပီးေတာ့ ရက္ရက္စက္စက္ကို သတ္ပါတယ္။ ဆႏၵျပတဲ့အထဲမွာလည္း ေယာက်္ားမိန္းမ မခြဲျခားဘဲနဲ႔ လူငယ္ေတြအမ်ားႀကီး အသတ္ခံရတာ။ မေသသင့္ဘဲနဲ႔ ေသသြားတာေတြ အမ်ားႀကီးကို ရိွပါတယ္။ သူတုိ႔ လူငယ္ေတြကို ေတာ္ေတာ္မုန္းပါတယ္။

ေမး ။ ။ အခုဆိုလို႔ရိွရင္ စစ္တပ္က အာဏာသိမ္းထားတာ (၇) လ ေက်ာ္လာပါၿပီ။ အဲဒီအခါၾကေတာ့ ညီမတို႔ လူငယ္ေတြ ေမွ်ာ္မွန္းထားတဲ့ အေျပာင္းအလဲတစ္ခုက မၾကာခင္ ေရွ ႔အနာဂတ္မွာ ဘယ္လိုမ်ဳိး ေမွ်ာ္လင့္ခ်က္ထားပါသလဲ။

ေျဖ ။ ။ ညီမစိတ္ထဲက တကယ္ခံစားရတာကို ေျပာရမယ္ဆိုရင္ လူငယ္ေတြက တကယ့္ကိုေတာ္ၿပီးေတာ့၊ တကယ့္ကို ေတာ္လွန္ေနၾကပါတယ္။ သူတုိ႔ အဘက္ဘက္ကေန လုပ္ေနၾကပါတယ္။ လမ္းေပၚထြက္တဲ့ လူငယ္ကလည္းထြက္။ အင္တာနက္ကေန share လုပ္လုိ႔ရတဲ့လူေတြကလည္း share, သူတုိ႔လုပ္ႏုိင္တဲ့ က႑ေပါင္းစံုကေန ပါဝင္ၿပီးေတာ့ လုပ္ေနတဲ့အတြက္ေၾကာင့္ ညီမကေတာ့ တစ္ေန႔မွာ ဒီႏိုင္ငံသားေတြအားလံုးကို ဒုကၡေပးေနတဲ့ အႏွစ္ (၇၀) ေက်ာ္ေက်ာ္ ဒုကၡေပးေနတဲ့ သူတုိ႔ကို အျမစ္ျပတ္ေခ်မႈန္းႏုိင္မယ္လုိ႔ ယံုၾကည္ခ်က္ေတာ့ထားတာေပါ့။ စစ္ေခါင္းေဆာင္နဲ႔ ေဆြမ်ဳိးတသိုက္ကို အာဏာသိမ္းတဲ့လူေတြအားလံုးကို ညီမတို႔ တနည္းနည္းနဲ႔ ေခ်မႈန္းႏုိင္မယ္လုိ႔ ယံုၾကည္ပါတယ္။ ညီမတို႔အားလံုး ႀကိဳးစားေနတယ္။ အဲဒါေၾကာင့္မို႔ အျမန္ဆံုး သူတုိ႔ အရွံဳးေပးၿပီးေတာ့ ညီမတို႔ႏိုင္ငံကို ျပန္လည္ၿပီး ေကာင္းမြန္စြာထူေထာင္ႏုိင္မယ္လို႔ ယံုၾကည္ပါတယ္၊ ေမွ်ာ္လင့္ပါတယ္။

ေမး ။ ။ အခု ျပည္သူလူထုက ေရြးခ်ယ္တင္ေျမွာက္ထားတဲ့ ကိုယ္စားလွယ္ ေတာ္ေတာ္မ်ားမ်ား ပါဝင္ထားတဲ့ NUG ၾကားကာလအစိုးရလည္း ေပၚေပါက္ေနတယ္။ ဒီ NUG အစိုးရရဲ ႔ လက္ရိွလုပ္ေဆာင္ခ်က္ေတြအေပၚ ဘယ္လိုျမင္မိပါသလဲ။ အားရမႈ ရိွပါသလား။

ေျဖ ။ ။ သူတုိ႔က တတ္ႏုိင္သမွ်၊ ညီမဖတ္ရသေလာက္ေတာ့ တတ္ႏုိင္သမွ်ေတာ့ လုပ္ေနတာပါပဲ။ ဒါေပမဲ့ အားရမႈ ရိွပါသလားဆုိေတာ့ အားရမႈ မရိွပါဘူးရွင့္။ ဘာျဖစ္လုိ႔လဲဆိုေတာ့ ကိုဗစ္ပဲျဖစ္ျဖစ္၊ စီးပြားေရးပဲျဖစ္ျဖစ္ လူေတြက ဘယ္လိုျဖစ္ေနသလဲဆိုေတာ့ ပညာေရးလည္း မရိွဘူး။ စီးပြားေရး အလုပ္အကိုင္လည္း အကုန္ခက္ခဲေနတယ္။ သူတုိ႔ႀကိဳးစားေပမယ့္ ဘာမွထိထိေရာက္ေရာက္ မေျဖရွင္းႏိုင္တဲ့အတြက္ အားမရတာပါရွင့္။ အခု ေငြေၾကးေဖာင္းပြမႈေတြ၊ ကိုဗစ္နဲ႔ မေသသင့္ဘဲ ေသသြားတဲ့လူေတြ အမ်ားႀကီးပဲ။

ေမး ။ ။ အဲဒါက လက္ရိွ တကယ္တိုင္းျပည္ကို တာဝန္ယူၿပီး ထိန္းထားတဲ့ စစ္ေကာင္စီေပၚမွာ တာဝန္ပိုမရိွဘူးလား။

ေျဖ ။ ။ သူတို႔ေၾကာင့္မို႔ မင္းေအာင္လိႈင္နဲ႔ အေပါင္းအပါးေတြေပါ့။ အဓိကေတာ့ သူတုိ႔ေၾကာင့္မို႔ ႏုိင္ငံက ခၽြတ္ၿခံဳက်ၿပီးေတာ့ ဘာမွကို မရိွေတာ့တာေပါ့။ သူတို႔ေၾကာင့္မို႔ လူငယ္ေတြ ရည္မွန္းခ်က္ေပ်ာက္၊ အနာဂတ္ေပ်ာက္၊ မေသသင့္ဘဲ ေသရတဲ့လူေတြ အမ်ားႀကီးပါပဲ။ ေတာ္ေတာ္ေလးကို စိတ္မေကာင္းျဖစ္ရပါတယ္။ ညီမက ထြက္လာႏုိင္ခဲ့ေပမယ့္ ျမန္မာႏုိင္ငံမွာ ေနခဲ့ရတဲ့ ျပည္သူေတြအားလံုး ေသြးမေတာ္သားမစပ္ေပမယ့္ တကယ့္ကို ေန႔တုိင္းေန႔တုိင္း သတင္းေတြၾကားၿပီးေတာ့ စိတ္မေကာင္းျဖစ္ရပါတယ္။ ညီမအေနနဲ႔ ဆုေတာင္းေပးရံုကလြဲ ဘာမွမတတ္ႏုိင္တဲ့အတြက္ေၾကာင့္မို႔ ေတာ္ေတာ္ေလး စိတ္မေကာင္း ျဖစ္ရပါတယ္ရွင့္။

ကိုဥာဏ္ဝင္းေအာင္ ။ ။ အခုလိုမ်ဳိး VOA ကို ေမးျမန္းခြင့္ေပးတဲ့အတြက္ မအိနီတာေမာင္ကို ေက်းဇူးတင္ပါတယ္။

မအိနီတာေမာင္ ။ ။ ဟုတ္ကဲ့ပါ ေက်းဇူးတင္ပါတယ္ရွင့္။


==Unicode==

မြန်မာနိုင်ငံမှာ စစ်တပ်ကြီးစိုးတဲ့ အာဏာသိမ်းမှု အဆုံးမသတ်မချင်း၊ အထူးသဖြင့် လူငယ်တွေရဲ့ အနာဂတ် ပျောက်ဆုံးနေရဦးမှာ ဖြစ်တယ်လို့ မကြာသေးခင်က နယ်သာလန်နိုင်ငံ (Netherlands) ကို ရောက်ရှိပြီး ၊ ခိုလှုံခွင့်တောင်းခံထားသူ မအိနီတာမောင်က ပြောပါတယ်။ မိသားစုဝင်ထဲက တဦး ပုဒ်မ (၅၀၅) နဲ့ ဖမ်းဝရမ်းထုတ်ခံထားရသလို၊ မိမိကိုယ်တိုင်က စစ်တပ်ရဲ့ အကြမ်းဖက်မှုကို လူမှုကွန်ယက်ပေါ်မှာ သတင်းတွေဖြန့်ဝေထားတာကြောင့် မြန်မာနိုင်ငံကို မပြန်ရဲတော့ဘဲ၊ အခုလို ခိုလှုံခွင့်တောင်းခံဖို့ ဖြစ်လာရတာလို့ တရုတ်နိုင်ငံ ဂွမ်ဂျိုးဆေးတက္ကသိုလ်ကနေ ကျောင်းပြီးခဲ့တဲ့ ဒေါက်တာအိနီတာမောင်က VOA ကို ပြောပါတယ်။ ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ မအိနိတာမောင်က နယ်သာလန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံဖို့ ရောက်ဖြစ်လာတဲ့အကြောင်းကို အရင်ရှင်းပြပါလား။

ဖြေ ။ ။ ညီမက တရုတ်နိုင်ငံမှာ ၂၀၀၄ ကစပြီးတော့ ကျောင်းတက်နေတာပါ။ ၂၀၂၀ မှာ ဘွဲ့ရပြီးတော့ အိမ်ပြန်ဖို့လုပ်တဲ့အချိန်မှာ ကိုဗစ်ကြောင့်မို့ ပြန်လို့မရဘူး။ အဲဒီနောက်ပိုင်း ဖေဖေါ်ဝါရီလပိုင်း ရောက်သွားတယ်။ အဲဒီမှာ စစ်တပ်အာဏာသိမ်းနောက်ပိုင်းမှာ စကြားတဲ့အချိန်ကစပြီးတော့ ကိုယ့်ရဲ့ Facebook page ပေါ်မှာ သူတို့ ရက်စက်မှုတွေ၊ တဖြည်းဖြည်းနဲ့ ဆန္ဒပြတဲ့ပြည်သူတွေအပေါ် တုံ့ပြန်မှုတွေကို တစ်ခုပြီးတစ်ခု တတ်နိုင်သလောက် share ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်က တရုတ်မှာဆိုတော့ ကိုယ်တိုင်လမ်းပေါ်ထွက် ဆန္ဒမပြနိုင်တဲ့အတွက် ကိုယ်တတ်နိုင်သမျှ information လေးတွေ share ပေးခဲ့တယ်။ အဲဒီနောက်ပိုင်း ညီမ့ညီမလေး ရတနာဆိုလည်း သူက ၅၀၅ ပုဒ်မ ထုတ်ခံရပြီး၊ အခု ရှောင်နေရတယ်။ အကယ်၍ သူကိုလာဖမ်းလို့ရှိရင် သူကိုမတွေ့တဲ့အခါမှာ မိသားစုတွေ အနှိပ်စက်ခံရမယ်။ အခု ညီမတို့ မိသားစုတွေလည်း တကွဲတပြားနဲ့ အဲဒါကြောင့်မို့ ညီမ ဘယ်လိုမှ ပြန်လို့မရတော့ဘူး။ လေယာဉ်လည်း မရှိတော့ဘူး။ အကယ်၍ ရှိခဲ့ရင်တောင် လေဆိပ်မှာ ညီမကို ဘယ်လိုဆက်ဆံမလဲ။ ညီမကို ခေါ်ပြီးတော့ နှိပ်စက်ဖို့က များနေတာကြောင့် သေသွားတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် တခြားနိုင်ငံတစ်နိုင်ငံမှာ သွားခိုလှုံနေတာပဲဖြစ်ဖြစ် ပိုကောင်းတာပေါ့။ ဒါပေမဲ့လဲ ဘာမှရွေးချယ်စရာ မရှိတဲ့အတွက် ဒီကိုပဲ လာလိုက်ရတာပါရှင့်။

မေး ။ ။ ညီမအိနီတာမောင်ရဲ့ညီမ မရတနာသည် ၅၀၅ (ဃ) နဲ့ ဖမ်းဝရမ်းထုတ် ခံထားရတာ ဘာကြောင့်ပါလဲ။

ဖြေ ။ ။ သူကလည်း ညီမလိုပဲ အချက်အလက်တွေ အကုန်လုံးတွေ အကုန်လုံးကို share ပါတယ်။ ဖြစ်နိုင်သမျှ သူကတော်တော်များများ share ပါတယ်။ သူ့မှာ သူငယ်ချင်းတွေလည်း အများကြီးရှိပါတယ်။ အဲဒီမှာ ဖမ်းဝရမ်းထုတ်ခံထားရသူတွေ အများကြီး အဆိုတော်တွေ၊ နာမည်ကြီးမကြီး activists မှန်သမျှကို အဲဒီလို ထုတ်ထားတာပေါ့။

မေး ။ ။ အဲဒီတော့ တရုတ်နိုင်ငံမှာ ကျောင်းပြီသွားပြီးဆိုပေမယ့် တရုတ်နိုင်ငံမှာ ဆက်ပြီးတော့ နေမယ်ဆိုရင်ကော မဖြစ်နိုင်ဘူးလား။ တရုတ်အစိုးရက ဗီဇာထုတ်ပေးပြီးတော့ ကူညီစောင့်ရှောက်ပေးတာမျိုးကော မရှိနိုင်ဘူးလား။

ဖြေ ။ ။ တရုတ်နိုင်ငံမှာ ခိုလှုံခွင့်လျှောက်ဖို့က လုံးဝလုံးဝကို မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အကယ်၍ တရုတ်လူမျိုးတစ်ယောက်နဲ့ လက်ထပ်ယူပြီးတော့ နေမယ်ဆိုရင်တော့ သူတို့က ဗီဇာကို ခဏ (၅) နှစ်လောက်ပဲ ပေးပါတယ်။ အကယ်၍ အဲဒီလူနဲ့ ကိုယ်က ပြဿနာဖြစ်ပြီးတော့ ကွဲကွာသွားခဲ့မယ်ဆိုရင် ထပ်ပြီးတော့ နေလို့မရတော့ဘူး။ အဲဒါကြောင့်မို့ ညီမအနေနဲ့ ခိုလှုံခွင့်ကို ဘယ်လိုမှ လျှောက်ဖို့မဖြစ်ခဲ့ဘူး။ အကယ်၍ ကျောင်းတက်နေမယ်ဆိုရင် ကျောင်းတက်နေမယ့် ဗီဇာပဲ ရှိမယ်။ အဲဒီ ဗီဇာ ကုန်လို့ရှိရင် အဲဒီနိုင်ငံကနေ ထွက်သွားရတယ်။ မထွက်သွားလို့ရှိရင် Fine ကောက်မယ်။ အဲဒီလိုမျိုး နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီးရှိပါတယ်။

မေး ။ ။ ဘာဖြစ်လို့ နယ်သာလန်နိုင်ငံကို ရွေးချယ်ပြီး ထွက်ရတာပါလဲ။

ဖြေ ။ ။ ညီမ အင်တာနက်မှာ ဖတ်ရတာက နယ်သာလန်နိုင်ငံက အခုအချိန်မှာ တခြားနိုင်ငံတွေထက် လူ့အခွင့်အရေးကို ပိုပြီးတော့ ဦးစားပေးတယ်။ နောက်ပြီးတော့ ဒုက္ခသည်လျှောက်တဲ့အခါမှာလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံတာပေါ့။ တတ်နိုင်သမျှ ဖြည့်ဆည်းပေးတယ်။ နောက် ဒီမှာ လူမျိုးဘာသာ ခွဲခြားဆက်ဆံတာလည်း မရှိဘူး။ ညီမတို့ မြန်မာနိုင်ငံမှာဆိုရင် သိတဲ့အတိုင်းပဲ မြန်မာက မူစလင် အစ္စလာမ်ဆိုတော့ အမြဲတမ်းနိမ့်ချပြီးတော့ ဆက်ဆံတာတို့။ နောက်ဘာမှ အပြစ်မလုပ်ဘဲနဲ့ အပြစ်ရှာတာတို့။ ညီမ ပြန်သွားလို့ရှိရင် သူများထက် အန္တရာယ်က နှစ်ဆပိုကြီးတယ်။ အဲဒါကြောင့်မို့ မပြန်ဘဲနဲ့ ဒီနိုင်ငံကို လာပြီးတော့ Asylum လျှောက်ဖို့ ဆုံးဖြတ်ချက်ချ ရောက်လာတာပါ။


မေး ။ ။ အဲဒီတော့ နယ်သာလန်က လူမှုဖူလုံမှုစောင့်ရှောက်ရေး ကောင်းတာတို့၊ လူ့အခွင့်အရေးနဲ့ ပတ်သက်လာလို့ရှိရင် ကောင်းမွန်တဲ့ မှတ်တမ်းတွေ ရှိတာတို့ အဲဒီလိုရှိတဲ့ အနေအထားမှာ ကိုယ်က သိထားမှန်းထားတာနဲ့ အခုရောက်လာတဲ့အချိန်မှာ ဘယ်လိုကွာခြားမှုတွေ၊ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရပါသလဲ။

ဖြေ ။ ။ ညီမ ဒီကိုရောက်လာတော့ လေယာဉ်ကွင်းကနေ ခေါ်သွားတယ်။ ထောင်လိုမျိုးပဲ လုံးဝအပိတ်ကြီး။ လုံးဝထွက်မရဘူး။ ကိုယ့်တံခါးနောက်မှာပဲ နေနေရတယ်။ တစ်နေ့မှာ တစ်နာရီ၊ နှစ်နာရီလောက် အပြင်ခဏထွက်ခွင့်ရပြီး လူတွေနဲ့ စကားပြောခွင့်ရတယ်။

မေး ။ ။ အဲဒါက ဘယ်မြို့မှာလဲ။

ဖြေ ။ ။ အဲဒါက Amsterdam မှာပါ။ Amsterdam လေဆိပ်နဲ့နီးတဲ့ အချုပ်ခန်းပါ။ အဲဒီမှာ (၁၈) ရက်လောက် နေလိုက်ရတယ်။ အမှန်တကယ်တော့ ဒီထက်ရက်နည်းတယ်။ အဲဒီမှာ ကိုဗစ်လူနာတစ်ယောက်ရှိလို့ သူတို့ရှေ့နေတွေ ဘာတွေငှားပေးပြီးတော့ ကိုယ့်အမှုကို Process လုပ်မယ့်ကိစ္စကို Freeze ရပ်လိုက်တာပေါ့။ အဲဒါကြောင့်မို့ ရက်ပိုကြာသွားတာပါ။ (၁၈ - ၁၉) ရက်လောက် နေလိုက်ရတယ်။ အဲဒီနောက်ပိုင်း ညီမကို Amsterdam ဝေးတဲ့နေရာမှာ (၃) နာရီလောက် ရထားနဲ့သွားလို့ရတဲ့ နေရာမှာ ညီမကို အခုထားထားတယ်။ အခု တန်းလျားလေးလိုမျိုးမှာ နေရပါတယ်။ တစ်ယောက်ထဲတော့ မဟုတ်ဘူး။ တခြားမိသားစုတွေနဲ့ share ပါတယ်။ ညီမတို့ တန်းလျားလေးမှာ အိမ်လိုမျိုး အိမ်ကလေးရှိတယ်။ အဲဒီအိမ်ထဲမှာ လူတွေအများကြီးနေရတယ်။ ရေချိုးခန်း၊ အိမ်သာဆိုလည်း အကုန် share ပေါ့။ အိမ်ခန်းကျဉ်းကျဉ်းလေးမှာ နေရပါတယ်။ ဒါပေမဲ့လဲ အဆင်ပြေပါတယ်။ အဆင်ပြေအောင် နေနေပါတယ်။ တခြားလူတွေကို မေးကြည့်တော့ သူတို့က (၆) လအတွင်းမှာ နေထိုင်ခွင့် ပေးရင်လဲပေး၊ ဒါမှမဟုတ် (၁) နှစ် (၂) နှစ် စောင့်ရတာတွေ ရှိတယ်လို့ ပြောပါတယ်ရှင့်။ ဒါပေမဲ့ ညီမအနေနဲ့တော့ ကိုယ်က ရည်ရွယ်ချက်ရှိတယ်။ ဆေးကျောင်းလည်း တက်ပြီးပြီ ဘွဲ့လည်းရပြီးပြီဆိုတော့ ကိုယ့်နိုင်ငံကို အကျိုးမပြုနိုင်တောင်မှ တခြားနိုင်ငံမှာ ကိုယ်တတ်နိုင်သမျှ လုပ်ပေးချင်တာပေါ့။ အခု သူတို့က စောင့်ခိုင်းထားလို့ ဘာမှလုပ်မရဘူး။ သူတို့ ဘယ်လောက်စောင့်ခိုင်းမလဲဆိုတော့ သေချာလည်း မသိသေးဘူး။ စောင့်နေရလို့ မျှော်လင့်ချက်ပျက်ပြီးတော့ ရည်မှန်းချက်တွေ ပျောက်ဆုံးသွားမှာစိုးတယ်။

မေး ။ ။ ဆိုတော့ မြန်မာနိုင်ငံမှာ ဆေးကျောင်းမတက်ဘဲနဲ့ ဘာလို့ တရုတ်နိုင်ငံမှာ သွားတက်ဖြစ်တာပါလဲ။

ဖြေ ။ ။ ညီမ ဆယ်တန်းအောင်တုန်းက ဆေးမှတ်မမီပါဘူး။ နောက်တော့ အဖေ့သူငယ်ချင်းရဲ့ သမီးလေးက တရုတ်နိုင်ငံမှာ ဆေးကျောင်းတက်နေတယ်။ ပြီးတော့ သူတို့ပြောတာက တရုတ်နိုင်ငံမှာဆိုရင် အဲဒီလောက် အမှတ်အများကြီး မလိုဘူး။ နောက် ဆေးကျောင်းတက်ခွင့်ရနိုင်တယ်ဆိုပြီး စမ်းလျှောက်ခွင့်ဆိုလို့ ညီမလျှောက်ကြည့်လိုက်တော့ ဂွမ်ဂျိုးဆေးကျောင်းက လက်ခံလိုက်လို့ ဂွမ်ဂျိုးမှာ တက်ဖြစ်တာပါရှင့်။

မေး ။ ။ အဲဒီမှာ အခြားမြန်မာဆေးကျောင်းသားတွေ ရှိပါသလား။

ဖြေ ။ ။ ညီမသွားတက်နေတဲ့အချိန်တုန်းက မြန်မာဆေးကျောင်းသားဆိုလို့ ညီမတစ်ယောက်ပဲ ရှိပါတယ်။ ညီမတက်ပြီးတော့ (၂) နှစ် (၃) နှစ် ရောက်တဲ့အခါမှာ မြန်မာတစ်ယောက်နှစ်ယောက် ထပ်ရောက်လာပါတယ်ရှင့်။

မေး ။ ။ ဒီနေရာမှာ တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီးတော့ တစ်ခုသိချင်တာက တရုတ်အစိုးရဆိုရင် လက်ရှိအာဏာသိမ်းထားတဲ့ စစ်ကောင်စီနဲ့ သူတို့ ဆက်ဆံရေး အတော်လေးကို ပြေလည်တာ၊ ပြီးတော့ နိုင်ငံတကာမျက်နှာစာမှာ အကာအကွယ်ပေးနေတာတွေကို ကျနော်တို့ တွေ့ရပါတယ်။ အဲဒါကြတော့ အာဏာသိမ်းတဲ့ကိစ္စကို သာမန်တရုတ်ပြည်သူတွေ တရုတ်ကျောင်းသူကျောင်းသားတွေက ဘယ်လိုအမြင် ရှိကြသလဲ။ ဘယ်လိုသဘောထား ရှိတာကို တွေ့ခဲ့ရပါသလဲ။

ဖြေ ။ ။ အာဏာသိမ်းတာနဲ့ ပတ်သက်ပြီးတော့ ညီမ သိတဲ့လူတွေက နိုင်ငံရေးမသိလို့လား။ သိပ်ပြီးတော မဖတ်လို့လား မသိဘူး။ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ဘာမှသိပ်ပြီးတော မပြောဘူး။ သူတို့ သိတာက ဗမာနိုင်ငံမှာ စစ်အာဏာသိမ်းထားတယ်ဆိုပြီးတော့ပဲ သိကြတယ်။ သူတို့အစိုးရက မြန်မာနိုင်ငံကို လက်နက်အား၊ နည်းပညာပိုင်း အားလုံးကူညီပေးနေတာကို သူတို့ သိပ်မသိဘူးရှင့်။ ညီမတို့ကလည်း ကျောင်းထဲမှာဆိုတော့ သူတို့နဲ့ ပတ်သက်တာပဲ ဖတ်တာများတယ်။ နိုင်ငံရေးပိုင်းကို သိပ်မသိကြဘူးရှင့်။

မေး ။ ။ ညီမ သိတဲ့အတိုင်းပဲ နိုင်ငံတစ်ခုမှာဆိုရင် နိုင်ငံရဲ့ အနာဂတ်က လူငယ်ထုရဲ့ အင်အားပေါ်မှာ မှီခိုအားထားရပါတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာ လက်ရှိအာဏာသိမ်းလိုက်တဲ့ စစ်ကောင်စီကနေ ညီမတို့လို လူငယ်ထုပေါ်မှာ ဘယ်လောက်အထိ အလေးထားမှု၊ ဆက်ဆံမှု ရှိတာကို မြင်မိပါသလဲ။

ဖြေ ။ ။ သူတို့က လူငယ်တွေအပေါ်ကို တော်တော်လေးကို စက်ဆုတ်ယုတ်ရှာပြီး မုန်းတီးပြီးတော့ ရန်သူလိုသဘောထားတယ်လို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူငယ်တွေက ပညာတတ်ပြီးတော့ သူတို့ကို ပုန်ကန်မှာစိုးတယ်။ အဲဒီလိုမျိုး ပညာနဲ့ပဲဖြစ်ဖြစ်၊ လက်နက်နဲ့ပဲဖြစ်ဖြစ် ပုန်ကန်မှာ အရမ်းစိုးတဲ့အတွက် လူငယ်တွေကို သူတို့ကြောက်တယ်။ ကြောက်ပြီးတော့ အဲဒီလိုမျိုး ရန်သူအဖြစ် ဆက်ဆံပြီးတော့ ရက်ရက်စက်စက်ကို သတ်ပါတယ်။ ဆန္ဒပြတဲ့အထဲမှာလည်း ယောကျ်ားမိန်းမ မခွဲခြားဘဲနဲ့ လူငယ်တွေအများကြီး အသတ်ခံရတာ။ မသေသင့်ဘဲနဲ့ သေသွားတာတွေ အများကြီးကို ရှိပါတယ်။ သူတို့ လူငယ်တွေကို တော်တော်မုန်းပါတယ်။

မေး ။ ။ အခုဆိုလို့ရှိရင် စစ်တပ်က အာဏာသိမ်းထားတာ (၇) လ ကျော်လာပါပြီ။ အဲဒီအခါကြတော့ ညီမတို့ လူငယ်တွေ မျှော်မှန်းထားတဲ့ အပြောင်းအလဲတစ်ခုက မကြာခင် ရှေ့အနာဂတ်မှာ ဘယ်လိုမျိုး မျှော်လင့်ချက်ထားပါသလဲ။

ဖြေ ။ ။ ညီမစိတ်ထဲက တကယ်ခံစားရတာကို ပြောရမယ်ဆိုရင် လူငယ်တွေက တကယ့်ကိုတော်ပြီးတော့၊ တကယ့်ကို တော်လှန်နေကြပါတယ်။ သူတို့ အဘက်ဘက်ကနေ လုပ်နေကြပါတယ်။ လမ်းပေါ်ထွက်တဲ့ လူငယ်ကလည်းထွက်။ အင်တာနက်ကနေ share လုပ်လို့ရတဲ့လူတွေကလည်း share, သူတို့လုပ်နိုင်တဲ့ ကဏ္ဍပေါင်းစုံကနေ ပါဝင်ပြီးတော့ လုပ်နေတဲ့အတွက်ကြောင့် ညီမကတော့ တစ်နေ့မှာ ဒီနိုင်ငံသားတွေအားလုံးကို ဒုက္ခပေးနေတဲ့ အနှစ် (၇၀) ကျော်ကျော် ဒုက္ခပေးနေတဲ့ သူတို့ကို အမြစ်ပြတ်ချေမှုန်းနိုင်မယ်လို့ ယုံကြည်ချက်တော့ထားတာပေါ့။ စစ်ခေါင်းဆောင်နဲ့ ဆွေမျိုးတသိုက်ကို အာဏာသိမ်းတဲ့လူတွေအားလုံးကို ညီမတို့ တနည်းနည်းနဲ့ ချေမှုန်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ ညီမတို့အားလုံး ကြိုးစားနေတယ်။ အဲဒါကြောင့်မို့ အမြန်ဆုံး သူတို့ အရှုံးပေးပြီးတော့ ညီမတို့နိုင်ငံကို ပြန်လည်ပြီး ကောင်းမွန်စွာထူထောင်နိုင်မယ်လို့ ယုံကြည်ပါတယ်၊ မျှော်လင့်ပါတယ်။

မေး ။ ။ အခု ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ် တော်တော်များများ ပါဝင်ထားတဲ့ NUG ကြားကာလအစိုးရလည်း ပေါ်ပေါက်နေတယ်။ ဒီ NUG အစိုးရရဲ့ လက်ရှိလုပ်ဆောင်ချက်တွေအပေါ် ဘယ်လိုမြင်မိပါသလဲ။ အားရမှု ရှိပါသလား။

ဖြေ ။ ။ သူတို့က တတ်နိုင်သမျှ၊ ညီမဖတ်ရသလောက်တော့ တတ်နိုင်သမျှတော့ လုပ်နေတာပါပဲ။ ဒါပေမဲ့ အားရမှု ရှိပါသလားဆိုတော့ အားရမှု မရှိပါဘူးရှင့်။ ဘာဖြစ်လို့လဲဆိုတော့ ကိုဗစ်ပဲဖြစ်ဖြစ်၊ စီးပွားရေးပဲဖြစ်ဖြစ် လူတွေက ဘယ်လိုဖြစ်နေသလဲဆိုတော့ ပညာရေးလည်း မရှိဘူး။ စီးပွားရေး အလုပ်အကိုင်လည်း အကုန်ခက်ခဲနေတယ်။ သူတို့ကြိုးစားပေမယ့် ဘာမှထိထိရောက်ရောက် မဖြေရှင်းနိုင်တဲ့အတွက် အားမရတာပါရှင့်။ အခု ငွေကြေးဖောင်းပွမှုတွေ၊ ကိုဗစ်နဲ့ မသေသင့်ဘဲ သေသွားတဲ့လူတွေ အများကြီးပဲ။

မေး ။ ။ အဲဒါက လက်ရှိ တကယ်တိုင်းပြည်ကို တာဝန်ယူပြီး ထိန်းထားတဲ့ စစ်ကောင်စီပေါ်မှာ တာဝန်ပိုမရှိဘူးလား။

ဖြေ ။ ။ သူတို့ကြောင့်မို့ မင်းအောင်လှိုင်နဲ့ အပေါင်းအပါးတွေပေါ့။ အဓိကတော့ သူတို့ကြောင့်မို့ နိုင်ငံက ချွတ်ခြုံကျပြီးတော့ ဘာမှကို မရှိတော့တာပေါ့။ သူတို့ကြောင့်မို့ လူငယ်တွေ ရည်မှန်းချက်ပျောက်၊ အနာဂတ်ပျောက်၊ မသေသင့်ဘဲ သေရတဲ့လူတွေ အများကြီးပါပဲ။ တော်တော်လေးကို စိတ်မကောင်းဖြစ်ရပါတယ်။ ညီမက ထွက်လာနိုင်ခဲ့ပေမယ့် မြန်မာနိုင်ငံမှာ နေခဲ့ရတဲ့ ပြည်သူတွေအားလုံး သွေးမတော်သားမစပ်ပေမယ့် တကယ့်ကို နေ့တိုင်းနေ့တိုင်း သတင်းတွေကြားပြီးတော့ စိတ်မကောင်းဖြစ်ရပါတယ်။ ညီမအနေနဲ့ ဆုတောင်းပေးရုံကလွဲ ဘာမှမတတ်နိုင်တဲ့အတွက်ကြောင့်မို့ တော်တော်လေး စိတ်မကောင်း ဖြစ်ရပါတယ်ရှင့်။

ကိုဉာဏ်ဝင်းအောင် ။ ။ အခုလိုမျိုး VOA ကို မေးမြန်းခွင့်ပေးတဲ့အတွက် မအိနီတာမောင်ကို ကျေးဇူးတင်ပါတယ်။

မအိနီတာမောင် ။ ။ ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ်ရှင့်။

XS
SM
MD
LG