မြန်မာနိုင်ငံမှာ စစ်တပ်ကြီးစိုးတဲ့ အာဏာသိမ်းမှု အဆုံးမသတ် မချင်း ၊ အထူးသဖြင့် လူငယ်တွေရဲ့ အနာဂတ် ပျောက်ဆုံးနေရဦးမှာ ဖြစ်တယ်လို့ မကြာသေးခင်က နယ်သာလန်နိုင်ငံကို ရောက်ရှိပြီး ၊ ခိုလှုံခွင့် တောင်းခံထားသူ မအိနီတာမောင်က ပြောပါတယ်။ မိသားစုဝင်ထဲက တဦး ပုဒ်မ(၅၀၅)နဲ့ ဖမ်းဝရမ်းထုတ်ခံ ထားရသလို၊ မိမိကိုယ်တိုင်က စစ်တပ်ရဲ့ အကြမ်းဖက်မှုကို လူမှုကွန်ယက်ပေါ် မှာ သတင်းတွေဖြန့်ဝေထားတာကြောင့် မြန်မာနိုင်ငံကို မပြန်ရဲတော့ပဲ အခုလို ခိုလှုံခွင့်တောင်းခံဖို့ ဖြစ်လာရတာလို့ - တရုတ်နိုင်ငံ ဂွမ်ဂျိုး ဆေးတက္ကသိုလ်ကနေ ကျောင်းပြီးခဲ့တဲ့ ဒေါက်တာ အိနီတာမောင်က VOA ကို ပြောပါတယ်။ မအိနီတာမောင်ကို - ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
နယ်သာလန်မှာခိုလှုံခွင့်ယူခဲ့ရတဲ့မြန်မာဆရာဝန်
ဆက်စပ်သတင်းများ ...
ဗွီဒီယို ကြည့်ရှုရန်
-
၀၅ ဇန်နဝါရီ၊ ၂၀၂၅
မြန်မာ့အရေး ကန်လွှတ်တော်သစ်အနေနဲ့ တရုတ်ကို ဖိအားပေးရေး ကြိုးပမ်းမှုများ
-
၂၉ ဒီဇင်ဘာ၊ ၂၀၂၄
မြန်မာပြည်သူတွေ လွတ်မြောက်ဖို့ နီးစပ်လာတဲ့ ၂၀၂၅ခုနှစ်
-
၂၂ ဒီဇင်ဘာ၊ ၂၀၂၄
လက်နက်ချတဲ့ စစ်ကောင်စီတပ်တွေမှာ အောင်စိတ်ပျောက်ဆုံးနေပြီ
-
၂၂ စက်တင်ဘာ၊ ၂၀၂၄
စစ်ကောင်စီပြောတဲ့ ရွေးကောက်ပွဲ ကရင်နီမှာ လုပ်လို့မရ
-
၀၁ စက်တင်ဘာ၊ ၂၀၂၄
ကရင်နီအစိုးရ ဒုကာကွယ်ရေးဝန်ကြီးနဲ့ တွေ့ဆုံ မေးမြန်းခန်း
-
၂၅ ဩဂုတ်၊ ၂၀၂၄
တော်လှန်ရေးနယ်မြေက ဒါရိုက်တာ ကိုပေါက်