သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာကို ႏိုင္ငံတကာရဲ႕ ပူးေပါင္းျပင္းထန္တဲ့အေရးယူမႈလုပ္ဖို႔ ကုလကိုယ္စားလွယ္ တိုက္တြန္း


မီးေလာင္က်ြမ္းေနတဲ့ နွမ္းခါးရြာ (ဓာတ္ပံု - ANONYMOUS/AFP)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံက အာဏာသိမ္းစစ္ေကာင္စီကို ႏိုင္ငံတကာအေနနဲ႔ အတူပူးေပါင္းၿပီး ျပင္းထန္တဲ့အေရးယူဒဏ္ခတ္မႈေတြလုပ္သြားဖို႔ ျမန္မာလူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢအထူးကိုယ္စားလွယ္ Tom Andrews က က်င္းပေနတဲ့ ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီမွာ တိုက္တြန္းသြားပါတယ္။

ျမန္မာႏိုင္ငံအေပၚ လက္နက္နဲ႔ နည္းပညာပိုင္း ေပးပို႔ေရာင္းခ်မႈေတြ ရပ္တန႔္ၾကဖို႔လည္း သူက ျပင္းျပင္းထန္ထန္တိုက္တြန္းပါတယ္။ ျမန္မာႏိုင္ငံအေရးကို ႏိုင္ငံတကာအေနနဲ႔ ခ်က္ျခင္းအေရးယူေဆာင္႐ြက္ၾကဖို႔နဲ႔ ေနာက္က်တာနဲ႔အမွ် လူအသက္ေတြ ထပ္ၿပီးဆုံးရႈံးလိမ့္မယ္လို႔လည္း အရင္ကုလလုံၿခဳံေရးေကာင္စီအစည္းအေဝးမွာေျပာခဲ့တာကို အခု လူ႔အခြင့္အေရးေကာင္စီမိန႔္ခြန္းအဆုံးမွာ သူက ထပ္ေျပာပါတယ္။

ဆြစ္ဇာလန္ႏိုင္ငံ၊ ဂ်နီဗာၿမိဳ႕မွာ က်င္းပေနတဲ့ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီ ဒီကေန႔ အစည္းအေဝးမွာကုလသမဂၢရဲ႕ ျမန္မာႏိုင္ငံ လူ႔အခြင့္အေရးဆိုင္ရာ အထူးကိုယ္စားလွယ္ Tom Andrews က ျမန္မာႏိုင္ငံရဲ႕ လူ႔အခြင့္အေရး အေျခအေနနဲ႔ပတ္သက္ၿပီး ျမန္မာစံေတာ္ခ်ိန္ ဒီကေန႔ည ၉ နာရီပတ္ဝန္းက်င္မွာ ဗြီဒီယိုကတဆင့္ အစီရင္ခံ တင္ျပသြားတာပါ။ ျမန္မာႏိုင္ငံတြင္းလူ႔အခြင့္အေရးအေျခအေနဟာ ပိုပိုဆိုးလာေနၿပီး၊ လက္နက္ကိုင္ပဋိပကၡေတြ ပိုၿပီး က်ယ္ျပန႔္လာတယ္လို႔လည္း လူ႔အခြင့္အေရးအထူးကိုယ္စားလွယ္ကေျပာပါတယ္။

စစ္ေကာင္စီတပ္ေတြဟာ ႐ြာေတြကို ေလေၾကာင္းကတိုက္ခိုက္တာ လက္နက္ႀကီးေတြနဲ႔ပစ္ခတ္တာ အရပ္သားေတြကို လူသားဒိုင္းအျဖစ္အသုံးခ်ၿပီး စစ္ဆင္တိုက္ခိုက္မႈေတြလုပ္ေနတယ္လို႔လည္း သူက ေျပာသြားပါတယ္။ တတ္ႂကြလႈပ္ရွားသူေတြကို တရားမဲ့ဖမ္းဆီးတာ ညႇင္းပမ္းႏွိပ္စက္တာအျပင္၊ ကေလးငယ္ေတြအပါအဝင္ မိသားစုဝင္ေတြကိုပါ ဓါးစားခံလုပ္ဖမ္းဆီးတာမ်ိဳးရွိေနတယ္လို႔လည္း ေထာက္ျပပါတယ္။ ဒါ့အျပင္ က်န္းမာေရးဝန္ထမ္းေတြကို အေရးယူေနတာေတြကို ေထာက္ၿပီး ၊ ျမန္မာျပည္က က်န္းမာေရးျပႆနာႀကီးဟာ ေဒသတြင္းကိုပါ ႐ိုက္ခတ္ႏိုင္တယ္လို႔သတိေပးပါတယ္။

သူ႔ရဲ႕ အစီရင္ခံစာအျပည့္အစုံကို နယူးေယာက္ၿမိဳ႕မွာက်င္းပေနတဲ့ ကုလသမဂၢအေထြေထြညီလာခံမွာလည္း ေအာက္တိုဘာလထဲမွာ လူကိုယ္တိုင္တင္ျပဖို႔ရွိတယ္လို႔ ဗြီအိုေအ ျမန္မာပိုင္းကို Tom Andrews က ေျပာထားပါတယ္။

...............................................................................................

တိုက္႐ိုက္ လင့္ခ္


မြန်မာကို နိုင်ငံတကာရဲ့ ပူးပေါင်းပြင်းထန်တဲ့အရေးယူမှုလုပ်ဖို့ ကုလကိုယ်စားလှယ် တိုက်တွန်း

(Unicode)

မြန်မာနိုင်ငံက အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာအနေနဲ့ အတူပူးပေါင်းပြီး ပြင်းထန်တဲ့အရေးယူဒဏ်ခတ်မှုတွေလုပ်သွားဖို့ မြန်မာလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tom Andrews က ကျင်းပနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ တိုက်တွန်းသွားပါတယ်။

မြန်မာနိုင်ငံအပေါ် လက်နက်နဲ့ နည်းပညာပိုင်း ပေးပို့ရောင်းချမှုတွေ ရပ်တန့်ကြဖို့လည်း သူက ပြင်းပြင်းထန်ထန်တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံအရေးကို နိုင်ငံတကာအနေနဲ့ ချက်ခြင်းအရေးယူဆောင်ရွက်ကြဖို့နဲ့ နောက်ကျတာနဲ့အမျှ လူအသက်တွေ ထပ်ပြီးဆုံးရှုံးလိမ့်မယ်လို့လည်း အရင်ကုလလုံခြုံရေးကောင်စီအစည်းအဝေးမှာပြောခဲ့တာကို အခု လူ့အခွင့်အရေးကောင်စီမိန့်ခွန်းအဆုံးမှာ သူက ထပ်ပြောပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဒီကနေ့ အစည်းအဝေးမှာကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews က မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်ပြီး မြန်မာစံတော်ချိန် ဒီကနေ့ည ၉ နာရီပတ်ဝန်းကျင်မှာ ဗွီဒီယိုကတဆင့် အစီရင်ခံ တင်ပြသွားတာပါ။ မြန်မာနိုင်ငံတွင်းလူ့အခွင့်အရေးအခြေအနေဟာ ပိုပိုဆိုးလာနေပြီး၊ လက်နက်ကိုင်ပဋိပက္ခတွေ ပိုပြီး ကျယ်ပြန့်လာတယ်လို့လည်း လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ကပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ရွာတွေကို လေကြောင်းကတိုက်ခိုက်တာ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ အရပ်သားတွေကို လူသားဒိုင်းအဖြစ်အသုံးချပြီး စစ်ဆင်တိုက်ခိုက်မှုတွေလုပ်နေတယ်လို့လည်း သူက ပြောသွားပါတယ်။ တတ်ကြွလှုပ်ရှားသူတွေကို တရားမဲ့ဖမ်းဆီးတာ ညှင်းပမ်းနှိပ်စက်တာအပြင်၊ ကလေးငယ်တွေအပါအဝင် မိသားစုဝင်တွေကိုပါ ဓါးစားခံလုပ်ဖမ်းဆီးတာမျိုးရှိနေတယ်လို့လည်း ထောက်ပြပါတယ်။ ဒါ့အပြင် ကျန်းမာရေးဝန်ထမ်းတွေကို အရေးယူနေတာတွေကို ထောက်ပြီး ၊ မြန်မာပြည်က ကျန်းမာရေးပြဿနာကြီးဟာ ဒေသတွင်းကိုပါ ရိုက်ခတ်နိုင်တယ်လို့သတိပေးပါတယ်။

သူ့ရဲ့ အစီရင်ခံစာအပြည့်အစုံကို နယူးယောက်မြို့မှာကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာလည်း အောက်တိုဘာလထဲမှာ လူကိုယ်တိုင်တင်ပြဖို့ရှိတယ်လို့ ဗွီအိုအေ မြန်မာပိုင်းကို Tom Andrews က ပြောထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG