(Zawgyi / Unicode)
ဒီကေန႔ဟာ ၂၀၀၇ ခုႏွစ္က သံဃာေတာ္ေတြ ဦးေဆာင္လႈပ္ရွားခဲ့တဲ့ ေရႊဝါေရာင္ေတာ္လွန္ေရး ၁၄ ႏွစ္ ျပည့္ေျမာက္တဲ့ေန႔ျဖစ္ၿပီး မႏၱေလးက လမ္းမႀကီးေပၚမွာ သံဃာေတာ္ေတြနဲ႔ အမ်ားျပည္သူ ပူးေပါင္းၿပီး စုေဝး ဆႏၵျပခဲ့ၾကပါတယ္။
ရန္ကုန္ၿမိဳ႕မွာလည္း လူငယ္တခ်ဳိ႕ စုေပါင္းၿပီး စမ္းေခ်ာင္းသပိတ္စစ္ေၾကာင္းနဲ႔ ဆႏၵျပခဲ့သလို တက္ႂကြလႈပ္ရွား ရန္ကုန္အမ်ဳိးသမီးမ်ားအဖြဲ႔နဲ႔ တကသ ေက်ာင္းသူေဟာင္းေတြ ပူးေပါင္းၿပီး “စနစ္ဆိုးကို အျမစ္ခ်ိဳးမယ့္ သူပုန္အမ်ိဳးသမီးသပိတ္” ဆိုတဲ့ေခါင္းစဥ္နဲ႔ စစ္အာဏာသိမ္းမႈကို ကန္႔ကြက္ ဆႏၵျပခဲ့ၾကပါတယ္။
စမ္းေခ်ာင္း၊ ေျမနီကုန္းအရပ္မွာေတာ့ ဒီကေန႔မနက္အေစာပိုင္း ၁ နာရီေက်ာ္က ပစ္ခတ္သံတခ်ဳိ႕ ၾကားခဲ့ရၿပီး ေသဆံုးတာေတြ ရွိခဲ့တယ္ဆိုတဲ့ သတင္းေတြ ထြက္ထားေပမယ့္ အျဖစ္အပ်က္ အေသးစိတ္ကို မသိရေသးပါဘူး။
စစ္ကိုင္းတိုင္းက ကေလးၿမိဳ႕မွာ ေရႊဝါေရာင္ေတာ္လွန္ေရး ၁၄ ႏွစ္ျပည့္ အထိမ္းအမွတ္နဲ႔အတူ ရက္ေပါင္း ၂၃၀ ေျမာက္ ခ်ီတက္ဆႏၵျပခဲ့ၾကသလို ယင္းမာပင္ခ႐ိုင္၊ ဆားလင္းႀကီးေျမာက္ျခမ္းနဲ႔ ယင္းမာပင္အေရွ႕ျခမ္း ရြာေပါင္းစံုသပိတ္ ၁၉၉ ရက္ေျမာက္ ဆႏၵျပပြဲ၊ ေရႊဘိုၿမိဳ႕ ဆႏၵျပပြဲေတြ ရွိခဲ့ပါတယ္။
တနသၤာရီတိုင္း၊ ထားဝယ္ခ႐ိုင္၊ ေလာင္းလံုမွာ ၿမိဳ႕နယ္လံုးဆိုင္ရာ အေျခခံပညာ ေက်ာင္းသားေက်ာင္းသူေတြရဲ႕ သပိတ္စစ္ေၾကာင္းနဲ႔ စစ္အာဏာသိမ္းမႈကို ခ်ီတက္ဆႏၵျပခဲ့ၾကၿပီး မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕မွာလည္း ဆႏၵျပခဲ့ပါတယ္။
ၿငိမ္းခ်မ္းတဲ့ ဆႏၵျပပြဲေတြကို စစ္တပ္နဲ႔ ရဲက အၾကမ္းဖက္ ပစ္ခတ္ ၿဖိဳခြဲတာေတြ ဆက္လုပ္ေနတဲ့ၾကားမွာပဲ ေဒသတခ်ဳိ႕မွာ အခုလို ဆႏၵျပပြဲေတြ ဆက္ရွိေနတာပါ။
အာဏာသိမ္းခဲ့တဲ့ေန႔ကေန ဒီကေန႔အထိဆိုရင္ စစ္တပ္နဲ႔ ရဲက ပစ္ခတ္ၿဖိဳခြဲတာ၊ ဖမ္းဆီးထားခ်ိန္အတြင္း ေသဆံုးတာ စတာေတြေၾကာင့္ ေသဆံုးသူ ၁,၁၂၅ ေယာက္ထက္မနည္း ရွိၿပီလို႔ ႏုိင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) က ထုတ္ျပန္ပါတယ္။ စစ္ေကာင္စီကေတာ့ ဒီအေရအတြက္ဟာ လုပ္ႀကံခ်ဲ႕ကားထားတာျဖစ္ၿပီး အဲဒီေလာက္မမ်ားဘူးလို႔ တံု႔ျပန္ထားပါတယ္။
AAPP ကထုတ္ျပန္တဲ့ စာရင္းအရ ဒီေန႔အထိ ဖမ္းဆီးခံရသူ အေရအတြက္ ၆,၈၀၃ ေယာက္ရွိၿပီျဖစ္ၿပီး ၂၉၃ ေယာက္ ျပစ္ဒဏ္ခ်မွတ္ခံထားရၿပီးေတာ့ အဲဒီထဲမွာ ကေလးအရြယ္ႏွစ္ဦး အပါအဝင္ ၂၆ ေယာက္က ေသဒဏ္ ခ်မွတ္ခံထားရပါတယ္။
------------------------
(Unicode)
ရွှေဝါရောင်လှုပ်ရှားမှု နှစ်ပတ်လည် ဆန္ဒပြ
ဒီကနေ့ဟာ ၂၀၀၇ ခုနှစ်က သံဃာတော်တွေ ဦးဆောင်လှုပ်ရှားခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေး ၁၄ နှစ် ပြည့်မြောက်တဲ့နေ့ဖြစ်ပြီး မန္တလေးက လမ်းမကြီးပေါ်မှာ သံဃာတော်တွေနဲ့ အများပြည်သူ ပူးပေါင်းပြီး စုဝေး ဆန္ဒပြခဲ့ကြပါတယ်။
ရန်ကုန်မြို့မှာလည်း လူငယ်တချို့ စုပေါင်းပြီး စမ်းချောင်းသပိတ်စစ်ကြောင်းနဲ့ ဆန္ဒပြခဲ့သလို တက်ကြွလှုပ်ရှား ရန်ကုန်အမျိုးသမီးများအဖွဲ့နဲ့ တကသ ကျောင်းသူဟောင်းတွေ ပူးပေါင်းပြီး “စနစ်ဆိုးကို အမြစ်ချိုးမယ့် သူပုန်အမျိုးသမီးသပိတ်” ဆိုတဲ့ခေါင်းစဉ်နဲ့ စစ်အာဏာသိမ်းမှုကို ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
စမ်းချောင်း၊ မြေနီကုန်းအရပ်မှာတော့ ဒီကနေ့မနက်အစောပိုင်း ၁ နာရီကျော်က ပစ်ခတ်သံတချို့ ကြားခဲ့ရပြီး သေဆုံးတာတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ထားပေမယ့် အဖြစ်အပျက် အသေးစိတ်ကို မသိရသေးပါဘူး။
စစ်ကိုင်းတိုင်းက ကလေးမြို့မှာ ရွှေဝါရောင်တော်လှန်ရေး ၁၄ နှစ်ပြည့် အထိမ်းအမှတ်နဲ့အတူ ရက်ပေါင်း ၂၃၀ မြောက် ချီတက်ဆန္ဒပြခဲ့ကြသလို ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြောက်ခြမ်းနဲ့ ယင်းမာပင်အရှေ့ခြမ်း ရွာပေါင်းစုံသပိတ် ၁၉၉ ရက်မြောက် ဆန္ဒပြပွဲ၊ ရွှေဘိုမြို့ ဆန္ဒပြပွဲတွေ ရှိခဲ့ပါတယ်။
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမှာ မြို့နယ်လုံးဆိုင်ရာ အခြေခံပညာ ကျောင်းသားကျောင်းသူတွေရဲ့ သပိတ်စစ်ကြောင်းနဲ့ စစ်အာဏာသိမ်းမှုကို ချီတက်ဆန္ဒပြခဲ့ကြပြီး မွန်ပြည်နယ်၊ ပေါင်မြို့မှာလည်း ဆန္ဒပြခဲ့ပါတယ်။
ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ ရဲက အကြမ်းဖက် ပစ်ခတ် ဖြိုခွဲတာတွေ ဆက်လုပ်နေတဲ့ကြားမှာပဲ ဒေသတချို့မှာ အခုလို ဆန္ဒပြပွဲတွေ ဆက်ရှိနေတာပါ။
အာဏာသိမ်းခဲ့တဲ့နေ့ကနေ ဒီကနေ့အထိဆိုရင် စစ်တပ်နဲ့ ရဲက ပစ်ခတ်ဖြိုခွဲတာ၊ ဖမ်းဆီးထားချိန်အတွင်း သေဆုံးတာ စတာတွေကြောင့် သေဆုံးသူ ၁,၁၂၅ ယောက်ထက်မနည်း ရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီကတော့ ဒီအရေအတွက်ဟာ လုပ်ကြံချဲ့ကားထားတာဖြစ်ပြီး အဲဒီလောက်မများဘူးလို့ တုံ့ပြန်ထားပါတယ်။
AAPP ကထုတ်ပြန်တဲ့ စာရင်းအရ ဒီနေ့အထိ ဖမ်းဆီးခံရသူ အရေအတွက် ၆,၈၀၃ ယောက်ရှိပြီဖြစ်ပြီး ၂၉၃ ယောက် ပြစ်ဒဏ်ချမှတ်ခံထားရပြီးတော့ အဲဒီထဲမှာ ကလေးအရွယ်နှစ်ဦး အပါအဝင် ၂၆ ယောက်က သေဒဏ် ချမှတ်ခံထားရပါတယ်။