သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုလသမဂၢ အေထြေထြ ညီလာခံမွာ ဦးေက်ာ္မိုးထြန္း မိန္႔ခြန္းေျပာမည္မဟုတ္


kyaw moe htun un

ကုလသမဂၢ အေထြေထြ ညီလာခံမွာ ဦးေက်ာ္မိုးထြန္း မိန္႔ခြန္းေျပာမည္မဟုတ္

{{Zawgyi/Unicode}}

အခု နယူးေရာက္ ကုလသမဂၢရံုးခ်ဳပ္မွာ က်င္းပေနတဲ့ ၇၆ ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံမွာ ျမန္မာႏိုင္ငံကိုယ္စားျပဳ သူ မိန္႔ခြန္းေျပာၾကားဖို႔ မရွိဘူးလို႔ ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ရံုး ေျပာခြင့္ရ Stephane Dujarric က ေျပာၾကားခဲ့ေၾကာင္း ႐ိုက္တာသတင္းမွာ ေဖၚျပထားပါတယ္။

လက္ရွိျမန္မာအၿမဲတမ္းကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္းကလည္း ဒီညီလာခံမွာ ျမန္မာကိုယ္စားလွယ္ မိန္႔ခြန္းေျပာၾကားမွာ မဟုတ္ေၾကာင္း ႐ိုက္တာကို ေျပာၾကားခဲ့တယ္လို႔ ဆိုပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့ အရပ္သားအစိုးရက ခန္႔အပ္ထားတဲ့ ကုလဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းဟာ အခု တနလၤာေန႔မွာ ကုလအဖြဲ႔ဝင္ ၁၉၃ ႏိုင္ငံေရွ႕ေမွာက္ မိန္႔ခြန္းေျပာၾကားဖို႔ရွိတယ္လို႔ အေစာပိုင္းကေမွ်ာ္လင့္ေနၾကတာ ျဖစ္ပါတယ္။

ဒီညီလာခံရဲ႕ အဆင့္ျမင့္ကိုယ္စားလွယ္အဆင့္ ေဆြးေႏြးပြဲေတြမွာ ျမန္မာကိုယ္စားလွယ္က မိန္႔ခြန္းမေျပာၾကားသေရြ႕ ကုလသမဂၢ အၿမဲတမ္းကိုယ္စားလွယ္ေနရာမွာ ဦးေက်ာ္မိုးထြန္းဆက္ရွိေနမႈကို ကန္႔ကြက္မွာ မဟုတ္ဖူးလို႔ တ႐ုတ္၊ ႐ုရွားတို႔နဲ႔ အေမရိကန္တို႔ၾကား နားလည္မႈ တခုရရွိခဲ့ေၾကာင္း သံတမန္အသိုင္းဝိ္ုင္းရဲ႕ ေျပာၾကားခ်က္ကို ႐ိုက္တာသတင္းမွာ ေဖၚျပထားပါတယ္။

ဦးေက်ာ္မိုးထြန္းကလည္း တ႐ုတ္၊ ႐ုရွားနဲ႔ အေမရိကန္အပါအဝင္ ကုလသမဂၢ Credential ေကာ္မတီ အဖြဲ႔ဝင္ႏိုင္ငံ တခ်ိဳ႕ၾကား နားလည္မႈရယူထားတာကို သူသိထားေၾကာင္းနဲ႔ အခု ညီလာခံမွာ သူမိန္႔ခြန္းေျပာၾကားမွာမဟုတ္ေၾကာင္း ႐ိုက္တာကို ေျပာၾကားခဲ့တယ္လို႔ ဆိုပါတယ္။

ျမန္မာစစ္ေကာင္စီကေတာ့ ဦးေက်ာ္မိုးထြန္းေနရာအတြက္ စစ္တပ္အရာရွိေဟာင္း ဦးေအာင္သူရိန္ကို အမည္စာရင္းတင္သြင္းထားတာ ျဖစ္ပါတယ္။ ဒါေပမယ့္ အခု ညီလာခံမွာ ဘယ္သူမွ မိန္႔ခြန္းေျပာမွာ မဟုတ္ေၾကာင္း ကုလေျပာခြင့္ရ Dujarric ကေျပာေပမယ့္ တာလီဘန္ေတြ ထိန္းခ်ဳပ္ထားတဲ့ အာဖဂန္နစ္စတန္ ႏိုင္ငံကေတာ့ အရင္အစိုးရခန္႔အပ္ထားသူက မိန္႔ခြန္းေျပာၾကားမွာ ျဖစ္ေၾကာင္း ေျပာပါတယ္။

.................................................​

တိုက္႐ိုက္ လင့္ခ္

ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ဦးကျော်မိုးထွန်း မိန့်ခွန်းပြောမည်မဟုတ်

{{Unicode}}

လက်ရှိမြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကလည်း ဒီညီလာခံမှာ မြန်မာကိုယ်စားလှယ် မိန့်ခွန်းပြောကြားမှာ မဟုတ်ကြောင်း ရိုက်တာကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရက ခန့်အပ်ထားတဲ့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ အခု တနင်္လာနေ့မှာ ကုလအဖွဲ့ဝင် ၁၉၃ နိုင်ငံရှေ့မှောက် မိန့်ခွန်းပြောကြားဖို့ရှိတယ်လို့ အစောပိုင်းကမျှော်လင့်နေကြတာ ဖြစ်ပါတယ်။

ဒီညီလာခံရဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဆင့် ဆွေးနွေးပွဲတွေမှာ မြန်မာကိုယ်စားလှယ်က မိန့်ခွန်းမပြောကြားသရွေ့ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်နေရာမှာ ဦးကျော်မိုးထွန်းဆက်ရှိနေမှုကို ကန့်ကွက်မှာ မဟုတ်ဖူးလို့ တရုတ်၊ ရုရှားတို့နဲ့ အမေရိကန်တို့ကြား နားလည်မှု တခုရရှိခဲ့ကြောင်း သံတမန်အသိုင်းဝိုင်းရဲ့ ပြောကြားချက်ကို ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။

ဦးကျော်မိုးထွန်းကလည်း တရုတ်၊ ရုရှားနဲ့ အမေရိကန်အပါအဝင် ကုလသမဂ္ဂ Credential ကော်မတီ အဖွဲ့ဝင်နိုင်ငံ တချို့ကြား နားလည်မှုရယူထားတာကို သူသိထားကြောင်းနဲ့ အခု ညီလာခံမှာ သူမိန့်ခွန်းပြောကြားမှာမဟုတ်ကြောင်း ရိုက်တာကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာစစ်ကောင်စီကတော့ ဦးကျော်မိုးထွန်းနေရာအတွက် စစ်တပ်အရာရှိဟောင်း ဦးအောင်သူရိန်ကို အမည်စာရင်းတင်သွင်းထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခု ညီလာခံမှာ ဘယ်သူမှ မိန့်ခွန်းပြောမှာ မဟုတ်ကြောင်း ကုလပြောခွင့်ရ Dujarric ကပြောပေမယ့် တာလီဘန်တွေ ထိန်းချုပ်ထားတဲ့ အာဖဂန်နစ်စတန် နိုင်ငံကတော့ အရင်အစိုးရခန့်အပ်ထားသူက မိန့်ခွန်းပြောကြားမှာ ဖြစ်ကြောင်း ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG