သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္တပ္က အစုလိုက္သတ္ျဖတ္မႈစာရင္း ျမန္မာသံအမတ္ႀကီး ကုလထံ တင္ျပ


kani ကနီ

Zawgyi/Unicode

ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းအေနနဲ႔ ျမန္မာစစ္တပ္ရဲ့ အစုလိုက္အၿပံဳလိုက္သတ္ျဖတ္မူေတြကို ကုလအတြင္းေရးမႉးခ်ဳပ္ထံ စာတင္လိုက္ပါတယ္။

စစ္ကိုင္းတိုင္းတဝိုက္က ရြာေတြမွာ ၿပီးခဲ့တဲ့လအတြင္း စစ္တပ္က လူအစုလိုက္ ၫွင္းပမ္း သတ္ျဖတ္တဲ့ျဖစ္ရပ္ေတြ ရွိခဲ့တယ္လို႔ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ကုလအတြင္းေရးမွဴးခ်ဳပ္ Antonio Guterres ထံ မေန႔က စာေရးေပးပို႔ခဲ့ပါတယ္။ ဒီစာကို ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္႐ံုးရဲ႕ Facebook စာမ်က္ႏွာမွာ အခုလ ၃ ရက္ အဂၤါေန႔ ေန႔စြဲနဲ႔ တင္ထားပါတယ္။

ဒီစာထဲမွာ ဇူလိုင္အေစာပိုင္းက ယင္းမာပင္ခရုိင္ရွိ ကနီၿမိဳ႕နယ္က ရြာမွာ စစ္သားေတြက အမ်ိဳးသား ၁၆ ေယာက္ကို ႏွိပ္စက္ၫွင္းပမ္းသတ္ျဖတ္ခဲ့ၿပီး ရြာသား ၁ ေသာင္းေက်ာ္ ထြက္ေျပးတိမ္းေရွာင္ခဲ့ရတယ္လို႔ ေဖာ္ျပထားပါတယ္။

ေနာက္ ဇူလိုင္လကုန္ ေလာက္မွာလည္း ေဒသခံ ျပည္သူ႔ကာကြယ္ေရးအဖြဲ႔ေတြနဲ႔ စစ္ေကာင္စီလုံျခံဳေရးတပ္ဖြဲ႔ေတြၾကား တိုက္ခိုက္မႈေတြ ျဖစ္ခဲ့တဲ့ ဇီးပင္တြင္းရြာအနီးမွာ အေလာင္း ၁၃ ေလာင္း ေတြ႔ရွိရေၾကာင္းလည္း ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ ၾကက္ေခ်ာင္းေတာတိုက္ရြာလည္း မီးရိႈ႕ဖ်က္စီးခံရလို႔ လူ ၁၁ ေယာက္ ေသဆံုးခဲ့ေၾကာင္း သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းရဲ႕ စာမွာ ေဖာ္ျပထားပါတယ္။ခုလို အၾကမ္းဖက္မူေတြရပ္တန္႔ေအာင္ ျမန္မာစစ္တပ္ကို လက္နက္ေရာင္းခ်မႈ ပိတ္ပင္တားဆီးဖို႔နဲ႔ ျမန္မာ့အေရး ၾကား၀င္ကူညီေပးဖို႔၊ ကုလသမဂၢ လံုၿခံဳေရးေကာင္စီနဲ႔ ႏိုင္ငံတကာအသိုင္းအဝိုင္းကို သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက တိုက္တြန္း ေတာင္းဆိုထားပါတယ္။

ျမန္မာစစ္တပ္ရဲ႕ တရားမဲ့လုပ္ရပ္ေတြ၊ သတ္ျဖတ္မႈေတြနဲ႔ ဖမ္းဆီးအေရးယူမႈေတြ ရပ္တန္႔မယ့္အေျခအေန မေတြ႔ရေသးတာမို႔၊ အခုခ်ိန္ဟာ ျမန္မာအေပၚ ခိုင္မာတဲ့ဆံုးျဖတ္ခ်က္ အျမန္ဆံုး ခ်မွတ္ရမဲ့ အခ်ိန္ေရာက္ေနၿပီလို႔လည္း၊ ဦးေက်ာ္မိုးထြန္းရဲ့စာထဲမွာ တိုက္တြန္းထားပါတယ္ ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

-------

Zawgyi/Unicode

စစ်တပ်က အစုလိုက်သတ်ဖြတ်မှုစာရင်း မြန်မာသံအမတ်ကြီး ကုလထံ တင်ပြ

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအနေနဲ့ မြန်မာစစ်တပ်ရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မူတွေကို ကုလအတွင်းရေးမှူးချုပ်ထံ စာတင်လိုက်ပါတယ်။

စစ်ကိုင်းတိုင်းတဝိုက်က ရွာတွေမှာ ပြီးခဲ့တဲ့လအတွင်း စစ်တပ်က လူအစုလိုက် ညှင်းပမ်း သတ်ဖြတ်တဲ့ဖြစ်ရပ်တွေ ရှိခဲ့တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလအတွင်းရေးမှူးချုပ် Antonio Guterres ထံ မနေ့က စာရေးပေးပို့ခဲ့ပါတယ်။ဒီစာကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးရဲ့ Facebook စာမျက်နှာမှာ အခုလ ၃ ရက် အင်္ဂါနေ့ နေ့စွဲနဲ့ တင်ထားပါတယ်။

ဒီစာထဲမှာ ဇူလိုင်အစောပိုင်းက ယင်းမာပင်ခရိုင်ရှိ ကနီမြို့နယ်က ရွာမှာ စစ်သားတွေက အမျိုးသား ၁၆ ယောက်ကို နှိပ်စက်ညှင်းပမ်းသတ်ဖြတ်ခဲ့ပြီး ရွာသား ၁ သောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

နောက် ဇူလိုင်လကုန် လောက်မှာလည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့တွေကြား တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့ ဇီးပင်တွင်းရွာအနီးမှာ အလောင်း ၁၃ လောင်း တွေ့ရှိရကြောင်းလည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ကြက်ချောင်းတောတိုက်ရွာလည်း မီးရှို့ဖျက်စီးခံရလို့ လူ ၁၁ ယောက် သေဆုံးခဲ့ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ စာမှာ ဖော်ပြထားပါတယ်။ခုလို အကြမ်းဖက်မူတွေရပ်တန့်အောင် မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှု ပိတ်ပင်တားဆီးဖို့နဲ့ မြန်မာ့အရေး ကြားဝင်ကူညီပေးဖို့၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း တောင်းဆိုထားပါတယ်။

မြန်မာစစ်တပ်ရဲ့ တရားမဲ့လုပ်ရပ်တွေ၊ သတ်ဖြတ်မှုတွေနဲ့ ဖမ်းဆီးအရေးယူမှုတွေ ရပ်တန့်မယ့်အခြေအနေ မတွေ့ရသေးတာမို့၊ အခုချိန်ဟာ မြန်မာအပေါ် ခိုင်မာတဲ့ဆုံးဖြတ်ချက် အမြန်ဆုံး ချမှတ်ရမဲ့ အချိန်ရောက်နေပြီလို့လည်း၊ ဦးကျော်မိုးထွန်းရဲ့စာထဲမှာ တိုက်တွန်းထားပါတယ် ခင်ဗျာ။

#MilitaryCoup#PDF#Attack#Saging#ယင်းမာပင်ကနီစစ်ကိုင်း#KyawMoeHtun

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG