သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီနဲ့ စာနာမှုကူညီရေး ကန်အရာရှိ NUG နဲ့ဆွေးနွေး


ဒီမိုကရေစီနဲ့ စာနာမှုကူညီရေး ကန်အရာရှိ NUG နဲ့ဆွေးနွေး
ဒီမိုကရေစီနဲ့ စာနာမှုကူညီရေး ကန်အရာရှိ NUG နဲ့ဆွေးနွေး

{{Zawgyi/Unicode}}

အမေရိကန်ပြည်ထောင်စု ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Mr. Derek Chollet က မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည်ထွန်းကားရေး နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး၊ ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေးထိုးဖို့ အကူအညီပေးရေးတို့ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတန်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း အပါအဝင် အမျိုးသား ညီညွတ်ရေးအစိုးရ NUG အဖွဲ့ဝင်တွေနဲ့ မနေ့မနက်က ဆွေးနွေးခဲ့ပါတယ်။ ဒီအကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတန်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း ကို မေးမြန်းပြီး ကိုခင်မောင်စိုးမင်း က စုစည်းတင်ပြပေးပါမယ်။

အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Mr. Derek Chollet က မြန်မာနိုင်ငံ ဒီမိုကရေစီရေး၊ တရားဥပဒေစိုးမိုးရေး နဲ့ ဘာသာအားလုံး ၊ တိုင်းရင်းသားအားလုံး အပါအဝင် လူအခွင့်အရေးကိစ္စတွေကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ဆွေးနွေးခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမြဲတန်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း က ပြောပါတယ်။ဒါအပြင် လူသားချင်းဆိုင်ရာ အကူအညီတွေ နဲ့ ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေးတွေဖြန်ဖြူးလုပ်ဆောင်ဖို့အတွက်တွေ ဆွေးနွေးခဲ့တယ်လို့ သူကပြောပါတယ်။

"အသေးစိတ်ကတော့ သက်ဆိုင်ရာဌာနတွေမှာ ဆွေးနွေးရမှာပေါ့နော်။ မူပိုင်းသဘောဆွေးနွေးတာပါ။ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးတို့နဲ့ ပတ်သက်ပြီးတော့ လိုအပ်တာတွေ နောက်ပြီးတော့ ကိုဗစ် ကာကွယ်ဆေးနဲ့ ပတ်သက်ပြီးတော့ ဆေးထိုးရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ အကူအညီပေးမယ့်ကိစ္စ။ ဆေးထိုးမယ်ဆိုရင်လည်း အဓိက EAO တိုင်းရင်းသားလက်နက်ကိုင်တွေနယ်မြေမှာ ထိထိရောက်ရောက်ထိုးပေးနိုင်ရေးကိစ္စဆွေးနွေးတာရှိပါတယ်။ လူသားချင်းစာနာမှုနဲ့ ပတ်သက်ပြီး နယ်စပ်ဖြတ်ကျော်အကူညီပေးရေးကိစ္စကိုလည်း ဆွေးနွေးခဲ့ပါတယ်"။

အဲဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေ နဲ့ ပတ်သက်လို့တော့ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း က အွန်လိုင်းကနေ ပါဝင်ရှင်းပြခဲ့တယ်လို့ ဦးကျော်မိုးထွန်း ကပြောပါတယ်။
ဦးကျော်မိုးထွန်း အနေနဲ့ အမေရိကန် နိုင်ငံခြားရေးဌာန အတိုင်ပင်ခံရဲ့ အားပေးထောက်ခံမှုအပေါ်မှာ ဘယ်လို သဘောထားမှတ်ချက်ပေးချင်ပါသလဲ"။

"အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အတိုင်ပင်ခံဆိုတာ ဘာပဲပြောပြော မူဝါဒချမှတ်တဲ့အခါမှာ သူရဲ့ အခန်းကဏဏ္ဍက အများကြီးအရေးပါပါတယ်။ အခုလိုမျိုး ကွန်ပြူတာအွန်လိုင်းနဲ့ရော လူကိုယ်တိုင်ရောတွေ့တာက အရမ်းကောင်းပါတယ်။ ကျနော်တို့ပြောနေကြတဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကို လက်ခံတွေ့တာ အသိအမှတ်ပြုတာ အားပေးတာ ဘာသာရပ်တွေနဲ့ ပတ်သက်ပြီးတော့ အမြင်ချင်းဖလှယ်တာ ဆွေးနွေးတာ ကျနော်တို့ သဘောထားတွေမေးတာ ။ နောက်ပြီး သူတို့ကူညီနိုင်တာတွေပြောတာတွေဟာ တကယ်ကို ကျနော်တို့နိုင်ငံအတွက် ပြည်သူတွေအတွက် အားရစရာတခုလို့ ကျနော်သုံးသပ်ပါတယ်ခင်ဗျ"

နယူးယောက်မြို့က ဟော်တယ်တခုမှာ မနေ့မနက် ၇နာရီခွဲလောက်က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံDerek Chollet နဲ့ အတူ အရှေ့အာရှဆိုင်ရာဌာနက အရာရှိတဦးလည်းပါဝင်ပြီး အမျိုးသား ညီညွတ်ရေးအစိုးရ NUG ဖက်က ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ် ဦးကျော်မိုးထွန်း နဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦး တို့က လူကိုယ်တိုင်တွေ့ဆုံပါဝင်ကြပါတယ်။ ကျန်တဲ့ NUG ရဲ့ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ၊ လူအခွင့်အရေးဝန်ကြီးဌာန အကြံပေးအဖွဲ့ဝင် ဦးအောင်ကျော်မိုး တို့ က ကွန်ပြူတာ အွန်လိုင်းကနေ ပါဝင်ဆွေးနွေးကြပါတယ်။


အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Mr. Derek Chollet က အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ဦးဆောင်မှုအခန်းကဏဏ္ဍ နဲ့မြန်မာစစ်ကောင်စီ ရဲ့ ကြမ်းကြုတ်ရက်စက်ဖိနိုပ်မှုအောက်ကနေ ပြည်သူတွေလွတ်မြောက်မှုအတွက် လုပ်ဆောင်နေတာကို တန်ဖိုးထား အသိအမှတ်ပြုပါကြောင်းလည်း မနေ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။ ဒါအပြင် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းအတိုင်း ငြိမ်းချမ်းစွာ လျှောက်လှမ်းဖို့အတွက် အမေရိကန် ပြည်ထောင်စု အနေနဲ့ မယိမ်းမယိုင်ပဲ ဆက်လက်ထောက်ခံသွားမှာဖြစ်တယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဌာန အတိုင်ပင်ခံက ပြောကြောင်းလည်း ဖော်ပြထားပါတယ်။

..................................

တိုက်ရိုက် လင့်ခ်

{{Unicode}}









XS
SM
MD
LG