သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NCGUB နဲ႔ NUG တို႔အေပၚ ႏိုင္ငံတကာသေဘာထား ဘာကြာသလဲ


Bo Hla-Tint, the exiled government's Minister of Foreign Affairs and member of the National League in Myanmar speaks in a news conference in Indonesia's Human Rights Commission office in Jakarta Bo Hla-Tint (L), the exiled government's Minister of Foreign
NCGUB နဲ႔ NUG တို႔အေပၚ ႏိုင္ငံတကာသေဘာထား ဘာကြာသလဲ
please wait

No media source currently available

0:00 0:11:19 0:00
တိုက္႐ိုက္ လင့္ခ္

လက္ရွိ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) အေပၚ ႏိုင္ငံတကာအေလးထားမႈနဲ႔ ရွစ္ေလးလုံးအေရးေတာ္ပုံ ေနာက္ပိုင္း ေပၚထြတ္ခဲ့တဲ့ ျပည္ေထာင္စုျမန္မာႏိုင္ငံ အမ်ိဳးသားၫႊန႔္ေပါင္းအစိုးရ (NCGUB) တို႔ အေပၚ အေလးထားမႈတို႔ ဘယ္လိုကြာျခားပါသလဲ။ ဘာေၾကာင့္ပါလဲ။ အခုအခါမွာ ျမန္မာ့ဒီမိုကေရစီအေရးအတြက္ ႏိုင္ငံတကာက ပိုၿပီးထိထိေရာက္ေရာက္ ကူညီပံ့ပိုးေနပါသလား။ NCGUB အစိုးရရဲ ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ ေဆာင္႐ြက္ခဲ့သူ ဦးဘိုလွတင့္နဲ႔ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ ပထမဦးဆံုး ႏိႈင္းယွဥ္ျပေစခ်င္တာက ဦးဘိုလွတင့္တို႔ တာဝန္ယူခဲ့တဲ့ NCGUB လက္ထက္က အေျခအေနနဲ႔ အခု NUG ရင္ဆိုင္ေနရတဲ့ အေျခအေနမွာ အခုအခါ ႏိုင္ငံတကာက ပိုၿပီးေတာ့ အာရံုစူးစိုက္မႈ ရိွလာတယ္ဆိုရင္ မွန္ပါသလား။ ဘာေၾကာင့္လို႔ ထင္ပါသလဲ။

ေျဖ ။ ။ မွန္ပါတယ္။ အရင္တုန္းကေတာ့ ႏုိင္ငံတကာ အာရံုစူးစိုက္မႈ ရိွတယ္ဆိုေပမယ့္ ပါဝင္ပတ္သက္ဖို႔ တုန္႔ဆုတ္မႈက ပိုၿပီးေတာ့ မ်ားတယ္လို႔ ေျပာလုိ႔ရပါတယ္။ အခုကေတာ့ ျပည္တြင္းအေျခအေန၊ ေခတ္အေျခအေနေတြ ေျပာင္းသြားတယ္။ နည္းပညာေတြလည္း တိုးတက္လာတယ္။ ျမန္မာႏိုင္ငံအတြင္းမွာ ျဖစ္ပ်က္ခဲ့တဲ့ ဆုိးဝါးတဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ၊ စစ္တပ္က အင္အားအလြန္သံုးၿပီးေတာ့ ဖိႏိွပ္ၿဖိဳခြင္းေနတာေတြ၊ သတ္ျဖတ္ေနတာေတြကို ႏုိင္ငံတကာက သိရိွေနေတာ့ က်ေနာ္တို႔ေခတ္ကထက္စာရင္ အခုေခတ္ အမ်ဳိးသားညီညႊတ္ေရးအစိုးရ (NUG) နဲ႔ ပတ္သက္လို႔ ျမန္မာတႏိုင္ငံလံုးရဲ ႔ အေနအထားအားလံုးနဲ႔ ပတ္သက္လုိ႔ ႏိုင္ငံတကာရဲ ႔ အာရံုစိုက္မႈနဲ႔ စိတ္ဝင္စားမႈတို႔က ပိုၿပီးေတာ့မ်ားတယ္လုိ႔ ေျပာႏုိင္ပါတယ္။

ေမး ။ ။ အာရံုစိုက္မႈနဲ႔ စိတ္ဝင္စားမႈ ပိုမ်ားတယ္ဆိုတာဟာ ဒီမိုကေရစီေရး လႈပ္ရွားတဲ့ဘက္ကို တနည္းအားျဖင့္ NUG အစိုးရဘက္ကို ပိုၿပီးေတာ့ အေလးေပးလာၾကတယ္။ ပိုၿပီးေတာ့ သူတုိ႔ကို ကူညီပံ့ပိုးလာၾကတယ္ဆုိတဲ့ အဓိပၸါယ္မ်ဳိးလား။

ေျဖ ။ ။ မွန္ပါတယ္။ ဒါကလဲ NUG က ျပည္သူလူထုက ၂၀၂၀ ေရြးေကာက္ပြဲကေနတဆင့္ ေရြးခ်ယ္တင္ေျမွာက္ထားတဲ့ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ဖြဲ႔စည္းထားတဲ့ အစိုးရ ျဖစ္တယ္။ Legitimate Government - ေနာက္တေၾကာင္းက ႏိုင္ငံတကာက ၂၀၂၀ ေရြးေကာက္ပြဲေပၚ အာရံုစိုက္ေနတဲ့အခ်ိန္မွာ ရုတ္တရက္ အာဏာသိမ္းလိုက္တဲ့ စစ္ေကာင္စီရဲ ႔ အားနည္းညံ့ဖ်င္းမႈေတြေၾကာင့္လို႔ က်ေနာ္တုိ႔ သံုးသပ္ႏုိင္ပါတယ္။

ေမး ။ ။ ဒါေပမဲ့ ႏိုင္ငံတကာက သူတုိ႔ကို ပိုၿပီးေတာ့ အာရံုစူးစိုက္တယ္။ ပိုၿပီးေတာ့ အားေပးမႈ ရိွတယ္ဆိုေပမယ့္လဲ အခုပဲ က်င္းပေနတဲ့ ကုလသမဂၢ အေထြေထြညီလာခံမွာ NUG ကို ျပတ္ျပတ္သားသား ေထာက္ခံတဲ့ သေဘာထားကို မေတြ႔ရေသးဘူးလို႔ ေျပာရမယ္ ထင္ပါတယ္။ NUG က ေရြးခ်ယ္ထားတဲ့ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို တက္ေရာက္ခြင့္ေတာ့ေပးေသာ္လဲ ပါဝင္ေဆြးေႏြးခြင့္ေတြ၊ ေျပာၾကားခြင့္ေတြ ေပးမထားေသးေတာ့ အားရေလာက္တဲ့ ကူညီအားေပးမႈေကာ ျဖစ္ပါရဲ ႔လား။

ေျဖ ။ ။ အဲဒါကေတာ့ အင္မတန္မွ ခန္႔မွန္းရခက္တဲ့ အေနအထားမ်ဳိးပါ။ အခုနေျပာသလို ႏိုင္ငံတကာရဲ ႔ စာနာေထာက္ထားမႈနဲ႔ သိၾကရမွာကေတာ့ တိုင္းျပည္ရဲ ႔ နယ္ေျမေဒသေတြကို စိုးမိုးထားတဲ့ စစ္ေကာင္စီနဲ႔ ဘယ္ေလာက္အထိ က်ေနာ္တုိ႔ ကင္းကြာၿပီးေတာ့ ဆက္ဆံႏုိင္သလဲ။ သူတို႔ကို အထီးက်န္ျဖစ္ေအာင္ လုပ္ျခင္းအားျဖင့္ ကုလသမဂၢအေနနဲ႔ ဒါက ႏုိင္ငံတကာ သံတမန္ေရးရာ မ်က္ႏွာစာမွာ ဘယ္လိုအားနည္းခ်က္၊ အားသာခ်က္ေတြ ျဖစ္လာမလဲ။ အဲဒီအတြက္ ႏုိင္ငံတကာမိသားစုက ဘယ္ေလာက္အထိ တာဝန္ေကာ ခံႏုိင္မလဲဆိုတဲ့ အေနအထားေတြေပၚမွာ အမ်ားႀကီးထည့္သြင္းစဥ္းစားရမယ္လို႔ ျမင္ပါတယ္။

ေမး ။ ။ ေနာက္တခု ႏိႈင္းယွဥ္ၾကည့္ခ်င္တာက ဦးဘိုတိုိ႔ NCUGB အစိုးရဟာ အေမရိကန္ျပည္ေထာင္စုမွာ အေျခစိုက္ခဲ့ပါတယ္။ အေမရိကန္ျပည္ေထာင္စုက လက္ခံခဲ့တယ္။ ဦးဘိုလည္း ဒီမွာပဲေနၿပီးေတာ့ သတင္းစာရွင္းလင္းပြဲေတြလုပ္တာ က်ေနာ္တုိ႔ကိုယ္တိုင္ တက္ေရာက္ၿပီးေတာ့ သတင္းယူခဲ့တာ ရိွခဲ့ပါတယ္။ ေနာက္ၿပီးေတာ့ က်ေနာ္မွတ္မိတာ မွန္မယ္ဆိုရင္ အေရွ ႔တီေမာလ္လြတ္လပ္ေရးရၿပီးခါစ တီေမာလ္ႏုိင္ငံကလည္း သူတုိ႔ဆီမွာလာၿပီးေတာ့ ရံုးထိုင္ဖို႔ ဖိတ္ေခၚခဲ့ဖူးတယ္လို႔ က်ေနာ္ ၾကားဖူးပါတယ္။ ဆိုေတာ့ အခုလက္ရိွ NUG အစိုးရကို သက္ဆိုင္ရာ ႏုိင္ငံတခ်ဳိ ႔က အဲဒီလို ဖိတ္ေခၚကမ္းလွမ္းမႈမ်ား ရိွတယ္လုိ႔ ၾကားမိပါသလား။

ေျဖ ။ ။ အဲဒီအဆင့္အထိေတာ့ မၾကားမိေသးပါဘူး။ အားလံုးၾကားသိတဲ့အတိုင္း ႏိုင္ငံ (၅) ခုေလာက္ကေတာ့ NUG အစိုးရရဲ ႔ ကိုယ္စားလွယ္ေတြကို တရားဝင္အသိအမွတ္ျပဳၿပီးေတာ့ လႈပ္ရွားေဆာင္ရြက္ပိုင္ခြင့္ ရံုးဖြင့္ပိုင္ခြင့္ေတြ ေပးထားတာ ေတြ႔ရပါတယ္။ ထူးျခားခ်က္ကေတာ့ ေတာင္ကိုရီးယားႏုိင္ငံအေနနဲ႔ အာရွပစီၥဖိတ္ေဒသမွာ ပထမဦးဆံုး တိုင္းျပည္တျပည္အေနနဲ႔ ထိထိေရာက္ေရာက္ ကိုယ္စားလွယ္ခန္႔အပ္တာလည္း ခြင့္ျပဳထားတယ္။ ရံုးလုပ္ငန္းေတြ ေဆာင္ရြက္ဖို႔လည္း ဒီဟာကို အဘက္ဘက္မွ ဝိုင္းဝန္းပံ့ပိုးေနတယ္ဆိုတဲ့ အေနအထားမ်ဳိးေတြေတာ့ ေတြ႔ရိွရပါတယ္။ သို႔ေသာ္ အဲဒီလို ကိုယ္စားလွယ္အဖြဲ႔နဲ႔ ဆက္ဆံတယ္ဆိုေပမယ့္လို႔ ဒါဟာ တရားဝင္ အသိအမွတ္ျပဳမႈဆိုတာမ်ဳိးနဲ႔ေတာ့ တခါတည္းေျပာလို႔ မရႏုိင္ပါဘူး။

ေမး ။ ။ ဆိုေတာ့ NCGUB ကိုေရာ အေမရိကန္ျပည္ေထာင္စုက လက္ခံခဲ့တာ ဘယ္လိုပံုစံမ်ဳိးနဲ႔ လက္ခံခဲ့တာပါလဲ။ အခု ေတာင္ကိုရီးယားက NUG ကို ကမ္းလွမ္းတဲ့ ပံုစံမ်ဳိးနဲ႔ ကြဲလြဲပါသလား။ အဲဒါထက္သာပါသလား။ အဆင့္အတန္းက။

ေျဖ ။ ။ အမွန္ကေတာ့ က်ေနာ္တုိ႔ေခတ္တုန္းကေတာ့ အေမရိကန္အစိုးရနဲ႔ ညိွႏိႈင္းတဲ့အခါမွာ က်ေနာ္တို႔ကိုယ္တိုင္ကိုယ္က တရားဝင္အသိအမွတ္ျပဳမႈကို ႀကိဳးပမ္းခဲ့ၾကတာ မဟုတ္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ အားလံုးသိၾကတဲ့အတိုင္း က်ေနာ္တို႔ေခတ္တုန္းကေတာ့ က်ေနာ္တုိ႔ရဲ ႔ ႏုိင္ငံေရးအရ အျမင့္ဆံုးပန္းတိုင္က စစ္မွန္တဲ့ တုိင္းရင္းသားကိုယ္စားလွယ္ေတြ၊ ေဒၚေအာင္ဆန္္းစုၾကည္ ဦးေဆာင္တဲ့ ဒီမိုကေရစီအင္အားစုေတြနဲ႔ စစ္တပ္ေခါင္းေဆာင္ေတြ ပြင့္လင္းၿပီး လြတ္လပ္တဲ့ ေတြ႔ဆံုေဆြးေႏြးပြဲေတြကေန ႏုိင္ငံေရးအရ အေျဖရွာဖို႔ ႀကိဳးပမ္းခဲ့ၾကတာဆိုေတာ့ အဲဒီအခ်ိန္တုန္းက က်ေနာ္တုိ႔က ဒီတုိင္းျပည္ကို ကိုယ္စားျပဳၿပီးေတာ့ စီမံခန္႔ခြဲအုပ္ခ်ဳပ္ပိုင္ခြင့္ ရိွတယ္လို႔ဆိုတဲ့ဟာမ်ဳိးကို ႀကိဳးပမ္းခဲ့ၾကတာ မဟုတ္ပါဘူး။ အဲဒီေတာ့ က်ေနာ္တုိ႔ကို အသိအမွတ္္ျပဳတယ္ဆိုတာကလဲ ျပည္သူလူထုရဲ ႔ တရားဝင္ကိုယ္စားလွယ္ေတြအေနနဲ႔ အသိအမွတ္ျပဳခဲ့တာ ျဖစ္ပါတယ္။

ေမး ။ ။ ဘာေၾကာင့္ ဒီေမးခြန္းကို ေမးသလဲဆိုေတာ့ ပရိသတ္တခ်ဳိ ႔က ေျပာၾကတယ္။ အေမရိကန္ျပည္ေထာင္စုက ဒီမိုကေရစီအေရးကို ပါးစပ္ကေျပာတယ္။ ပါးစပ္ကေျပာတာကိုပဲ ၾကားေနရၿပီးေတာ့့ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီးေတာ့ အေမရိကန္ႏုိင္ငံက ထိထိေရာက္ေရာက္ လက္ေတြ႔ကူညီတာ မရိွဘူး၊ အေျပာသာ ရိွတယ္လို႔ ေျပာေနၾကလို႔ က်ေနာ္က ဒီေမးခြန္းကို ေမးရျခင္း ျဖစ္ပါတယ္။ အဲဒီစကားကို ဦးဘိုက ဘာမ်ားျပန္ေျပာခ်င္ပါလဲ။

ေျဖ ။ ။ ဒါကေတာ့ က်ေနာ္တို႔ ႏွစ္ပိုင္းသံုးသပ္ရမွာ ျဖစ္ပါတယ္။ က်ေနာ္တုိ႔ အမ်ဳိးသားညီညႊတ္ေရးအစိုးရအေနနဲ႔ အေမရိကန္အစိုးရနဲ႔ ပတ္သက္ၿပီးေတာ့ က်ေနာ္တုိ႔ ႀကိဳးပမ္းေဆာင္ရြက္တဲ့အခါမွာ ဘယ္ေလာက္နီးစပ္တဲ့၊ ဘယ္ေလာက္အဆင့္ျမင့္တဲ့ ထိဆက္တဲ့ ရရိွေအာင္ ေဆာင္ရြက္ထားႏုိင္သလဲဆိုတဲ့ ေမးခြန္းေပၚမွာ မူတည္ပါတယ္။ က်ေနာ္တို႔ဘက္က တကယ့္ရင္းႏီွးေအာင္ ဥပမာအားျဖင့္ အနည္းဆံုး အေမရိကန္ႏုိင္ငံေရးအရ ၾကည့္မယ္ဆိုခဲ့လို႔ရိွရင္ Asia-Pacific ေရးရာ ႏုိင္ငံျခားေရးဝန္ႀကီး၊ လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီးေလာက္အဆင့္ကို အခ်ိန္္မေရြးေတြ႔ၿပီးေတာ့ ေျပာႏုိင္တယ္။ အဲဒီလိုအေနအထားမ်ဳိးကေန ကိုယ္ေျပာလိုက္တဲ့ဟာက အိမ္ျဖဴေတာ္ကိုျဖစ္ေစ၊ ႏုိင္ငံျခားေရးဝန္ႀကီးဆီကို တုိက္ရိုက္ျဖစ္ေစ အေရးႀကီးရင္း ႀကီးသလို ေရာက္သြားႏုိင္တဲ့အဆင့္ေလာက္အထိ က်ေနာ္တုိ႔ တည္ေဆာက္ထားႏုိင္ဖို႔ လိုအပ္ပါတယ္။ သူတုိ႔လႈပ္ရွားမႈတုိင္းမွာလည္း အဲဒီလို ကိုယ့္ရဲ ႔အဓိကမဟာမိတ္ႏုိင္ငံေတြနဲ႔ ထဲထဲဝင္ဝင္ မဟာဗ်ဴဟာ၊ နည္းဗ်ဴဟာက်က် ေဆြးေႏြးညိွႏိႈင္းမႈေတြ ဘယ္ေလာက္အထိ လုပ္ႏုိင္ခဲ့သလဲဆိုတဲ့အေပၚ မူတည္ပါတယ္။ အဲဒီလို ေဆာင္ရြက္ထားႏုိင္တာမ်ဳိး မရိွဘဲနဲ႔ က်ေနာ္တုိ႔က အေမရိကန္ျပည္ေထာင္စုကျဖစ္ေစ၊ ဥေရာပသမဂၢႏုိင္ငံေတြကျဖစ္ေစ တစံုတရာ ထိထိေရာက္ေရာက္ ေဆာင္ရြက္ေပးဖို႔ဆိုတဲ့ဟာကေတာ့ သိပ္ၿပီးေတာ့ တရားတဲ့ေမွ်ာ္လင့္ခ်က္လို႔ ေျပာလို႔မရပါဘူး။

ေမး ။ ။ NUG ဘက္က စၿပီးေတာ့ Pro-active ျဖစ္ရမယ္ဆိုတဲ့သေဘာေပါ့။

ေျဖ ။ ။ မွန္ပါတယ္။ ႏိုင္ငံတကာ မ်က္ႏွာသာမွာ လိုအပ္တဲ့ ႏုိင္ငံတကာမဟာမိတ္ေတြကို ထိထိေရာက္ေရာက္ က်ေနာ္တို႔ စည္းရံုးေဆာင္ရြက္သြားဖို႔က အင္မတန္အေရးႀကီးပါတယ္။ ႏုိင္ငံတကာ၊ အေမရိကန္ျပည္ေထာင္စုက ဒီမိုကေရစီႏုိင္ငံပဲ၊ ဥေရာပသမဂၢႏုိင္ငံေတြကလည္း ဒီမိုကေရစီႏုိင္ငံေတြပဲ။ သူတို႔က လူ႔အခြင့္အေရးနဲ႔ ပတ္သက္လို႔ တက္ၾကြၾကတဲ့ ျမန္မာႏုိင္ငံအေနအထားနဲ႔ ပတ္သက္လို႔ ပါးစပ္ကေန ေထာက္ခံၾကတယ္ဆိုေပမယ့္ အဲဒီေထာက္ခံမႈနဲ႔ စာနာေထာက္ထားမႈေတြ အေျခခံေပၚမွာ ပိုၿပီးေတာ့ ခိုင္မာတဲ့ ဆက္သြယ္ခ်က္ေတြ ျဖစ္လာေအာင္ ႀကိဳးစားဖို႔ကေတာ့ က်ေနာ္တို႔ရဲ ႔ တာဝန္ေတြျဖစ္တယ္လို႔ ျမင္ပါတယ္။

ေမး ။ ။ က်ေနာ္ ေနာက္ဆံုးေမးခ်င္တဲ့ ႏုိင္ငံတခုကေတာ့ တရုတ္ႏုိင္ငံပါ။ တရုတ္ႏုိင္ငံဟာ အခုျမန္မာႏုိင္ငံအေရးနဲ႔ ပတ္သက္ၿပီးေတာ့ ေလသံေျပာင္းတယ္။ ဒီအေရးမွာ သူ႔ရဲ ႔ရပ္တည္မႈက တဘက္သတ္မဆန္ဘူးလို႔ တြက္ၾကပါတယ္။ ဦးဘိုရဲ ႔အျမင္ ဘယ္လိုသေဘာရပါသလဲ။ တရုတ္ရဲ ႔သေဘာ တကယ္ပဲ ေျပာင္းလာပါသလား။ ျမန္မာႏုိင္ငံအေပၚမွာ။ ဘာေၾကာင့္လို႔ ထင္ပါသလဲ။

ေျဖ ။ ။ တကယ္တမ္းေတာ့ တရုတ္ကေတာ့ က်ေနာ္တို႔တုိင္းျပည္အေရးနဲ႔ ပတ္သက္လာလို႔ရိွရင္ သူကေတာ့ ပြင့္ပြင့္လင္းလင္း သံုးသပ္ေျပာရမယ္ဆိုရင္ေတာ့ ျမင္းပြဲေလာင္းတဲ့နည္းနဲ႔ ခ်ဥ္းကပ္တယ္လို႔ပဲ ျမင္ပါတယ္။ ပထမေတာ့ စစ္အုပ္စုကို စစ္ေကာင္စီကို လက္နက္ေတြေရာင္းတယ္။ ေငြေတြေခ်းတယ္။ တျခားဖိအားေပးမႈေတြ၊ တိုင္းရင္းသားအင္အားစုေတြ အထူးသျဖင့္ ကခ်င္အမ်ဳိးသားလြတ္ေျမာက္ေရးတပ္မေတာ္ KIA ေပၚ ဖိအားေတြအမ်ဳိးမ်ဳိး ေပးခဲ့တယ္ဆိုတာလဲ အားလံုးအသိပဲ ျဖစ္ပါတယ္။ အဲဒီေတာ့ တရုတ္ေပၚလစီနဲ႔ ပတ္သက္ရင္ တရုတ္ကေတာ့ ႏွစ္ဘက္ခြၿပီးေတာ့ ကစားေနတဲ့ပံုစံလို႔ပဲ သံုးသပ္မိပါတယ္။ တရုတ္က တကယ္တမ္း ျမန္မာႏုိင္ငံမွာ ဒီမိုကေရစီအေရး အေျပာင္းအလဲ၊ ဒါမွမဟုတ္ ျပည္သူလူထုရဲ ႔ ဆႏၵနဲ႔ ကိုက္ညီတဲ့ အေျပာင္းအလဲတခုကို ျဖစ္ေစခ်င္တယ္ဆိုရင္ ဒီထက္ပိုၿပီးေတာ့ Pro-active ျဖစ္ႏုိင္တဲ့၊ တက္တက္ၾကြၾကြ ေဆာင္ရြက္ေပးႏိုင္တဲ့ အင္အားမ်ဳိး၊ အေနအထားမ်ဳိး တရုတ္ႏုိင္ငံမွာ ရိွပါတယ္။ ဒါေပမဲ့ အဲဒီဆႏၵဟာ ဒီေန႔ဒီအခ်ိန္အထိေတာ့ ေပၚလြင္လာၿပီးလို႔ က်ေနာ္တုိ႔ သံုးသပ္လုိ႔ မရႏုိင္ေသးဘူးလို႔ ထင္ပါတယ္။

ေမး ။ ။ ေနာက္ဆံုးေမးခ်င္တာက အာဆီယံပါ။ ႏွစ္ဘက္စလံုးေျပလည္ေအာင္ ညိွႏိႈင္းၾကပါဆိုၿပီး ဦးေဆာင္ေျပာဖို႔က သူ႔ပခံုးေပၚမွာ။ ႏုိင္ငံတကာက တြန္းေနၾကတာ။ အေမရိကန္၊ အေနာက္ႏုိင္ငံေတြ၊ ဥေရာပႏုိင္ငံေတြ၊ တရုတ္တိုိ႔က ဒီလိုေျပာေနၾကေတာ့ အာဆီယံရဲ ႔ အခန္းက႑က လူေတြတြန္းေပးသေလာက္ ျဖစ္ပါ့မလား။

ေျဖ ။ ။ အာဆီယံရဲ ႔ စုဖြဲ႔မႈ၊ ဖြဲ႔စည္းပံုနဲ႔ အေျခခံစည္းမ်ဥ္းသေဘာထားေတြကို ၾကည့္မယ္ဆိုရင္ အားလံုးသိၾကတဲ့အတိုင္း Consensus Policy အဖြဲ႔ဝင္ႏုိင္ငံ (၁၀) ႏိုင္ငံရိွရင္ (၁၀) ႏုိင္ငံလံုးက ကန္႔ကြက္သူမရိွ၊ သေဘာတူမွသာလွ်င္ ဆံုးျဖတ္ခ်က္တရပ္ကို ခ်ႏုိင္တယ္။ အဲဒီဆံုးျဖတ္ခ်က္အတိုင္းလည္း ေဆာင္ရြက္သြားႏုိင္တယ္။ သို႔ေသာ္ အဲဒီအဖြဲ႔ဝင္ႏုိင္ငံေတြထဲမွာ ျမန္မာႏုိင္ငံက တႏိုင္ငံပါဝင္ေနေတာ့ ျမန္မာႏုိင္ငံရဲ ႔သေဘာထားကို ဘယ္သူက ေပးမလဲဆိုတာ အာဆီယံမွာ ေရြးခ်ယ္ဆံုးျဖတ္ႏုိင္မယ့္အင္အား မရိွဘူးလို႔ သံုးသပ္ပါတယ္။ အဲဒါကို အာဆီယံပခံုးေပၚ ေျပာင္းလဲေပးလိုက္တယ္ဆိုတာကိုက ႏုိင္ငံတကာက ေခါင္းေရွာင္ျခင္းလို႔ တရုတ္နဲ႔ ထိပ္တိုက္ရင္ဆိုင္ရမွာကို အေမရိကန္ကျဖစ္ေစ၊ အေနာက္ႏိုင္ငံေတြျဖစ္ေစ မလိုလားတဲ့အေနအထားမ်ဳိးမွာ ထမင္းေရပူ လွ်ာလႊဲတာမ်ဳိးလိုေပါ့။ ပြင့္ပြင့္လင္းလင္း ေဝဖန္ရမယ္ဆိုရင္ေတာ့ တာဝန္မဲ့ ေဆာင္ရြက္မႈမ်ဳိးလိုပဲ သံုးသပ္ခ်င္ပါတယ္။


==Unicode==

လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပေါ် နိုင်ငံတကာအလေးထားမှုနဲ့ ရှစ်လေးလုံးအရေးတော်ပုံ နောက်ပိုင်း ပေါ်ထွတ်ခဲ့တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရ (NCGUB) တို့ အပေါ် အလေးထားမှုတို့ ဘယ်လိုကွာခြားပါသလဲ။ ဘာကြောင့်ပါလဲ။ အခုအခါမှာ မြန်မာ့ဒီမိုကရေစီအရေးအတွက် နိုင်ငံတကာက ပိုပြီးထိထိရောက်ရောက် ကူညီပံ့ပိုးနေပါသလား။ NCGUB အစိုးရရဲ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သူ ဦးဘိုလှတင့်နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ပထမဦးဆုံး နှိုင်းယှဉ်ပြစေချင်တာက ဦးဘိုလှတင့်တို့ တာဝန်ယူခဲ့တဲ့ NCGUB လက်ထက်က အခြေအနေနဲ့ အခု NUG ရင်ဆိုင်နေရတဲ့ အခြေအနေမှာ အခုအခါ နိုင်ငံတကာက ပိုပြီးတော့ အာရုံစူးစိုက်မှု ရှိလာတယ်ဆိုရင် မှန်ပါသလား။ ဘာကြောင့်လို့ ထင်ပါသလဲ။

ဖြေ ။ ။ မှန်ပါတယ်။ အရင်တုန်းကတော့ နိုင်ငံတကာ အာရုံစူးစိုက်မှု ရှိတယ်ဆိုပေမယ့် ပါဝင်ပတ်သက်ဖို့ တုန့်ဆုတ်မှုက ပိုပြီးတော့ များတယ်လို့ ပြောလို့ရပါတယ်။ အခုကတော့ ပြည်တွင်းအခြေအနေ၊ ခေတ်အခြေအနေတွေ ပြောင်းသွားတယ်။ နည်းပညာတွေလည်း တိုးတက်လာတယ်။ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စစ်တပ်က အင်အားအလွန်သုံးပြီးတော့ ဖိနှိပ်ဖြိုခွင်းနေတာတွေ၊ သတ်ဖြတ်နေတာတွေကို နိုင်ငံတကာက သိရှိနေတော့ ကျနော်တို့ခေတ်ကထက်စာရင် အခုခေတ် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) နဲ့ ပတ်သက်လို့ မြန်မာတနိုင်ငံလုံးရဲ့ အနေအထားအားလုံးနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ အာရုံစိုက်မှုနဲ့ စိတ်ဝင်စားမှုတို့က ပိုပြီးတော့များတယ်လို့ ပြောနိုင်ပါတယ်။

မေး ။ ။ အာရုံစိုက်မှုနဲ့ စိတ်ဝင်စားမှု ပိုများတယ်ဆိုတာဟာ ဒီမိုကရေစီရေး လှုပ်ရှားတဲ့ဘက်ကို တနည်းအားဖြင့် NUG အစိုးရဘက်ကို ပိုပြီးတော့ အလေးပေးလာကြတယ်။ ပိုပြီးတော့ သူတို့ကို ကူညီပံ့ပိုးလာကြတယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးလား။

ဖြေ ။ ။ မှန်ပါတယ်။ ဒါကလဲ NUG က ပြည်သူလူထုက ၂၀၂၀ ရွေးကောက်ပွဲကနေတဆင့် ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အစိုးရ ဖြစ်တယ်။ Legitimate Government - နောက်တကြောင်းက နိုင်ငံတကာက ၂၀၂၀ ရွေးကောက်ပွဲပေါ် အာရုံစိုက်နေတဲ့အချိန်မှာ ရုတ်တရက် အာဏာသိမ်းလိုက်တဲ့ စစ်ကောင်စီရဲ့ အားနည်းညံ့ဖျင်းမှုတွေကြောင့်လို့ ကျနော်တို့ သုံးသပ်နိုင်ပါတယ်။

မေး ။ ။ ဒါပေမဲ့ နိုင်ငံတကာက သူတို့ကို ပိုပြီးတော့ အာရုံစူးစိုက်တယ်။ ပိုပြီးတော့ အားပေးမှု ရှိတယ်ဆိုပေမယ့်လဲ အခုပဲ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ NUG ကို ပြတ်ပြတ်သားသား ထောက်ခံတဲ့ သဘောထားကို မတွေ့ရသေးဘူးလို့ ပြောရမယ် ထင်ပါတယ်။ NUG က ရွေးချယ်ထားတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို တက်ရောက်ခွင့်တော့ပေးသော်လဲ ပါဝင်ဆွေးနွေးခွင့်တွေ၊ ပြောကြားခွင့်တွေ ပေးမထားသေးတော့ အားရလောက်တဲ့ ကူညီအားပေးမှုကော ဖြစ်ပါရဲ့လား။

ဖြေ ။ ။ အဲဒါကတော့ အင်မတန်မှ ခန့်မှန်းရခက်တဲ့ အနေအထားမျိုးပါ။ အခုနပြောသလို နိုင်ငံတကာရဲ့ စာနာထောက်ထားမှုနဲ့ သိကြရမှာကတော့ တိုင်းပြည်ရဲ့ နယ်မြေဒေသတွေကို စိုးမိုးထားတဲ့ စစ်ကောင်စီနဲ့ ဘယ်လောက်အထိ ကျနော်တို့ ကင်းကွာပြီးတော့ ဆက်ဆံနိုင်သလဲ။ သူတို့ကို အထီးကျန်ဖြစ်အောင် လုပ်ခြင်းအားဖြင့် ကုလသမဂ္ဂအနေနဲ့ ဒါက နိုင်ငံတကာ သံတမန်ရေးရာ မျက်နှာစာမှာ ဘယ်လိုအားနည်းချက်၊ အားသာချက်တွေ ဖြစ်လာမလဲ။ အဲဒီအတွက် နိုင်ငံတကာမိသားစုက ဘယ်လောက်အထိ တာဝန်ကော ခံနိုင်မလဲဆိုတဲ့ အနေအထားတွေပေါ်မှာ အများကြီးထည့်သွင်းစဉ်းစားရမယ်လို့ မြင်ပါတယ်။

မေး ။ ။ နောက်တခု နှိုင်းယှဉ်ကြည့်ချင်တာက ဦးဘိုတို့ NCUGB အစိုးရဟာ အမေရိကန်ပြည်ထောင်စုမှာ အခြေစိုက်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုက လက်ခံခဲ့တယ်။ ဦးဘိုလည်း ဒီမှာပဲနေပြီးတော့ သတင်းစာရှင်းလင်းပွဲတွေလုပ်တာ ကျနော်တို့ကိုယ်တိုင် တက်ရောက်ပြီးတော့ သတင်းယူခဲ့တာ ရှိခဲ့ပါတယ်။ နောက်ပြီးတော့ ကျနော်မှတ်မိတာ မှန်မယ်ဆိုရင် အရှေ့တီမောလ်လွတ်လပ်ရေးရပြီးခါစ တီမောလ်နိုင်ငံကလည်း သူတို့ဆီမှာလာပြီးတော့ ရုံးထိုင်ဖို့ ဖိတ်ခေါ်ခဲ့ဖူးတယ်လို့ ကျနော် ကြားဖူးပါတယ်။ ဆိုတော့ အခုလက်ရှိ NUG အစိုးရကို သက်ဆိုင်ရာ နိုင်ငံတချို့က အဲဒီလို ဖိတ်ခေါ်ကမ်းလှမ်းမှုများ ရှိတယ်လို့ ကြားမိပါသလား။

ဖြေ ။ ။ အဲဒီအဆင့်အထိတော့ မကြားမိသေးပါဘူး။ အားလုံးကြားသိတဲ့အတိုင်း နိုင်ငံ (၅) ခုလောက်ကတော့ NUG အစိုးရရဲ့ ကိုယ်စားလှယ်တွေကို တရားဝင်အသိအမှတ်ပြုပြီးတော့ လှုပ်ရှားဆောင်ရွက်ပိုင်ခွင့် ရုံးဖွင့်ပိုင်ခွင့်တွေ ပေးထားတာ တွေ့ရပါတယ်။ ထူးခြားချက်ကတော့ တောင်ကိုရီးယားနိုင်ငံအနေနဲ့ အာရှပစ္စီဖိတ်ဒေသမှာ ပထမဦးဆုံး တိုင်းပြည်တပြည်အနေနဲ့ ထိထိရောက်ရောက် ကိုယ်စားလှယ်ခန့်အပ်တာလည်း ခွင့်ပြုထားတယ်။ ရုံးလုပ်ငန်းတွေ ဆောင်ရွက်ဖို့လည်း ဒီဟာကို အဘက်ဘက်မှ ဝိုင်းဝန်းပံ့ပိုးနေတယ်ဆိုတဲ့ အနေအထားမျိုးတွေတော့ တွေ့ရှိရပါတယ်။ သို့သော် အဲဒီလို ကိုယ်စားလှယ်အဖွဲ့နဲ့ ဆက်ဆံတယ်ဆိုပေမယ့်လို့ ဒါဟာ တရားဝင် အသိအမှတ်ပြုမှုဆိုတာမျိုးနဲ့တော့ တခါတည်းပြောလို့ မရနိုင်ပါဘူး။

မေး ။ ။ ဆိုတော့ NCGUB ကိုရော အမေရိကန်ပြည်ထောင်စုက လက်ခံခဲ့တာ ဘယ်လိုပုံစံမျိုးနဲ့ လက်ခံခဲ့တာပါလဲ။ အခု တောင်ကိုရီးယားက NUG ကို ကမ်းလှမ်းတဲ့ ပုံစံမျိုးနဲ့ ကွဲလွဲပါသလား။ အဲဒါထက်သာပါသလား။ အဆင့်အတန်းက။

ဖြေ ။ ။ အမှန်ကတော့ ကျနော်တို့ခေတ်တုန်းကတော့ အမေရိကန်အစိုးရနဲ့ ညှိနှိုင်းတဲ့အခါမှာ ကျနော်တို့ကိုယ်တိုင်ကိုယ်က တရားဝင်အသိအမှတ်ပြုမှုကို ကြိုးပမ်းခဲ့ကြတာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အားလုံးသိကြတဲ့အတိုင်း ကျနော်တို့ခေတ်တုန်းကတော့ ကျနော်တို့ရဲ့ နိုင်ငံရေးအရ အမြင့်ဆုံးပန်းတိုင်က စစ်မှန်တဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ စစ်တပ်ခေါင်းဆောင်တွေ ပွင့်လင်းပြီး လွတ်လပ်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေကနေ နိုင်ငံရေးအရ အဖြေရှာဖို့ ကြိုးပမ်းခဲ့ကြတာဆိုတော့ အဲဒီအချိန်တုန်းက ကျနော်တို့က ဒီတိုင်းပြည်ကို ကိုယ်စားပြုပြီးတော့ စီမံခန့်ခွဲအုပ်ချုပ်ပိုင်ခွင့် ရှိတယ်လို့ဆိုတဲ့ဟာမျိုးကို ကြိုးပမ်းခဲ့ကြတာ မဟုတ်ပါဘူး။ အဲဒီတော့ ကျနော်တို့ကို အသိအမှတ်ပြုတယ်ဆိုတာကလဲ ပြည်သူလူထုရဲ့ တရားဝင်ကိုယ်စားလှယ်တွေအနေနဲ့ အသိအမှတ်ပြုခဲ့တာ ဖြစ်ပါတယ်။

မေး ။ ။ ဘာကြောင့် ဒီမေးခွန်းကို မေးသလဲဆိုတော့ ပရိသတ်တချို့က ပြောကြတယ်။ အမေရိကန်ပြည်ထောင်စုက ဒီမိုကရေစီအရေးကို ပါးစပ်ကပြောတယ်။ ပါးစပ်ကပြောတာကိုပဲ ကြားနေရပြီးတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ အမေရိကန်နိုင်ငံက ထိထိရောက်ရောက် လက်တွေ့ကူညီတာ မရှိဘူး၊ အပြောသာ ရှိတယ်လို့ ပြောနေကြလို့ ကျနော်က ဒီမေးခွန်းကို မေးရခြင်း ဖြစ်ပါတယ်။ အဲဒီစကားကို ဦးဘိုက ဘာများပြန်ပြောချင်ပါလဲ။

ဖြေ ။ ။ ဒါကတော့ ကျနော်တို့ နှစ်ပိုင်းသုံးသပ်ရမှာ ဖြစ်ပါတယ်။ ကျနော်တို့ အမျိုးသားညီညွှတ်ရေးအစိုးရအနေနဲ့ အမေရိကန်အစိုးရနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ကြိုးပမ်းဆောင်ရွက်တဲ့အခါမှာ ဘယ်လောက်နီးစပ်တဲ့၊ ဘယ်လောက်အဆင့်မြင့်တဲ့ ထိဆက်တဲ့ ရရှိအောင် ဆောင်ရွက်ထားနိုင်သလဲဆိုတဲ့ မေးခွန်းပေါ်မှာ မူတည်ပါတယ်။ ကျနော်တို့ဘက်က တကယ့်ရင်းနှီးအောင် ဥပမာအားဖြင့် အနည်းဆုံး အမေရိကန်နိုင်ငံရေးအရ ကြည့်မယ်ဆိုခဲ့လို့ရှိရင် Asia-Pacific ရေးရာ နိုင်ငံခြားရေးဝန်ကြီး၊ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးလောက်အဆင့်ကို အချိန်မရွေးတွေ့ပြီးတော့ ပြောနိုင်တယ်။ အဲဒီလိုအနေအထားမျိုးကနေ ကိုယ်ပြောလိုက်တဲ့ဟာက အိမ်ဖြူတော်ကိုဖြစ်စေ၊ နိုင်ငံခြားရေးဝန်ကြီးဆီကို တိုက်ရိုက်ဖြစ်စေ အရေးကြီးရင်း ကြီးသလို ရောက်သွားနိုင်တဲ့အဆင့်လောက်အထိ ကျနော်တို့ တည်ဆောက်ထားနိုင်ဖို့ လိုအပ်ပါတယ်။ သူတို့လှုပ်ရှားမှုတိုင်းမှာလည်း အဲဒီလို ကိုယ့်ရဲ့အဓိကမဟာမိတ်နိုင်ငံတွေနဲ့ ထဲထဲဝင်ဝင် မဟာဗျူဟာ၊ နည်းဗျူဟာကျကျ ဆွေးနွေးညှိနှိုင်းမှုတွေ ဘယ်လောက်အထိ လုပ်နိုင်ခဲ့သလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ အဲဒီလို ဆောင်ရွက်ထားနိုင်တာမျိုး မရှိဘဲနဲ့ ကျနော်တို့က အမေရိကန်ပြည်ထောင်စုကဖြစ်စေ၊ ဥရောပသမဂ္ဂနိုင်ငံတွေကဖြစ်စေ တစုံတရာ ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့ဆိုတဲ့ဟာကတော့ သိပ်ပြီးတော့ တရားတဲ့မျှော်လင့်ချက်လို့ ပြောလို့မရပါဘူး။

မေး ။ ။ NUG ဘက်က စပြီးတော့ Pro-active ဖြစ်ရမယ်ဆိုတဲ့သဘောပေါ့။

ဖြေ ။ ။ မှန်ပါတယ်။ နိုင်ငံတကာ မျက်နှာသာမှာ လိုအပ်တဲ့ နိုင်ငံတကာမဟာမိတ်တွေကို ထိထိရောက်ရောက် ကျနော်တို့ စည်းရုံးဆောင်ရွက်သွားဖို့က အင်မတန်အရေးကြီးပါတယ်။ နိုင်ငံတကာ၊ အမေရိကန်ပြည်ထောင်စုက ဒီမိုကရေစီနိုင်ငံပဲ၊ ဥရောပသမဂ္ဂနိုင်ငံတွေကလည်း ဒီမိုကရေစီနိုင်ငံတွေပဲ။ သူတို့က လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ တက်ကြွကြတဲ့ မြန်မာနိုင်ငံအနေအထားနဲ့ ပတ်သက်လို့ ပါးစပ်ကနေ ထောက်ခံကြတယ်ဆိုပေမယ့် အဲဒီထောက်ခံမှုနဲ့ စာနာထောက်ထားမှုတွေ အခြေခံပေါ်မှာ ပိုပြီးတော့ ခိုင်မာတဲ့ ဆက်သွယ်ချက်တွေ ဖြစ်လာအောင် ကြိုးစားဖို့ကတော့ ကျနော်တို့ရဲ့ တာဝန်တွေဖြစ်တယ်လို့ မြင်ပါတယ်။

မေး ။ ။ ကျနော် နောက်ဆုံးမေးချင်တဲ့ နိုင်ငံတခုကတော့ တရုတ်နိုင်ငံပါ။ တရုတ်နိုင်ငံဟာ အခုမြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီးတော့ လေသံပြောင်းတယ်။ ဒီအရေးမှာ သူ့ရဲ့ရပ်တည်မှုက တဘက်သတ်မဆန်ဘူးလို့ တွက်ကြပါတယ်။ ဦးဘိုရဲ့အမြင် ဘယ်လိုသဘောရပါသလဲ။ တရုတ်ရဲ့သဘော တကယ်ပဲ ပြောင်းလာပါသလား။ မြန်မာနိုင်ငံအပေါ်မှာ။ ဘာကြောင့်လို့ ထင်ပါသလဲ။

ဖြေ ။ ။ တကယ်တမ်းတော့ တရုတ်ကတော့ ကျနော်တို့တိုင်းပြည်အရေးနဲ့ ပတ်သက်လာလို့ရှိရင် သူကတော့ ပွင့်ပွင့်လင်းလင်း သုံးသပ်ပြောရမယ်ဆိုရင်တော့ မြင်းပွဲလောင်းတဲ့နည်းနဲ့ ချဉ်းကပ်တယ်လို့ပဲ မြင်ပါတယ်။ ပထမတော့ စစ်အုပ်စုကို စစ်ကောင်စီကို လက်နက်တွေရောင်းတယ်။ ငွေတွေချေးတယ်။ တခြားဖိအားပေးမှုတွေ၊ တိုင်းရင်းသားအင်အားစုတွေ အထူးသဖြင့် ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KIA ပေါ် ဖိအားတွေအမျိုးမျိုး ပေးခဲ့တယ်ဆိုတာလဲ အားလုံးအသိပဲ ဖြစ်ပါတယ်။ အဲဒီတော့ တရုတ်ပေါ်လစီနဲ့ ပတ်သက်ရင် တရုတ်ကတော့ နှစ်ဘက်ခွပြီးတော့ ကစားနေတဲ့ပုံစံလို့ပဲ သုံးသပ်မိပါတယ်။ တရုတ်က တကယ်တမ်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေး အပြောင်းအလဲ၊ ဒါမှမဟုတ် ပြည်သူလူထုရဲ့ ဆန္ဒနဲ့ ကိုက်ညီတဲ့ အပြောင်းအလဲတခုကို ဖြစ်စေချင်တယ်ဆိုရင် ဒီထက်ပိုပြီးတော့ Pro-active ဖြစ်နိုင်တဲ့၊ တက်တက်ကြွကြွ ဆောင်ရွက်ပေးနိုင်တဲ့ အင်အားမျိုး၊ အနေအထားမျိုး တရုတ်နိုင်ငံမှာ ရှိပါတယ်။ ဒါပေမဲ့ အဲဒီဆန္ဒဟာ ဒီနေ့ဒီအချိန်အထိတော့ ပေါ်လွင်လာပြီးလို့ ကျနော်တို့ သုံးသပ်လို့ မရနိုင်သေးဘူးလို့ ထင်ပါတယ်။

မေး ။ ။ နောက်ဆုံးမေးချင်တာက အာဆီယံပါ။ နှစ်ဘက်စလုံးပြေလည်အောင် ညှိနှိုင်းကြပါဆိုပြီး ဦးဆောင်ပြောဖို့က သူ့ပခုံးပေါ်မှာ။ နိုင်ငံတကာက တွန်းနေကြတာ။ အမေရိကန်၊ အနောက်နိုင်ငံတွေ၊ ဥရောပနိုင်ငံတွေ၊ တရုတ်တို့က ဒီလိုပြောနေကြတော့ အာဆီယံရဲ့ အခန်းကဏ္ဍက လူတွေတွန်းပေးသလောက် ဖြစ်ပါ့မလား။

ဖြေ ။ ။ အာဆီယံရဲ့ စုဖွဲ့မှု၊ ဖွဲ့စည်းပုံနဲ့ အခြေခံစည်းမျဉ်းသဘောထားတွေကို ကြည့်မယ်ဆိုရင် အားလုံးသိကြတဲ့အတိုင်း Consensus Policy အဖွဲ့ဝင်နိုင်ငံ (၁၀) နိုင်ငံရှိရင် (၁၀) နိုင်ငံလုံးက ကန့်ကွက်သူမရှိ၊ သဘောတူမှသာလျှင် ဆုံးဖြတ်ချက်တရပ်ကို ချနိုင်တယ်။ အဲဒီဆုံးဖြတ်ချက်အတိုင်းလည်း ဆောင်ရွက်သွားနိုင်တယ်။ သို့သော် အဲဒီအဖွဲ့ဝင်နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက တနိုင်ငံပါဝင်နေတော့ မြန်မာနိုင်ငံရဲ့သဘောထားကို ဘယ်သူက ပေးမလဲဆိုတာ အာဆီယံမှာ ရွေးချယ်ဆုံးဖြတ်နိုင်မယ့်အင်အား မရှိဘူးလို့ သုံးသပ်ပါတယ်။ အဲဒါကို အာဆီယံပခုံးပေါ် ပြောင်းလဲပေးလိုက်တယ်ဆိုတာကိုက နိုင်ငံတကာက ခေါင်းရှောင်ခြင်းလို့ တရုတ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာကို အမေရိကန်ကဖြစ်စေ၊ အနောက်နိုင်ငံတွေဖြစ်စေ မလိုလားတဲ့အနေအထားမျိုးမှာ ထမင်းရေပူ လျှာလွှဲတာမျိုးလိုပေါ့။ ပွင့်ပွင့်လင်းလင်း ဝေဖန်ရမယ်ဆိုရင်တော့ တာဝန်မဲ့ ဆောင်ရွက်မှုမျိုးလိုပဲ သုံးသပ်ချင်ပါတယ်။

XS
SM
MD
LG