သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NUG ရဲ ႔ ႏိုင္ငံျခားေရးမူဝါဒ ဘယ္လိုလဲ


Christina Fink
NUG ရဲ ႔ ႏိုင္ငံျခားေရးမူဝါဒ ဘယ္လိုလဲ
please wait

No media source currently available

0:00 0:10:19 0:00
တိုက္႐ိုက္ လင့္ခ္

NUG မွာ တိက်တဲ့ ႏိုင္ငံျခားေရးမူဝါဒ နဲ႔ မဟာဗ်ဴဟာ မရွိဘူးလို႔ ေဝဖန္သူတခ်ိဳ႕ ရိွေနပါတယ္။ ဒါတကယ္ပဲလား၊ ႏိုင္ငံတကာနဲ႔ဆက္ဆံတဲ့ေနရာမွာ NUG ဟာ အခက္အခဲ ရွိေနပါသလား။ အေမရိကန္ ျပညေထာင္စု George Washington တကၠသိုလ္၊ ႏိုင္ငံတကာဆက္ဆံေရးပါေမာကၡ Christina Finks နဲ႔ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ Professor Christina Finks, အခု NUG ႏုိင္ငံျခားေရးမူဝါဒနဲ႔ ပတ္သက္ၿပီးေတာ့ သူတုိ႔မွာ တိက်ျပတ္သားတဲ့ Strategy နည္းဗ်ဴဟာ မရိွဘူးလို႔ သံုးသပ္သူတခ်ဳိ ႔က ေျပာၾကပါတယ္။ Christina ေလ့လာမိသေလာက္ကို ေျပာပါအံုး။

ေျဖ ။ ။ NUG ရဲ ႔ ႏိုင္ငံျခားေရးမူဝါဒကို သူတုိ႔ရဲ ႔ website မွာ ၾကည့္မယ္ဆိုရင္ သူတုိ႔မညီမညႊတ္ ျဖစ္ေနတာကို ေတြ႔ပါတယ္။ သူတို႔ရဲ ႔ မူဝါဒတစ္ရပ္က သူတို႔ေရးထားတဲ့အတိုင္း ေျပာရရင္ ျမန္မာႏိုင္ငံမွာ အာဏာရွင္စနစ္ လံုးဝဖ်က္သိမ္းေရး၊ ဒီမိုကေရစီအျပည့္အဝ ထြန္းကားေရး၊ ဖယ္ဒရယ္ဒီမိုကေရစီျပည္ေထာင္စု ေပၚထြန္းေရးတုိ႔ကို ေထာက္ခံတဲ့ ႏုိင္ငံေတြနဲ႔ ရင္းႏီွးတဲ့ဆက္ဆံေရး ထူေထာင္ေရး ျဖစ္ပါတယ္။ ေနာက္မူဝါဒတစ္ရပ္ၾကေတာ့ ပထဝီႏိုင္ငံရဲ ႔ အေျခအေနအရ အိမ္နီးခ်င္းႏုိင္ငံေတြနဲ႔ နီးနီးကပ္ကပ္ ပူးေပါင္းေဆာင္ရြက္မယ္လို႔ ဆိုထားပါတယ္။ ဒါေပမဲ့ အဲဒီအိမ္နီးခ်င္းႏိုင္ငံ အမ်ားအျပားက ဒီမိုကေရစီႏိုင္ငံေတြ မဟုတ္ၾကပါဘူး။ ဒါေၾကာင့္ NUG ဟာ ဒီမူဝါဒႏွစ္ရပ္ၾကားမွာ ရုန္းကန္ေနရတယ္လို႔ ထင္ပါတယ္။ တဘက္မွာ အေနာက္ႏုိင္ငံေတြနဲ႔ ဆက္ဆံလိုၿပီ၊ အိမ္နီးခ်င္းေတြ အထူးသျဖင့္ တရုတ္ႏိုင္ငံရဲ ႔ ေထာက္ခံမႈကို ရယူဖို႔ လိုအပ္တယ္ဆိုတာကိုလည္း အသိအမွတ္ျပဳထားပါတယ္။ က်မရဲ ႔ ပုဂၢိဳလ္ေရးအျမင္ကေတာ့ သူတုိ႔ဟာ ႏိုင္ငံျခားဆက္ဆံေရး မဟာဗ်ဴဟာတစ္ရပ္အေနနဲ႔ တရုတ္နဲ႔ ဆက္ဆံေရးကို ပိုၿပီးေတာ့ အေလးထားသင့္ပါတယ္။ အေနာက္အုပ္စုႏိုင္ငံေတြကေတာ့ NUG ဘက္က အၿမဲရပ္တည္ေနမွာပါ။ အိမ္နီးခ်င္းအာဆီယံနဲ႔ တရုတ္ႏုိင္ငံတို႔ကသာ ျမန္မာႏိုင္ငံအေပၚ ပိုၿပီးၾသဇာထိေရာက္တဲ့ ႏုိင္ငံေတြ ျဖစ္ပါတယ္။ ဒါေၾကာင့္ NUG အေနနဲ႔ အိမ္နီးခ်င္းေတြနဲ႔ ဆက္ဆံေရးကို ပိုအေလးထားသင့္ပါတယ္။

ေမး ။ ။ တရုတ္နဲ႔ ပတ္သက္ၿပီးေတာ့ ေျပာစရာတစ္ခုရိွတာက ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းကပဲ ထင္ပါတယ္။ တရုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေၾကညာခ်က္တစ္ခုထုတ္တယ္။ အဲဒီမွာ ဘာေျပာထားသလဲဆိုေတာ့ ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီ ျပန္လည္ထြန္းကားေရးကို သူတို႔အေနနဲ႔ ေထာက္ခံတယ္လို႔ ေျပာထားပါတယ္။ ဒါက ဘယ္ေလာက္စစ္မွန္တဲ့ သေဘာထားလဲ။ တကယ္ေကာ စိတ္ခ်ရရဲ ႔လား။ သူတုိ႔အိမ္နီးခ်င္းမွာ ျမန္မာႏိုင္ငံဟာ ဒီမိုကေရစီႏိုင္ငံတစ္ခုအျဖစ္ ေပၚထြန္းလာမွာက တရုတ္က တကယ္ပဲ လိုလားပါ့မလား။

ေျဖ ။ ။ တရုတ္ရဲ ႔ ရပ္တည္ခ်က္နဲ႔ ပတ္သက္ၿပီး စိတ္ဝင္စားစရာ ေကာင္းတာကေတာ့ တဘက္မွာ သူတို႔စီးပြားေရး စီမံကိန္း၊ တရုတ္-ျမန္မာ စီးပြားေရး စႀကၤန္တို႔ကို ဆက္လုပ္ခ်င္တယ္။ ျမန္မာႏိုင္ငံမွာ လံုၿခံဳမႈနဲ႔ တည္ၿငိမ္မႈ ရိွေစခ်င္တယ္။ ဒီအတြက္ စစ္တပ္နဲ႔ ဆက္ဆံခ်င္တယ္။ စစ္အစိုးရကို အသိအမွတ္ျပဳပါတယ္။ ဒါေပမဲ့ တျခားတဘက္မွာေတာ့ ျမန္မာျပည္သူေတြက တရုတ္ကို အျပင္းအထန္ ဆန္႔က်င္ၾကတယ္ဆိုတာကို သူတုိ႔သိပါတယ္။ သူတုိ႔စီးပြားေရး စီမံကိန္းေတြအတြက္ ေဒသခံျပည္သူေတြအေရးကို ထည့္မတြက္ခဲ့တဲ့အတြက္ ဒီလိုဆန္႔က်င္မႈေတြက ပိုမိုျပင္းထန္လာတာ ျဖစ္ပါတယ္။ ဒါဟာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ပိုၿပီးစိုးလာပါတယ္။ တရုတ္ဟာ စစ္တပ္ကို အားေပးေထာက္ခံတယ္လို႔ လူေတြက ျမင္ၾကပါတယ္။ ဒီအေျခအေနေတြကို တရုတ္ေကာင္းေကာင္း သေဘာေပါက္ပါတယ္။ ဒီအခ်ိန္မွာ တရုတ္စီမံကိန္းေတြ ေအာင္ျမင္ဖို႔အတြက္ လံုၿခံဳဖို႔အတြက္ လူထုေထာက္ခံမႈ ယုတ္စြအဆံုး လူထုၾကားေနမႈ လိုအပ္ပါတယ္။ ဒါေၾကာင့္ တရုတ္ဟာ ႏွစ္နည္းစလံုးနဲ႔ ႀကိဳးပမ္းေနတယ္လို႔ ထင္ပါတယ္။ တဘက္မွာ စစ္အစိုးရနဲ႔ ပူးေပါင္းေဆာင္ရြက္တယ္။ တျခားတဘက္မွာ ျမန္မာလူထုရဲ ႔ သေဘာကို နားလည္ပါတယ္။ စစ္တပ္အေပၚ လူထုမႀကိဳက္ဘူးဆိုတာကို သိရိွသေဘာေပါက္ပါတယ္ဆိုတဲ့ သေဘာျဖစ္ပါတယ္။ တကယ္ေတာ့ ဒီအေျခအေနဟာ NUG အတြက္ တရုတ္အစိုးရနဲ႔ အခိုင္အမာဆက္ဆံေရး ထူေထာင္ဖို႔ အခြင့္ေကာင္းပဲ ျဖစ္ပါတယ္။ တရုတ္အစိုးရအရာရိွအဆင့္ဆင့္နဲ႔ ထိေတြ႔ဆက္ဆံေဆြးေႏြးသင့္ပါတယ္။

ေမး ။ ။ အခုအခ်ိန္မွာေတာ့ တရုတ္ေကာ၊ အာဆီယံေကာ တစ္သံထဲထြက္ေနတာက စစ္ေကာင္စီနဲ႔ NUG တို႔ ေဆြးေႏြးညိွႏိႈင္းၿပီး ၿငိမ္းခ်မ္းစြာ အေျဖရွာဖို႔ ျဖစ္ပါတယ္။ သို႔ေသာ္လဲပဲ စစ္ေကာင္စီကို ဆန္႔က်င္တဲ့ ဒီမိုကေရစီ လိုလားတဲ့လူေတြ ေတာ္ေတာ္မ်ားမ်ားက စစ္ေကာင္စီနဲ႔ လံုးဝမေစ့စပ္ဘူးလို႔ အခိုင္အမာေျပာေနၾကတာကို ေတြ႔ရပါတယ္။ သေဘာထား ေတာ္ေတာ္တင္းမာတယ္။ ဆိုေတာ့ NUG က ဒါကို လက္ခံလိုက္ေလ်ာရမလား။ တဘက္က သူတုိ႔နဲ႔ ေတြ႔ဆံုေဆြးေႏြးေရးကို လက္ခံလိုက္ရင္ စစ္အာဏာသိမ္းတာကို သူတုိ႔ တရားဝင္အသိအမွတ္ ျပဳလိုက္တဲ့သေဘာမ်ား က်ေရာက္ေလမလားဆိုတာကို သူတုိ႔စဥ္းစားဟန္တူပါတယ္။ ဘယ္လိုသေဘာရပါလဲ။

ေျဖ ။ ။ ဒီပလိုေမစီ (diplomacy) မွာ အေကာင္းဆံုး ဒီပလိုမက္ (diplomate) သံတမန္ေတြဟာ ဒီလိုအခက္အခဲေတြကို ေက်ာ္လႊာႏိုင္ဖို႔အတြက္ အေျပာအဆို လိမၼာပါးနပ္ၿပီး တျခားသင့္ေတာ္တဲ့ နည္းလမ္းေတြကို ရွာေဖြအသံုးျပဳရာမွာ သိပ္ေတာ္ၾကပါတယ္။ ဒါေၾကာင့္ NUG အေနနဲ႔လဲ စစ္တပ္ေခါင္းေဆာင္ေတြနဲ႔ ထိေတြ႔ဆက္ဆံေရး၊ ေစ့စပ္ညိွႏိႈင္းေရးကို အာဏာသိမ္းမႈကို အသိအမွတ္ျပဳတယ္လို႔ အထင္မခံရေစဘဲ လုပ္ေဆာင္ႏိုင္လိမ့္မယ္ ထင္ပါတယ္။ သံတမန္ပရိယာရ္ကေတာ့ သံုးရမွာပါ။ လုပ္လို႔ရႏုိင္ပါတယ္။ ဒီလိုေဆြးေႏြးညိွႏိႈင္းႏုိင္မယ္ဆိုရင္ လက္ရိွအေျခအေနအတြက္ အေျဖထြက္လာမွာ ျဖစ္ပါတယ္။

ေမး ။ ။ ဒီေနရာမွာ က်ေနာ္ေမးခ်င္တာက တစ္ခုကေတာ့ ရုရွားနဲ႔ တရုတ္ကိစၥ ျဖစ္ပါတယ္။ အခုျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီးေတာ့ ရုရွားနဲ႔ တရုတ္တုိ႔က တဘက္တည္းက ရပ္တည္ေနၾကတယ္။ ဆိုေတာ့ သူတုိ႔ႏွစ္ေယာက္ရဲ ႔ သင့္ျမတ္မႈဟာ တခ်ိန္ခ်ိန္မွာ ျမန္မာႏုိင္ငံေပၚ အေျခခံၿပီးေတာ့ ၿပိဳကြဲမသြားႏိုင္ဘူးလား။ ျမန္မာႏုိင္ငံေပၚမွာ အက်ဳိးစီးပြားခ်င္း ထိပ္တိုက္ေတြ႔လာၿပီးေတာ့ ၿပိဳင္ဘက္ေတြ ျဖစ္မသြားႏိုင္ဘူးလား။ အဲဒီလိုျဖစ္သြားတယ္ဆုိရင္ ျမန္မာႏုိင္ငံရဲ ႔ ေရွ ႔အလားအလာအတြက္ သူတို႔ဘယ္လို ရင္ဆိုင္ရမလဲဆိုတာကိုလည္း နည္းနည္းသံုးသပ္ျပေစခ်င္ပါတယ္။

ေျဖ ။ ။ သူတုိ႔ရဲ ႔ အက်ဳိးစီးပြားေတြဟာ ေလာေလာဆယ္မွာေတာ့ တစ္စံုတစ္ခုေသာ အတိုင္းအတာအထိေတာ့ ထပ္တူက်ေနတယ္လို႔ ေျပာရမွာျဖစ္ပါတယ္။ အခုတစ္ဘက္တည္း ရပ္တည္မႈဟာ အၿမဲတမ္းေတာ့ ျဖစ္မေနႏုိင္ပါဘူး။ ရုရွားက ျမန္မာႏုိင္ငံကတဆင့္ အေရွ ႔ေတာင္အာရွမွာ ေျခကုပ္ရဖို႔ ေမွ်ာ္လင့္ထားပါတယ္။ ျမန္မာစစ္တပ္နဲ႔လည္း ရွည္လ်ားတဲ့ စစ္ဘက္ဆက္ဆံမႈ ရိွလာခဲ့ပါတယ္။ အခု ျမန္မာစစ္တပ္က အဲဒီဆက္ဆံမႈကို ခိုင္မာေစခ်င္တဲ့ဆႏၵ သိပ္ျပင္းျပေနေလေတာ့ ဒါက ရုရွားအတြက္ အခြင့္ေကာင္း ျဖစ္ပါတယ္။ ေနာက္ ရုရွားနဲ႔ တရုတ္ ႏွစ္ႏိုင္ငံစလံုးက ျမန္မာႏုိင္ငံကို အေနာက္အုပ္စုနဲ႔ အလွမ္းေဝးေအာင္ ခြဲထုတ္ခ်င္ၾကပါတယ္။ ဒီေနရာမွာလည္း အက်ဳိးစီးပြားခ်င္း တူညီၾကပါတယ္။ ဒါေပမဲ့ ႏွစ္ဘက္စလံုးက ျမန္မာစစ္တပ္ကို လက္နက္ေတြ ေရာင္းခ်ေနၾကေလေတာ့ အဲဒီမွာ အၿပိဳင္အဆိုင္ ျဖစ္ေကာင္းျဖစ္ႏုိင္ပါတယ္။ တရုတ္ကေတာ့ ျမန္မာႏုိင္ငံမွာ စီးပြားေရးအက်ဳိးစီးပြားလည္း အမ်ားအျပား ရိွေနၿပီ၊ ရုရွားက အခုအခ်ိန္အထိ သိပ္မရိွေသးပါဘူး။ ေနာက္မွာ ရိွလာႏုိင္ပါတယ္။ အဲဒီမွာလည္း အၿပိဳင္ျဖစ္လာႏိုင္ပါတယ္။ ဒါေပမဲ့ ေလာေလာဆယ္မွာေတာ့ ဒါဟာ အေရးႀကီးတဲ့ကိစၥတစ္ရပ္ မဟုတ္ေသးပါဘူး။

ေမး ။ ။ ဆိုေတာ့ ေလာေလာဆယ္မွာ အေရးမႀကီးသည္တိုင္ေအာင္ ေနာင္ေရရွည္အတြက္ လိုအပ္လာရင္ NUG အေနနဲ႔ ရုရွားနဲ႔ ပတ္သက္တဲ့ မူဝါဒတစ္ရပ္၊ မဟာဗ်ဴဟာတစ္ရပ္ သီးသန္႔ရိွသင့္ပါသလား။ ဘယ္လုိမ်ဳိးသေဘာထား ရိွသင့္ပါသလဲ။

ေျဖ ။ ။ NUG အေနနဲ႔ ဘယ္သူကိုမွ ဖယ္မထားသင့္ပါဘူး။ လူတုိင္းနဲ႔ ရုရွားအပါအဝင္ ဘက္ေပါင္းစံုနဲ႔ ထိေတြ႔ဆက္ဆံႏုိင္ဖို႔ ႀကိဳးပမ္းသင့္ပါတယ္။ ေလာေလာဆယ္မွာ ခရီးေရာက္ခ်င္မွ ေရာက္ပါလိမ့္မယ္။ ျမန္မာျပည္ရဲ ႔ ေရွ ႔အေျခအေနကို ဘယ္သူမွ အတိအက် ေျပာလို႔မရပါဘူး။ ျပႆနာ ဘယ္လိုေျပလည္ႏုိင္မႈ ရႏိုင္မလဲဆိုတာလဲ မတြက္ႏုိင္ေသးပါဘူး။ ဒါေၾကာင့္ တံခါးေပါက္အားလံုးကို ဖြင့္ထားၿပီး ရိွသမွ်တံခါးေတြကိုလည္း သြားေခါက္သင့္ပါတယ္။ လူတိုင္းကို ခ်ဥ္းကပ္ရမယ္ဆိုတဲ့သေဘာပါ။ ရုရွားသံတမန္ေတြကို ခ်ဥ္းကပ္စကားေျပာသင့္ပါတယ္။ ဘံုသေဘာတူညီခ်က္ တစ္စံုတစ္ရာ ရႏုိင္မလား။ ယံုၾကည္မႈရႏိုင္မလားဆိုတာကို ႀကိဳးပမ္းသင့္ပါတယ္။ ဒါဟာ အေနာက္ႏုိင္ငံေတြကို ပစ္ပယ္ဖို႔ ေျပာတာမဟုတ္ပါဘူး။

ေမး ။ ။ ေနာက္ဆံုးေမးခ်င္တာက အာဆီယံနဲ႔ ပတ္သက္တဲ့သေဘာထား ဘယ္လုိရိွသင့္သလဲဆိုတဲ့ ကိစၥ ျဖစ္ပါတယ္။ အာဆီယံဆုိတာက တစ္ႏုိင္ငံနဲ႔ တစ္ႏုိင္ငံခ်င္း အသြင္မတူၾကတာ မ်ားေလေတာ့ အာဆီယံနဲ႔ ပတ္သက္တဲ့ မဟာဗ်ဴဟာခ်မွတ္တဲ့ေနရာမွာ တစ္ဖြဲ႔လံုးကို လႊမ္းၿခံဳၿပီး တစ္မ်ဳိးတည္း ခ်သင့္သလား။ တစ္ႏုိင္ငံခ်င္းလုိက္ၿပီးေတာ့ ခြဲျခားခ်မွတ္သင့္တယ္လုိ႔ ထင္ပါသလား။

ေျဖ ။ ။ အာဆီယံက ဆံုးျဖတ္ခ်က္ကို အမ်ားသေဘာတူညီခ်က္နဲ႔ ခ်မွတ္ၾကတာ အားလံုးသိၾကပါတယ္။ ဘံုသေဘာတူညီမႈမရဘဲ သေဘာထားကြဲလြဲေနလို႔ရိွရင္ ဘာမွမလုပ္ႏုိင္ပါဘူး။ ဒါေၾကာင့္လဲ အထူးသံကိုယ္စားလွယ္ခန္႔ထားေရးကိစၥမွာ သိပ္ၿပီးေတာ့ ၾကန္႔ၾကာခဲ့တာပါ။ အဲဒီသံကိုယ္စားလွယ္မွာ ထိေရာက္တဲ့ လုပ္ပိုင္ခြင့္ မရိွတာ။ မတည့္တဲ့ႏွစ္ဘက္ကို အတူထိုင္ေဆြးေႏြးေစဖို႔ စတာေတြဟာ ဒါေၾကာင့္မို႔ ခက္ေနတာပါ။ အာဆီယံနဲ႔ လက္တြဲလုပ္ေဆာင္ေရးဟာ သိပ္ၿပီးေတာ့ အေရးပါၿပီးေတာ့ NUG အေနနဲ႔ ဒါကိုပစ္ပယ္ၿပီးေတာ့ မရႏိုင္ပါဘူး။ ဒါေၾကာင့္ ပူးေပါင္းလုပ္ေဆာင္မႈ၊ ဘံုသေဘာတူၾကတဲ့ ထြက္ေပါက္တစ္ခု ရရိွဖို႔အတြက္ေတာ့ အဖြဲ႔ဝင္ႏုိင္ငံတိုင္းကို ႀကိဳးစားခ်ဥ္းကပ္ရမွာပဲ ျဖစ္ပါတယ္။ က်မသာဆိုရင္ေတာ့ စကၤာပူနဲ႔ အင္ဒိုနီးရွားတို႔ကို ပိုအေလးထားမွာ ျဖစ္ပါတယ္။ ၿပီးေတာ့ ထုိင္းႏုိင္ငံလည္း ပါပါတယ္။ သူက အိမ္နီးခ်င္းပါ။ စကၤာပူကေတာ့ အာဆီယံကိုလည္း အေလးထားတယ္။ ျမန္မာႏုိင္ငံမွာလည္း စီးပြားေရး အက်ဳိးစီးပြားေတြလည္း ရိွတယ္ဆိုေတာ့ အေရးႀကီးတဲ့ အခန္းက႑ကေန ပါဝင္ႏိုင္မယ္ ထင္ပါတယ္။ အင္ဒိုနီးရွားဟာလည္း အာဆီယံထဲမွာ အင္အားအႀကီးဆံုးႏုိင္ငံလည္း ျဖစ္တယ္။ ဒီမိုကေရစီႏုိင္ငံလည္း ျဖစ္ၿပီး၊ ျမန္မာ့ႏုိင္ငံေရးကို အနီးကပ္ေစာင့္ၾကည့္ေနခဲ့တဲ့ ႏိုင္ငံလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ စကၤာပူနဲ႔ အင္ဒိုနီးရွားတို႔ဟာ ျမန္မာႏုိင္ငံအေရးမွာ တစ္ႏုိင္ငံခ်င္းအေနနဲ႔ အာဆီယံတစ္ခုလံုးအေနနဲ႔ေကာ အားတက္သေရာ ျဖစ္လာေအာင္ ေဆာင္ရြက္ႏိုင္မယ္လို႔ ထင္ပါတယ္။


==Unicode==

NUG မှာ တိကျတဲ့ နိုင်ငံခြားရေးမူဝါဒ နဲ့ မဟာဗျူဟာ မရှိဘူးလို့ ဝေဖန်သူတချို့ ရှိနေပါတယ်။ ဒါတကယ်ပဲလား၊ နိုင်ငံတကာနဲ့ဆက်ဆံတဲ့နေရာမှာ NUG ဟာ အခက်အခဲ ရှိနေပါသလား။ အမေရိကန် ပြညထောင်စု George Washington တက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးပါမောက္ခ Christina Finks နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ Professor Christina Finks, အခု NUG နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ပြီးတော့ သူတို့မှာ တိကျပြတ်သားတဲ့ Strategy နည်းဗျူဟာ မရှိဘူးလို့ သုံးသပ်သူတချို့က ပြောကြပါတယ်။ Christina လေ့လာမိသလောက်ကို ပြောပါအုံး။

ဖြေ ။ ။ NUG ရဲ့ နိုင်ငံခြားရေးမူဝါဒကို သူတို့ရဲ့ website မှာ ကြည့်မယ်ဆိုရင် သူတို့မညီမညွှတ် ဖြစ်နေတာကို တွေ့ပါတယ်။ သူတို့ရဲ့ မူဝါဒတစ်ရပ်က သူတို့ရေးထားတဲ့အတိုင်း ပြောရရင် မြန်မာနိုင်ငံမှာ အာဏာရှင်စနစ် လုံးဝဖျက်သိမ်းရေး၊ ဒီမိုကရေစီအပြည့်အဝ ထွန်းကားရေး၊ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးတို့ကို ထောက်ခံတဲ့ နိုင်ငံတွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ထူထောင်ရေး ဖြစ်ပါတယ်။ နောက်မူဝါဒတစ်ရပ်ကြတော့ ပထဝီနိုင်ငံရဲ့ အခြေအနေအရ အိမ်နီးချင်းနိုင်ငံတွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်မယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ အဲဒီအိမ်နီးချင်းနိုင်ငံ အများအပြားက ဒီမိုကရေစီနိုင်ငံတွေ မဟုတ်ကြပါဘူး။ ဒါကြောင့် NUG ဟာ ဒီမူဝါဒနှစ်ရပ်ကြားမှာ ရုန်းကန်နေရတယ်လို့ ထင်ပါတယ်။ တဘက်မှာ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံလိုပြီ၊ အိမ်နီးချင်းတွေ အထူးသဖြင့် တရုတ်နိုင်ငံရဲ့ ထောက်ခံမှုကို ရယူဖို့ လိုအပ်တယ်ဆိုတာကိုလည်း အသိအမှတ်ပြုထားပါတယ်။ ကျမရဲ့ ပုဂ္ဂိုလ်ရေးအမြင်ကတော့ သူတို့ဟာ နိုင်ငံခြားဆက်ဆံရေး မဟာဗျူဟာတစ်ရပ်အနေနဲ့ တရုတ်နဲ့ ဆက်ဆံရေးကို ပိုပြီးတော့ အလေးထားသင့်ပါတယ်။ အနောက်အုပ်စုနိုင်ငံတွေကတော့ NUG ဘက်က အမြဲရပ်တည်နေမှာပါ။ အိမ်နီးချင်းအာဆီယံနဲ့ တရုတ်နိုင်ငံတို့ကသာ မြန်မာနိုင်ငံအပေါ် ပိုပြီးသြဇာထိရောက်တဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ ဒါကြောင့် NUG အနေနဲ့ အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေးကို ပိုအလေးထားသင့်ပါတယ်။

မေး ။ ။ တရုတ်နဲ့ ပတ်သက်ပြီးတော့ ပြောစရာတစ်ခုရှိတာက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ ထင်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တစ်ခုထုတ်တယ်။ အဲဒီမှာ ဘာပြောထားသလဲဆိုတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးကို သူတို့အနေနဲ့ ထောက်ခံတယ်လို့ ပြောထားပါတယ်။ ဒါက ဘယ်လောက်စစ်မှန်တဲ့ သဘောထားလဲ။ တကယ်ကော စိတ်ချရရဲ့လား။ သူတို့အိမ်နီးချင်းမှာ မြန်မာနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံတစ်ခုအဖြစ် ပေါ်ထွန်းလာမှာက တရုတ်က တကယ်ပဲ လိုလားပါ့မလား။

ဖြေ ။ ။ တရုတ်ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ ကောင်းတာကတော့ တဘက်မှာ သူတို့စီးပွားရေး စီမံကိန်း၊ တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်တို့ကို ဆက်လုပ်ချင်တယ်။ မြန်မာနိုင်ငံမှာ လုံခြုံမှုနဲ့ တည်ငြိမ်မှု ရှိစေချင်တယ်။ ဒီအတွက် စစ်တပ်နဲ့ ဆက်ဆံချင်တယ်။ စစ်အစိုးရကို အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ တခြားတဘက်မှာတော့ မြန်မာပြည်သူတွေက တရုတ်ကို အပြင်းအထန် ဆန့်ကျင်ကြတယ်ဆိုတာကို သူတို့သိပါတယ်။ သူတို့စီးပွားရေး စီမံကိန်းတွေအတွက် ဒေသခံပြည်သူတွေအရေးကို ထည့်မတွက်ခဲ့တဲ့အတွက် ဒီလိုဆန့်ကျင်မှုတွေက ပိုမိုပြင်းထန်လာတာ ဖြစ်ပါတယ်။ ဒါဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုပြီးစိုးလာပါတယ်။ တရုတ်ဟာ စစ်တပ်ကို အားပေးထောက်ခံတယ်လို့ လူတွေက မြင်ကြပါတယ်။ ဒီအခြေအနေတွေကို တရုတ်ကောင်းကောင်း သဘောပေါက်ပါတယ်။ ဒီအချိန်မှာ တရုတ်စီမံကိန်းတွေ အောင်မြင်ဖို့အတွက် လုံခြုံဖို့အတွက် လူထုထောက်ခံမှု ယုတ်စွအဆုံး လူထုကြားနေမှု လိုအပ်ပါတယ်။ ဒါကြောင့် တရုတ်ဟာ နှစ်နည်းစလုံးနဲ့ ကြိုးပမ်းနေတယ်လို့ ထင်ပါတယ်။ တဘက်မှာ စစ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တယ်။ တခြားတဘက်မှာ မြန်မာလူထုရဲ့ သဘောကို နားလည်ပါတယ်။ စစ်တပ်အပေါ် လူထုမကြိုက်ဘူးဆိုတာကို သိရှိသဘောပေါက်ပါတယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ တကယ်တော့ ဒီအခြေအနေဟာ NUG အတွက် တရုတ်အစိုးရနဲ့ အခိုင်အမာဆက်ဆံရေး ထူထောင်ဖို့ အခွင့်ကောင်းပဲ ဖြစ်ပါတယ်။ တရုတ်အစိုးရအရာရှိအဆင့်ဆင့်နဲ့ ထိတွေ့ဆက်ဆံဆွေးနွေးသင့်ပါတယ်။

မေး ။ ။ အခုအချိန်မှာတော့ တရုတ်ကော၊ အာဆီယံကော တစ်သံထဲထွက်နေတာက စစ်ကောင်စီနဲ့ NUG တို့ ဆွေးနွေးညှိနှိုင်းပြီး ငြိမ်းချမ်းစွာ အဖြေရှာဖို့ ဖြစ်ပါတယ်။ သို့သော်လဲပဲ စစ်ကောင်စီကို ဆန့်ကျင်တဲ့ ဒီမိုကရေစီ လိုလားတဲ့လူတွေ တော်တော်များများက စစ်ကောင်စီနဲ့ လုံးဝမစေ့စပ်ဘူးလို့ အခိုင်အမာပြောနေကြတာကို တွေ့ရပါတယ်။ သဘောထား တော်တော်တင်းမာတယ်။ ဆိုတော့ NUG က ဒါကို လက်ခံလိုက်လျောရမလား။ တဘက်က သူတို့နဲ့ တွေ့ဆုံဆွေးနွေးရေးကို လက်ခံလိုက်ရင် စစ်အာဏာသိမ်းတာကို သူတို့ တရားဝင်အသိအမှတ် ပြုလိုက်တဲ့သဘောများ ကျရောက်လေမလားဆိုတာကို သူတို့စဉ်းစားဟန်တူပါတယ်။ ဘယ်လိုသဘောရပါလဲ။

ဖြေ ။ ။ ဒီပလိုမေစီ (diplomacy) မှာ အကောင်းဆုံး ဒီပလိုမက် (diplomate) သံတမန်တွေဟာ ဒီလိုအခက်အခဲတွေကို ကျော်လွှာနိုင်ဖို့အတွက် အပြောအဆို လိမ္မာပါးနပ်ပြီး တခြားသင့်တော်တဲ့ နည်းလမ်းတွေကို ရှာဖွေအသုံးပြုရာမှာ သိပ်တော်ကြပါတယ်။ ဒါကြောင့် NUG အနေနဲ့လဲ စစ်တပ်ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံရေး၊ စေ့စပ်ညှိနှိုင်းရေးကို အာဏာသိမ်းမှုကို အသိအမှတ်ပြုတယ်လို့ အထင်မခံရစေဘဲ လုပ်ဆောင်နိုင်လိမ့်မယ် ထင်ပါတယ်။ သံတမန်ပရိယာရ်ကတော့ သုံးရမှာပါ။ လုပ်လို့ရနိုင်ပါတယ်။ ဒီလိုဆွေးနွေးညှိနှိုင်းနိုင်မယ်ဆိုရင် လက်ရှိအခြေအနေအတွက် အဖြေထွက်လာမှာ ဖြစ်ပါတယ်။

မေး ။ ။ ဒီနေရာမှာ ကျနော်မေးချင်တာက တစ်ခုကတော့ ရုရှားနဲ့ တရုတ်ကိစ္စ ဖြစ်ပါတယ်။ အခုမြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ရုရှားနဲ့ တရုတ်တို့က တဘက်တည်းက ရပ်တည်နေကြတယ်။ ဆိုတော့ သူတို့နှစ်ယောက်ရဲ့ သင့်မြတ်မှုဟာ တချိန်ချိန်မှာ မြန်မာနိုင်ငံပေါ် အခြေခံပြီးတော့ ပြိုကွဲမသွားနိုင်ဘူးလား။ မြန်မာနိုင်ငံပေါ်မှာ အကျိုးစီးပွားချင်း ထိပ်တိုက်တွေ့လာပြီးတော့ ပြိုင်ဘက်တွေ ဖြစ်မသွားနိုင်ဘူးလား။ အဲဒီလိုဖြစ်သွားတယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ရှေ့အလားအလာအတွက် သူတို့ဘယ်လို ရင်ဆိုင်ရမလဲဆိုတာကိုလည်း နည်းနည်းသုံးသပ်ပြစေချင်ပါတယ်။

ဖြေ ။ ။ သူတို့ရဲ့ အကျိုးစီးပွားတွေဟာ လောလောဆယ်မှာတော့ တစ်စုံတစ်ခုသော အတိုင်းအတာအထိတော့ ထပ်တူကျနေတယ်လို့ ပြောရမှာဖြစ်ပါတယ်။ အခုတစ်ဘက်တည်း ရပ်တည်မှုဟာ အမြဲတမ်းတော့ ဖြစ်မနေနိုင်ပါဘူး။ ရုရှားက မြန်မာနိုင်ငံကတဆင့် အရှေ့တောင်အာရှမှာ ခြေကုပ်ရဖို့ မျှော်လင့်ထားပါတယ်။ မြန်မာစစ်တပ်နဲ့လည်း ရှည်လျားတဲ့ စစ်ဘက်ဆက်ဆံမှု ရှိလာခဲ့ပါတယ်။ အခု မြန်မာစစ်တပ်က အဲဒီဆက်ဆံမှုကို ခိုင်မာစေချင်တဲ့ဆန္ဒ သိပ်ပြင်းပြနေလေတော့ ဒါက ရုရှားအတွက် အခွင့်ကောင်း ဖြစ်ပါတယ်။ နောက် ရုရှားနဲ့ တရုတ် နှစ်နိုင်ငံစလုံးက မြန်မာနိုင်ငံကို အနောက်အုပ်စုနဲ့ အလှမ်းဝေးအောင် ခွဲထုတ်ချင်ကြပါတယ်။ ဒီနေရာမှာလည်း အကျိုးစီးပွားချင်း တူညီကြပါတယ်။ ဒါပေမဲ့ နှစ်ဘက်စလုံးက မြန်မာစစ်တပ်ကို လက်နက်တွေ ရောင်းချနေကြလေတော့ အဲဒီမှာ အပြိုင်အဆိုင် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တရုတ်ကတော့ မြန်မာနိုင်ငံမှာ စီးပွားရေးအကျိုးစီးပွားလည်း အများအပြား ရှိနေပြီ၊ ရုရှားက အခုအချိန်အထိ သိပ်မရှိသေးပါဘူး။ နောက်မှာ ရှိလာနိုင်ပါတယ်။ အဲဒီမှာလည်း အပြိုင်ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ ဒါဟာ အရေးကြီးတဲ့ကိစ္စတစ်ရပ် မဟုတ်သေးပါဘူး။

မေး ။ ။ ဆိုတော့ လောလောဆယ်မှာ အရေးမကြီးသည်တိုင်အောင် နောင်ရေရှည်အတွက် လိုအပ်လာရင် NUG အနေနဲ့ ရုရှားနဲ့ ပတ်သက်တဲ့ မူဝါဒတစ်ရပ်၊ မဟာဗျူဟာတစ်ရပ် သီးသန့်ရှိသင့်ပါသလား။ ဘယ်လိုမျိုးသဘောထား ရှိသင့်ပါသလဲ။

ဖြေ ။ ။ NUG အနေနဲ့ ဘယ်သူကိုမှ ဖယ်မထားသင့်ပါဘူး။ လူတိုင်းနဲ့ ရုရှားအပါအဝင် ဘက်ပေါင်းစုံနဲ့ ထိတွေ့ဆက်ဆံနိုင်ဖို့ ကြိုးပမ်းသင့်ပါတယ်။ လောလောဆယ်မှာ ခရီးရောက်ချင်မှ ရောက်ပါလိမ့်မယ်။ မြန်မာပြည်ရဲ့ ရှေ့အခြေအနေကို ဘယ်သူမှ အတိအကျ ပြောလို့မရပါဘူး။ ပြဿနာ ဘယ်လိုပြေလည်နိုင်မှု ရနိုင်မလဲဆိုတာလဲ မတွက်နိုင်သေးပါဘူး။ ဒါကြောင့် တံခါးပေါက်အားလုံးကို ဖွင့်ထားပြီး ရှိသမျှတံခါးတွေကိုလည်း သွားခေါက်သင့်ပါတယ်။ လူတိုင်းကို ချဉ်းကပ်ရမယ်ဆိုတဲ့သဘောပါ။ ရုရှားသံတမန်တွေကို ချဉ်းကပ်စကားပြောသင့်ပါတယ်။ ဘုံသဘောတူညီချက် တစ်စုံတစ်ရာ ရနိုင်မလား။ ယုံကြည်မှုရနိုင်မလားဆိုတာကို ကြိုးပမ်းသင့်ပါတယ်။ ဒါဟာ အနောက်နိုင်ငံတွေကို ပစ်ပယ်ဖို့ ပြောတာမဟုတ်ပါဘူး။

မေး ။ ။ နောက်ဆုံးမေးချင်တာက အာဆီယံနဲ့ ပတ်သက်တဲ့သဘောထား ဘယ်လိုရှိသင့်သလဲဆိုတဲ့ ကိစ္စ ဖြစ်ပါတယ်။ အာဆီယံဆိုတာက တစ်နိုင်ငံနဲ့ တစ်နိုင်ငံချင်း အသွင်မတူကြတာ များလေတော့ အာဆီယံနဲ့ ပတ်သက်တဲ့ မဟာဗျူဟာချမှတ်တဲ့နေရာမှာ တစ်ဖွဲ့လုံးကို လွှမ်းခြုံပြီး တစ်မျိုးတည်း ချသင့်သလား။ တစ်နိုင်ငံချင်းလိုက်ပြီးတော့ ခွဲခြားချမှတ်သင့်တယ်လို့ ထင်ပါသလား။

ဖြေ ။ ။ အာဆီယံက ဆုံးဖြတ်ချက်ကို အများသဘောတူညီချက်နဲ့ ချမှတ်ကြတာ အားလုံးသိကြပါတယ်။ ဘုံသဘောတူညီမှုမရဘဲ သဘောထားကွဲလွဲနေလို့ရှိရင် ဘာမှမလုပ်နိုင်ပါဘူး။ ဒါကြောင့်လဲ အထူးသံကိုယ်စားလှယ်ခန့်ထားရေးကိစ္စမှာ သိပ်ပြီးတော့ ကြန့်ကြာခဲ့တာပါ။ အဲဒီသံကိုယ်စားလှယ်မှာ ထိရောက်တဲ့ လုပ်ပိုင်ခွင့် မရှိတာ။ မတည့်တဲ့နှစ်ဘက်ကို အတူထိုင်ဆွေးနွေးစေဖို့ စတာတွေဟာ ဒါကြောင့်မို့ ခက်နေတာပါ။ အာဆီယံနဲ့ လက်တွဲလုပ်ဆောင်ရေးဟာ သိပ်ပြီးတော့ အရေးပါပြီးတော့ NUG အနေနဲ့ ဒါကိုပစ်ပယ်ပြီးတော့ မရနိုင်ပါဘူး။ ဒါကြောင့် ပူးပေါင်းလုပ်ဆောင်မှု၊ ဘုံသဘောတူကြတဲ့ ထွက်ပေါက်တစ်ခု ရရှိဖို့အတွက်တော့ အဖွဲ့ဝင်နိုင်ငံတိုင်းကို ကြိုးစားချဉ်းကပ်ရမှာပဲ ဖြစ်ပါတယ်။ ကျမသာဆိုရင်တော့ စင်္ကာပူနဲ့ အင်ဒိုနီးရှားတို့ကို ပိုအလေးထားမှာ ဖြစ်ပါတယ်။ ပြီးတော့ ထိုင်းနိုင်ငံလည်း ပါပါတယ်။ သူက အိမ်နီးချင်းပါ။ စင်္ကာပူကတော့ အာဆီယံကိုလည်း အလေးထားတယ်။ မြန်မာနိုင်ငံမှာလည်း စီးပွားရေး အကျိုးစီးပွားတွေလည်း ရှိတယ်ဆိုတော့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်မယ် ထင်ပါတယ်။ အင်ဒိုနီးရှားဟာလည်း အာဆီယံထဲမှာ အင်အားအကြီးဆုံးနိုင်ငံလည်း ဖြစ်တယ်။ ဒီမိုကရေစီနိုင်ငံလည်း ဖြစ်ပြီး၊ မြန်မာ့နိုင်ငံရေးကို အနီးကပ်စောင့်ကြည့်နေခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ဒါကြောင့် စင်္ကာပူနဲ့ အင်ဒိုနီးရှားတို့ဟာ မြန်မာနိုင်ငံအရေးမှာ တစ်နိုင်ငံချင်းအနေနဲ့ အာဆီယံတစ်ခုလုံးအနေနဲ့ကော အားတက်သရော ဖြစ်လာအောင် ဆောင်ရွက်နိုင်မယ်လို့ ထင်ပါတယ်။

XS
SM
MD
LG