သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံမွာ ေတြ႔ဆံုေဆြးေႏြးေရး ျဖစ္လာႏိုင္သလား


၁၉၉၀ ျပည့္ ေ႐ြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာတင့္ေဆြ
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံျပႆနာနဲ႔ ပတ္သက္ၿပီး ႏိုင္ငံတကာအသိုင္းအဝိုင္းက အခုအခါ ပိုၿပီးအေရးတယူ ရွိလာေနပါတယ္။ အထူးျဖင္႔ ကုလသမဂၢနဲ႔ အေမရိကန္ အပါအဝင္ အိမ္နီးခ်င္း တ႐ုတ္ နဲ႔ အာဆီယံတို႔က စစ္ေကာင္စီနဲ႔ NLD/NUG တို႔ ေတြ႔ဆံုေဆြးေႏြးၿပီး၊ ၿငိမ္းခ်မ္းစြာ အေျဖရွာဖို႔ တိုက္တြန္းေနၾကပါတယ္။ ဒီလို တိုက္တြန္းဖိအားေပးမႈေတြအတိုင္း လက္ေတြ႔ျဖစ္လာႏိုင္ပါသလား။ ျမန္မာ့အေရးတက္ၾကြလႈပ္ရွားသူ ေဒါက္တာတင့္ေဆြ နဲ႔ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးသံုးသပ္ထားပါတယ္။

ေမး ။ ။ အခုျမန္မာႏိုင္ငံအေရးဟာ ကုလသမဂၢအပါအဝင္ ႏုိင္ငံတကာမွာ ေတာ္ေတာ္အေရးႀကီးတဲ့ ကိစၥတခု ျဖစ္လာပါတယ္။ ႏုိင္ငံတကာကေတာ့ ႏွစ္ဘက္ေစ့စပ္ေျဖရွင္းေရး၊ ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းကိုပဲ တုိက္တြန္းၾကမယ္ ထင္ပါတယ္။ ေနာက္ၿပီးေတာ့ ဆရာလည္းၾကားမွာပါ အေမရိကန္က အာဆီယံအထူးကိုယ္စားလွယ္္ကို ျမန္မာႏိုင္ငံကို အျမန္ဆံုးေစလႊတ္ပါ။ ေနာက္ၿပီးေတာ့ သူတုိ႔ေစ့စပ္ေဆြးေႏြးမယ့္ကိစၥကို ဆက္ၿပီးေတာ့ ဖိအားေပးဖို႔ ဆက္လက္ႀကိဳးစားေနတာ ျဖစ္ပါတယ္။ ဆိုေတာ့ ဒီအေျခအေနေတြနဲ႔ ပတ္သက္ၿပီးေတာ့ ပထမဦးဆံုး ေမးခ်င္တာက ႏိုင္ငံတကာရဲ ႔ ဖိအားေပးတိုက္တြန္းမႈေတြဟာ ဘယ္ေလာက္အထိ ထိေရာက္မႈ ရိွလာႏိုင္သလဲလို႔ ထင္ပါသလဲ။

ေျဖ ။ ။ ႏိုင္ငံတကာရဲ ႔ ပါဝင္ပတ္သက္မႈ၊ အသိအမွတ္ျပဳမႈကိစၥေတြဟာ ျမန္မာႏိုင္ငံ ျပဳျပင္ေျပာင္းလဲေရးအတြက္ အလြန္အေရးႀကီးတဲ့ အခန္းက႑က ရိွတယ္လို႔ က်ေနာ္ ရွဳျမင္ပါတယ္။

ေမး ။ ။ ဆိုေတာ့ ႏိုင္ငံတကာက အဓိကတြန္းမွာကေတာ့ ျမန္မာႏုိင္ငံရဲ ႔ ျပႆနာကို ေဆြးေႏြးအေျဖရွာဖို႔ပဲ ျဖစ္ပါလိမ့္မယ္။ ဒီလိုပဲျဖစ္ဖို႔အတြက္ အမ်ားကတြက္ေနၾကပါတယ္။ ဒါေပမဲ့ တခ်ိန္တည္းမွာ ျဖစ္ေနတာက ျမန္မာႏိုင္ငံမွာ NUG ကို လိုလားတဲ့ အထူးသျဖင့္ PDF က လက္နက္ကိုင္ေတာ္လွန္ေရး လုပ္မယ္ဆိုၿပီးေတာ့ ေၾကညာပါတယ္။ NUG သမၼတကိုယ္တိုင္ကလည္း ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းမွာပဲ အထူးအေရးေပၚ ေၾကညာခ်က္ ထုတ္ျပန္ၿပီးေတာ့ တြန္းလွန္တဲ့စစ္ပြဲ ဆင္ႏႊဲဖို႔ဆုိၿပီးေတာ့ လံႈေဆာ္ခဲ့ပါတယ္။ ဆိုေတာ့ ဒီေၾကညာခ်က္သည္ ႏိုင္ငံတကာက လိုခ်င္ေနတဲ့ ေစ့စပ္ညိွႏိႈင္းအေျဖရွာေရးဆိုတဲ့ တုိက္တြန္းမႈနဲ႔ နည္းနည္းဖီလာဆန္႔က်င္မႈမ်ား ျဖစ္ေနမလား။ တလမ္းတည္းက်ပါရဲ ႔လား။

ေျဖ ။ ။ အဲဒီလို ျမင္ၾကတာေတြလည္း က်ေနာ္ေတြ႔တယ္။ အဲဒီလိုေၾကညာလိုက္တဲ့အတြက္ ႏိုင္ငံတကာက ရွဳျမင္မႈ ေျပာင္းသြားႏုိင္တယ္။ သို႔မဟုတ္ တခ်ဳိ ႔ႏုိင္ငံေတြက ျပန္လည္စဥ္းစားလိမ့္မယ္ဆိုတဲ့ အယူအဆတရပ္လည္း ရိွပါတယ္။ ဒီေနရာမွာ က်ေနာ္ ျမန္မာႏုိင္ငံသားတေယာက္အေနနဲ႔ ျမင္တာက ဒီလိုပါ - ေတြ႔ဆံုေဆြးေႏြးေရး၊ ေစ့စပ္ေျဖရွင္းေရးဆိုတဲ့ ေျပာဆိုတာက ေျခာက္လတာအတြင္းမွာ ေရွ ႔ေရာက္တာ မရိွတဲ့အျပင္၊ အသက္အိုးအိမ္စည္စိမ္ေတြ ေသေၾကပ်က္ဆီးတာေတြ မ်ားလာတဲ့အခါမွာ ခံရတဲ့လူေတြဘက္က emotion စိတ္ခံစားမႈကေနေက်ာ္ၿပီးေတာ့ စနစ္တခုခုပါတဲ့ ခုခံေတာ္လွန္မႈကို ေျပာင္းလဲလာၾကတယ္။ NUG မေၾကညာခင္ကတည္းက စလာတဲ့ တနည္းအားျဖင့္ concept လို႔ေခၚတဲ့ အယူအဆေရးရာတခုက ျမန္မာႏုိင္ငံမွာ လနဲ႔ခ်ီၿပီးေတာ့ ေပၚလာပါတယ္။ ေပၚတဲ့အခ်ိန္မွာ NUG က အဲဒါကို တရားဝင္သေဘာမ်ဳိး၊ အသိအမွတ္ျပဳမႈသေဘာမ်ဳိး ေဆာင္ရြက္လာတယ္လို႔ ျမင္ပါတယ္။ ႏိုင္ငံတကာကေတာ့ ၿငိမ္းခ်မ္းေရးကိုေျပာမယ္၊ ေတြ႔ဆံုေဆြးေႏြးေရးကိုေျပာမယ္၊ လူ႔အခြင့္အေရးကိုေျပာမယ္။ ဒါေတြက ႏိုင္ငံတကာရဲ ႔ စံတန္းဖိုးထားမႈေတြအရ သူတုိ႔ကေျပာၾကတာပါ။ တခါ ျမန္မာႏုိင္ငံလိုေသးတဲ့၊ အင္အားလည္း ခ်ည့္နဲ႔တဲ့ ႏုိင္ငံေပၚကိုေတာ့ ဒီလိုေပါ့။ တာလီဘန္လို ကိစၥမ်ဳိးေတာ့ သူတုိ႔အမ်ားႀကီး တတ္ႏုိင္တဲ့ကိစၥ မဟုတ္ဘူး။ ျမန္မာႏိုင္ငံကိုေတာ့ ႏိုင္ငံတကာအျမင္မွာ စစ္ေရးနည္း (သို႔မဟုတ္) ရရာလက္နက္နဲ႔ ခုခံနည္းေပၚမွာ အျမင္ေတြမတူၾကဘူးလို႔ က်ေနာ္ ေတြ႔ရိွပါတယ္။

ေမး ။ ။ NUG အမ်ဳိးသားညီညြတ္ေရးအစိုးရရဲ ႔ ေၾကညာခ်က္အမွတ္ (၁/၂၀၂၁) ေမလ (၅) ရက္ေန႔မွာ ထုတ္ျပန္ပါတယ္။ အဲဒီေၾကညာခ်က္ထဲမွာ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ ဖြဲ႔စည္းေၾကာင္း ေၾကညာျခင္းဆုိၿပီးေတာ့ ေရးထားပါတယ္။ အပိုဒ္ (၅) မွာ အမ်ဳိးသားညီညႊတ္ေရးအစိုးရသည္ ဖယ္ဒရယ္ျပည္ေထာင္စု တပ္မေတာ္၏ ေရွ ႔ေျပးအျမဳေတအျဖစ္ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ (People’s Defense Force) ကို ကာကြယ္ေရးဆိုင္ရာ မူဝါဒနဲ႔အညီ ေမလ (၅) ရက္ေန႔တြင္ တရားဝင္ဖြဲ႔စည္းလိုက္သည္ဆိုတာကို ေရးထားလိုက္ပါတယ္။ ဆိုေတာ့ အခု PDF ေတြက ဒီစာအရ တရားဝင္ဖြဲ႔စည္းလိုက္တယ္။ PDF ေတြက ရရာလက္နက္ကိုင္ဆြဲၿပီးေတာ့ တိုက္ေနၾကတယ္၊ ခိုက္ေနၾကတယ္ဆိုတာဟာ NUG ရဲ ႔ ညႊန္ၾကားခ်က္၊ NUG ရဲ ႔ blessing သေဘာတူညီခ်က္အရ တိုက္ေနရတယ္။ တသေဘာတည္းရိွတယ္လို႔ မွတ္ယူလို႔ ရမလား။

ေျဖ ။ ။ အဲဒီမွာလည္း က်ေနာ္တတ္သိသေလာက္ဆိုရင္ေတာ့ အတိအက် အဲဒီအတိုင္း အေျဖကေတာ့ မဟုတ္ဘူးလို႔ က်ေနာ္ထင္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီေၾကညာခ်က္ မတိုင္မီကတည္းက ကိုယ့္ကိုယ္ကို ခုခံပိုင္ခြင့္ရိွတယ္ဆိုတဲ့ အသံုးအႏႈန္းနဲ႔ ေၾကညာခ်က္ေတြ NUG ကိုယ္တိုင္က ထြက္လာၿပီးေနာက္မွာ ျပည္သူလူထုက ရတဲ့နည္းနဲ႔ ရတဲ့ေဒသမွာ ခုခံမႈေတြ ျဖစ္လာတယ္။ ျဖစ္လာၿပီးမွ အခုေၾကညာခ်က္ ထြက္လာတယ္။ ေၾကညာခ်က္ ထြက္လာတဲ့အတြက္ တေပါင္းတည္းျဖစ္လာတာကို က်ေနာ္ေတြ႔ပါတယ္။ တနည္းအားျဖင့္ စစ္ေရးဆိုတာ command လို႔ေခၚတဲ့ အမိန္႔ေပးမႈ စီးဆင္းမႈစနစ္က ရိွကိုရိွရတယ္။ ဟိုအရင္ျဖစ္ေနတာ၊ ရိွေနတာ အခုလဲပဲ ဆက္ရိွေနတာကေတာ့ ကိုယ့္အရပ္ေဒသမွာ ကိုယ့္နည္းကိုယ္ဟန္နဲ႔ ရတဲ့နည္းနဲ႔ ခုခံတိုက္ေနၾကတဲ့သေဘာရိွတယ္။ ဗဟိုဦးစီးခ်ဳပ္ကိုင္မႈ၊ အမိန္႔ေပးမႈအတိုင္း ျဖစ္ေနတယ္လို႔ က်ေနာ္ မျမင္ဘူး။ ျဖစ္ဖို႔လဲ အေတာ္မလြယ္ဘူးလို႔ ထင္တယ္။ ျပည္သူလူထုဘက္ကလည္း နည္းမ်ဳိးစံုနဲ႔ ဘာနာမည္ျဖစ္ျဖစ္ ရတဲ့နည္းနဲ႔ ေဆာင္ရြက္ေနၾကတဲ့ အပိုင္း (၂) ပိုင္းနဲ႔ ခြဲၿပီးေတာ့ က်ေနာ္ ျမင္ပါတယ္။

ေမး ။ ။ က်ေနာ္ ေနာက္တခုေမးခ်င္တာက ျပည္သူလူထုဆုိတဲ့ေနရာမွာ PDF က ခုခံေနၾကတယ္။ ေနာက္ၿပီးေတာ့ ၿမိဳ ႔ေပၚက လူငယ္ေတြတခ်ဳိ ႔ ပညာတဝက္တပ်က္နဲ႔ ေတာထဲကိုသြားၿပီးေတာ့ လက္နက္ကိုင္ၾကတယ္။ တခ်ဳိ ႔မိဘေတြက သားသမီးခ်င္း ကိုယ္ခ်င္စာၿပီးေတာ့ ရင္က်ဳိးၾကတယ္၊ ရင္ထုမနာ ျဖစ္ၾကတယ္။ ဒီကေလးေတြဟာ ျမန္မာ့တပ္မေတာ္၊ ဗမာျပည္က စစ္တပ္ဆုိတာက ျပည္သူ႔အျမင္အရ ေျပာရရင္ သူက ရက္ရက္စက္စက္ တာဝန္အရ သတ္ျဖတ္ႏိွမ္နင္းေနတဲ့လူေတြ ျဖစ္တယ္။ ဒီလိုလူေတြနဲ႔ အင္မတန္ႏုညံ့သိမ္ေမႊ႔ၾကတဲ့ ပညာတတ္လူငယ္ေလးေတြ၊ ဘာမွစစ္ပညာလည္း ျဖစ္ျဖစ္ေျမာက္ေျမာက္ သင္ၾကားထားတာလည္း မရိွဘူး။ လက္နက္ဆုိတာလည္း ေကာင္းေကာင္းမြန္မြန္ ရိွတာမဟုတ္ဘဲနဲ႔ အဲဒါေတြကိုသြားၿပီးေတာ့ တိုက္ရခိုက္ရတာ ဒီကေလးေတြအတြက္ ပိုၿပီးေတာ့ ထိခိုက္နစ္နာစရာသာ ရိွမယ္။ တခ်ဳိ ႔ကလဲ အတင္းေျမွာက္ေပးသလိုပဲ လုပ္ေနၾကတယ္ဆိုတာေကာ မွန္ရဲ ႔လား။ သူတို႔ရဲ ႔ေနာက္ကေန တြန္းေပးေနၾကတယ္ဆိုတဲ့ ကိစၥေတြက တရားမွ်တတဲ့ကိစၥ ျဖစ္ပါရဲ ႔လား။

ေျဖ ။ ။ အခုေမးခြန္းမွာပါတဲ့ အခ်က္ (၂) ခ်က္လံုးကို က်ေနာ္က သေဘာတူတယ္။ တကယ့္ ပညာသင္ရမယ့္ အရြယ္ေတြ၊ ဘာပဲျဖစ္ျဖစ္ ဥစၥာစီးပြားရွာရမယ့္ အရြယ္ေတြ၊ တက္ရာတက္လမ္း ရွာရမယ့္ အရြယ္ေလးေတြက အခုရတဲ့နည္းနဲ႔ လက္နက္ကိုင္တဲ့နည္း (သို႔မဟုတ္) ခုခံေတာ္လွန္ေနၾကတဲ့ဟာက ေပးဆပ္ရတာ က်ေနာ္တို႔ ၾကားသေလာက္ သိသေလာက္ပဲ ရိွတာ။ က်ေနာ္တုိ႔ မီဒီယာကေတာင္ မသိတဲ့ နစ္္နာဆံုးရွံဳးမႈေတြက အသက္၊ စည္စိမ္ဥစၥာေတြ၊ ဘဝေတြ မ်ားေပမယ္လို႔ ယူဆရေပမယ့္ အင္မတန္မွ စိတ္ႏွလံုးေၾကကြဲစရာ ေကာင္းပါတယ္။ ၁၉၈၈ ေက်ာင္းသားတပ္မေတာ္ ေပၚလာတာနဲ႔ေတာင္ မတူတဲ့အေနအထား။ တခ်ိန္တည္းမွာ စစ္တပ္ဟာ ဦးေက်ာ္ဇံသာ ေျပာသလို အသံုးအႏႈန္း ဘယ္လိုေျပာေျပာ ကမာၻမွာေရာ၊ ျမန္မာႏိုင္ငံရဲ ႔ သမိုင္းမွာပါ တခါမွ နာမည္ဆိုး မရိွေလာက္ေအာင္ ဆိုးလြန္လွတဲ့ စစ္တပ္က အခုျပည္သူလူထုကို ႏိွမ္နင္းတဲ့နည္းေတြဟာ တကယ့္ကို ပက္ပက္စက္စက္၊ ရက္ရက္စက္စက္ ျဖစ္ေနေတာ့ကာ အနစ္နာခံေနတဲ့ လူေတြကို က်ေနာ္က ေတာ္ေတာ္ေလး စိတ္မေကာင္းတာ။

ေနာက္ ဒုတိယပိုင္းျဖစ္တဲ့ social media ကေန ေျပာၾကဆိုၾကေရးၾကတဲ့ဟာေတြေၾကာင့္ မျဖစ္သင့္တာေတြ ပိုျဖစ္တာေတြ ရိွတယ္လို႔ က်ေနာ္ကေတာ့ အခိုင္အမာယူဆတယ္။ မေရးသင့္တာေတြ၊ မေျပာသင့္တာေတြ၊ ႏိုင္ၿပီရွံဳးၿပီ၊ ေသၿပီ စသည္ျဖင့္ အဘက္ဘက္က ေျပာေနၾကတယ္။ ဒီလို social media ကေန တာဝန္မဲ့လြန္တဲ့ အေရးအသား၊ အေျပာအဆို၊ အသံုးအႏႈန္းေတြဟာ ျပည္သူလူထု၊ အခုန က်ေနာ္တို႔ တန္းဖိုးထားတဲ့ လူငယ္ေတြရဲ ႔ အသက္အိုးအိမ္စည္စိမ္ကို ပိုၿပီးေတာ့ ဆိုးေစတယ္လို႔ က်ေနာ္က ယူဆတယ္။ အဲဒါကိုလဲ က်ေနာ့္အျမင္ကေတာ့ အေလးအနက္ ရပ္တန္းကရပ္သင့္တယ္။ မွန္ကန္တဲ့ ပံ့ပိုးကူညီမႈမ်ဳိးထက္ မပိုသင့္ဘူး။ အမွားေတြ စစ္တပ္ဘက္က တန္ျပန္ေထာက္လွမ္းေရး၊ တန္ျပန္ပံုစံနဲ႔ လုပ္တာကတပိုင္း။ က်ေနာ္ ျမင္တာကေတာ့ ကိုယ့္ဘက္ကကိုယ္တုိင္လည္း အေတာ္ညံ့ေနတဲ့ အျမင္ေတြ၊ အေျပာေတြ၊ အေရးေတြကေတာ့ အႏုတ္သေဘာ အသက္ေတြေတာင္ အမ်ားႀကီးေပးရတယ္လို႔ ယူဆတဲ့အတြက္ က်ေနာ္ကေတာ့ လံုးဝရွဳတ္ခ်ကန္႔ကြက္တယ္၊ ရပ္ေစခ်င္ပါတယ္။

ေမး ။ ။ ေနာက္တခုေမးခ်င္တာက NUG ရဲ ႔ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္တုိ႔က သူတုိ႔က အစကတည္းက ေျပာဆိုခဲ့ပါတယ္။ ေစ့စပ္ညိွႏိႈင္းအေျဖရွာေရးကိုလည္း သူတုိ႔ လိုလားပါတယ္။ ဒါေပမဲ့ စစ္တပ္ဘက္က စစ္ေကာင္စီဘက္က တင္းခံေနတာ။ အခုအခါမွာ ႏုိင္ငံတကာကလည္း ဖိအားေပးလာမယ္။ ေနာက္ဆံုးၾကားတဲ့ သတင္းအရဆုိရင္ - ဆရာလည္း ၾကားမွာပါ - တရုတ္နဲ႔ အေမရိကန္သာ ဒီကိစၥမွာ ပူးေပါင္းၿပီးေတာ့ စစ္ေကာင္စီကို တဘက္သတ္ ပံ့ပိုးလုပ္ေဆာင္မွာ မဟုတ္ဘူးဆိုတဲ့ စကားသံေတြ ထြက္လာပါတယ္။ လက္ေတြ႔ကေတာ့ ဘယ္ေလာက္အထိ ျဖစ္လာႏိုင္မလဲ မသိေသးဘူးေပါ့။ စစ္ေကာင္စီကို ေတြ႔ဆံုေဆြးေႏြးအေျဖရွာဖို႔ ဖိအားေပးလာႏိုင္မယ္လို႔ ဆရာ ေမွ်ာ္လင့္ပါသလား။

ေျဖ ။ ။ အာဏာသိမ္းၿပီးၿပီခ်င္း ရက္ပိုင္းအတြင္းမွာ တရုတ္ႏုိင္ငံရဲ ႔ ေၾကညာခ်က္ထဲမွာ ေတြ==႔ဆံုေဆြးေႏြးေရးလည္းပါတယ္။ တဘက္သတ္ စစ္တပ္နဲ႔ပဲ ေတြ႔ဆံုေဆြးေႏြးမွာ မဟုတ္ဘဲ၊ စစ္တပ္မဟုတ္တဲ့ အတိအက်ေျပာရင္ NLD နဲ႔လည္း ေဆြးေႏြးမႈေတြ ရိွတယ္ဆိုတဲ့ သေဘာမ်ဳိး တရုတ္က ေၾကညာခဲ့တယ္။ ဒါက ၂၀၂၁ ေဖေဖၚဝါရီလ လဆန္းပိုင္းကတည္းက ျဖစ္တယ္။ အခုလဲပဲ တရုတ္နဲ႔ အေမရိကန္တုိ႔ရဲ ႔ ကန္႔လန္႔ကာေနာက္ကြယ္က ေတြ႔ဆံုေဆြးေႏြးညိွႏိႈႈင္းမႈေတြကေန သေဘာတူညီမႈတခု ရတယ္လုိ႔ တကယ့္ အထင္ကရ diplomat ေတြက ေရးလိုက္တဲ့အခ်က္က အေတာ္အေရးႀကီးတယ္။ တနည္းအားျဖင့္ ကမာၻေပၚမွာ ႀကိဳက္ႀကိဳက္မႀကိဳက္ႀကိဳက္ အေမရိကန္နဲ႔ တရုတ္တုိ႔က အေရးႀကီးဆံုး ျဖစ္တယ္။ အဲဒါေၾကာင့္ သူတို႔ကလည္း ေတြ႔ဆံုေဆြးေႏြးေရးလမ္းေၾကာင္းကို ဆက္ေျပာေနတယ္။ အာဆီယံကလည္း လုပ္ဖုိ႔ႀကိဳးစားေပမယ့္ အခုထိ မေအာင္ေသးဘူး။ ဆိုေတာ့ ေမးခြန္းအရေျပာရင္ ႏုိင္ငံတကာရပ္တည္ခ်က္ တရုတ္အပါအဝင္ အာဆီယံအပါအဝင္က ေတြ႔ဆံုေဆြးေႏြးေရးလမ္းေၾကာင္းကို စိုက္လိုက္မတ္တပ္ ေဆာင္ရြက္ေနေပမယ့္ ဒီေန႔အထိ စစ္တပ္ဟာ၊ အာဏာသိမ္းစစ္ေကာင္စီက အဲဒီအေပၚမွာ လိုက္ေလ်ာမႈ တစံုတရာ မရိွသေလာက္ကို ျဖစ္ေနတယ္။ အဲဒီေတာ့ ဒီဟာက ဘာျဖစ္လာမလဲဆိုေတာ့ မၾကာေသးခင္က ကာလေလာက္အထိ စစ္တပ္အေပၚ ႏုိင္ငံတကာက အျမင္ေတြက ပိုၿပီးေတာ့ အႏုတ္သေဘာ ျဖစ္ေစၿပီး၊ သူတုိ႔အတြက္ အလားအလာမေကာင္းတဲ့ လမ္းေၾကာင္းဘက္ကို ဦးတည္လာသလားလို႔ က်ေနာ္က အဲဒီလိုယူဆပါတယ္။

==Unicode==

မြန်မာနိုင်ငံပြဿနာနဲ့ ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက အခုအခါ ပိုပြီးအရေးတယူ ရှိလာနေပါတယ်။ အထူးဖြင့် ကုလသမဂ္ဂနဲ့ အမေရိကန် အပါအဝင် အိမ်နီးချင်း တရုတ် နဲ့ အာဆီယံတို့က စစ်ကောင်စီနဲ့ NLD/NUG တို့ တွေ့ဆုံဆွေးနွေးပြီး၊ ငြိမ်းချမ်းစွာ အဖြေရှာဖို့ တိုက်တွန်းနေကြပါတယ်။ ဒီလို တိုက်တွန်းဖိအားပေးမှုတွေအတိုင်း လက်တွေ့ဖြစ်လာနိုင်ပါသလား။ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဒေါက်တာတင့်ဆွေ နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ အခုမြန်မာနိုင်ငံအရေးဟာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှာ တော်တော်အရေးကြီးတဲ့ ကိစ္စတခု ဖြစ်လာပါတယ်။ နိုင်ငံတကာကတော့ နှစ်ဘက်စေ့စပ်ဖြေရှင်းရေး၊ ငြိမ်းချမ်းရေးလမ်းကြောင်းကိုပဲ တိုက်တွန်းကြမယ် ထင်ပါတယ်။ နောက်ပြီးတော့ ဆရာလည်းကြားမှာပါ အမေရိကန်က အာဆီယံအထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံကို အမြန်ဆုံးစေလွှတ်ပါ။ နောက်ပြီးတော့ သူတို့စေ့စပ်ဆွေးနွေးမယ့်ကိစ္စကို ဆက်ပြီးတော့ ဖိအားပေးဖို့ ဆက်လက်ကြိုးစားနေတာ ဖြစ်ပါတယ်။ ဆိုတော့ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ပထမဦးဆုံး မေးချင်တာက နိုင်ငံတကာရဲ့ ဖိအားပေးတိုက်တွန်းမှုတွေဟာ ဘယ်လောက်အထိ ထိရောက်မှု ရှိလာနိုင်သလဲလို့ ထင်ပါသလဲ။

ဖြေ ။ ။ နိုင်ငံတကာရဲ့ ပါဝင်ပတ်သက်မှု၊ အသိအမှတ်ပြုမှုကိစ္စတွေဟာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍက ရှိတယ်လို့ ကျနော် ရှုမြင်ပါတယ်။

မေး ။ ။ ဆိုတော့ နိုင်ငံတကာက အဓိကတွန်းမှာကတော့ မြန်မာနိုင်ငံရဲ့ ပြဿနာကို ဆွေးနွေးအဖြေရှာဖို့ပဲ ဖြစ်ပါလိမ့်မယ်။ ဒီလိုပဲဖြစ်ဖို့အတွက် အများကတွက်နေကြပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာ ဖြစ်နေတာက မြန်မာနိုင်ငံမှာ NUG ကို လိုလားတဲ့ အထူးသဖြင့် PDF က လက်နက်ကိုင်တော်လှန်ရေး လုပ်မယ်ဆိုပြီးတော့ ကြေညာပါတယ်။ NUG သမ္မတကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ အထူးအရေးပေါ် ကြေညာချက် ထုတ်ပြန်ပြီးတော့ တွန်းလှန်တဲ့စစ်ပွဲ ဆင်နွှဲဖို့ဆိုပြီးတော့ လှုံဆော်ခဲ့ပါတယ်။ ဆိုတော့ ဒီကြေညာချက်သည် နိုင်ငံတကာက လိုချင်နေတဲ့ စေ့စပ်ညှိနှိုင်းအဖြေရှာရေးဆိုတဲ့ တိုက်တွန်းမှုနဲ့ နည်းနည်းဖီလာဆန့်ကျင်မှုများ ဖြစ်နေမလား။ တလမ်းတည်းကျပါရဲ့လား။

ဖြေ ။ ။ အဲဒီလို မြင်ကြတာတွေလည်း ကျနော်တွေ့တယ်။ အဲဒီလိုကြေညာလိုက်တဲ့အတွက် နိုင်ငံတကာက ရှုမြင်မှု ပြောင်းသွားနိုင်တယ်။ သို့မဟုတ် တချို့နိုင်ငံတွေက ပြန်လည်စဉ်းစားလိမ့်မယ်ဆိုတဲ့ အယူအဆတရပ်လည်း ရှိပါတယ်။ ဒီနေရာမှာ ကျနော် မြန်မာနိုင်ငံသားတယောက်အနေနဲ့ မြင်တာက ဒီလိုပါ - တွေ့ဆုံဆွေးနွေးရေး၊ စေ့စပ်ဖြေရှင်းရေးဆိုတဲ့ ပြောဆိုတာက ခြောက်လတာအတွင်းမှာ ရှေ့ရောက်တာ မရှိတဲ့အပြင်၊ အသက်အိုးအိမ်စည်စိမ်တွေ သေကြေပျက်ဆီးတာတွေ များလာတဲ့အခါမှာ ခံရတဲ့လူတွေဘက်က emotion စိတ်ခံစားမှုကနေကျော်ပြီးတော့ စနစ်တခုခုပါတဲ့ ခုခံတော်လှန်မှုကို ပြောင်းလဲလာကြတယ်။ NUG မကြေညာခင်ကတည်းက စလာတဲ့ တနည်းအားဖြင့် concept လို့ခေါ်တဲ့ အယူအဆရေးရာတခုက မြန်မာနိုင်ငံမှာ လနဲ့ချီပြီးတော့ ပေါ်လာပါတယ်။ ပေါ်တဲ့အချိန်မှာ NUG က အဲဒါကို တရားဝင်သဘောမျိုး၊ အသိအမှတ်ပြုမှုသဘောမျိုး ဆောင်ရွက်လာတယ်လို့ မြင်ပါတယ်။ နိုင်ငံတကာကတော့ ငြိမ်းချမ်းရေးကိုပြောမယ်၊ တွေ့ဆုံဆွေးနွေးရေးကိုပြောမယ်၊ လူ့အခွင့်အရေးကိုပြောမယ်။ ဒါတွေက နိုင်ငံတကာရဲ့ စံတန်းဖိုးထားမှုတွေအရ သူတို့ကပြောကြတာပါ။ တခါ မြန်မာနိုင်ငံလိုသေးတဲ့၊ အင်အားလည်း ချည့်နဲ့တဲ့ နိုင်ငံပေါ်ကိုတော့ ဒီလိုပေါ့။ တာလီဘန်လို ကိစ္စမျိုးတော့ သူတို့အများကြီး တတ်နိုင်တဲ့ကိစ္စ မဟုတ်ဘူး။ မြန်မာနိုင်ငံကိုတော့ နိုင်ငံတကာအမြင်မှာ စစ်ရေးနည်း (သို့မဟုတ်) ရရာလက်နက်နဲ့ ခုခံနည်းပေါ်မှာ အမြင်တွေမတူကြဘူးလို့ ကျနော် တွေ့ရှိပါတယ်။

မေး ။ ။ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကြေညာချက်အမှတ် (၁/၂၀၂၁) မေလ (၅) ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီကြေညာချက်ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းကြောင်း ကြေညာခြင်းဆိုပြီးတော့ ရေးထားပါတယ်။ အပိုဒ် (၅) မှာ အမျိုးသားညီညွှတ်ရေးအစိုးရသည် ဖယ်ဒရယ်ပြည်ထောင်စု တပ်မတော်၏ ရှေ့ပြေးအမြုတေအဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (People’s Defense Force) ကို ကာကွယ်ရေးဆိုင်ရာ မူဝါဒနဲ့အညီ မေလ (၅) ရက်နေ့တွင် တရားဝင်ဖွဲ့စည်းလိုက်သည်ဆိုတာကို ရေးထားလိုက်ပါတယ်။ ဆိုတော့ အခု PDF တွေက ဒီစာအရ တရားဝင်ဖွဲ့စည်းလိုက်တယ်။ PDF တွေက ရရာလက်နက်ကိုင်ဆွဲပြီးတော့ တိုက်နေကြတယ်၊ ခိုက်နေကြတယ်ဆိုတာဟာ NUG ရဲ့ ညွှန်ကြားချက်၊ NUG ရဲ့ blessing သဘောတူညီချက်အရ တိုက်နေရတယ်။ တသဘောတည်းရှိတယ်လို့ မှတ်ယူလို့ ရမလား။

ဖြေ ။ ။ အဲဒီမှာလည်း ကျနော်တတ်သိသလောက်ဆိုရင်တော့ အတိအကျ အဲဒီအတိုင်း အဖြေကတော့ မဟုတ်ဘူးလို့ ကျနော်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီကြေညာချက် မတိုင်မီကတည်းက ကိုယ့်ကိုယ်ကို ခုခံပိုင်ခွင့်ရှိတယ်ဆိုတဲ့ အသုံးအနှုန်းနဲ့ ကြေညာချက်တွေ NUG ကိုယ်တိုင်က ထွက်လာပြီးနောက်မှာ ပြည်သူလူထုက ရတဲ့နည်းနဲ့ ရတဲ့ဒေသမှာ ခုခံမှုတွေ ဖြစ်လာတယ်။ ဖြစ်လာပြီးမှ အခုကြေညာချက် ထွက်လာတယ်။ ကြေညာချက် ထွက်လာတဲ့အတွက် တပေါင်းတည်းဖြစ်လာတာကို ကျနော်တွေ့ပါတယ်။ တနည်းအားဖြင့် စစ်ရေးဆိုတာ command လို့ခေါ်တဲ့ အမိန့်ပေးမှု စီးဆင်းမှုစနစ်က ရှိကိုရှိရတယ်။ ဟိုအရင်ဖြစ်နေတာ၊ ရှိနေတာ အခုလဲပဲ ဆက်ရှိနေတာကတော့ ကိုယ့်အရပ်ဒေသမှာ ကိုယ့်နည်းကိုယ်ဟန်နဲ့ ရတဲ့နည်းနဲ့ ခုခံတိုက်နေကြတဲ့သဘောရှိတယ်။ ဗဟိုဦးစီးချုပ်ကိုင်မှု၊ အမိန့်ပေးမှုအတိုင်း ဖြစ်နေတယ်လို့ ကျနော် မမြင်ဘူး။ ဖြစ်ဖို့လဲ အတော်မလွယ်ဘူးလို့ ထင်တယ်။ ပြည်သူလူထုဘက်ကလည်း နည်းမျိုးစုံနဲ့ ဘာနာမည်ဖြစ်ဖြစ် ရတဲ့နည်းနဲ့ ဆောင်ရွက်နေကြတဲ့ အပိုင်း (၂) ပိုင်းနဲ့ ခွဲပြီးတော့ ကျနော် မြင်ပါတယ်။

မေး ။ ။ ကျနော် နောက်တခုမေးချင်တာက ပြည်သူလူထုဆိုတဲ့နေရာမှာ PDF က ခုခံနေကြတယ်။ နောက်ပြီးတော့ မြို့ပေါ်က လူငယ်တွေတချို့ ပညာတဝက်တပျက်နဲ့ တောထဲကိုသွားပြီးတော့ လက်နက်ကိုင်ကြတယ်။ တချို့မိဘတွေက သားသမီးချင်း ကိုယ်ချင်စာပြီးတော့ ရင်ကျိုးကြတယ်၊ ရင်ထုမနာ ဖြစ်ကြတယ်။ ဒီကလေးတွေဟာ မြန်မာ့တပ်မတော်၊ ဗမာပြည်က စစ်တပ်ဆိုတာက ပြည်သူ့အမြင်အရ ပြောရရင် သူက ရက်ရက်စက်စက် တာဝန်အရ သတ်ဖြတ်နှိမ်နင်းနေတဲ့လူတွေ ဖြစ်တယ်။ ဒီလိုလူတွေနဲ့ အင်မတန်နုညံ့သိမ်မွှေ့ကြတဲ့ ပညာတတ်လူငယ်လေးတွေ၊ ဘာမှစစ်ပညာလည်း ဖြစ်ဖြစ်မြောက်မြောက် သင်ကြားထားတာလည်း မရှိဘူး။ လက်နက်ဆိုတာလည်း ကောင်းကောင်းမွန်မွန် ရှိတာမဟုတ်ဘဲနဲ့ အဲဒါတွေကိုသွားပြီးတော့ တိုက်ရခိုက်ရတာ ဒီကလေးတွေအတွက် ပိုပြီးတော့ ထိခိုက်နစ်နာစရာသာ ရှိမယ်။ တချို့ကလဲ အတင်းမြှောက်ပေးသလိုပဲ လုပ်နေကြတယ်ဆိုတာကော မှန်ရဲ့လား။ သူတို့ရဲ့နောက်ကနေ တွန်းပေးနေကြတယ်ဆိုတဲ့ ကိစ္စတွေက တရားမျှတတဲ့ကိစ္စ ဖြစ်ပါရဲ့လား။

ဖြေ ။ ။ အခုမေးခွန်းမှာပါတဲ့ အချက် (၂) ချက်လုံးကို ကျနော်က သဘောတူတယ်။ တကယ့် ပညာသင်ရမယ့် အရွယ်တွေ၊ ဘာပဲဖြစ်ဖြစ် ဥစ္စာစီးပွားရှာရမယ့် အရွယ်တွေ၊ တက်ရာတက်လမ်း ရှာရမယ့် အရွယ်လေးတွေက အခုရတဲ့နည်းနဲ့ လက်နက်ကိုင်တဲ့နည်း (သို့မဟုတ်) ခုခံတော်လှန်နေကြတဲ့ဟာက ပေးဆပ်ရတာ ကျနော်တို့ ကြားသလောက် သိသလောက်ပဲ ရှိတာ။ ကျနော်တို့ မီဒီယာကတောင် မသိတဲ့ နစ်နာဆုံးရှုံးမှုတွေက အသက်၊ စည်စိမ်ဥစ္စာတွေ၊ ဘဝတွေ များပေမယ်လို့ ယူဆရပေမယ့် အင်မတန်မှ စိတ်နှလုံးကြေကွဲစရာ ကောင်းပါတယ်။ ၁၉၈၈ ကျောင်းသားတပ်မတော် ပေါ်လာတာနဲ့တောင် မတူတဲ့အနေအထား။ တချိန်တည်းမှာ စစ်တပ်ဟာ ဦးကျော်ဇံသာ ပြောသလို အသုံးအနှုန်း ဘယ်လိုပြောပြော ကမ္ဘာမှာရော၊ မြန်မာနိုင်ငံရဲ့ သမိုင်းမှာပါ တခါမှ နာမည်ဆိုး မရှိလောက်အောင် ဆိုးလွန်လှတဲ့ စစ်တပ်က အခုပြည်သူလူထုကို နှိမ်နင်းတဲ့နည်းတွေဟာ တကယ့်ကို ပက်ပက်စက်စက်၊ ရက်ရက်စက်စက် ဖြစ်နေတော့ကာ အနစ်နာခံနေတဲ့ လူတွေကို ကျနော်က တော်တော်လေး စိတ်မကောင်းတာ။

နောက် ဒုတိယပိုင်းဖြစ်တဲ့ social media ကနေ ပြောကြဆိုကြရေးကြတဲ့ဟာတွေကြောင့် မဖြစ်သင့်တာတွေ ပိုဖြစ်တာတွေ ရှိတယ်လို့ ကျနော်ကတော့ အခိုင်အမာယူဆတယ်။ မရေးသင့်တာတွေ၊ မပြောသင့်တာတွေ၊ နိုင်ပြီရှုံးပြီ၊ သေပြီ စသည်ဖြင့် အဘက်ဘက်က ပြောနေကြတယ်။ ဒီလို social media ကနေ တာဝန်မဲ့လွန်တဲ့ အရေးအသား၊ အပြောအဆို၊ အသုံးအနှုန်းတွေဟာ ပြည်သူလူထု၊ အခုန ကျနော်တို့ တန်းဖိုးထားတဲ့ လူငယ်တွေရဲ့ အသက်အိုးအိမ်စည်စိမ်ကို ပိုပြီးတော့ ဆိုးစေတယ်လို့ ကျနော်က ယူဆတယ်။ အဲဒါကိုလဲ ကျနော့်အမြင်ကတော့ အလေးအနက် ရပ်တန်းကရပ်သင့်တယ်။ မှန်ကန်တဲ့ ပံ့ပိုးကူညီမှုမျိုးထက် မပိုသင့်ဘူး။ အမှားတွေ စစ်တပ်ဘက်က တန်ပြန်ထောက်လှမ်းရေး၊ တန်ပြန်ပုံစံနဲ့ လုပ်တာကတပိုင်း။ ကျနော် မြင်တာကတော့ ကိုယ့်ဘက်ကကိုယ်တိုင်လည်း အတော်ညံ့နေတဲ့ အမြင်တွေ၊ အပြောတွေ၊ အရေးတွေကတော့ အနုတ်သဘော အသက်တွေတောင် အများကြီးပေးရတယ်လို့ ယူဆတဲ့အတွက် ကျနော်ကတော့ လုံးဝရှုတ်ချကန့်ကွက်တယ်၊ ရပ်စေချင်ပါတယ်။

မေး ။ ။ နောက်တခုမေးချင်တာက NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့က သူတို့က အစကတည်းက ပြောဆိုခဲ့ပါတယ်။ စေ့စပ်ညှိနှိုင်းအဖြေရှာရေးကိုလည်း သူတို့ လိုလားပါတယ်။ ဒါပေမဲ့ စစ်တပ်ဘက်က စစ်ကောင်စီဘက်က တင်းခံနေတာ။ အခုအခါမှာ နိုင်ငံတကာကလည်း ဖိအားပေးလာမယ်။ နောက်ဆုံးကြားတဲ့ သတင်းအရဆိုရင် - ဆရာလည်း ကြားမှာပါ - တရုတ်နဲ့ အမေရိကန်သာ ဒီကိစ္စမှာ ပူးပေါင်းပြီးတော့ စစ်ကောင်စီကို တဘက်သတ် ပံ့ပိုးလုပ်ဆောင်မှာ မဟုတ်ဘူးဆိုတဲ့ စကားသံတွေ ထွက်လာပါတယ်။ လက်တွေ့ကတော့ ဘယ်လောက်အထိ ဖြစ်လာနိုင်မလဲ မသိသေးဘူးပေါ့။ စစ်ကောင်စီကို တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ ဖိအားပေးလာနိုင်မယ်လို့ ဆရာ မျှော်လင့်ပါသလား။

ဖြေ ။ ။ အာဏာသိမ်းပြီးပြီချင်း ရက်ပိုင်းအတွင်းမှာ တရုတ်နိုင်ငံရဲ့ ကြေညာချက်ထဲမှာ တွေ့ဆုံဆွေးနွေးရေးလည်းပါတယ်။ တဘက်သတ် စစ်တပ်နဲ့ပဲ တွေ့ဆုံဆွေးနွေးမှာ မဟုတ်ဘဲ၊ စစ်တပ်မဟုတ်တဲ့ အတိအကျပြောရင် NLD နဲ့လည်း ဆွေးနွေးမှုတွေ ရှိတယ်ဆိုတဲ့ သဘောမျိုး တရုတ်က ကြေညာခဲ့တယ်။ ဒါက ၂၀၂၁ ဖေဖေါ်ဝါရီလ လဆန်းပိုင်းကတည်းက ဖြစ်တယ်။ အခုလဲပဲ တရုတ်နဲ့ အမေရိကန်တို့ရဲ့ ကန့်လန့်ကာနောက်ကွယ်က တွေ့ဆုံဆွေးနွေးညှိနှိုှုင်းမှုတွေကနေ သဘောတူညီမှုတခု ရတယ်လို့ တကယ့် အထင်ကရ diplomat တွေက ရေးလိုက်တဲ့အချက်က အတော်အရေးကြီးတယ်။ တနည်းအားဖြင့် ကမ္ဘာပေါ်မှာ ကြိုက်ကြိုက်မကြိုက်ကြိုက် အမေရိကန်နဲ့ တရုတ်တို့က အရေးကြီးဆုံး ဖြစ်တယ်။ အဲဒါကြောင့် သူတို့ကလည်း တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို ဆက်ပြောနေတယ်။ အာဆီယံကလည်း လုပ်ဖို့ကြိုးစားပေမယ့် အခုထိ မအောင်သေးဘူး။ ဆိုတော့ မေးခွန်းအရပြောရင် နိုင်ငံတကာရပ်တည်ချက် တရုတ်အပါအဝင် အာဆီယံအပါအဝင်က တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို စိုက်လိုက်မတ်တပ် ဆောင်ရွက်နေပေမယ့် ဒီနေ့အထိ စစ်တပ်ဟာ၊ အာဏာသိမ်းစစ်ကောင်စီက အဲဒီအပေါ်မှာ လိုက်လျောမှု တစုံတရာ မရှိသလောက်ကို ဖြစ်နေတယ်။ အဲဒီတော့ ဒီဟာက ဘာဖြစ်လာမလဲဆိုတော့ မကြာသေးခင်က ကာလလောက်အထိ စစ်တပ်အပေါ် နိုင်ငံတကာက အမြင်တွေက ပိုပြီးတော့ အနုတ်သဘော ဖြစ်စေပြီး၊ သူတို့အတွက် အလားအလာမကောင်းတဲ့ လမ်းကြောင်းဘက်ကို ဦးတည်လာသလားလို့ ကျနော်က အဲဒီလိုယူဆပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG