သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းမႈ အဆံုးသတ္ဖို႔ ဂ်ပန္နဲ႔ အစၥေရးလ္က ျမန္မာ႔အေရး လႈပ္ရွားသူေတြ ဆႏၵျပ


ေသြးစြန္းေငြ ျဖတ္ေတာက္ေရး ကမာၻလုံးဆိုင္ရာ ဆႏၵျပပဲြ GMSR (၃၁ ေအာက္တိုဘာ ၂၀၂၁ တနဂၤေႏြ- တိုက်ဳိ ဂ်ပန္)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းထားတာကို အဆုံးသတ္ေပးဖို႔ ျပည္တြင္းျပည္ပက ျမန္မာေတြ ဆန္႔က်င္ဆႏၵျပေနၾကရာမွာ ေအာက္တိုဘာ ၃၁ ရက္ တနဂၤေႏြေန႔တုန္းကလည္း ကမာၻလုံးဆိုင္ရာ GMSR ဆႏၵျပပဲြအျဖစ္ ဂ်ပန္နဲ႔ အစၥေရးလ္ႏိုင္ငံေရာက္ ျမန္မာ့အေရး လႈပ္ရွားသူေတြက တိုက်ဳိၿမိဳ႕နဲ႔ တဲလ္အဗီးၿမဳိ႕ေတြမွာ ဆႏၵျပခဲ့ၾကပါတယ္။

လူရာခ်ီတဲ့ တိုက်ဳိၿမိဳ႕ ခ်ီတက္ဆႏၵျပပဲြမွာေတာ့ ျမန္မာစစ္ေကာင္စီထံ စီးဆင္းေနတဲ့ အဓိက ေငြေၾကးအရင္းအျမစ္ျဖစ္တဲ့ ေရနံနဲ႔ သဘာဝဓာတ္ေငြ႔ကရတဲ့ ဝင္ေငြေတြကို သက္ဆိုင္ရာ ႏိုင္ငံျခားကုမၸဏီေတြက ယာယီဆိုင္းငံ့ေပးထားဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။

အလားတူ အစၥေရးလ္ႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားေတြကလည္း ေသြးစြန္းေငြ ျဖတ္ေတာက္ေရး လႈပ္ရွားမႈအျဖစ္ ဆႏၵထုတ္ေဖာ္ပြဲကို တဲလ္အဗီးၿမိဳ႕က ျမန္မာသံ႐ုံး အေဆာက္အဦေရွ႕မွာ တနဂၤေႏြ ေန႔လယ္ပုိင္းက ျပဳလုပ္ခဲ့ၾကတာပါ။

ဒီဆႏၵျပပဲြကို အစၥေရးလ္ႏိုင္ငံေရာက္ ျမန္မာႏုိင္ငံသား ၅၀ ေလာက္နဲ႔ အစၥေရးလ္ႏိုင္ငံသားအခ်ိဳ႕ ပါဝင္ခဲ့ၿပီး Chevron နဲ႔ Total ကုမၸဏီေတြကေန စစ္ေကာင္စီထံ ‌ေငြေၾကးစီးဆင္းမႈ မရွိေစေရး၊ ႏိုင္ငံေတာ္သမၼတ၊ အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ မတရားဖမ္းဆီးခံ ႏိုင္ငံေရးအက်ဥ္းသားေတြ ျပန္လႊတ္ေပးေရးအတြက္ ေတာင္းဆိုခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

စစ်အာဏာသိမ်းမှု အဆုံးသတ်ဖို့ ဂျပန်နဲ့ အစ္စရေးလ်က မြန်မာ့အရေး လှုပ်ရှားသူတွေ ဆန္ဒပြ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာကို အဆုံးသတ်ပေးဖို့ ပြည်တွင်းပြည်ပက မြန်မာတွေ ဆန့်ကျင်ဆန္ဒပြနေကြရာမှာ အောက်တိုဘာ ၃၁ ရက် တနင်္ဂနွေနေ့တုန်းကလည်း ကမ္ဘာလုံးဆိုင်ရာ GMSR ဆန္ဒပြပွဲအဖြစ် ဂျပန်နဲ့ အစ္စရေးလ်နိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားသူတွေက တိုကျိုမြို့နဲ့ တဲလ်အဗီးမြို့တွေမှာ ဆန္ဒပြခဲ့ကြပါတယ်။

လူရာချီတဲ့ တိုကျိုမြို့ ချီတက်ဆန္ဒပြပွဲမှာတော့ မြန်မာစစ်ကောင်စီထံ စီးဆင်းနေတဲ့ အဓိက ငွေကြေးအရင်းအမြစ်ဖြစ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကရတဲ့ ဝင်ငွေတွေကို သက်ဆိုင်ရာ နိုင်ငံခြားကုမ္ပဏီတွေက ယာယီဆိုင်းငံ့ပေးထားဖို့ တောင်းဆိုခဲ့ကြပါတယ်။

အလားတူ အစ္စရေးလ်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေကလည်း သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖြစ် ဆန္ဒထုတ်ဖော်ပွဲကို တဲလ်အဗီးမြို့က မြန်မာသံရုံး အဆောက်အဦရှေ့မှာ တနင်္ဂနွေ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ကြတာပါ။

ဒီဆန္ဒပြပွဲကို အစ္စရေးလ်နိုင်ငံရောက် မြန်မာနိုင်ငံသား ၅၀ လောက်နဲ့ အစ္စရေးလ်နိုင်ငံသားအချို့ ပါဝင်ခဲ့ပြီး Chevron နဲ့ Total ကုမ္ပဏီတွေကနေ စစ်ကောင်စီထံ ‌ငွေကြေးစီးဆင်းမှု မရှိစေရေး၊ နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေးအတွက် တောင်းဆိုခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG