သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ခ်င္းျပည္နယ္ မီး႐ႈိ႕တိုက္ခိုက္မႈအတြက္ စစ္ေကာင္စီကို အေမရိကန္ ႐ႈတ္ခ်


မီးေလာင္ကၽြမ္းေနတဲ့ ထန္တလန္ၿမိဳ႕တြင္း အေျခအေန။ (ေအာက္တိုဘာ ၂၉ ၊ ၂၀၂၁။ ဓာတ္ပံု - ChinLand Post)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ အာဏာသိမ္းထားတဲ့ စစ္တပ္က ခ်င္းျပည္နယ္အတြင္း ဆိုးဝါးတဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ လတ္တေလာ က်ဴးလြန္ေနတာကိုၾကည့္ရင္ ျမန္မာစစ္တပ္ကို လက္နက္မရေအာင္လုပ္ဖို႔ အပါအဝင္ ျမန္မာစစ္တပ္ တာဝန္ခံ တာဝန္ယူမႈ ရွိလာေအာင္၊ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ မလုပ္ႏုိင္ေအာင္ ႏိုင္ငံတကာ အသိုင္းအဝိုင္းက အေရးတႀကီး လုပ္ေဆာင္ေပးဖို႔ လိုေနၿပီဆိုတာ ျပသေနတယ္လို႔ အေမရိကန္ ႏုိင္ငံျခားေရးဌာန ေျပာခြင့္ရ Ned Price က ေအာက္တိုဘာလ ၃၁ ရက္ တနဂၤေႏြေန႔မွာ ေၾကညာခ်က္ထုတ္ျပန္ ေျပာဆိုပါတယ္။

ခ်င္းျပည္နယ္ထဲမွာ လူေနအိမ္ အလံုး ၁၀၀ ေက်ာ္နဲ႔ ခရစ္ယာန္ဘုရားေက်ာင္းေတြကို မီး႐ႈိ႕ၿပီး ဖ်က္ဆီးတာ အပါအဝင္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ဆက္ၿပီး ဆိုးဆုိးဝါးဝါး က်ဴးလြန္ေနတာအတြက္ အေမရိကန္က အထူးစိုးရိမ္ေၾကာင္းနဲ႔ ျမန္မာစစ္အာဏာပိုင္ေတြက ကိုယ့္ျပည္သူေတြရဲ႕ ေကာင္းက်ိဳးနဲ႔ အသက္အႏၲရာယ္ကို လံုးဝထည့္မတြက္ဘဲ ျပည္သူေတြကိုေရာ သူတို႔ရဲ႕ ေနအိမ္ေတြနဲ႔ ကိုးကြယ္ဆုေတာင္းရာ ေနရာေတြကို ရက္ရက္စက္စက္ ဖ်က္ဆီးေနတာကို ႐ႈတ္ခ်ေၾကာင္း ေျပာပါတယ္။

ဒါ့အျပင္ ခ်င္းျပည္နယ္နဲ႔ စစ္ကိုင္းတိုင္း အပါအဝင္ ျမန္မာႏိုင္ငံ ေနရာအႏွံ႔အျပားမွာ စစ္အင္အား တိုးခ်ဲ႕ေနတာ အတြက္လည္း အထူးစိုးရိမ္ေၾကာင္းနဲ႔ ျမန္မာစစ္တပ္အေနနဲ႔ အၾကမ္းဖက္မႈေတြ ခ်က္ခ်င္းရပ္ပစ္ဖို႔၊ မတရားဖမ္းဆီးထားသူေတြ အားလံုးကို ျပန္လႊတ္ေပးဖို႔နဲ႔ ျမန္မာႏိ္ုင္ငံမွာ အဖြဲ႔အားလံုး ပါဝင္တဲ့ ဒီမိုကေရစီ လမ္းေၾကာင္းေပၚ ျပန္ေလွ်ာက္ဖို႔လည္း ေတာင္းဆိုလိုက္ပါတယ္။

ျမန္မာျပည္သူေတြအေပၚ စစ္တပ္က ဆက္လက္က်ဴးလြန္ေနတဲ့ ဆိုးဝါးတဲ့ အၾကမ္းဖက္မႈေတြအတြက္ တာဝန္ခံမႈရွိေအာင္ အေမရိကန္ႏုိင္ငံက ဆက္လက္လုပ္ေဆာင္မွာ ျဖစ္သလို ျမန္မာျပည္သူေတြနဲ႔ ျမန္မာႏိုင္ငံ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္ေလွ်ာက္ၿပီး ျပႆနာေတြကို ၿငိမ္းခ်မ္းစြာ ေျဖရွင္းႏုိင္ေအာင္ ဝိ္ုင္းဝန္းႀကိဳးပမ္းေနသူ အားလံုးကို အေမရိကန္က ဆက္လက္ေထာက္ခံ ပံ့ပိုးသြားမွာျဖစ္ေၾကာင္းလည္း အေမရိကန္ ႏိုင္ငံျခားေရးဌာနက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

ချင်းပြည်နယ် မီးရှို့တိုက်ခိုက်မှုအတွက် စစ်ကောင်စီကို အမေရိကန် ရှုတ်ချ

မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ်က ချင်းပြည်နယ်အတွင်း ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လတ်တလော ကျူးလွန်နေတာကိုကြည့်ရင် မြန်မာစစ်တပ်ကို လက်နက်မရအောင်လုပ်ဖို့ အပါအဝင် မြန်မာစစ်တပ် တာဝန်ခံ တာဝန်ယူမှု ရှိလာအောင်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မလုပ်နိုင်အောင် နိုင်ငံတကာ အသိုင်းအဝိုင်းက အရေးတကြီး လုပ်ဆောင်ပေးဖို့ လိုနေပြီဆိုတာ ပြသနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က အောက်တိုဘာလ ၃၁ ရက် တနင်္ဂနွေနေ့မှာ ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။

ချင်းပြည်နယ်ထဲမှာ လူနေအိမ် အလုံး ၁၀၀ ကျော်နဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို မီးရှို့ပြီး ဖျက်ဆီးတာ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ပြီး ဆိုးဆိုးဝါးဝါး ကျူးလွန်နေတာအတွက် အမေရိကန်က အထူးစိုးရိမ်ကြောင်းနဲ့ မြန်မာစစ်အာဏာပိုင်တွေက ကိုယ့်ပြည်သူတွေရဲ့ ကောင်းကျိုးနဲ့ အသက်အန္တရာယ်ကို လုံးဝထည့်မတွက်ဘဲ ပြည်သူတွေကိုရော သူတို့ရဲ့ နေအိမ်တွေနဲ့ ကိုးကွယ်ဆုတောင်းရာ နေရာတွေကို ရက်ရက်စက်စက် ဖျက်ဆီးနေတာကို ရှုတ်ချကြောင်း ပြောပါတယ်။

ဒါ့အပြင် ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အပါအဝင် မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ စစ်အင်အား တိုးချဲ့နေတာ အတွက်လည်း အထူးစိုးရိမ်ကြောင်းနဲ့ မြန်မာစစ်တပ်အနေနဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပစ်ဖို့၊ မတရားဖမ်းဆီးထားသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံမှာ အဖွဲ့အားလုံး ပါဝင်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လျှောက်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။

မြန်မာပြည်သူတွေအပေါ် စစ်တပ်က ဆက်လက်ကျူးလွန်နေတဲ့ ဆိုးဝါးတဲ့ အကြမ်းဖက်မှုတွေအတွက် တာဝန်ခံမှုရှိအောင် အမေရိကန်နိုင်ငံက ဆက်လက်လုပ်ဆောင်မှာ ဖြစ်သလို မြန်မာပြည်သူတွေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်ပြီး ပြဿနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်အောင် ဝိုင်းဝန်းကြိုးပမ်းနေသူ အားလုံးကို အမေရိကန်က ဆက်လက်ထောက်ခံ ပံ့ပိုးသွားမှာဖြစ်ကြောင်းလည်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG