သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NUG ဝန္ႀကီး လ်န္မႈန္းဆာေခါင္ေနအိမ္ ခ်ိတ္ပိတ္ခံရ


NUG ဖက္ဒရယ္ျပည္ေထာင္စုေရးရာ ဝန္ႀကီး ေဒါက္တာလ်န္မႈန္းဆာေခါင္။ (ဓာတ္ပုံ - nugmyanmar.org)

(Zawgyi / Unicode)

ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ရဲ႕ ဝန္ႀကီးတဦးျဖစ္သူ ေဒါက္တာလ်န္မႈန္းဆာေခါင္ရဲ႕ ဟားခါးၿမိဳ႕က ေနအိမ္ကို စစ္ေကာင္စီက ခ်ိတ္ပိတ္ သိမ္းဆည္းခဲ့တယ္လို႔ ေဒါက္တာလ်န္မႈန္းဆာေခါင္က သူ႔ လူမႈကြန္ရက္ စာမ်က္ႏွာမွာ ေရးပါတယ္။

ေဒါက္တာလ်န္မႈန္းဆာေခါင္ဟာ ခ်င္းအမ်ိဳးသားတပ္ဦးရဲ႕ ဒုတိယဥကၠ႒နဲ႔ NUG ရဲ႕ ဖက္ဒရယ္ျပည္ေထာင္စုေရးရာ ဝန္ႀကီးအျဖစ္ တာဝန္ယူေနသူ ျဖစ္ပါတယ္။

အလားတူပဲ ဟားခါးၿမိဳ႕ေပၚမွာရွိတဲ့ ခ်င္းလူ႔အခြင့္အေရးအဖြဲ႔ (CHRO) ႐ုံးကိုလည္း စစ္ေကာင္စီက ခ်ိတ္ပိတ္ သိမ္းယူခဲ့တယ္လို႔ Chinland Post က ထုတ္ျပန္ခဲ့ပါတယ္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း အျခားေဒသေတြနည္းတူပဲ ခ်င္းျပည္နယ္မွာ စစ္အာဏာသိ္မ္းမႈ ဆန္႔က်င္ေရး ဆႏၵျပမႈေတြ ျဖစ္ခဲ့ၿပီး စစ္တပ္က အၾကမ္းဖက္ ႏွိမ္နင္းတာေတြ ရွိၿပီးေနာက္ပိုင္းမွာေတာ့ ခ်င္းျပည္နယ္တြင္း ေဒသကာကြယ္ေရးတပ္ေတြ ဖြဲ႔စည္းၿပီး စစ္ေကာင္စီတပ္ေတြကို ခုခံတိုက္ခိုက္မႈေတြ တိုးလာေနပါတယ္။

စစ္ေကာင္စီက ျပင္ဆင္လိုက္တဲ့ အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒအရဆိုရင္ အၾကမ္းဖက္တိုက္ခိုက္မႈေတြနဲ႔ ဆက္ႏႊယ္တယ္လို႔ စြပ္စြဲခံရသူ ေနအိမ္ အေဆာက္အဦးေတြကို ခ်ိတ္ပိတ္သိမ္းယူခြင့္ ရွိပါတယ္။

ခ်င္းျပည္နယ္အတြင္း ထန္တလန္၊ မင္းတပ္၊ ဖလမ္း စတဲ့ၿမိဳ႕ေတြမွာ ေဒသခံ ကာကြယ္ေရးတပ္ေတြ အားေကာင္းၿပီး စစ္ေကာင္စီနဲ႔ တိုက္ပြဲေတြ ဆက္တိုက္ဆိုသလို ရွိေနပါတယ္။

ေအာက္တိုဘာလ ၂၉ ရက္ေန႔တုန္းက ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕က ခရစ္ယာန္ဘုရားရွိခိုးေက်ာင္းႏွစ္ေက်ာင္း အပါအဝင္ အိမ္ေျခ ၁၀၀ ေက်ာ္ မီးေလာင္ပ်က္စီးသြားတဲ့ ကိစၥဟာ စစ္ေကာင္စီတပ္ေတြက မီး႐ႈိ႕မႈျဖစ္တယ္လို႔ ေဒသခံေတြေရာ လူ႔အခြင့္အေရး အဖြဲ႔ေတြကပါ ယူဆၾကပါတယ္။

ျမန္မာစစ္ေကာင္စီကေတာ့ ဒါကို ျငင္းဆိုၿပီး တိုက္ပြဲေတြျဖစ္ၿပီးေနာက္ ေဒသခံ ကာကြယ္ေရးအဖြဲ႔ေတြက မီး႐ႈိ႕ဖ်က္ဆီးတာေတြ ရွိတယ္လို႔ တန္ျပန္စြပ္စြဲပါတယ္။ ဒါေပမယ့္လည္း ဒီေန႔မွာေတာ့ မီး႐ိႈ႕မႈျဖစ္ေနခ်ိန္ ထန္တလန္ၿမိဳ႕ကို အေပၚစီးက ေကာင္ကင္ဒ႐ုန္းနဲ႔ ႐ိုက္ကူးထားတဲ့ ဗြီဒီယိုေတြ လူမႈကြန္ရက္မွာ ထြက္ေပၚလာၿပီး ဒါဟာ ျမန္မာစစ္တပ္က မီး႐ိႈ႕တာလို႔ တပ္အပ္ ေျပာဆိုမႈေတြ ရွိလာျပန္ပါတယ္။

ကရင္အမ်ိဳးသားအစည္းအ႐ုံး (KNU) ရဲ႕ ဒီကေန႔ ထုတ္ျပန္ခ်က္မွာေတာ့ ထန္တလန္ျဖစ္ရပ္ဟာ ကရင္ျပည္နယ္အတြင္း ကရင္လူထုေတြ ႀကံဳေတြ႔ခဲ့ရဖူးတဲ့ ျမန္မာ့တပ္မေတာ္ရဲ႕ ျဖတ္ေလးျဖတ္ စစ္ဆင္ေရးကို ျပန္အမွတ္ရစရာ ျဖစ္တယ္လို႔ ဆိုၿပီး ခ်င္းလူထုနဲ႔ သူတို႔ရပ္တည္ေနေၾကာင္း ေဖာ္ျပပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

NUG ဝန်ကြီး လျန်မှုန်းဆာခေါင်နေအိမ် ချိတ်ပိတ်ခံရ

ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝန်ကြီးတဦးဖြစ်သူ ဒေါက်တာလျန်မှုန်းဆာခေါင်ရဲ့ ဟားခါးမြို့က နေအိမ်ကို စစ်ကောင်စီက ချိတ်ပိတ် သိမ်းဆည်းခဲ့တယ်လို့ ဒေါက်တာလျန်မှုန်းဆာခေါင်က သူ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးပါတယ်။

ဒေါက်တာလျန်မှုန်းဆာခေါင်ဟာ ချင်းအမျိုးသားတပ်ဦးရဲ့ ဒုတိယဥက္ကဋ္ဌနဲ့ NUG ရဲ့ ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးအဖြစ် တာဝန်ယူနေသူ ဖြစ်ပါတယ်။

အလားတူပဲ ဟားခါးမြို့ပေါ်မှာရှိတဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရုံးကိုလည်း စစ်ကောင်စီက ချိတ်ပိတ် သိမ်းယူခဲ့တယ်လို့ Chinland Post က ထုတ်ပြန်ခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အခြားဒေသတွေနည်းတူပဲ ချင်းပြည်နယ်မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီး စစ်တပ်က အကြမ်းဖက် နှိမ်နင်းတာတွေ ရှိပြီးနောက်ပိုင်းမှာတော့ ချင်းပြည်နယ်တွင်း ဒေသကာကွယ်ရေးတပ်တွေ ဖွဲ့စည်းပြီး စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်မှုတွေ တိုးလာနေပါတယ်။

စစ်ကောင်စီက ပြင်ဆင်လိုက်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရဆိုရင် အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ဆက်နွှယ်တယ်လို့ စွပ်စွဲခံရသူ နေအိမ် အဆောက်အဦးတွေကို ချိတ်ပိတ်သိမ်းယူခွင့် ရှိပါတယ်။

ချင်းပြည်နယ်အတွင်း ထန်တလန်၊ မင်းတပ်၊ ဖလမ်း စတဲ့မြို့တွေမှာ ဒေသခံ ကာကွယ်ရေးတပ်တွေ အားကောင်းပြီး စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ရှိနေပါတယ်။

အောက်တိုဘာလ ၂၉ ရက်နေ့တုန်းက ချင်းပြည်နယ် ထန်တလန်မြို့က ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှစ်ကျောင်း အပါအဝင် အိမ်ခြေ ၁၀၀ ကျော် မီးလောင်ပျက်စီးသွားတဲ့ ကိစ္စဟာ စစ်ကောင်စီတပ်တွေက မီးရှို့မှုဖြစ်တယ်လို့ ဒေသခံတွေရော လူ့အခွင့်အရေး အဖွဲ့တွေကပါ ယူဆကြပါတယ်။

မြန်မာစစ်ကောင်စီကတော့ ဒါကို ငြင်းဆိုပြီး တိုက်ပွဲတွေဖြစ်ပြီးနောက် ဒေသခံ ကာကွယ်ရေးအဖွဲ့တွေက မီးရှို့ဖျက်ဆီးတာတွေ ရှိတယ်လို့ တန်ပြန်စွပ်စွဲပါတယ်။ ဒါပေမယ့်လည်း ဒီနေ့မှာတော့ မီးရှို့မှုဖြစ်နေချိန် ထန်တလန်မြို့ကို အပေါ်စီးက ကောင်ကင်ဒရုန်းနဲ့ ရိုက်ကူးထားတဲ့ ဗွီဒီယိုတွေ လူမှုကွန်ရက်မှာ ထွက်ပေါ်လာပြီး ဒါဟာ မြန်မာစစ်တပ်က မီးရှို့တာလို့ တပ်အပ် ပြောဆိုမှုတွေ ရှိလာပြန်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာတော့ ထန်တလန်ဖြစ်ရပ်ဟာ ကရင်ပြည်နယ်အတွင်း ကရင်လူထုတွေ ကြုံတွေ့ခဲ့ရဖူးတဲ့ မြန်မာ့တပ်မတော်ရဲ့ ဖြတ်လေးဖြတ် စစ်ဆင်ရေးကို ပြန်အမှတ်ရစရာ ဖြစ်တယ်လို့ ဆိုပြီး ချင်းလူထုနဲ့ သူတို့ရပ်တည်နေကြောင်း ဖော်ပြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG