(Zawgyi / Unicode)
ျမန္မာႏုိင္ငံမွာ ကေလးသူငယ္အခြင့္အေရး ခ်ဳိးေဖာက္မႈ အားလံုးကုိ ခ်က္ခ်င္းရပ္ဆိုင္းဖို႔ ကုလသမဂၢ အထူးကိုယ္စားလွယ္ ၃ ဦးက ပူးတြဲေတာင္းဆိုလိုက္ၾကပါတယ္။
ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏုိင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schraner Burgener၊ ကေလးမ်ားႏွင့္ လက္နက္ကိုင္ပဋိပကၡဆိုင္ရာ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္ Virginia Gamba၊ ကေလးမ်ားေပၚ အၾကမ္းဖက္မႈ ဆန္႔က်င္ေရးဆိုင္ရာ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္ ေဒါက္တာ Najat Maalla M'jid တုိ႔ရဲ႕ ေအာက္တိုဘာလ ၂၉ ရက္ေန႔ ထုတ္ျပန္ခ်က္ထဲမွာ အဲဒီလို ေတာင္းဆိုထားတာပါ။
ကေလးသူငယ္ေတြအေပၚ ဆိုးရြားတဲ့ခ်ဳိးေဖာက္မႈ ၆ ခုကို က်ဴးလြန္ရင္ ရာဇဝတ္မႈအျဖစ္ သတ္မွတ္တဲ့ဥပေဒ ျပ႒ာန္းဖို႔၊ ကေလးသူငယ္ဥပေဒပါ ျပ႒ာန္းခ်က္အားလံုးကုိ လက္ေတြ႔ အေကာင္အထည္ေဖာ္ဖို႔၊ ကေလးငယ္ေတြကို စုေဆာင္း အသံုးျပဳတာ အပါအဝင္ ပဋိပကၡေတြေၾကာင့္ ထိခိုက္ရမႈေတြကေန ကေလးငယ္ေတြကို အကာအကြယ္ေပးေရး တစုတစည္းတည္း လုပ္ေဆာင္ၾကဖို႔ အထူးကိုယ္စားလွယ္ေတြက တိုက္တြန္းထားပါတယ္။
ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ စစ္တပ္က အာဏာသိမ္းလိုက္ၿပီးတဲ့ေနာက္ ျမန္မာႏုိင္ငံရဲ႕ ၿငိမ္းခ်မ္းစြာ ဒီမိုကေရစီ အသြင္ကူးေျပာင္းမႈ ရပ္ဆိုင္းသြားၿပီး အၾကမ္းဖက္အသြင္ေဆာင္ အက်ပ္အတည္း ပံုစံမ်ဳိးစံု ဆက္ျဖစ္ေနတာက ကေလးေတြနဲ႔ သူတို႔ရဲ႕ အနာဂတ္အေပၚ ဆိုးရြားတ့ဲ သက္ေရာက္မႈေတြ ျဖစ္ေစတယ္လို႔ အထူးကိုယ္စားလွယ္ေတြက ေထာက္ျပထားပါတယ္။
ဒီအေျခအေနကို အဆံုးသတ္ေစဖို႔ ၿငိမ္းခ်မ္းၿပီး အားလံုးပါဝင္တဲ့ ညႇိႏိႈင္းေျပာဆိုမႈ မရွိတာ၊ ႏုိင္ငံတကာက တညီညြတ္တည္း တုံ႔ျပန္မႈ အားနည္းတာေတြေၾကာင့္ လက္နက္ကိုင္အဖြဲ႔ေတြထဲ ဝင္ကုန္ၾကတဲ့ ကေလးေတြနဲ႔ ငယ္ရြယ္သူ အေရအတြက္ တိုးလာေနတာေတြ၊ အိုးအိမ္မဲ့ျဖစ္ကုန္တာေတြ၊ ဖမ္းဆီးခံရတာေတြ ဒါမွမဟုတ္ ေဘးဒုကၡ ေရာက္ၾကတာေတြ စတဲ့ စိုးရိမ္ဖြယ္သတင္းေတြကို ကုလသမဂၢက ဆက္ၿပီးရေနတယ္လုိ႔လည္း အထူးကိုယ္စားလွယ္ေတြရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ေက်ာင္းေတြ၊ ေဆး႐ုံေတြနဲ႔ အကာအကြယ္ေပးရမယ့္ လူပုဂၢိဳလ္ေတြအေပၚ တုိက္ခုိက္တာေတြသာမက ကေလးေတြကို လူသစ္စုေဆာင္းတာ၊ အသံုးခ်တာ၊ သတ္ျဖတ္တာနဲ႔ ထိခိုက္ဒဏ္ရာရေစတာလို ကေလးေတြအေပၚ ဆိုးရြားတဲ့ ျပဳမူဆက္ဆံမႈေတြကို ပဋိပကၡမွာ ပါဝင္ေနသူ အားလံုးက က်ဴးလြန္တာေတြ ပိုတိုးလာတယ္လုိ႔လည္း အထူးကိုယ္စားလွယ္ေတြက ေျပာပါတယ္။
ျမန္မာႏိုင္ငံက ကေလးငယ္ေတြ၊ ဘဂၤလားေဒ့ရွ္က ႐ုိဟင္ဂ်ာကေလးငယ္ေတြ အပါအဝင္ အိမ္နီးခ်င္းႏိုင္ငံေတြမွာ ထြက္ေျပးခိုလႈံေနရတဲ့ ကေလးငယ္ေတြရဲ႕ ဆိုးရြားတဲ့ အေျခအေနအေပၚ ေဒသတြင္းႏုိင္ငံေတြသာမက ႏုိင္ငံတကာ အသိုင္းအဝုိင္းကပါ ႀကီးမားတဲ့ အာ႐ုံေပးလုပ္ေဆာင္မႈ လိုအပ္ေနတယ္လုိ႔ ကုလသမဂၢ အထူးကိုယ္စားလွယ္ေတြက အေလးေပး ေျပာဆိုထားပါတယ္။
-----------------------
(Unicode)
မြန်မာနိုင်ငံတွင်း ကလေးအခွင့်အရေး ချိုးဖောက်မှုများ ကုလကိုယ်စားလှယ်တွေ ဝေဖန်
မြန်မာနိုင်ငံမှာ ကလေးသူငယ်အခွင့်အရေး ချိုးဖောက်မှု အားလုံးကို ချက်ချင်းရပ်ဆိုင်းဖို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ၃ ဦးက ပူးတွဲတောင်းဆိုလိုက်ကြပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener၊ ကလေးများနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Virginia Gamba၊ ကလေးများပေါ် အကြမ်းဖက်မှု ဆန့်ကျင်ရေးဆိုင်ရာ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဒေါက်တာ Najat Maalla M'jid တို့ရဲ့ အောက်တိုဘာလ ၂၉ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ အဲဒီလို တောင်းဆိုထားတာပါ။
ကလေးသူငယ်တွေအပေါ် ဆိုးရွားတဲ့ချိုးဖောက်မှု ၆ ခုကို ကျူးလွန်ရင် ရာဇဝတ်မှုအဖြစ် သတ်မှတ်တဲ့ဥပဒေ ပြဋ္ဌာန်းဖို့၊ ကလေးသူငယ်ဥပဒေပါ ပြဋ္ဌာန်းချက်အားလုံးကို လက်တွေ့ အကောင်အထည်ဖော်ဖို့၊ ကလေးငယ်တွေကို စုဆောင်း အသုံးပြုတာ အပါအဝင် ပဋိပက္ခတွေကြောင့် ထိခိုက်ရမှုတွေကနေ ကလေးငယ်တွေကို အကာအကွယ်ပေးရေး တစုတစည်းတည်း လုပ်ဆောင်ကြဖို့ အထူးကိုယ်စားလှယ်တွေက တိုက်တွန်းထားပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းစွာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ရပ်ဆိုင်းသွားပြီး အကြမ်းဖက်အသွင်ဆောင် အကျပ်အတည်း ပုံစံမျိုးစုံ ဆက်ဖြစ်နေတာက ကလေးတွေနဲ့ သူတို့ရဲ့ အနာဂတ်အပေါ် ဆိုးရွားတဲ့ သက်ရောက်မှုတွေ ဖြစ်စေတယ်လို့ အထူးကိုယ်စားလှယ်တွေက ထောက်ပြထားပါတယ်။
ဒီအခြေအနေကို အဆုံးသတ်စေဖို့ ငြိမ်းချမ်းပြီး အားလုံးပါဝင်တဲ့ ညှိနှိုင်းပြောဆိုမှု မရှိတာ၊ နိုင်ငံတကာက တညီညွတ်တည်း တုံ့ပြန်မှု အားနည်းတာတွေကြောင့် လက်နက်ကိုင်အဖွဲ့တွေထဲ ဝင်ကုန်ကြတဲ့ ကလေးတွေနဲ့ ငယ်ရွယ်သူ အရေအတွက် တိုးလာနေတာတွေ၊ အိုးအိမ်မဲ့ဖြစ်ကုန်တာတွေ၊ ဖမ်းဆီးခံရတာတွေ ဒါမှမဟုတ် ဘေးဒုက္ခ ရောက်ကြတာတွေ စတဲ့ စိုးရိမ်ဖွယ်သတင်းတွေကို ကုလသမဂ္ဂက ဆက်ပြီးရနေတယ်လို့လည်း အထူးကိုယ်စားလှယ်တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကျောင်းတွေ၊ ဆေးရုံတွေနဲ့ အကာအကွယ်ပေးရမယ့် လူပုဂ္ဂိုလ်တွေအပေါ် တိုက်ခိုက်တာတွေသာမက ကလေးတွေကို လူသစ်စုဆောင်းတာ၊ အသုံးချတာ၊ သတ်ဖြတ်တာနဲ့ ထိခိုက်ဒဏ်ရာရစေတာလို ကလေးတွေအပေါ် ဆိုးရွားတဲ့ ပြုမူဆက်ဆံမှုတွေကို ပဋိပက္ခမှာ ပါဝင်နေသူ အားလုံးက ကျူးလွန်တာတွေ ပိုတိုးလာတယ်လို့လည်း အထူးကိုယ်စားလှယ်တွေက ပြောပါတယ်။
မြန်မာနိုင်ငံက ကလေးငယ်တွေ၊ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာကလေးငယ်တွေ အပါအဝင် အိမ်နီးချင်းနိုင်ငံတွေမှာ ထွက်ပြေးခိုလှုံနေရတဲ့ ကလေးငယ်တွေရဲ့ ဆိုးရွားတဲ့ အခြေအနေအပေါ် ဒေသတွင်းနိုင်ငံတွေသာမက နိုင်ငံတကာ အသိုင်းအဝိုင်းကပါ ကြီးမားတဲ့ အာရုံပေးလုပ်ဆောင်မှု လိုအပ်နေတယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေက အလေးပေး ပြောဆိုထားပါတယ်။