သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး ႏိုင္ငံတကာ အခ်ိန္မီေျဖရွင္းဖို႔ ကုလအထူးကိုယ္စားလွယ္ ထပ္မံသတိေပး


ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schraner Burgener

= =[[ Zawgyi ]]= =

လက္နက္ကိုင္ ပဋိပကၡေတြ ႀကီးထြားလာေနတဲ့ ျမန္မာႏိုင္ငံမွာ အေျခအေနေတြ ပိုဆိုးမလာခင္ ႏိုင္ငံတကာ အသိုင္းအ၀န္းက ဝိုင္း၀န္းေျဖရွင္းၾကဖို႔ ဒီသီတင္းပတ္ကုန္ တာ၀န္သက္တမ္း ကုန္ဆုံးေတာ့မယ့္ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ ကတိုက္တြန္းလိုက္ေၾကာင္း အတြင္းေရးမွဴးခ်ဳပ္႐ုံးက ေျပာပါတယ္။

“ခ်င္းျပည္နယ္အျပင္ စစ္ကိုင္းနဲ႔ မေကြးတိုင္းေတြမွာ မၾကာခင္သီတင္းပတ္ေတြ အတြင္း လံုျခံဳေရး၊ လူသားခ်င္းစာနာမႈနဲ႔ လူ႔အခြင့္ေရးအေျခေနေတြ ဆိုးရြားလာေနၿပီး၊ သတင္းေတြအရ ၂၀၁၇ ခုႏွစ္ ရခိုင္ျပည္နယ္မွာ (စစ္တပ္ရဲ႕) နယ္ေျမရွင္းလင္းေရးကာလမွာ ၾကံဳခဲ့ရတဲ့ ျဖစ္ရပ္မ်ဳိးေတြ ရွိေနပါတယ္။” လို႔ အထူးကိုယ္စားလွယ္ Christine Schraner Burgener ရဲ႕ ေျပာၾကားခ်က္ကို နယူးေယာက္ ကုလသမဂၢ႐ုံးခ်ဳပ္က ေသာၾကာေန႔ သတင္းစာ ရွင္းလင္းပဲြအတြင္း အတြင္းေရးမွဴးခ်ဳပ္ရဲ႕ လက္ေထာက္ေျပာခြင့္ရ Farhan Haq ကေျပာဆိုသြားတာပါ။

ေဒသတြင္းမွာ စစ္တပ္က အင္အားတိုးခ်ေနတဲ့အတြက္ ပဋိပကၡေတြ ျပင္းထန္လာမယ့္ အလားအလာေတြ ရွိေနတယ္လို႔လည္း ေျပာပါတယ္။ ဒါေၾကာင့္လည္း အေျခအေနေတြ ဒီထက္ပိုဆိုးမလာခင္ ႏိ္ုင္ငံတကာအသိုင္းဝိ္ုင္းက တညီတၫြတ္ထည္း အကာကြယ္ေပးၾကဖို႔လည္း ေျပာဆိုခဲ့တာပါ။ ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ေပၚေပါက္ေနတဲ့ ႏိုင္ငံေရး အက်ပ္အတည္းေတြကို ညႇိႏႈိင္းေျဖရွင္းဖို႔လည္း တိုက္တြန္းထားပါတယ္။ ဒီျပႆနာအတြက္ သက္ဆိုင္ရာ အဖြဲ႔စည္းအားလံုးပါဝင္တဲ့ ၫွိႏႈိင္းေဆြးေႏြးမႈေတြနဲ႔ ေျဖရွားဖို႔လည္း တိုက္တြန္းလိုက္ပါတယ္။

ကုလသမဂၢ အထူးကိုယ္စားလွယ္ရဲ႕ တိုက္တြန္းခ်က္ ထြက္မလာခင္ ေသာၾကာေန႔ အေစာပိုင္းမွာပဲ ပဋိပကၡေတြနဲ႔ တင္းမာမႈေတြ ႀကီးထြားေနတဲ့ ခ်င္းျပည္နယ္က ထန္တလန္ၿမိဳ႕မွာ မီးေလာင္မႈေၾကာင့္ ေနအိမ္၊ အေဆာက္အဦး အမ်ားအျပား ပ်က္စီးခဲ့ပါတယ္။ ေဒသခံ ကာကြယ္ေရးတပ္ဖဲြ႕ေတြနဲ႔ ၿမိဳ႕ခံေတြကေတာ့ မီးေလာင္မႈဟာ စစ္တပ္ရဲ႕ လက္ခ်က္လို႔ စြပ္စဲြထားၿပီး၊ စစ္ေကာင္စီ ဖက္ကေတာ့ လတ္တေလာ တုံ႔ျပန္တာ မေတြ႕ေသးပါဘူး။

မီးေလာင္မႈေၾကာင့္ ၿဗိတိန္အေျခစိုက္ ႏိုင္ငံတကာ ပရဟိတ အဖဲြ႕တခုျဖစ္တဲ့ Save the Children အဖြဲ႔ရဲ႕ ႐ုံးအပါအ၀င္ ေနအိမ္၊ အေဆာက္အဦး ၁၀၀ ထက္မနည္း ပ်က္စီးခဲ့ရေၾကာင္းလည္း ဒီအဖဲြ႕က သတင္းထုတ္ျပန္ထားပါတယ္။ ခ်င္းလူ႔အခြင့္အေရးအဖဲြ႕ (CHRO) ကလည္း ခ်င္းျပည္နယ္မွာ အေျခအေနေတြ ဆိုးရြားလာေနတဲ့အေပၚ စိုးရိမ္ေၾကာင္းနဲ႔ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီက အေရးေပၚ အစည္းအေ၀း က်င္းပၿပီး ျမန္မာ့အေရး ေဆြးေႏြးဖို႔လည္း တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

= ={{ Unicode }}= =

မြန်မာ့အရေး နိုင်ငံတကာ အချိန်မီဖြေရှင်းဖို့ ကုလအထူးကိုယ်စားလှယ် ထပ်မံသတိပေး

လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားလာနေတဲ့ မြန်မာနိုင်ငံမှာ အခြေအနေတွေ ပိုဆိုးမလာခင် နိုင်ငံတကာ အသိုင်းအဝန်းက ဝိုင်းဝန်းဖြေရှင်းကြဖို့ ဒီသီတင်းပတ်ကုန် တာဝန်သက်တမ်း ကုန်ဆုံးတော့မယ့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကတိုက်တွန်းလိုက်ကြောင်း အတွင်းရေးမှူးချုပ်ရုံးက ပြောပါတယ်။

“ချင်းပြည်နယ်အပြင် စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ မကြာခင်သီတင်းပတ်တွေ အတွင်း လုံခြုံရေး၊ လူသားချင်းစာနာမှုနဲ့ လူ့အခွင့်ရေးအခြေနေတွေ ဆိုးရွားလာနေပြီး၊ သတင်းတွေအရ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မှာ (စစ်တပ်ရဲ့) နယ်မြေရှင်းလင်းရေးကာလမှာ ကြုံခဲ့ရတဲ့ ဖြစ်ရပ်မျိုးတွေ ရှိနေပါတယ်။” လို့ အထူးကိုယ်စားလှယ် Christine Schraner Burgener ရဲ့ ပြောကြားချက်ကို နယူးယောက် ကုလသမဂ္ဂရုံးချုပ်က သောကြာနေ့ သတင်းစာ ရှင်းလင်းပွဲအတွင်း အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက်ပြောခွင့်ရ Farhan Haq ကပြောဆိုသွားတာပါ။

ဒေသတွင်းမှာ စစ်တပ်က အင်အားတိုးချနေတဲ့အတွက် ပဋိပက္ခတွေ ပြင်းထန်လာမယ့် အလားအလာတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။ ဒါကြောင့်လည်း အခြေအနေတွေ ဒီထက်ပိုဆိုးမလာခင် နိုင်ငံတကာအသိုင်းဝိုင်းက တညီတညွတ်ထည်း အကာကွယ်ပေးကြဖို့လည်း ပြောဆိုခဲ့တာပါ။ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်နေတဲ့ နိုင်ငံရေး အကျပ်အတည်းတွေကို ညှိနှိုင်းဖြေရှင်းဖို့လည်း တိုက်တွန်းထားပါတယ်။ ဒီပြဿနာအတွက် သက်ဆိုင်ရာ အဖွဲ့စည်းအားလုံးပါဝင်တဲ့ ညှိနှိုင်းဆွေးနွေးမှုတွေနဲ့ ဖြေရှားဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ တိုက်တွန်းချက် ထွက်မလာခင် သောကြာနေ့ အစောပိုင်းမှာပဲ ပဋိပက္ခတွေနဲ့ တင်းမာမှုတွေ ကြီးထွားနေတဲ့ ချင်းပြည်နယ်က ထန်တလန်မြို့မှာ မီးလောင်မှုကြောင့် နေအိမ်၊ အဆောက်အဦး အများအပြား ပျက်စီးခဲ့ပါတယ်။ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မြို့ခံတွေကတော့ မီးလောင်မှုဟာ စစ်တပ်ရဲ့ လက်ချက်လို့ စွပ်စွဲထားပြီး၊ စစ်ကောင်စီ ဖက်ကတော့ လတ်တလော တုံ့ပြန်တာ မတွေ့သေးပါဘူး။

မီးလောင်မှုကြောင့် ဗြိတိန်အခြေစိုက် နိုင်ငံတကာ ပရဟိတ အဖွဲ့တခုဖြစ်တဲ့ Save the Children အဖွဲ့ရဲ့ ရုံးအပါအဝင် နေအိမ်၊ အဆောက်အဦး ၁၀၀ ထက်မနည်း ပျက်စီးခဲ့ရကြောင်းလည်း ဒီအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကလည်း ချင်းပြည်နယ်မှာ အခြေအနေတွေ ဆိုးရွားလာနေတဲ့အပေါ် စိုးရိမ်ကြောင်းနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အရေးပေါ် အစည်းအဝေး ကျင်းပပြီး မြန်မာ့အရေး ဆွေးနွေးဖို့လည်း တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG