သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဆင္းေပးဖို႔ ကုလအထူးကိုယ္စားလွယ္တိုက္တြန္း 


ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဆင္းေပးဖို႔ ကုလအထူးကိုယ္စားလွယ္တိုက္တြန္း

ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဆင္းေပးဖို႔ ကုလအထူးကိုယ္စားလွယ္တိုက္တြန္း

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံက ႏိုင္ငံေရး အက်ပ္အတည္းေတြကို ေျဖရွင္းႏိုင္ဖို႔ ျမန္မာစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ရာထူးက ဆင္းေပးဖို႔ ကုလသမဂၢရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schraner Burgener ကတိုက္တြန္းလိုက္ပါတယ္။ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံမွာ ႀကဳံေနရတဲ့ အေျခအေနေတြ ဒီထက္ပိုဆိုးမလာေအာင္ ကုလသမဂၢ အပါအဝင္ ႏိုင္ငံတကာ အသိုင္းအဝန္းက ဝိုင္းဝန္းႀကိဳးပမ္းၾကဖို႔လည္း အထူးကိုယ္စားလွယ္ Burgener အျပင္၊ ျမန္မာႏိုင္ငံဆိုင္ရာ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ Thomas Andrews ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ အၿမဲတမ္းကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္း တို႔က ေသာၾကာေန႔ ကုလသမဂၢ အေထြေထြညီလာခံရဲ႕ တတိယ ေကာ္မတီမွာ တိုက္တြန္းခဲ့ၾကတာပါ။ အျပည့္အစုံကိုေတာ့ ကိုေဇာ္မိုးေက်ာ္က တင္ျပေပးထားပါတယ္။
----
စစ္အာဏာသိမ္းခဲ့တာ ၈ လေက်ာ္ ကာလအတြင္း ကေလးေတြ အပါအဝင္ လူေပါင္း ၁,၁၀၀ ေက်ာ္ ေသဆုံးခဲ့ရတဲ့ ေနာက္ဆက္တြဲ အက်ပ္အတည္းေတြဟာ ပိုမိုဆိုး႐ြားလာေနတာကိုသာ ေတြ႕ျမင္ေနရတဲ့အေၾကာင္း ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schraner Burgener က တာဝန္က အနားမယူခင္ ကုလသမဂၢမွာ ေနာက္ဆုံး အစီရင္ခံ တင္ျပရာမွာ သတိေပးလိုက္တာပါ။ အေျခအေနေတြ ဒီထက္ပိုဆိုးမလာဖို႔ဆိုရင္ အာဏာသိမ္း စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ရာထူးက ဆင္းေပးသင့္တယ္လို႔လည္း ကုလသမဂၢမွာ အေထြေထြညီလာခံရဲ႕ လူ႔အခြင့္အေရး ကိစၥေတြကို ကိုင္တြယ္ရတဲ့ တတိယေကာ္မတီမွာ ေသာၾကာေန႔က အစီရင္ခံရာမွာ တိုက္တြန္းလိုက္တာပါ။

“ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ အေနနဲ႔ တိုင္းျပည္အနာဂတ္ကို အမွန္တကယ္ အေလးထားတယ္ဆိုရင္ ရာထူးက ဆင္းေပးၿပီး၊ ျပည္သူလူထုဆႏၵနဲ႔အညီ တင္ေျမႇာက္ထားတဲ့ အရပ္သား အစိုးရကို တပ္မေတာ္က အာဏာလႊဲေပးလိုက္ပါ။ ျမန္မာႏိုင္ငံက ကေလးေတြ လူငယ္ေတြရဲ႕ အနာဂတ္ကို ဖ်က္ဆီးခံေနရတဲ့အေပၚ စိတ္မခ်မ္းမသာ ျဖစ္ေနၾကတဲ့ တပ္မေတာ္သားေတြ ရွိမယ္လို႔လည္း က်မယုံၾကည္ပါတယ္။”

ျမန္မာႏိုင္ငံမွာ လက္ရွိ ရင္ဆိုင္ေနရတဲ့ အက်ပ္အတည္းေတြကို ေဆြးေႏြးေျဖရွင္းဖို႔ လိုအပ္ေပမဲ့ လတ္တေလာမွာ စစ္အာဏာပိုင္ေတြက ေစ့စပ္ေျဖရွင္းလိုပုံ မရဘူးလို႔လည္း ေျပာပါတယ္။ ျမန္မာႏိုင္ငံမွာ ႀကဳံေနရတဲ့ အက်ပ္အတည္းေတြကို ေက်ာ္လႊားၿပီး ဒီမိုကေရစီ လမ္းေၾကာင္းေပၚ ျပန္ေရာက္ဖို႔ ကုလသမဂၢ အပါအဝင္ ႏိုင္ငံတကာ အသိုင္းအဝန္းက ဆက္လက္ ဖိအားေပးဖို႔ အေရးႀကီးတယ္လို႔လည္း ေျပာဆိုခဲ့တာပါ။

“ျမန္မာႏိုင္ငံ ျပန္လည္သင့္ျမတ္ေရးနဲ႔ ျမန္မာႏိုင္ငံရဲ႕ျပႆနာေတြကိုေျဖရွင္းႏိုင္မယ့္ နည္လမ္းေတြရရွိဖို႔ တိက်ခိုင္မာတဲ့ လုပ္ေဆာင္မႈေတြအတြက္ ဖိအားေပးတာေတြ၊ ကူညီေဆာင္႐ြက္ေပးတာေတြကို ႏိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ ညီညီၫြတ္ၫြတ္ မလုပ္ႏိုင္ဘူးဆိုရင္ ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္မႈေတြ ဆက္လက္ျဖစ္ေပၚေနဦးမွာပါ။”

အေထြေထြညီလာခံ တတိယေကာ္မတီမွာ ျမန္မာႏိုင္ငံက အေျခအေနေတြနဲ႔ ပတ္သက္လို႔ တင္ျပခဲ့တဲ့ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကလည္း အထူးကိုယ္စားလွယ္ရဲ႕ တိုက္တြန္းခ်က္ကို အားေပးေထာက္ခံ တင္ျပခဲ့တာပါ။

“ေဖေဖၚ၀ါရီလ ၁ ရက္ေန့မနက္အေစာပုိင္းမွာ ဒီမုိကေရစီနည္းလမ္းတက်ေရြးေကာက္ တင္ေျမာက္ထားတဲ့ သမတႀကီးဦး၀င္းျမင့္ထံလာေရာက္ၿပီး၊ ရာထူးကေနႏွုတ္ထြက္ဖုိ့ၿခိမ္းေျခာက္ေျပာဆုိခဲ့ပါတယ္။ သမတ ဦး၀င္းျမင့္အေနနဲ့ သူ့အသက္ကုိသာလ်င္စြန့္ လႊတ္သြားမယ္၊သူတုိ့ရဲ့ၿခိမ္းေျခာက္ေတာင္းဆုိမွုကုိလုိက္နာမွာမဟုတ္ေၾကာင္းတုံျပန္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ႏုိင္ငံေတာ္အေပၚသစၥာေဖါက္မွုႀကီး ကုိက်ဴးလြန္ၿပီး၊ စစ္တပ္က အာဏာသိမ္းယူခဲ့ပါတယ္။ အဲဒိ အခ်ိန္ကတည္းကစၿပီး က်ေနာ္တုိ့တုိင္းျပည္ဟာလည္း တစထက္တစအေျခအေနဆုိး လာခဲ့ၿပီးယုိယြင္းပ်က္စီးလာခဲ့ပါတယ္”

ျမန္မာျပည္မွာ စစ္တပ္ရဲ့အၾကမ္းဖက္ဖိႏွိပ့္မွုေတြေၾကာင့္ မလဲြသာမေရွာင္ ျပည္သူေတြ အေနနဲ့ ကုိယ့္ကုိယ္ကုိယ္ခုံခံကာကြယ္တုိက္ခုိက္ေနရေၾကာင္း၊ ကုလသမဂၢအပါအ၀င္ႏုိင္ငံတကာအသုိင္းအ၀ုိင္းအေနနဲ့ ထိေရာက္တဲ့အေရးယူ ေဆာင္ရြက္မွု ေတြျပဳလုပ္ဖုိ့လုပ္အပ္ေၾကာင္းကုိလည္း ဦးေက်ာ္မုိးထြန္းကေျပာဆုိခဲ့ပါတယ္။

အထူးကိုယ္စားလွယ္ Christine Burgener ျမန္မာကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္းတို႔နဲ႔အတူ တတိယေကာ္မတီမွာ အစီရင္ခံခဲ့တဲ့ လူ႔အခြင့္အေရးကိုယ္စားလွယ္ Thomas Andrew ကလည္း ႏိုင္ငံတကာရဲ႕ အခန္းက႑ကို အေလးထား ေျပာသြားခဲ့တာပါ။ အထူးသျဖင့္ အာဏာသိမ္း စစ္ေကာင္စီကို လက္မခံဖို႔နဲ႔ ဒဏ္ခတ္အေရးယူတာေတြလုပ္ၿပီး ဒီမိုကေရစီလမ္းေၾကာင္းကို ျပန္ေရာက္လာေအာင္ တြန္းအားေပးဖို႔လည္း တိုက္တြန္းသြားပါတယ္။

“ျမန္မာစစ္အာဏာရွင္ေတြဟာ သူ့ရဲ့ အေျခခံက်တဲ့လုိအပ္ခ်က္ျဖစ္တဲ့ ေငြ၊ လက္ႏွက္ နဲ့ တရား၀င္မွု ဆုိတာေတြအတြက္ ႏုိင္ငံတကာအသုိင္းအ၀ုိင္းကုိမွီခုိအားထားေနရတယ္ဆုိတဲ့အခ်က္ကုိ က်ေနာ္တုိ့ နားလည္သေဘာေပါက္လာတဲ့ေနာက္၊ အဲဒီေနရာကေနစတင္လုပ္ေဆာင္ႏုိင္ပါတယ္။ ဒီအခ်က္ ၃ ခ်က္ကုိပစ္မွတ္ထားၿပီးက်ေနာ္တုိ့ လုပ္ေဆာင္ႏုိင္ပါတယ္။ တခ်ိန္ထဲမွာဘဲ ရုိဟင္ဂ်ာဒုကၡသည္ေတြ အပါအ၀င္ျမန္မာျပည္သူေတြအတြက္ လူသားခ်င္းစာနာမွုဆုိင္ရာအေထာက္အပံေတြကုိ တုိးခ်ဲ့ေပးသြားႏုိင္ပါတယ္။ ဒီလုိနည္းလမ္းဟာျမန္မာျပည္သူေတြကုိ ကူညီလုပ္ေဆာင္ေပးဖုိ့အေကာင္းဆုံးနည္း လမ္းေတြျဖစ္ပါတယ္။”

ASEAN ရဲ့ဆုံးျဖတ္ခ်က္ဟာ အာဏာသိမ္း စစ္ေကာင္စီ ကုိအထိနာေစခဲ့ေၾကာင္း၊ ျမန္မာႏုိင္ငံကုိ လက္နက္ မေရာင္းဖုိ့ကုိ လုံၿခဳံေရး ေကာင္စီက မလုပ္ႏုိင္ရင္ေတာင္ အဖဲြ့၀င္ႏုိင္ငံတုိင္း က၀ုိင္း၀န္း လုပ္ေဆာင္ၾကဖုိလုိေၾကာင္း၊ ျမန္မာႏုိင္ငံကုိစီးပြားေရးအရ ပိတ္ဆုိ့အေရးယူတဲ့ေနရာမွာ စြမ္းအင္းကဏၭကုိ အဓိကထားလုပ္ ေဆာင္ဖုိ့လုိေၾကာင္းေတြကုိ တုိက္တြန္းေျပာဆုိသြားခဲ့ပါတယ္။

ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္အျဖစ္ မၾကာခင္ တာဝန္က အနားယူေတာ့မယ့္ Christine Burgener ရဲ႕ တင္ျပခ်က္ေတြကိုေတာ့ အာဆီယံနဲ႔ ေဒသတြင္းႏိုင္ငံေတြ အပါအဝင္၊ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားက ေထာက္ခံ ေဆြးေႏြးခဲ့ၾကပါတယ္။ တ႐ုတ္ႏိုင္ငံကေတာ့ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ေတြရဲ႕ တင္ျပခ်က္ေတြနဲ႔ ပတ္သက္လို႔ ကန႔္ကြက္တာ၊ ေထာက္ခံတာမ်ိဳး မရွိပဲ ျပႆနာေတြကို အျပဳသေဘာ ေဆြးေႏြးေျဖရွင္းတာေတြကို အားေပးေၾကာင္းသာေျပာဆိုခဲ့တာပါ။ ျမန္မာ့အေရး တင္ျပခ်က္ေတြနဲ႔ ပတ္သက္လို႔ အျပန္အလွန္ ေဆြးေႏြးေမးျမန္းၾကတဲ့အထဲမွာ အေမရိကန္ကေတာ့ ျမန္မာ့အေရးမွာ ႏိုင္ငံတကာက ပိုမိုျပင္းျပင္းထန္ထန္ တုန႔္ျပန္ေဆာင္႐ြက္ဖို႔ အထူးကိုယ္စားလွယ္ရဲ႕ တိုက္တြန္းခ်က္ကို လက္ခံေၾကာင္းနဲ႔ ကုလသမဂၢ အဖြဲ႕ဝင္ ႏိုင္ငံေတြအေနနဲ႔ စီးပြားေရး ပိတ္ဆို႔ဒဏ္ခတ္မႈေတြ အပါအဝင္ ခိုင္မာတဲ့ အေရးယူေဆာင္႐ြက္မႈေတြလုပ္ဖို႔တိုက္တြန္းခဲ့ပါတယ္။

............................

တိုက္႐ိုက္ လင့္ခ္

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆင်းပေးဖို့ ကုလအထူးကိုယ်စားလှယ်တိုက်တွန်း

{{Unicode}}

မြန်မာနိုင်ငံက နိုင်ငံရေး အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရာထူးက ဆင်းပေးဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ကတိုက်တွန်းလိုက်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ အခြေအနေတွေ ဒီထက်ပိုဆိုးမလာအောင် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက ဝိုင်းဝန်းကြိုးပမ်းကြဖို့လည်း အထူးကိုယ်စားလှယ် Burgener အပြင်၊ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Thomas Andrews မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း တို့က သောကြာနေ့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယ ကော်မတီမှာ တိုက်တွန်းခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ကိုဇော်မိုးကျော်က တင်ပြပေးထားပါတယ်။
----
စစ်အာဏာသိမ်းခဲ့တာ ၈ လကျော် ကာလအတွင်း ကလေးတွေ အပါအဝင် လူပေါင်း ၁,၁၀၀ ကျော် သေဆုံးခဲ့ရတဲ့ နောက်ဆက်တွဲ အကျပ်အတည်းတွေဟာ ပိုမိုဆိုးရွားလာနေတာကိုသာ တွေ့မြင်နေရတဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener က တာဝန်က အနားမယူခင် ကုလသမဂ္ဂမှာ နောက်ဆုံး အစီရင်ခံ တင်ပြရာမှာ သတိပေးလိုက်တာပါ။ အခြေအနေတွေ ဒီထက်ပိုဆိုးမလာဖို့ဆိုရင် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရာထူးက ဆင်းပေးသင့်တယ်လို့လည်း ကုလသမဂ္ဂမှာ အထွေထွေညီလာခံရဲ့ လူ့အခွင့်အရေး ကိစ္စတွေကို ကိုင်တွယ်ရတဲ့ တတိယကော်မတီမှာ သောကြာနေ့က အစီရင်ခံရာမှာ တိုက်တွန်းလိုက်တာပါ။

“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ တိုင်းပြည်အနာဂတ်ကို အမှန်တကယ် အလေးထားတယ်ဆိုရင် ရာထူးက ဆင်းပေးပြီး၊ ပြည်သူလူထုဆန္ဒနဲ့အညီ တင်မြှောက်ထားတဲ့ အရပ်သား အစိုးရကို တပ်မတော်က အာဏာလွှဲပေးလိုက်ပါ။ မြန်မာနိုင်ငံက ကလေးတွေ လူငယ်တွေရဲ့ အနာဂတ်ကို ဖျက်ဆီးခံနေရတဲ့အပေါ် စိတ်မချမ်းမသာ ဖြစ်နေကြတဲ့ တပ်မတော်သားတွေ ရှိမယ်လို့လည်း ကျမယုံကြည်ပါတယ်။”

မြန်မာနိုင်ငံမှာ လက်ရှိ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေကို ဆွေးနွေးဖြေရှင်းဖို့ လိုအပ်ပေမဲ့ လတ်တလောမှာ စစ်အာဏာပိုင်တွေက စေ့စပ်ဖြေရှင်းလိုပုံ မရဘူးလို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ အကျပ်အတည်းတွေကို ကျော်လွှားပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက ဆက်လက် ဖိအားပေးဖို့ အရေးကြီးတယ်လို့လည်း ပြောဆိုခဲ့တာပါ။

“မြန်မာနိုင်ငံ ပြန်လည်သင့်မြတ်ရေးနဲ့ မြန်မာနိုင်ငံရဲ့ပြဿနာတွေကိုဖြေရှင်းနိုင်မယ့် နည်လမ်းတွေရရှိဖို့ တိကျခိုင်မာတဲ့ လုပ်ဆောင်မှုတွေအတွက် ဖိအားပေးတာတွေ၊ ကူညီဆောင်ရွက်ပေးတာတွေကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ညီညီညွတ်ညွတ် မလုပ်နိုင်ဘူးဆိုရင် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေဦးမှာပါ။”

အထွေထွေညီလာခံ တတိယကော်မတီမှာ မြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်လို့ တင်ပြခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း အထူးကိုယ်စားလှယ်ရဲ့ တိုက်တွန်းချက်ကို အားပေးထောက်ခံ တင်ပြခဲ့တာပါ။

“ဖေဖေါ်ဝါရီလ ၁ ရက်နေ့မနက်အစောပိုင်းမှာ ဒီမိုကရေစီနည်းလမ်းတကျရွေးကောက် တင်မြောက်ထားတဲ့ သမတကြီးဦးဝင်းမြင့်ထံလာရောက်ပြီး၊ ရာထူးကနေနှုတ်ထွက်ဖို့ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။ သမတ ဦးဝင်းမြင့်အနေနဲ့ သူ့အသက်ကိုသာလျင်စွန့် လွှတ်သွားမယ်၊ သူတို့ရဲ့ခြိမ်းခြောက်တောင်းဆိုမှုကိုလိုက်နာမှာမဟုတ်ကြောင်းတုံပြန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံတော်အပေါ်သစ္စာဖေါက်မှုကြီး ကိုကျူးလွန်ပြီး၊ စစ်တပ်က အာဏာသိမ်းယူခဲ့ပါတယ်။ အဲဒိ အချိန်ကတည်းကစပြီး ကျနော်တို့တိုင်းပြည်ဟာလည်း တစထက်တစအခြေအနေဆိုး လာခဲ့ပြီးယိုယွင်းပျက်စီးလာခဲ့ပါတယ်”

မြန်မာပြည်မှာ စစ်တပ်ရဲ့အကြမ်းဖက်ဖိနှိပ့်မှုတွေကြောင့် မလွဲသာမရှောင် ပြည်သူတွေ အနေနဲ့ ကိုယ့်ကိုယ်ကိုယ်ခုံခံကာကွယ်တိုက်ခိုက်နေရကြောင်း၊ ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ထိရောက်တဲ့အရေးယူ ဆောင်ရွက်မှု တွေပြုလုပ်ဖို့လုပ်အပ်ကြောင်းကိုလည်း ဦးကျော်မိုးထွန်းကပြောဆိုခဲ့ပါတယ်။

အထူးကိုယ်စားလှယ် Christine Burgener မြန်မာကိုယ်စားလှယ် ဦးကျော်မိုးထွန်းတို့နဲ့အတူ တတိယကော်မတီမှာ အစီရင်ခံခဲ့တဲ့ လူ့အခွင့်အရေးကိုယ်စားလှယ် Thomas Andrew ကလည်း နိုင်ငံတကာရဲ့ အခန်းကဏ္ဍကို အလေးထား ပြောသွားခဲ့တာပါ။ အထူးသဖြင့် အာဏာသိမ်း စစ်ကောင်စီကို လက်မခံဖို့နဲ့ ဒဏ်ခတ်အရေးယူတာတွေလုပ်ပြီး ဒီမိုကရေစီလမ်းကြောင်းကို ပြန်ရောက်လာအောင် တွန်းအားပေးဖို့လည်း တိုက်တွန်းသွားပါတယ်။

“မြန်မာစစ်အာဏာရှင်တွေဟာ သူ့ရဲ့ အခြေခံကျတဲ့လိုအပ်ချက်ဖြစ်တဲ့ ငွေ၊ လက်နှက် နဲ့ တရားဝင်မှု ဆိုတာတွေအတွက် နိုင်ငံတကာအသိုင်းအဝိုင်းကိုမှီခိုအားထားနေရတယ်ဆိုတဲ့အချက်ကို ကျနော်တို့ နားလည်သဘောပေါက်လာတဲ့နောက်၊ အဲဒီနေရာကနေစတင်လုပ်ဆောင်နိုင်ပါတယ်။ ဒီအချက် ၃ ချက်ကိုပစ်မှတ်ထားပြီးကျနော်တို့ လုပ်ဆောင်နိုင်ပါတယ်။ တချိန်ထဲမှာဘဲ ရိုဟင်ဂျာဒုက္ခသည်တွေ အပါအဝင်မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာအထောက်အပံတွေကို တိုးချဲ့ပေးသွားနိုင်ပါတယ်။ ဒီလိုနည်းလမ်းဟာမြန်မာပြည်သူတွေကို ကူညီလုပ်ဆောင်ပေးဖို့အကောင်းဆုံးနည်း လမ်းတွေဖြစ်ပါတယ်။”

ASEAN ရဲ့ဆုံးဖြတ်ချက်ဟာ အာဏာသိမ်း စစ်ကောင်စီ ကိုအထိနာစေခဲ့ကြောင်း၊ မြန်မာနိုင်ငံကို လက်နက် မရောင်းဖို့ကို လုံခြုံရေး ကောင်စီက မလုပ်နိုင်ရင်တောင် အဖွဲ့ဝင်နိုင်ငံတိုင်း ကဝိုင်းဝန်း လုပ်ဆောင်ကြဖိုလိုကြောင်း၊ မြန်မာနိုင်ငံကိုစီးပွားရေးအရ ပိတ်ဆို့အရေးယူတဲ့နေရာမှာ စွမ်းအင်းကဏ္ဌကို အဓိကထားလုပ် ဆောင်ဖို့လိုကြောင်းတွေကို တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် မကြာခင် တာဝန်က အနားယူတော့မယ့် Christine Burgener ရဲ့ တင်ပြချက်တွေကိုတော့ အာဆီယံနဲ့ ဒေသတွင်းနိုင်ငံတွေ အပါအဝင်၊ နိုင်ငံတော်တော်များများက ထောက်ခံ ဆွေးနွေးခဲ့ကြပါတယ်။ တရုတ်နိုင်ငံကတော့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တွေရဲ့ တင်ပြချက်တွေနဲ့ ပတ်သက်လို့ ကန့်ကွက်တာ၊ ထောက်ခံတာမျိုး မရှိပဲ ပြဿနာတွေကို အပြုသဘော ဆွေးနွေးဖြေရှင်းတာတွေကို အားပေးကြောင်းသာပြောဆိုခဲ့တာပါ။ မြန်မာ့အရေး တင်ပြချက်တွေနဲ့ ပတ်သက်လို့ အပြန်အလှန် ဆွေးနွေးမေးမြန်းကြတဲ့အထဲမှာ အမေရိကန်ကတော့ မြန်မာ့အရေးမှာ နိုင်ငံတကာက ပိုမိုပြင်းပြင်းထန်ထန် တုန့်ပြန်ဆောင်ရွက်ဖို့ အထူးကိုယ်စားလှယ်ရဲ့ တိုက်တွန်းချက်ကို လက်ခံကြောင်းနဲ့ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေ အပါအဝင် ခိုင်မာတဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့တိုက်တွန်းခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG