သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး ႏိုင္ငံတကာ ထိထိေရာက္ေရာက္ ေျဖရွင္းဖို႔ ကုလအထူးကိုယ္စားလွယ္တိုက္တြန္း


ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္ Christine Schraner Burgener

{{Zawgyi/Unicode}}

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံ ရင္ဆိုင္ေနရတဲ့ ျပႆနာေတြ ဒီထက္ပိုဆိုးမလာခင္ ကုလသမဂၢအပါအ၀င္ ႏိုင္ငံတကာ အသိုင္းအ၀န္းက ထိထိေရာက္ေရာက္ တုံ႔ျပန္ေျဖရွင္းၾကဖို႔ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ အထူးကိုယ္စားလွယ္က တိုက္တြန္းလိုက္ပါတ္ယ။ ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းၿပီး ၈ လေလာက္မွာ အေျခအေနေတြ ပိုဆိုးလာေနတာကိုလည္း မၾကာခင္ တာ၀န္က အနားယူေတာ့မယ့္ အထူးကိုယ္စားလွယ္ Christine Schraner Burgener က နယူးေယာက္ ကုလသမဂၢ ႐ုံးခ်ဳပ္က သတင္းစာ ရွင္းလင္းပဲြမွာ ေျပာဆိုခဲ့တာပါ။ အျပည့္အစုံကိုေတာ့ ကုိေဇာ္မုိးေက်ာ္က တင္ျပေပးပါမယ္။

ျမန္မာႏုိင္ငံမွာေဖေဖၚ၀ါရီလ စစ္တပ္ကအာဏာသိမ္းၿပီးကတည္းကစလုိ့ အေျခအေနေတြဟာ တေန့တျခား ဆုိးသည္ထက္ဆုိးလာေနၿပီး၊ တုိင္းျပည္ေနရာအႏွံ အၾကမ္းဖက္တုိက္ ခုိက္မွုေတြျဖစ္ပြား ေနတယ္လုိ့အတြင္းေရးမွုးခ်ဳပ္ရဲ့အထူးကုိယ္စားလွယ္ကေျပာဆုိပါတယ္။

စစ္ေကာင္စီဟာ ကုလသမဂၢကတုိက္တြန္းေတာင္းဆုိထားတဲ့ ေဆြးေႏြးညွိႏုိင္းအေျဖရွာတဲ့နည္းကုိ အသုံးျပုဖုိ့စိတ္မ၀င္စားဘူးလုိ့လည္းေျပာဆုိပါတယ္။

“ျမန္မာႏုိင္ငံမွာ စစ္တပ္က ထိန္းခ်ဳပ္သြားႏိုင္ၿပီး၊ အရင္တုန္းကလို အေျခအေနမ်ဳိး ျပန္မျဖစ္ေအာင္ ၀ုိင္း၀န္းလုပ္ေဆာင္ၾကဖုိ့အတြက္ တကယ္ကုိအေရးႀကီးတဲ့အခ်ိန္ကုိေရာက္ေနပါၿပီ၊ ဒါေၾကာင့္က်မတုိ့အထူးသတိထားဖုိ့လုိပါတယ္။ ဘာျဖစ္လုိ့လဲဆုိရင္ က်မရဲ့အျမင္အရစစ္ေကာင္စီဟာ အေလ်ာ့အတင္းလုပ္ညွိႏုိင္းအေျဖရွာတာမ်ိဳးကုိလုပ္မွာမဟုတ္ပါဘူး။ ကုလသမဂၢကေန အႀကံျပုတုိက္ တြန္း ထားတဲ့ေဆြးေႏြးညွိႏုိင္းအေျဖရွာေရးဆုိတာကုိ စစ္ေကာင္စီဘက္ကတုံျပန္တာမ်ိဳးမရွိဘူးပါ။”

အတြင္းေရးမွုးခ်ဳပ္ Antonio Guterres ကလည္း ျမန္မာႏုိင္ငံကုိ ဒီမုိကေရစီျပုျပင္ေျပာင္းလဲေရး လမ္းေၾကာင္းေပၚကုိျပန္လည္ပုိ့ေဆာင္ႏုိင္မယ့္ အခြင့္အလမ္းေတြအေတာ္နည္းလာေနၿပီလုိ့ေထာက္ျပ ေျပာဆုိ ထားပါတယ္။ ဒါေၾကာင့္ ကုလသမဂၢအဖဲြ့၀င္ႏုိင္ငံေတြနဲ့ ျမန္မာႏုိင္ငံေရးကုိ ဒီထက္ပုိၿပီး၀ုိင္း ၀န္းလုပ္ ေဆာင္ေပးၾကဖုိ့ တုိက္တြန္းပါတယ္လုိ့လည္း အထူးကုိယ္စားလွယ္ Christine Burgener ကေျပာဆုိ သြားပါတယ္။

ခ်င္းျပည္နယ္၊ ကခ်င္ျပည္နယ္၊ ရွမ္း စစ္ကုိင္း၊ မေကြးစတဲ့ေဒသေတြမွာ စစ္ဆင္ေရးေတြေၾကာင့္ အရပ္သား ျပည္သူေတြ ဒုကၡေရာက္ေနၾကရတဲ့ အေျခအေနကိုလည္း အထူးကိုယ္စားလွယ္က ေျပာဆိုသြားခဲ့တာပါ။

“ရြာေတြကုိမီးရွိုတာေတြ၊ ပစၥည္းေတြကုိလုယက္ယူတာေတြ၊ လူေတြကုိအစုလုိက္အၿပုံလုိက္ဖမ္းဆီး တာေတြ၊ ညွင္းပန္းႏွိပ္စက္တာေတြ၊ ဖမ္းဆီးထားသူေတြကုိသတ္ျဖတ္တာေတြ၊ လိမ္ကဲြျပားမွုအေပၚ ေျခခံၿပီး အၾကမ္းဖက္တုိက္ခုိက္တာေတြ၊ လူေနရပ္ကြက္နဲ့ရပ္ရြာေတြထဲကုိ လက္ႏွက္ႀကီးေတြနဲ့ ပစ္ခတ္တာေတြ စတဲ့နည္းလမ္းေပါင္းစုံကုိအသုံးျပုၿပီး ျပည္သူေတြကုိတုိက္ခုိက္ေနပါတယ္။”

စစ္ေကာင္စီကေတာ့ အၾကမ္းဖက္ လုပ္ရပ္ေတြ က်ဳးလြန္သူေတြကို ရွင္းလင္းတာသာျဖစ္ေၾကာင္း ေျပာဆိုထားၿပီး ကုလသမဂၢ အဖဲြ႕အစည္းေတြရဲ႕ သတင္းထုတ္ျပန္ခ်က္ေတြဟာ လက္ေတြ႕ အေျခအေနကို ထင္ဟပ္မႈ မရွိေၾကာင္း ေျပာဆိုထားဘူးပါတယ္။

အထူးကိ္ုယ္စားလွယ္ကေတာ့ ျမန္မာ့အေရး ႏုိင္ငံတကာအသုိင္းအ၀ုိင္းက ကူညီေျဖရွင္းဖို႔ ပ်က္ကြက္ခဲ့တာေၾကာင့္ လက္နက္ကိုင္ တိုက္ခိုက္တဲ့နည္းလမ္းကို ဦးတည္ခဲ့ရေၾကာင္း ေျပာပါတယ္။ လက္ရွိအေျခအေနမွာ စစ္တပ္ရဲ႕ အုပ္ခ်ဳပ္မႈကို ျမန္မာျပည္သူေတြၾကား ဆန္႔က်င္မႈေတြဟာလည္း အရင္နဲ႔မတူေလာက္ေအာင္ ျမင့္မားေနတယ္လို႔ ေျပာဆိုခဲ့တာပါ။

“က်မရဲ့ေလ့လာမွုေတြအရ ျမန္မာျပည္သူေတြဟာ စစ္တပ္ကအုပ္ခ်ဳပ္တာကုိလုံး၀လက္ခံမွာမဟုတ္ ပါဘူး၊ ဒီတခါမွာျမန္မာျပည္သူေတြဟာ ဟုိအရင္ ၁၉၈၈ ခုႏွစ္အပါအ၀င္ အျခားအာဏာသိမ္းခဲ့တဲ့ အခ်ိန္ေတြကနဲ့မတူပါဘူး။ အဲဒိအခါတုန္းက စစ္တပ္ကလူေတြကုိသတ္တယ္၊ ဖမ္းဆီးေထာင္ခ်တယ္၊ လူေတြကလက္ေလ်ာ့သြားတယ္၊ စစ္တပ္ကအုပ္ခ်ဳပ္ခြင့္ရသြားတယ္ဆုိတဲ့အေျခအေနမ်ိဳး နဲ့မတူေတာ့ပါဘူး ျပည္သူေတြဟာ လက္ေလ်ာ့အရွုံးေပးမွာမဟုတ္ပါဘူး။”

ကုလသမဂၢနဲ႔ ႏိုင္ငံတကာ အသိုင္းအ၀န္း အေနနဲ႔လည္း ျမန္မာစစ္ေကာင္စီကို တရား၀င္ အသိအမွတ္ျပဳတဲ့ လကၡဏာ သိပ္မေတြ႕ရတာဟာ အေရးႀကီးတယ္လို႔လည္း ေျပာပါတယ္။ ႏိုင္ငံေရး၊ စီးပြားေရး၊ လူသားခ်င္းစာနာမႈဆိုင္ရာ အက်ပ္အတည္းေတြနဲ႔ ရင္ဆိုင္ေနရတဲ့ ျမန္မာႏိုင္ငံအေရးကို ကုလသမဂၢ လုံၿခဳံေရးေကာင္စီ အပါအ၀င္ ႏိုင္ငံတကာ အသိုင္းအ၀န္းက ဒီထက္ပိုေဆာင္ရြက္ဖို႔ လိုအပ္ေနတာကိုလည္း ေထာက္ျပခဲ့တာပါ။

အထူးကုိယ္စားလွယ္ Burgener ဟာ ေသာၾကာေန့မွာလည္း ျမန္မာႏုိင္ငံဆုိင္ရာ အေျခအေနေတြနဲ႔ ပတ္သက္လို႔ ကုလသမဂၢအေထြေထြညီလာခံရဲ႕ လူ႔အခြင့္အေရး ကိစၥေတြကို ကိုင္တြယ္ရတဲ့ တတိယေကာ္မတီကို တင္ျပမွာျဖစ္ပါတယ္။

................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ ပြဿနာတွေ ဒီထက်ပိုဆိုးမလာခင် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက ထိထိရောက်ရောက် တုံ့ပြန်ဖြေရှင်းကြဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က တိုက်တွန်းလိုက်ပါတ်ယ။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၈ လလောက်မှာ အခြေအနေတွေ ပိုဆိုးလာနေတာကိုလည်း မကြာခင် တာဝန်က အနားယူတော့မယ့် အထူးကိုယ်စားလှယ် Christine Schraner Burgener က နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။ အပြည့်အစုံကိုတော့ ကိုဇော်မိုးကျော်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံမှာဖေဖေါ်ဝါရီလ စစ်တပ်ကအာဏာသိမ်းပြီးကတည်းကစလို့ အခြေအနေတွေဟာ တနေ့တခြား ဆိုးသည်ထက်ဆိုးလာနေပြီး၊ တိုင်းပြည်နေရာအနှံ အကြမ်းဖက်တိုက် ခိုက်မှုတွေဖြစ်ပွား နေတယ်လို့အတွင်းရေးမှုးချုပ်ရဲ့အထူးကိုယ်စားလှယ်ကပြောဆိုပါတယ်။

စစ်ကောင်စီဟာ ကုလသမဂ္ဂကတိုက်တွန်းတောင်းဆိုထားတဲ့ ဆွေးနွေးညှိနိုင်းအဖြေရှာတဲ့နည်းကို အသုံးပြုဖို့စိတ်မဝင်စားဘူးလို့လည်းပြောဆိုပါတယ်။

“မြန်မာနိုင်ငံမှာ စစ်တပ်က ထိန်းချုပ်သွားနိုင်ပြီး၊ အရင်တုန်းကလို အခြေအနေမျိုး ပြန်မဖြစ်အောင် ဝိုင်းဝန်းလုပ်ဆောင်ကြဖို့အတွက် တကယ်ကိုအရေးကြီးတဲ့အချိန်ကိုရောက်နေပါပြီ၊ ဒါကြောင့်ကျမတို့အထူးသတိထားဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျမရဲ့အမြင်အရစစ်ကောင်စီဟာ အလျော့အတင်းလုပ်ညှိနိုင်းအဖြေရှာတာမျိုးကိုလုပ်မှာမဟုတ်ပါဘူး။ ကုလသမဂ္ဂကနေ အကြံပြုတိုက် တွန်း ထားတဲ့ဆွေးနွေးညှိနိုင်းအဖြေရှာရေးဆိုတာကို စစ်ကောင်စီဘက်ကတုံပြန်တာမျိုးမရှိဘူးပါ။”

အတွင်းရေးမှုးချုပ် Antonio Guterres ကလည်း မြန်မာနိုင်ငံကို ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်ကိုပြန်လည်ပို့ဆောင်နိုင်မယ့် အခွင့်အလမ်းတွေအတော်နည်းလာနေပြီလို့ထောက်ပြ ပြောဆို ထားပါတယ်။ ဒါကြောင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ မြန်မာနိုင်ငံရေးကို ဒီထက်ပိုပြီးဝိုင်း ဝန်းလုပ် ဆောင်ပေးကြဖို့ တိုက်တွန်းပါတယ်လို့လည်း အထူးကိုယ်စားလှယ် Christine Burgener ကပြောဆို သွားပါတယ်။

ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်း စစ်ကိုင်း၊ မကွေးစတဲ့ဒေသတွေမှာ စစ်ဆင်ရေးတွေကြောင့် အရပ်သား ပြည်သူတွေ ဒုက္ခရောက်နေကြရတဲ့ အခြေအနေကိုလည်း အထူးကိုယ်စားလှယ်က ပြောဆိုသွားခဲ့တာပါ။

“ရွာတွေကိုမီးရှိုတာတွေ၊ ပစ္စည်းတွေကိုလုယက်ယူတာတွေ၊ လူတွေကိုအစုလိုက်အပြုံလိုက်ဖမ်းဆီး တာတွေ၊ ညှင်းပန်းနှိပ်စက်တာတွေ၊ ဖမ်းဆီးထားသူတွေကိုသတ်ဖြတ်တာတွေ၊ လိမ်ကွဲပြားမှုအပေါ် ခြေခံပြီး အကြမ်းဖက်တိုက်ခိုက်တာတွေ၊ လူနေရပ်ကွက်နဲ့ရပ်ရွာတွေထဲကို လက်နှက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ စတဲ့နည်းလမ်းပေါင်းစုံကိုအသုံးပြုပြီး ပြည်သူတွေကိုတိုက်ခိုက်နေပါတယ်။”

စစ်ကောင်စီကတော့ အကြမ်းဖက် လုပ်ရပ်တွေ ကျုးလွန်သူတွေကို ရှင်းလင်းတာသာဖြစ်ကြောင်း ပြောဆိုထားပြီး ကုလသမဂ္ဂ အဖွဲ့အစည်းတွေရဲ့ သတင်းထုတ်ပြန်ချက်တွေဟာ လက်တွေ့ အခြေအနေကို ထင်ဟပ်မှု မရှိကြောင်း ပြောဆိုထားဘူးပါတယ်။

အထူးကိုယ်စားလှယ်ကတော့ မြန်မာ့အရေး နိုင်ငံတကာအသိုင်းအဝိုင်းက ကူညီဖြေရှင်းဖို့ ပျက်ကွက်ခဲ့တာကြောင့် လက်နက်ကိုင် တိုက်ခိုက်တဲ့နည်းလမ်းကို ဦးတည်ခဲ့ရကြောင်း ပြောပါတယ်။ လက်ရှိအခြေအနေမှာ စစ်တပ်ရဲ့ အုပ်ချုပ်မှုကို မြန်မာပြည်သူတွေကြား ဆန့်ကျင်မှုတွေဟာလည်း အရင်နဲ့မတူလောက်အောင် မြင့်မားနေတယ်လို့ ပြောဆိုခဲ့တာပါ။

“ကျမရဲ့လေ့လာမှုတွေအရ မြန်မာပြည်သူတွေဟာ စစ်တပ်ကအုပ်ချုပ်တာကိုလုံးဝလက်ခံမှာမဟုတ် ပါဘူး၊ ဒီတခါမှာမြန်မာပြည်သူတွေဟာ ဟိုအရင် ၁၉၈၈ ခုနှစ်အပါအဝင် အခြားအာဏာသိမ်းခဲ့တဲ့ အချိန်တွေကနဲ့မတူပါဘူး။ အဲဒိအခါတုန်းက စစ်တပ်ကလူတွေကိုသတ်တယ်၊ ဖမ်းဆီးထောင်ချတယ်၊ လူတွေကလက်လျော့သွားတယ်၊ စစ်တပ်ကအုပ်ချုပ်ခွင့်ရသွားတယ်ဆိုတဲ့အခြေအနေမျိုး နဲ့မတူတော့ပါဘူး ပြည်သူတွေဟာ လက်လျော့အရှုံးပေးမှာမဟုတ်ပါဘူး။”

ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်း အနေနဲ့လည်း မြန်မာစစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုတဲ့ လက္ခဏာ သိပ်မတွေ့ရတာဟာ အရေးကြီးတယ်လို့လည်း ပြောပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအရေးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက ဒီထက်ပိုဆောင်ရွက်ဖို့ လိုအပ်နေတာကိုလည်း ထောက်ပြခဲ့တာပါ။

အထူးကိုယ်စားလှယ် Burgener ဟာ သောကြာနေ့မှာလည်း မြန်မာနိုင်ငံဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ လူ့အခွင့်အရေး ကိစ္စတွေကို ကိုင်တွယ်ရတဲ့ တတိယကော်မတီကို တင်ပြမှာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG