သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဏာအျပည့္အ၀ခ်ဳပ္ကိုင္ႏိုင္ဖို႔ ျမန္မာစစ္ေခါင္းေဆာင္လုပ္ေဆာင္ေန - ကုလအထူးသံတမန္


ကုလအထူးကိုယ္စားလွယ္ Christine Schraner Burgener၊ ၾသဂုတ္ ၁၀၊ ၂၀၂၁။

(Zawgyi/Unicode)

ျမန္မာအာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ဟာ အာဏာကို အျပည့္အ၀ ခ်ဳပ္ကိုင္ႏိုင္ေရးအတြက္ လုပ္ေဆာင္ေနတယ္လို႔ယူဆေၾကာင္း လက္ရွိ ျမန္မာႏိုင္ငံအေျခအေနနဲ႔ပတ္သက္လို႔ ဒီကေန႔ ၾသဂုတ္လ ၁၀ ရက္ေန႔မွာ အြန္လိုင္းကေနျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္း ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးသံတမန္ Christine Schraner Burgener က ေျပာၾကားလိုက္ပါတယ္။

“တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဟာ အိမ္ေစာင့္အစိုးရဖြဲ႔စည္းလိုက္တာ၊ ၂၀၂၀ ေရြးေကာက္ပြဲ ရလဒ္ေတြကို ဖ်က္သိမ္းလိုက္တာနဲ႔ ကာကြယ္ေရးဦးစီးခ်ဳပ္က ၀န္ႀကီးခ်ဳပ္အျဖစ္ တာ၀န္ယူသြားမယ္လို႔ ေၾကညာလိုက္တာေတြကို ၾကည့္ျခင္းအားျဖင့္ အာဏာကို အျပည့္အ၀ ခ်ဳပ္ကိုင္ႏိုင္ေရးအတြက္ လုပ္ေဆာင္ေနတယ္လို႔ က်မထင္ပါတယ္” - လို႔ Christine Schraner Burgener က ေျပာသြားတာပါ။

ဒါ့အျပင္ ျမန္မာႏိုင္ငံအတြင္းက အေျခအေနေတြဟာ စိုးရိမ္စရာေကာင္းေနေသးေၾကာင္းနဲ႔ မၾကာခင္မွာ NLD ပါတီကို ဖ်က္သိမ္းတာမ်ဳိး ျဖစ္လာလိမ့္မယ္လို႔ သူ႔အေနနဲ႔ စိုးရိမ္မိေၾကာင္းလည္း အထူးသံတမန္ Burgener က ေျပာပါတယ္။

သတင္းစာရွင္းလင္းပြဲအတြင္း ျမန္မာႏိုင္ငံရဲ႕ လက္ရွိအေျခအေနေတြနဲ႔ပတ္သက္လို႔ အေၾကာင္းအရာ ေတာ္ေတာ္မ်ားမ်ားကို ေျပာသြားတာမွာ သူ႔အေနနဲ႔ ျမန္မာစစ္တပ္အျပင္၊ အတိုက္အခံအင္အားစုေတြနဲ႔ NUG - ၾကားကာလအမ်ဳိးသားညီၫြတ္ေရးအစိုးရနဲ႔ပါ ပုံမွန္ အဆက္အသြယ္ရွိေၾကာင္းနဲ႔ NUG ဟာ ျမန္မာ့ဒီမိုကေရစီအေရးအတြက္ အေရးပါတဲ့အခန္းက႑မွာ ရွိေနေၾကာင္းလည္း Christine Schraner Burgener က ေျပာပါတယ္။

သူ႔အေနနဲ႔ ျမန္မာစစ္တပ္ ဒုတိယအႀကီးအကဲ ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္းနဲ႔ ဇူလိုင္လ ၁၆ ရက္ေန႔ ေနာက္ဆုံး စကားေျပာခဲ့တာမွာ - က်န္းမာေရး၀န္ထမ္းေတြကို ဖမ္းဆီးေနတာေတြ ရပ္တန္႔ဖို႔ သူ႔ဘက္က ေတာင္းဆိုခဲ့ေပမယ့္ စစ္တပ္ဘက္က တစုံတရာ တုန္႔ျပန္ခဲ့ျခင္း မရွိဘူးလို႔ ေျပာပါတယ္။

ျမန္မာႏိုင္ငံေရးပဋိပကၡကို ၾကား၀င္ေဆာင္ရြက္ေပးဖို႔ အာဆီယံက မၾကာေသးခင္မွာ ခန္႔လိုက္တဲ့ အထူးကိုယ္စားလွယ္နဲ႔ ဆက္သြယ္ ေျပာဆိုတာမွာေတာ့ အာဆီယံကိုယ္စားလွယ္ဟာ ျမန္မာႏိုင္ငံကို မသြားခင္ ဆက္သြယ္သင့္သူေတြနဲ႔ အရင္ ဆက္သြယ္ ေဆြးေႏြးမႈေတြ လုပ္ေဆာင္ေနတယ္လို႔ ယူဆေၾကာင္း အာဆီယံကိုယ္စားလွယ္နဲ႔ ပတ္သက္လို႔ သတင္းေထာက္ေတြရဲ႕ အေမးကို ျပန္လည္ ေျဖၾကားခဲ့ပါတယ္။

ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ရဲ႕ အထူးသံတမန္ Christine Schraner Burgener က သူ႔အေနနဲ႔ ျမန္မာႏိုင္ငံကို သြားႏိုင္ဖို႔ အစဥ္တစိုက္ ႀကိဳးစားေနေၾကာင္း၊ စစ္တပ္ဘက္က သူ႔ကို လာခြင့္ျပဳတာနဲ႔ ျမန္မာႏိုင္ငံကို သြားဖို႔အဆင္သင့္ရွိေနေၾကာင္းလည္း သတင္းစာရွင္းလင္းပြဲအတြင္း ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အာဏာကို အပြည့်အ၀ ချုပ်ကိုင်နိုင်ရေးအတွက် လုပ်ဆောင်နေတယ်လို့ယူဆကြောင်း လက်ရှိ မြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်လို့ ဒီကနေ့ သြဂုတ်လ ၁၀ ရက်နေ့မှာ အွန်လိုင်းကနေပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Christine Schraner Burgener က ပြောကြားလိုက်ပါတယ်။

“တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ အိမ်စောင့်အစိုးရဖွဲ့စည်းလိုက်တာ၊ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်တွေကို ဖျက်သိမ်းလိုက်တာနဲ့ ကာကွယ်ရေးဦးစီးချုပ်က ဝန်ကြီးချုပ်အဖြစ် တာဝန်ယူသွားမယ်လို့ ကြေညာလိုက်တာတွေကို ကြည့်ခြင်းအားဖြင့် အာဏာကို အပြည့်အ၀ ချုပ်ကိုင်နိုင်ရေးအတွက် လုပ်ဆောင်နေတယ်လို့ ကျမထင်ပါတယ်” - လို့ Christine Schraner Burgener က ပြောသွားတာပါ။

ဒါ့အပြင် မြန်မာနိုင်ငံအတွင်းက အခြေအနေတွေဟာ စိုးရိမ်စရာကောင်းနေသေးကြောင်းနဲ့ မကြာခင်မှာ NLD ပါတီကို ဖျက်သိမ်းတာမျိုး ဖြစ်လာလိမ့်မယ်လို့ သူ့အနေနဲ့ စိုးရိမ်မိကြောင်းလည်း အထူးသံတမန် Burgener က ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲအတွင်း မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေနဲ့ပတ်သက်လို့ အကြောင်းအရာ တော်တော်များများကို ပြောသွားတာမှာ သူ့အနေနဲ့ မြန်မာစစ်တပ်အပြင်၊ အတိုက်အခံအင်အားစုတွေနဲ့ NUG - ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရနဲ့ပါ ပုံမှန် အဆက်အသွယ်ရှိကြောင်းနဲ့ NUG ဟာ မြန်မာ့ဒီမိုကရေစီအရေးအတွက် အရေးပါတဲ့အခန်းကဏ္ဍမှာ ရှိနေကြောင်းလည်း Christine Schraner Burgener က ပြောပါတယ်။

သူ့အနေနဲ့ မြန်မာစစ်တပ် ဒုတိယအကြီးအကဲ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ဇူလိုင်လ ၁၆ ရက်နေ့ နောက်ဆုံး စကားပြောခဲ့တာမှာ - ကျန်းမာရေးဝန်ထမ်းတွေကို ဖမ်းဆီးနေတာတွေ ရပ်တန့်ဖို့ သူ့ဘက်က တောင်းဆိုခဲ့ပေမယ့် စစ်တပ်ဘက်က တစုံတရာ တုန့်ပြန်ခဲ့ခြင်း မရှိဘူးလို့ ပြောပါတယ်။

မြန်မာနိုင်ငံရေးပဋိပက္ခကို ကြားဝင်ဆောင်ရွက်ပေးဖို့ အာဆီယံက မကြာသေးခင်မှာ ခန့်လိုက်တဲ့ အထူးကိုယ်စားလှယ်နဲ့ ဆက်သွယ် ပြောဆိုတာမှာတော့ အာဆီယံကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံကို မသွားခင် ဆက်သွယ်သင့်သူတွေနဲ့ အရင် ဆက်သွယ် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ ယူဆကြောင်း အာဆီယံကိုယ်စားလှယ်နဲ့ ပတ်သက်လို့ သတင်းထောက်တွေရဲ့ အမေးကို ပြန်လည် ဖြေကြားခဲ့ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးသံတမန် Christine Schraner Burgener က သူ့အနေနဲ့ မြန်မာနိုင်ငံကို သွားနိုင်ဖို့ အစဉ်တစိုက် ကြိုးစားနေကြောင်း၊ စစ်တပ်ဘက်က သူ့ကို လာခွင့်ပြုတာနဲ့ မြန်မာနိုင်ငံကို သွားဖို့အဆင်သင့်ရှိနေကြောင်းလည်း သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG