သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံမွာ ပဋိပကၡေတြ ႀကီးထြားလာမယ့္အႏၲရာယ္ ကုလအထူးကိုယ္စားလွယ္ သတိေပး


ျမန္မာႏုိင္ငံဆုိင္ရာ ကုလအထူးကိုယ္စားလွယ္ Christine Schraner Burgener ၾသဂုတ္ ၁၀၊၂၀၂၁။

(Zawgyi/ Unicode)

ျမန္မာႏိုင္ငံမွာ ရင္ဆိုင္ေနရတဲ့ အလုံးစုံေသာ ျပႆနာေတြအတြက္ သက္ဆိုင္သူအားလုံး ပါဝင္တဲ့ ေတြ႕ဆုံေဆြးေႏြးေရး ေအာင္ျမင္ေအာင္ မလုပ္ႏိုင္ဘူး ဆိုရင္ ျပည္တြင္းစစ္ႀကီး ျဖစ္လာလိမ့္မယ္လို႔ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schraner Burgener က အဂၤါေန႔က သတိေပးေျပာၾကားလိုက္ပါတယ္။

နယူးေယာက္ ကုလသမဂၢဌာနခ်ဳပ္မွာ အဂၤါေန႔က သီးသန႔္ ျပဳလုပ္တဲ့ သူ႔ ရဲ႕ အြန္လိုင္း သတင္းစာရွင္းလင္းပြဲအတြင္း ျမန္မာႏိုင္ငံမွာ စစ္တပ္ရဲ႕ အင္အားသုံးတိုက္ခိုက္မႈအေျခအေနကို ျပည္သူအမ်ား စိုးရိမ္ေၾကာက္လန႔္ေနေၾကာင္းလည္း Burgener က ေျပာသြားပါတယ္။ မအင္ၾကင္းႏိုင္က အျပည့္အစုံကို တင္ျပမွာပါ။

ေျခာက္လ ၾကာျမင့္လာၿပီျဖစ္တဲ့ စစ္အာဏာသိမ္းမႈ ေအာက္မွာ ျမန္မာျပည္သူေတြရဲ႕ အေျခအေနေတြဟာ အလြန္ခက္ခဲ ဆိုး႐ြားေနေၾကာင္း ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ António Guterres ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schraner Burgener က သတင္းေထာက္ေတြကို ေျပာၾကားခဲ့တာပါ။

အထူးသျဖင့္ လက္ရွိရင္ဆိုင္ေနရတဲ့ ကိုဗစ္-၁၉ ကပ္ေရာဂါ ကစလို႔၊ ပဋိပကၡေတြျဖစ္ေပၚရတဲ့ အဓိကဇစ္ျမစ္အပါအဝင္ ျပႆနာအလုံးစုံအတြက္ အင္အားႀကီးလွတဲ့ စစ္တပ္၊ ျဖဳတ္ခ်ခံရတဲ့ ဒီမိုကေရစီအင္အားစုနဲ႔ ေထာက္ခံသူေတြ၊ တိုင္းရင္းသားအုပ္စုေတြနဲ႔ အျခား အဓိက ႏိုင္ငံေရးပါတီေတြ ပါဝင္တဲ့ ေတြ႕ဆုံေဆြးေႏြးေရး မေအာင္ျမင္ဘူးဆိုရင္ တကယ့္ျပည္တြင္းစစ္ႀကီး ျဖစ္လာဖို႔ ရွိေနေၾကာင္း Burgener က အခုလို သတိေပးေျပာၾကားသြားပါတယ္။

“ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္မႈေတြ အမ်ားႀကီးျဖစ္ေနတာ က်မတို႔ ေတြ႕ခဲ့ရပါတယ္။ စစ္တပ္ရဲ႕ ႀကီးမားလွတဲ့ အၾကမ္းဖက္မႈကို လူအေတာ္မ်ားမ်ားက စိုးရိမ္ေၾကာက္လန႔္ေနသလို အခု PDF ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ေတြကလည္း လက္လုပ္ေသနတ္ေတြတင္ မကေတာ့ဘဲ တကယ့္ ပေရာ္ဖက္ရွင္နယ္လ္ လက္နက္အစစ္ေတြကို ပိုမိုအသုံးျပဳလာေနပါတယ္။ ဒါေၾကာင့္ အင္အားႀကီးတဲ့ ျပည္တြင္းစစ္ကို ေရွာင္ရွားႏိုင္ဖို႔ ေတြ႕ဆုံေဆြးေႏြးေရးေတြ ျဖစ္လာႏိုင္မယ္လို႔ က်မ တကယ္ပဲ ေမွ်ာ္လင့္ပါတယ္။”

ဒါအျပင္ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ဖ်က္သိမ္းခံရမယ့္အေရးနဲ႔ ကိုလည္း သူ႔အေနနဲ႔ စိုးရိမ္မိေၾကာင္း Christine Schraner Burgener က ဆိုပါတယ္။

“မၾကာခင္ NLD ပါတီဖ်က္သိမ္းခံရႏိုင္တဲ့ အေျခအေန ကို က်မစိုးရိမ္မိပါတယ္။ ဒါဟာ ႏိုင္ငံတကာရဲ႕ အေရးယူမႈ မရွိတဲ့အေပၚမွာ စစ္ေကာင္စီက သူတို႔ တရားဝင္မႈရဖို႔ ႀကိဳးပမ္းခ်က္သာျဖစ္ပါတယ္။”

စစ္ေကာင္စီကိုေရာ NUG အမ်ိဳးသားညီၫြတ္ေရး အစိုးရကိုပါ ဘယ္သူ႔ကိုမွ ကုလသမဂၢဘက္က အသိအမွတ္မျပဳေသး သလို လုံၿခဳံေရးေကာင္စီ ဥကၠဌရဲ႕ ေၾကညာခ်က္အရ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ဦးဝင္းျမင့္သာ ျမန္မာႏိုင္ငံရဲ႕ တရားဝင္ေခါင္းေဆာင္ေတြျဖစ္ေၾကာင္း Burgener က အခုလို ျပတ္ျပတ္သားသားေျပာၾကားသြားပါတယ္။

“ ကုလသမဂၢအေနနဲ႔ ဘယ္အစိုးရကိုမွ အသိအမွတ္ျပဳျခင္း မရွိဘူးဆိုတာ က်မရွင္းရွင္းလင္း ေျပာခ်င္ပါတယ္။ ဒါေၾကာင့္ အဖြဲ႕ဝင္ႏိုင္ငံေတြသာ ဆုံးျဖတ္ရမွာျဖစ္ပါတယ္။ လက္ရွိအခ်ိန္ထိ အဖြဲ႕ဝင္ႏိုင္ငံေတြဘက္က ဘာဆုံးျဖတ္ခ်က္ကိုမွ မခ်ရေသးတာေၾကာင့္ အၿမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းဟာ နယူးေရာက္ ကုလသမဂၢဌာနခ်ဳပ္မွာ ျမန္မာႏိုင္ငံရဲ႕ တရားဝင္ကိုယ္စားလွယ္ျဖစ္သလို၊ ေဖေဖၚဝါရီလ (၄)ရက္ေန႔ က ထုတ္ျပန္တဲ့ ကုလသမဂၢလုံၿခဳံေရးေကာင္စီ ဥကၠဌရဲ႕ ေၾကညာခ်က္မွာ ၫြန္းဆိုထားတဲ့အတိုင္း ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ဦးဝင္းျမင့္ဟာ ျမန္မာရဲ႕ တရားဝင္ေခါင္းေဆာင္ေတြျဖစ္ပါတယ္။”

ဒါအျပင္ သူ႔အေနနဲ႔ စစ္ေကာင္စီရဲ႕ ဒုတိယေခါင္းေဆာင္ ဒုဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းနဲ႔ ဇူလိုင္လ (၁၆)ရက္ေန႔က အခ်ိန္အေတာ္ၾကာ အြန္လိုင္းကေန ေဆြးေႏြးေျပာဆိုခဲ့ေၾကာင္းလည္း Christine Schraner Burgener ကေျပာပါတယ္။ ေတြ႕ဆုံေဆြးေႏြးေရး အဆိုျပဳခ်က္အပါအဝင္ ကိစၥရပ္ေတာ္ေတာ္မ်ားမ်ားကို ေဆြးေႏြးခဲ့ၾကတယ္လို႔ ဆိုပါတယ္။ ဒါေပမဲ့ ေတြ႕ဆုံေဆြးေႏြးမယ့္ ကိစၥအတြက္ အခုခ်ိန္ထိ တစုံတရာ အေၾကာင္းျပန္ၾကားခ်က္ မရခဲ့ဘူးလို႔လည္း သူကေျပာပါတယ္။ ဒီေဆြးေႏြးပြဲနဲ႔ ပတ္သက္လို႔ စစ္တပ္ဘက္က အျပဳသေဘာေဆာင္တဲ့ တုန႔္ျပန္ခ်က္ မရခဲ့တဲ့အျပင္ သူအေနနဲ႔ ဒီေဆြးေႏြးပြဲ လုပ္ခဲ့တဲ့အတြက္လည္း ေနာင္တရမိတယ္လို႔ သတင္းေထာက္ေတြကို Burgener ကေျပာၾကားခဲ့ပါတယ္။

လက္ရွိ ျမန္မာႏိုင္ငံမွာ ျပည္သူေတြ အလြန္ေၾကာက္႐ြံ႕ေနၾကသလို၊ ဒုကၡလည္း ေရာက္ေနၾကၿပီး၊ ၂၀၂၁ခုႏွစ္အတြင္း ျမန္မာႏိုင္ငံမွာ ျပည္တြင္းထုတ္ကုန္ GDP ၁၈ ရာခိုင္ႏႈန္း က်ဆင္းလိမ့္မယ္လို႔ ကမာၻ႔ဘဏ္က ခန႔္မွန္းထားေၾကာင္းလည္း Burgener က အခုလို ေျပာပါတယ္။

“လူေတြအတြက္ အေျခအေနဟာ အလြန္ပဲ ခက္ခဲေနပါတယ္။ ျမန္မာႏိုင္ငံမွာ ေနထိုင္ဖို႔ အခုခ်ိန္ဟာ အလြန္ခက္ခဲတဲ့ ပတ္ဝန္းက်င္ျဖစ္ေနတာပါ။ လြတ္လပ္စြာေျပာဆိုခြင့္ မရွိသလို၊ သတင္းလြတ္လပ္ခြင့္ကို ဆန႔္က်င္တိုက္ခိုက္မႈအေပၚမွာလည္း က်မအေနနဲ႔ အလြန္ပဲ စိုးရိမ္မကင္းရွိေနဆဲပါ။ က်မအေနနဲ႔ စစ္တပ္နဲ႔ ေဆြးေႏြးပြဲတိုင္းမွာ တိုက္တြန္းေနတာက သတင္းမီဒီယာသမားေတြအပါအဝင္ ႏိုင္ငံေရးအက်ဥ္းသားေတြကို လႊတ္ေပးဖို႔ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္ထိ လူေပါင္း ၉၆၂ ဦး အသတ္ခံခဲ့ရပါတယ္။ က်မတို႔ စုေဆာင္းထားတဲ့စာရင္းေတြအရ လူေပါင္း ၇,၀၈၄ ဦး ဖမ္းဆီးခံခဲ့ရၿပီး အဲဒီထဲမွာ ႏိုင္ငံျခားသားေတြလည္း ပါပါတယ္။လက္ရွိ လူေပါင္း ၅၅၂၆ ဦး ထိန္းသိမ္းခံေနရၿပီး အဲဒီထဲမွာ ကေလး ၁၀၄ ဦးပါေနပါတယ္။”

ဆက္လက္ၿပီးေတာ့ ကိုဗစ္-၁၉ ကပ္ေရာဂါ ဆိုးဆိုး႐ြား႐ြားရင္ဆိုင္ေနရတဲ့ ျမန္မာႏိုင္ငံရဲ႕ အေျခအေနနဲ႔ ပတ္သက္လို႔ သတင္းေထာက္တဦးရဲ႕ ေမးျမန္းခ်က္ကို Burgener က အခုလို ေျဖၾကားခဲ့ပါတယ္။

“ ျမန္မာႏိုင္ငံမွာ ျပင္းထန္တဲ့ ကိုဗစ္-၁၉ တတိယလႈိင္းဒဏ္ခံေနရပါတယ္။ ကိုဗစ္ေၾကာင့္ မိသားစုေတြအားလုံး ဖ်ားနာေနၾကၿပီး သူတို႔ ေဆးကုသမႈရဖို႔ ေဆြမ်ိဳးသားခ်င္းေတြ အသည္းအသန္႐ုန္းကန္ေနၾကရပါတယ္။ အေရးေပၚေအာက္စီဂ်င္နဲ႔ အျခားအေထာက္အပံ့ေတြရဲ႕ ေဈးႏႈန္းဟာဆိုရင္လည္း မိုးထိေအာင္ ေခါင္းခိုက္ေနပါတယ္။”

ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာဆိုင္ရာ အထူးကိုယ္စားလွယ္ Burgener အေနနဲ႔ အားလုံးပါဝင္တဲ့ ေတြ႕ဆုံေဆြးေႏြးေရးေပၚေပါက္လာဖို႔ လြန္ခဲ့တဲ့ ႏွစ္လေက်ာ္ကတည္းက အာဆီယံ ေဒသတြင္းႏိုင္ငံေတြအပါအဝင္၊ NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရ၊ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြ၊ ျမန္မာစစ္ေခါင္းေဆာင္ေတြနဲ႔ ေဆြးေႏြးေျပာဆိုခဲ့တဲ့ အေျခအေနေတြကို သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုခဲ့ပါတယ္။ ဒါေပမဲ့ လက္ရွိအေျခအေနထိ ေတြ႕ဆုံေဆြးေႏြးေရးျဖစ္လာဖို႔ အေျခအေနေတြ ခက္ခဲေနေၾကာင္းလည္း Burgener က ဝန္ခံေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ကြီးထွားလာမယ့်အန္တရာယ် ကုလအထူးကိုယ်စားလှယ် သတိပေး

မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ အလုံးစုံသော ပြဿနာတွေအတွက် သက်ဆိုင်သူအားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး အောင်မြင်အောင် မလုပ်နိုင်ဘူး ဆိုရင် ပြည်တွင်းစစ်ကြီး ဖြစ်လာလိမ့်မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener က အင်္ဂါနေ့က သတိပေးပြောကြားလိုက်ပါတယ်။ နယူးယောက် ကုလသမဂ္ဂဌာနချုပ်မှာ အင်္ဂါနေ့က သီးသန့် ပြုလုပ်တဲ့ သူ့ ရဲ့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲအတွင်း မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အင်အားသုံးတိုက်ခိုက်မှုအခြေအနေကို ပြည်သူအများ စိုးရိမ်ကြောက်လန့်နေကြောင်းလည်း Burgener က ပြောသွားပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

ခြောက်လ ကြာမြင့်လာပြီဖြစ်တဲ့ စစ်အာဏာသိမ်းမှု အောက်မှာ မြန်မာပြည်သူတွေရဲ့ အခြေအနေတွေဟာ အလွန်ခက်ခဲ ဆိုးရွားနေကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener က သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

အထူးသဖြင့် လက်ရှိရင်ဆိုင်နေရတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကစလို့၊ ပဋိပက္ခတွေဖြစ်ပေါ်ရတဲ့ အဓိကဇစ်မြစ်အပါအဝင် ပြဿနာအလုံးစုံအတွက် အင်အားကြီးလှတဲ့ စစ်တပ်၊ ဖြုတ်ချခံရတဲ့ ဒီမိုကရေစီအင်အားစုနဲ့ ထောက်ခံသူတွေ၊ တိုင်းရင်းသားအုပ်စုတွေနဲ့ အခြား အဓိက နိုင်ငံရေးပါတီတွေ ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး မအောင်မြင်ဘူးဆိုရင် တကယ့်ပြည်တွင်းစစ်ကြီး ဖြစ်လာဖို့ ရှိနေကြောင်း Burgener က အခုလို သတိပေးပြောကြားသွားပါတယ်။

“မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အများကြီးဖြစ်နေတာ ကျမတို့ တွေ့ခဲ့ရပါတယ်။ စစ်တပ်ရဲ့ ကြီးမားလှတဲ့ အကြမ်းဖက်မှုကို လူအတော်များများက စိုးရိမ်ကြောက်လန့်နေသလို အခု PDF ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကလည်း လက်လုပ်သေနတ်တွေတင် မကတော့ဘဲ တကယ့် ပရော်ဖက်ရှင်နယ်လ် လက်နက်အစစ်တွေကို ပိုမိုအသုံးပြုလာနေပါတယ်။ ဒါကြောင့် အင်အားကြီးတဲ့ ပြည်တွင်းစစ်ကို ရှောင်ရှားနိုင်ဖို့ တွေ့ဆုံဆွေးနွေးရေးတွေ ဖြစ်လာနိုင်မယ်လို့ ကျမ တကယ်ပဲ မျှော်လင့်ပါတယ်။”

ဒါအပြင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဖျက်သိမ်းခံရမယ့်အရေးနဲ့ ကိုလည်း သူ့အနေနဲ့ စိုးရိမ်မိကြောင်း Christine Schraner Burgener က ဆိုပါတယ်။

“မကြာခင် NLD ပါတီဖျက်သိမ်းခံရနိုင်တဲ့ အခြေအနေ ကို ကျမစိုးရိမ်မိပါတယ်။ ဒါဟာ နိုင်ငံတကာရဲ့ အရေးယူမှု မရှိတဲ့အပေါ်မှာ စစ်ကောင်စီက သူတို့ တရားဝင်မှုရဖို့ ကြိုးပမ်းချက်သာဖြစ်ပါတယ်။”

စစ်ကောင်စီကိုရော NUG အမျိုးသားညီညွတ်ရေး အစိုးရကိုပါ ဘယ်သူ့ကိုမှ ကုလသမဂ္ဂဘက်က အသိအမှတ်မပြုသေး သလို လုံခြုံရေးကောင်စီ ဥက္ကဌရဲ့ ကြေညာချက်အရ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်သာ မြန်မာနိုင်ငံရဲ့ တရားဝင်ခေါင်းဆောင်တွေဖြစ်ကြောင်း Burgener က အခုလို ပြတ်ပြတ်သားသားပြောကြားသွားပါတယ်။

“ ကုလသမဂ္ဂအနေနဲ့ ဘယ်အစိုးရကိုမှ အသိအမှတ်ပြုခြင်း မရှိဘူးဆိုတာ ကျမရှင်းရှင်းလင်း ပြောချင်ပါတယ်။ ဒါကြောင့် အဖွဲ့ဝင်နိုင်ငံတွေသာ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ အဖွဲ့ဝင်နိုင်ငံတွေဘက်က ဘာဆုံးဖြတ်ချက်ကိုမှ မချရသေးတာကြောင့် အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ မြန်မာနိုင်ငံရဲ့ တရားဝင်ကိုယ်စားလှယ်ဖြစ်သလို၊ ဖေဖေါ်ဝါရီလ (၄)ရက်နေ့ က ထုတ်ပြန်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဥက္ကဌရဲ့ ကြေညာချက်မှာ ညွန်းဆိုထားတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ဟာ မြန်မာရဲ့ တရားဝင်ခေါင်းဆောင်တွေဖြစ်ပါတယ်။”

ဒါအပြင် သူ့အနေနဲ့ စစ်ကောင်စီရဲ့ ဒုတိယခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ဇူလိုင်လ (၁၆)ရက်နေ့က အချိန်အတော်ကြာ အွန်လိုင်းကနေ ဆွေးနွေးပြောဆိုခဲ့ကြောင်းလည်း Christine Schraner Burgener ကပြောပါတယ်။ တွေ့ဆုံဆွေးနွေးရေး အဆိုပြုချက်အပါအဝင် ကိစ္စရပ်တော်တော်များများကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တွေ့ဆုံဆွေးနွေးမယ့် ကိစ္စအတွက် အခုချိန်ထိ တစုံတရာ အကြောင်းပြန်ကြားချက် မရခဲ့ဘူးလို့လည်း သူကပြောပါတယ်။ ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ စစ်တပ်ဘက်က အပြုသဘောဆောင်တဲ့ တုန့်ပြန်ချက် မရခဲ့တဲ့အပြင် သူအနေနဲ့ ဒီဆွေးနွေးပွဲ လုပ်ခဲ့တဲ့အတွက်လည်း နောင်တရမိတယ်လို့ သတင်းထောက်တွေကို Burgener ကပြောကြားခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ပြည်သူတွေ အလွန်ကြောက်ရွံ့နေကြသလို၊ ဒုက္ခလည်း ရောက်နေကြပြီး၊ ၂၀၂၁ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ပြည်တွင်းထုတ်ကုန် GDP ၁၈ ရာခိုင်နှုန်း ကျဆင်းလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားကြောင်းလည်း Burgener က အခုလို ပြောပါတယ်။

“လူတွေအတွက် အခြေအနေဟာ အလွန်ပဲ ခက်ခဲနေပါတယ်။ မြန်မာနိုင်ငံမှာ နေထိုင်ဖို့ အခုချိန်ဟာ အလွန်ခက်ခဲတဲ့ ပတ်ဝန်းကျင်ဖြစ်နေတာပါ။ လွတ်လပ်စွာပြောဆိုခွင့် မရှိသလို၊ သတင်းလွတ်လပ်ခွင့်ကို ဆန့်ကျင်တိုက်ခိုက်မှုအပေါ်မှာလည်း ကျမအနေနဲ့ အလွန်ပဲ စိုးရိမ်မကင်းရှိနေဆဲပါ။ ကျမအနေနဲ့ စစ်တပ်နဲ့ ဆွေးနွေးပွဲတိုင်းမှာ တိုက်တွန်းနေတာက သတင်းမီဒီယာသမားတွေအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ လူပေါင်း ၉၆၂ ဦး အသတ်ခံခဲ့ရပါတယ်။ ကျမတို့ စုဆောင်းထားတဲ့စာရင်းတွေအရ လူပေါင်း ၇,၀၈၄ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲမှာ နိုင်ငံခြားသားတွေလည်း ပါပါတယ်။လက်ရှိ လူပေါင်း ၅၅၂၆ ဦး ထိန်းသိမ်းခံနေရပြီး အဲဒီထဲမှာ ကလေး ၁၀၄ ဦးပါနေပါတယ်။”

ဆက်လက်ပြီးတော့ ကိုဗစ်-၁၉ ကပ်ရောဂါ ဆိုးဆိုးရွားရွားရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ပတ်သက်လို့ သတင်းထောက်တဦးရဲ့ မေးမြန်းချက်ကို Burgener က အခုလို ဖြေကြားခဲ့ပါတယ်။

“ မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့ ကိုဗစ်-၁၉ တတိယလှိုင်းဒဏ်ခံနေရပါတယ်။ ကိုဗစ်ကြောင့် မိသားစုတွေအားလုံး ဖျားနာနေကြပြီး သူတို့ ဆေးကုသမှုရဖို့ ဆွေမျိုးသားချင်းတွေ အသည်းအသန်ရုန်းကန်နေကြရပါတယ်။ အရေးပေါ်အောက်စီဂျင်နဲ့ အခြားအထောက်အပံ့တွေရဲ့ ဈေးနှုန်းဟာဆိုရင်လည်း မိုးထိအောင် ခေါင်းခိုက်နေပါတယ်။”

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Burgener အနေနဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးပေါ်ပေါက်လာဖို့ လွန်ခဲ့တဲ့ နှစ်လကျော်ကတည်းက အာဆီယံ ဒေသတွင်းနိုင်ငံတွေအပါအဝင်၊ NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြောဆိုခဲ့တဲ့ အခြေအနေတွေကို သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေထိ တွေ့ဆုံဆွေးနွေးရေးဖြစ်လာဖို့ အခြေအနေတွေ ခက်ခဲနေကြောင်းလည်း Burgener က ဝန်ခံပြောကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG