သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာျပည္သြားခြင့္ရဖို႔ ကုလအထူးကိုယ္စားလွယ္ ေမွ်ာ္လင့္ထားဆဲ


Christine Schraner Burgener

{{Zawgyi/Unicode}}

ကုလသမဂၢအတြင္းေရးမွဴးခ်ုပ္ရဲ႕ ျမန္မာႏုိင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schraner Burgener က ဒီကေန႔ အဂၤါေန႔မွာ ဂ်ပန္ႏုိင္ငံကိုသြားၿပီး ဂ်ပန္အစိုးရ တာဝန္ရွိသူေတြနဲ႔ ေတြ႔ဆံုေဆြးေႏြးမယ္လုိ႔ ေျပာပါတယ္။

တနလၤာေန႔မွာ ထိုင္းႏုိင္ငံ၊ ဘန္ေကာက္ၿမိဳ႕ေတာ္ကေန အြန္လိုင္းကလုပ္တဲ့ ျမန္မာ့အေရး သတင္းစာရွင္းလင္းပြဲအတြင္း မစၥ Burgener က အဲဒီလိုေျပာသြားတာပါ။

ျမန္မာ အာဏာသိမ္းစစ္ေကာင္စီကို အဓိကေထာက္ခံေနတဲ့ တ႐ုတ္ႏုိင္ငံနဲ႔ သူနဲ႔ၾကားက ဆက္ဆံေရးနဲ႔ပတ္သက္ၿပီး ေမးတာမွာေတာ့ အထူးကိုယ္စားလွယ္အျဖစ္ သူကို ခန္႔အပ္ခံရၿပီးကတည္းက တ႐ုတ္ႏုိင္ငံကို မသြားရေသးေၾကာင္းနဲ႔ သူ႔အေနနဲ႔ကေတာ့ တ႐ုတ္ႏုိင္ငံနဲ႔ ေတြ႔ဆံုေဆြးေႏြးဖို႔ အဆင္သင့္ရွိတယ္လုိ႔ေျပာပါတယ္။

" ေဒသတြင္းက ဘယ္ႏုိင္ငံအတြက္မဆို သိပ္ကိုမတည္ၿငိမ္တဲ့ အေျခအေနျဖစ္ပါတယ္။ တ႐ုတ္အစိုးရေတြ႔ခ်င္တဲ့ ဘယ္ေနရာမွာမဆို ေတြ႔ဆံုေဆြးေႏြးဖို႔ က်မအေနနဲ႔ အဆင္သင့္ရွိေနပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အဖြဲ႔ဝင္ႏုိ္င္ငံအားလံုးနဲ႔ ေျပာဆိုေဆြးေႏြးဖို႔ လိုအပ္တာေၾကာင့္ပါပဲ" လို႔ မစၥ Burgener ကေျပာပါတယ္။

ဒါ့အျပင္ ျမန္မာႏုိင္ငံကို လာေရာက္ခြင့္ရဖို႔ ေမ ွ်ာ္လင့္ထားဆဲပါပဲလို႔လည္း ေျပာပါတယ္။ ဧၿပီလကုန္ပိုင္းက အင္ဒိုနီးရွားႏုိင္ငံ၊ ဂ်ကာတာၿမိဳ႕ေတာ္မွာ အာဏာသိမ္း စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္နဲ႔ ေတြ႔ဆံုခဲ့ခ်ိန္အတြင္း သူနဲ႔ထပ္ၿပီး စကားမေျပာခ်င္ေတာ့ဘူးလို႔ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္က ေျပာခဲ့တဲ့အေၾကာင္း၊ ျမန္မာႏိုင္ငံကိုလာေရာက္ဖုိ႔ အခ်ိန္အခါမသင့္ေသးဘူးလို႔ဘဲ ေျပာခဲ့တဲ့အေၾကာင္း၊ အခ်ိန္မသင့္ေသးဘူးလို႔ေျပာတာေၾကာင့္ ျငင္းတာမဟုတ္တဲ့အတြက္ ဒီေဆြးေႏြးမႈကိုဆက္လုပ္ဖုိ႔ လက္ေလ ွ်ာ့မွာမဟုတ္တဲ့အေၾကာင္း မစၥ Burgener ကေျပာပါတယ္။

Liechtenstein ႏုိင္ငံက ကမကထျပဳတင္သြင္းၿပီး အေမရိကန္နဲ႔ ဥေရာပသမဂၢတို႔က ေထာက္ခံထားတဲ့ ျမန္မာ့အေရး ကုလသမဂၢဆံုးျဖတ္ခ်က္မူၾကမ္းနဲ႔ ပတ္သက္လို႔ေတာ့ သတိျပဳလုပ္ေဆာင္ဖို႔ အထူးကိုယ္စားလွယ္က တိုက္တြန္းပါတယ္။

အဲဒီဆံုးျဖတ္ခ်က္မူၾကမ္းထဲမွာ ျမန္မာႏုိင္ငံကို လက္နက္ခဲယမ္း တင္ပို႔ေရာင္းခ်တာအားလံုး "ခ်က္ျခင္း ရပ္ဆိုင္းဖို႔" ဆိုတ့ဲအခ်က္ ပါဝင္ပါတယ္။

"ဆံုးျဖတ္ခ်က္တခုက ထိေရာက္ဖို႔ဆုိရင္ သိပ္အားေကာင္းဖုိ႔လိုပါတယ္။ ဒါေပမယ့္ တၿပိဳင္နက္ထဲမွာ သိပ္အေရးႀကီးတာက အေထြေထြညီလာခံမွာ ညီၫြတ္မႈကို ျပသဖို႔ျဖစ္ပါတယ္" လို႔ မစၥ Burgener ကဆိုပါတယ္။

အဲဒီဆံုးျဖတ္ခ်က္မူၾကမ္းကို ေမလ ၁၈ ရက္ေန႔က မဲခြဲဆံုးျဖတ္ဖို႔ စီစဥ္ခဲ့ေပမယ့္ ျပင္သစ္ႏုိင္ငံရဲ႕ ပန္ၾကားခ်က္အရ ႐ုတ္တရက္ဆိုသလိုပဲ ရက္အကန္႔အသတ္မရွိ ေရႊ႕ဆိုင္းထားတာပါ။ အဲဒီလို ရက္ေရႊ႕ဆိုင္းတာကို အေမရိကန္နဲ႔ ၿဗိတိန္တို႔ကလည္း ေထာက္ခံထားၿပီး အဓိကအားျဖင့္ မူၾကမ္းအေပၚ အာရွႏုိင္ငံေတြရဲ႕ ေထာက္ခံမႈ အားနည္းတာေၾကာင့္ ျဖစ္တယ္လုိ႔ သံတမန္ေတြက AFP သတင္းဌာနကိုေျပာပါတယ္။

မူၾကမ္းေရးဆြဲတဲ့ႏုိင္ငံေတြနဲ႔ အာရွႏုိင္ငံေတြၾကား ဒီသီတင္းပတ္ထဲမွာ ေတြ႔ဆံုေဆြးေႏြးၾကဖို႔ စီစဥ္ထားပါတယ္။ ဒါေပမယ့္ လက္နက္ခဲယမ္းေရာင္းခ်မႈနဲ႔ဆိုင္တဲ့ စာပိုဒ္ကို ျဖဳတ္ေပးဖို႔ အာရွႏုိင္ငံေတြက လိုလားေနသလို လူ႔အခြင့္အေရးနဲ႔ပတ္သက္ၿပီး ေျပာဆိုထားပံုကိုလည္း ေလ ွ်ာ့ေစခ်င္ၾကတယ္လုိ႔ အမည္မေဖာ္လိုတဲ့ သံတမန္တဦးက AFP သတင္းဌာနကိုေျပာပါတယ္။

..................................................

{{Unicode}}

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener က ဒီကနေ့ အင်္ဂါနေ့မှာ ဂျပန်နိုင်ငံကိုသွားပြီး ဂျပန်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ ပြောပါတယ်။

တနင်္လာနေ့မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ကနေ အွန်လိုင်းကလုပ်တဲ့ မြန်မာ့အရေး သတင်းစာရှင်းလင်းပွဲအတွင်း မစ္စ Burgener က အဲဒီလိုပြောသွားတာပါ။

မြန်မာ အာဏာသိမ်းစစ်ကောင်စီကို အဓိကထောက်ခံနေတဲ့ တရုတ်နိုင်ငံနဲ့ သူနဲ့ကြားက ဆက်ဆံရေးနဲ့ပတ်သက်ပြီး မေးတာမှာတော့ အထူးကိုယ်စားလှယ်အဖြစ် သူကို ခန့်အပ်ခံရပြီးကတည်းက တရုတ်နိုင်ငံကို မသွားရသေးကြောင်းနဲ့ သူ့အနေနဲ့ကတော့ တရုတ်နိုင်ငံနဲ့ တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိတယ်လို့ပြောပါတယ်။

" ဒေသတွင်းက ဘယ်နိုင်ငံအတွက်မဆို သိပ်ကိုမတည်ငြိမ်တဲ့ အခြေအနေဖြစ်ပါတယ်။ တရုတ်အစိုးရတွေ့ချင်တဲ့ ဘယ်နေရာမှာမဆို တွေ့ဆုံဆွေးနွေးဖို့ ကျမအနေနဲ့ အဆင်သင့်ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ အဖွဲ့ဝင်နိုင်ငံအားလုံးနဲ့ ပြောဆိုဆွေးနွေးဖို့ လိုအပ်တာကြောင့်ပါပဲ" လို့ မစ္စ Burgener ကပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကို လာရောက်ခွင့်ရဖို့ မေ ျှာ်လင့်ထားဆဲပါပဲလို့လည်း ပြောပါတယ်။ ဧပြီလကုန်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်မှာ အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ချိန်အတွင်း သူနဲ့ထပ်ပြီး စကားမပြောချင်တော့ဘူးလို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့တဲ့အကြောင်း၊ မြန်မာနိုင်ငံကိုလာရောက်ဖို့ အချိန်အခါမသင့်သေးဘူးလို့ဘဲ ပြောခဲ့တဲ့အကြောင်း၊ အချိန်မသင့်သေးဘူးလို့ပြောတာကြောင့် ငြင်းတာမဟုတ်တဲ့အတွက် ဒီဆွေးနွေးမှုကိုဆက်လုပ်ဖို့ လက်လေ ျှာ့မှာမဟုတ်တဲ့အကြောင်း မစ္စ Burgener ကပြောပါတယ်။

Liechtenstein နိုင်ငံက ကမကထပြုတင်သွင်းပြီး အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က ထောက်ခံထားတဲ့ မြန်မာ့အရေး ကုလသမဂ္ဂဆုံးဖြတ်ချက်မူကြမ်းနဲ့ ပတ်သက်လို့တော့ သတိပြုလုပ်ဆောင်ဖို့ အထူးကိုယ်စားလှယ်က တိုက်တွန်းပါတယ်။

အဲဒီဆုံးဖြတ်ချက်မူကြမ်းထဲမှာ မြန်မာနိုင်ငံကို လက်နက်ခဲယမ်း တင်ပို့ရောင်းချတာအားလုံး "ချက်ခြင်း ရပ်ဆိုင်းဖို့" ဆိုတဲ့အချက် ပါဝင်ပါတယ်။

"ဆုံးဖြတ်ချက်တခုက ထိရောက်ဖို့ဆိုရင် သိပ်အားကောင်းဖို့လိုပါတယ်။ ဒါပေမယ့် တပြိုင်နက်ထဲမှာ သိပ်အရေးကြီးတာက အထွေထွေညီလာခံမှာ ညီညွတ်မှုကို ပြသဖို့ဖြစ်ပါတယ်" လို့ မစ္စ Burgener ကဆိုပါတယ်။

အဲဒီဆုံးဖြတ်ချက်မူကြမ်းကို မေလ ၁၈ ရက်နေ့က မဲခွဲဆုံးဖြတ်ဖို့ စီစဉ်ခဲ့ပေမယ့် ပြင်သစ်နိုင်ငံရဲ့ ပန်ကြားချက်အရ ရုတ်တရက်ဆိုသလိုပဲ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားတာပါ။ အဲဒီလို ရက်ရွှေ့ဆိုင်းတာကို အမေရိကန်နဲ့ ဗြိတိန်တို့ကလည်း ထောက်ခံထားပြီး အဓိကအားဖြင့် မူကြမ်းအပေါ် အာရှနိုင်ငံတွေရဲ့ ထောက်ခံမှု အားနည်းတာကြောင့် ဖြစ်တယ်လို့ သံတမန်တွေက AFP သတင်းဌာနကိုပြောပါတယ်။

မူကြမ်းရေးဆွဲတဲ့နိုင်ငံတွေနဲ့ အာရှနိုင်ငံတွေကြား ဒီသီတင်းပတ်ထဲမှာ တွေ့ဆုံဆွေးနွေးကြဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် လက်နက်ခဲယမ်းရောင်းချမှုနဲ့ဆိုင်တဲ့ စာပိုဒ်ကို ဖြုတ်ပေးဖို့ အာရှနိုင်ငံတွေက လိုလားနေသလို လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ပြောဆိုထားပုံကိုလည်း လေ ျှာ့စေချင်ကြတယ်လို့ အမည်မဖော်လိုတဲ့ သံတမန်တဦးက AFP သတင်းဌာနကိုပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG