သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံဆိုင္ရာ ကုလအထူးကိုယ္စားလွယ္သစ္ ခန္႔အပ္လိုက္ၿပီ


Under-Secretary-General and ESCAP Executive Secretary Noeleen Heyzer.

ျမန္မာႏိုင္ငံဆိုင္ရာ ကုလအထူးကိုယ္စားလွယ္သစ္ ခန္႔အပ္လိုက္ၿပီ

{{Zawgyi/Unicode}}

ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ အသစ္အျဖစ္ စကၤာပူႏိုင္ငံသူ Noeleen Heyzer ကို ခန္႔အပ္လိုက္ေၾကာင္း အတြင္းေရးမႈးခ်ဳပ္ António Guterres က ေအာက္တိုဘလ ၂၅ ရက္ တနလၤာေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။

မစၥ Heyzer ဟာ တာဝန္ခ်ိန္ကုန္ဆံုးသြားၿပီျဖစ္တဲ့ ဆြစ္ဇလန္ႏိုင္ငံသူ Christine Schraner Burgener ေနရာမွာ အစားထိုးေဆာင္ရြက္မွာ ျဖစ္ၿပီး မစၥ Burgener ရဲ႕ ျမန္မာလူထုအတြက္ အားသြန္ခြန္စိုက္ ေဆာင္ရြက္ခဲ့တာေတြကို ေက်းဇူးတင္ေၾကာင္း ေဖၚျပထားပါတယ္။

မစၥ Heyzer ဟာ ၂၀၀၇ ကေန ၂၀၁၄ ခုႏွစ္အတြင္း ကုလသမဂၢရဲ႕ အာရွနဲ႔ပစိဖိတ္ေဒသ စီးပြါးေရးနဲ႔ လူမႈေကာ္မရွင္မွာ အမႈေဆာင္အတြင္းေရးမႈး အျဖစ္ ပထမဆံုး တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ၿပီး သူ႔လက္ထက္မွာ အာရွ ပစိဖိတ္ေဒသတြင္း ေရရွည္ဖြံ႔ၿဖိဳးမႈ၊ လူမႈေရးညီမွ်မႈနဲ႔ အက်ိဳးအျမတ္မွ်ေဝမႈေတြေပၚ အေျခခံၿပီး ေဒသတြင္း ပူးေပါင္းေဆာင္ရြက္ဖို႔ ဦးစားေပး ေဆာင္ရြက္ခဲ့သလို ျမန္မာႏိုင္ငံမွာ နာဂစ္ဆိုင္ကလံုးဒဏ္ခံရၿပီးေနာက္ပိုင္း ျပန္လည္ထူေထာင္ေရးအတြက္ ၂၀၀၈- ၂၀၀၉ မွာ သူမဟာ အာဆီယံ၊ ျမန္မာအစိုးရနဲ႔ ကုလသမဂၢတို႔နဲ႔ အနီးကပ္လက္တြဲၿပီး ျမန္မာႏိုင္ငံဖြံ႔ၿဖိဳးေရးနဲ႔ ဆင္ရဲတြင္းနက္မႈ ေလွ်ာ့ခ်ေရး အတြက္ ေဆြးေႏြးပြဲေတြကို ဦးေဆာင္ခဲ့သူ တဦးျဖစ္ေၾကာင္း ေဖၚျပထားပါတယ္။

ဒါ့အျပင္ ၂၀၁၃ ကေန ၂၀၁၅ အတြင္း Timor-Leste ဆိုင္ရာ ကုလသမဂၢအတြင္ေးရးမႈးခ်ဳပ္ရဲ႕ အထူးအၾကံေပးအျဖစ္ ေဆာင္ရြက္ခဲ့သလို ၁၉၉၄ ခုႏွစ္ကေန ၂၀၀၇ ခုႏွစ္အထိ ကုလသမဂၢ UNIFEM အမႈေဆာင္အႀကီးအကဲအျဖစ္နဲ႔ ကုလသမဂၢလံုျခံဳေရးေကာင္စီရဲ႕ အမ်ိဳးသမီးထု၊ ၿငိမ္းခ်မ္းေရးနဲ႔ လံုျခံဳမႈရွိေရးဆိုင္ရာ ဆံုးျဖတ္ခ်က္အမွတ္ ၁၃၂၅ ကို ခ်မွတ္ႏိုင္ဖို႔ ျပဳစုၿပီး အေကာင္ထည္ေဖၚရာမွာ အဓိကက႑ကေန ပါဝင္ခဲ့သူ တဦးလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ ကမာၻတလႊား ပဋိပကၡျဖစ္ပြါးတဲ့ ႏိုင္ငံေတြက အမ်ိဳးသမီးေတြနဲ႔ လူမႈအဖြဲ႔အစည္း အသီးသီး အပါအဝင္ သက္ဆိုင္သူအားလံုးနဲ႔ ေတြ႕ဆံုၫွိႏိႈင္းမႈေတြ အမ်ားအျပားလုပ္ေဆာင္ခဲ့သူလည္း ျဖစ္ပါတယ္။

အတြင္းေရးမႈးခ်ဳပ္ရဲ႕ အဆင့္ျမင့္ ၫွိႏႈိင္းေရးဘုတ္အဖြဲ႔ဝင္တဦးျဖစ္တဲ့ မစၥ Heyzer ဟာ စကၤာပူတကၠသိုလ္ Lee Kuan Yew မူဝါဒေရးရာေက်ာင္းနဲ႔ စကၤာပူ Rajaratnam (S. Rajaratnam School of International Studies) ႏိုင္ငံတကာေရးရာေက်ာင္း ေတြရဲ႕ အုပ္ခ်ဳပ္ေရးဘုတ္အဖြဲ႔ဝင္ လည္း ျဖစ္ပါတယ္။ သူဟာ စကၤာပူတကၠသိုလ္က BA နဲ႔ MSc ဘြဲ႔ေတြနဲ႔ Cambridge တကၠသိုလ္ က လူမႈသိပၸံဆိုင္ရာ ပါရဂူဘြဲ႔ ေတြရထားသူ တဦးလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

..........................................

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်သစ် ခန့်အပ်လိုက်ပြီ

{{Unicode}}

ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အသစ်အဖြစ် စင်္ကာပူနိုင်ငံသူ Noeleen Heyzer ကို ခန့်အပ်လိုက်ကြောင်း အတွင်းရေးမှုးချုပ် António Guterres က အောက်တိုဘလ ၂၅ ရက် တနင်္လာနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

မစ္စ Heyzer ဟာ တာဝန်ချိန်ကုန်ဆုံးသွားပြီဖြစ်တဲ့ ဆွစ်ဇလန်နိုင်ငံသူ Christine Schraner Burgener နေရာမှာ အစားထိုးဆောင်ရွက်မှာ ဖြစ်ပြီး မစ္စ Burgener ရဲ့ မြန်မာလူထုအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့တာတွေကို ကျေးဇူးတင်ကြောင်း ဖေါ်ပြထားပါတယ်။

မစ္စ Heyzer ဟာ ၂၀၀၇ ကနေ ၂၀၁၄ ခုနှစ်အတွင်း ကုလသမဂ္ဂရဲ့ အာရှနဲ့ပစိဖိတ်ဒေသ စီးပွါးရေးနဲ့ လူမှုကော်မရှင်မှာ အမှုဆောင်အတွင်းရေးမှုး အဖြစ် ပထမဆုံး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး သူ့လက်ထက်မှာ အာရှ ပစိဖိတ်ဒေသတွင်း ရေရှည်ဖွံ့ဖြိုးမှု၊ လူမှုရေးညီမျှမှုနဲ့ အကျိုးအမြတ်မျှဝေမှုတွေပေါ် အခြေခံပြီးဒေသတွင်း ပူးပေါင်းဆောင်ရွက်ဖို့ ဦးစားပေး ဆောင်ရွက်ခဲ့သလို မြန်မာနိုင်ငံမှာ နာဂစ်ဆိုင်ကလုံးဒဏ်ခံရပြီးနောက်ပိုင်း ပြန်လည်ထူထောင်ရေးအတွက် ၂၀၀၈- ၂၀၀၉ မှာ သူမဟာ အာဆီယံ၊ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂတို့နဲ့ အနီးကပ်လက်တွဲပြီးမြန်မာနိုင်ငံဖွံ့ဖြိုးရေးနဲ့ ဆင်ရဲတွင်းနက်မှု လျှော့ချရေး အတွက် ဆွေးနွေးပွဲတွေကို ဦးဆောင်ခဲ့သူ တဦးဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

ဒါ့အပြင် ၂၀၁၃ ကနေ ၂၀၁၅ အတွင်း Timor-Leste ဆိုင်ရာ ကုလသမဂ္ဂအတွင်ေးရးမှုးချုပ်ရဲ့ အထူးအကြံပေးအဖြစ် ဆောင်ရွက်ခဲ့သလို ၁၉၉၄ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ ကုလသမဂ္ဂ UNIFEM အမှုဆောင်အကြီးအကဲအဖြစ်နဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အမျိုးသမီးထု၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံမှုရှိရေးဆိုင်ရာ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ ကို ချမှတ်နိုင်ဖို့ ပြုစုပြီး အကောင်ထည်ဖေါ်ရာမှာ အဓိကကဏ္ဍကနေ ပါဝင်ခဲ့သူ တဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာတလွှား ပဋိပက္ခဖြစ်ပွါးတဲ့ နိုင်ငံတွေက အမျိုးသမီးတွေနဲ့ လူမှုအဖွဲ့အစည်း အသီးသီး အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ အများအပြားလုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

အတွင်းရေးမှုးချုပ်ရဲ့ အဆင့်မြင့် ညှိနှိုင်းရေးဘုတ်အဖွဲ့ဝင်တဦးဖြစ်တဲ့ မစ္စ Heyzer ဟာ စင်္ကာပူတက္ကသိုလ် Lee Kuan Yew မူဝါဒရေးရာကျောင်းနဲ့ စင်္ကာပူ Rajaratnam (S. Rajaratnam School of International Studies) နိုင်ငံတကာရေးရာကျောင်း တွေရဲ့ အုပ်ချုပ်ရေးဘုတ်အဖွဲ့ဝင် လည်း ဖြစ်ပါတယ်။ သူဟာ စင်္ကာပူတက္ကသိုလ်က BA နဲ့ MSc ဘွဲ့တွေနဲ့ Cambridge တက္ကသိုလ် က လူမှုသိပ္ပံဆိုင်ရာ ပါရဂူဘွဲ့ တွေရထားသူ တဦးလည်း ဖြစ်ပါတယ်။

XS
SM
MD
LG