သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီရဲ႕ ရက္စက္မႈမ်ား ကုလအကာအကြယ္ေပးဖို႔ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း ေတာင္းဆို


ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း။

(Zawgyi / Unicode)

စစ္ေကာင္စီရဲ႕ ရက္စက္ၾကမ္းၾကဳတ္မႈ အေပါင္းကေန ျပည္သူတရပ္လုံးကို အကာအကြယ္ေပးဖို႔ အေလးအနက္ လိုအပ္ေနပါတယ္လို႔ ကုလသမဂၢ လုံၿခဳံေရးေကာင္စီကို ျမန္မာသံအမတ္ႀကီးက ေတာင္းဆိုလိုက္ပါတယ္။ ၇၆ ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံမွာ ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက သူ႔မိန႔္ခြန္းမွာ ေအာက္တိုဘာ ၂၉ ရက္ေန႔က ခုလို ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

“ကုလသမဂၢ အထူးသျဖင့္ လုံၿခဳံေရးေကာင္စီကေန အခ်ိန္နဲ႔တေျပးညီ တိတိက်က် ျပတ္ျပတ္သားသား အေရးယူ ေဆာင္ရြက္ၾကဖို႔ အခ်ိန္က ေကာင္းေကာင္းႀကီးကို ေက်ာ္လြန္ေနပါၿပီ။ ခင္ဗ်ားတို႔ ဘာကို ေစာင့္ေနၾကတာပါလဲ။ ျမန္မာျပည္သူေတြရဲ႕ အသက္နဲ႔ ဘဝေတြကို ေက်းဇူးျပဳၿပီး ကယ္တင္ၾကပါ။” လို႔ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ေျပာသြားတာပါ။ ျမန္မာျပည္သူေတြရဲ႕ အေျခခံ လူ႔အခြင့္အေရးေတြ အေပၚ အထူးအာ႐ုံစိုက္ အေရးယူ ေဆာင္ရြက္ၾကဖို႔လည္း ဦးေက်ာ္မိုးထြန္းက တိုက္တြန္းသြားပါေသးတယ္။

ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕မွာ စစ္ေကာင္စီတပ္ေတြက ခရစ္ယာန္ဘုရားေက်ာင္း ၂ ေက်ာင္း အပါအဝင္ အိမ္ေျခ ၁၀၀ ‌ေက်ာ္ကို မၾကာခင္က မီးတင္႐ႈိ႕ခဲ့တယ္လို႔လည္း သူ႔မိန႔္ခြန္းမွာ ေျပာၾကားသြားခဲ့ပါတယ္။

“လက္နက္ႀကီးေတြ က်ၿပီးမွ မီးေလာင္တာလား၊ မီးကို ႐ႈိ႕တာလား၊ ကြ်မတို႔ ဘာေျပာရမွန္းကို မသိေတာ့ပါဘူး” လို႔ အိမ္ပ်က္စီးသြားတဲ့ အမ်ိဳးသမီးတေယာက္က ေအအက္ဖ္ပီ သတင္းဌာနကို ေျပာပါတယ္။

အနည္းဆုံး အိမ္ေျခ ၁၀၀ မီးေလာင္ ပ်က္စီးသြားတယ္လို႔ Save The Children ႏိုင္ငံတကာ လူမႈကူညီေရး ေစတနာ့ဝန္ထမ္းအဖြဲ႔က ေျပာပါတယ္။

စစ္ေကာင္စီ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ ခုလို မီးေလာင္ရတာဟာ CRPH, NUG နဲ႔ PDF ေခၚ ေဒသခံ ကာကြယ္ေရးတပ္ေတြက မီး႐ႈိ႕ဖ်က္ဆီးတာေၾကာင့္ ျဖစ္တယ္လို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့လက တိုက္ပြဲျဖစ္ပြါးၿပီးေနာက္ ထန္တလန္ ၿမိဳ႕သူၿမိဳ႕သား ၇,၅၀၀ ၿမိဳ႕ကေန ထြက္ေျပးၾကရၿပီး အိႏၵိယႏိုင္ငံထဲကို ထြက္ေျပးသြားၾကရတာပါ။ ေမလတုန္းကလည္း မင္းတပ္ၿမိဳ႕ကို လက္နက္ႀကီးေတြနဲ႔ စစ္ေကာင္စီက တိုက္ခိုက္ခဲ့ၿပီး ၿမိဳ႕ကို ေရျဖတ္ထားခဲ့ၾကတယ္လို႔ ေဒသခံ စစ္အစိုးရဆန႔္က်င္ေရး လက္နက္ကိုင္အဖြဲ႔ဝင္ တေယာက္က ေျပာေၾကာင္း ေအအက္ဖ္ပီသတင္းက ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

စစ်ကောင်စီရဲ့ ရက်စက်မှုများ ကုလအကာအကွယ်ပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆို

စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှု အပေါင်းကနေ ပြည်သူတရပ်လုံးကို အကာအကွယ်ပေးဖို့ အလေးအနက် လိုအပ်နေပါတယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို မြန်မာသံအမတ်ကြီးက တောင်းဆိုလိုက်ပါတယ်။ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက သူ့မိန့်ခွန်းမှာ အောက်တိုဘာ ၂၉ ရက်နေ့က ခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ကုလသမဂ္ဂ အထူးသဖြင့် လုံခြုံရေးကောင်စီကနေ အချိန်နဲ့တပြေးညီ တိတိကျကျ ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်ကြဖို့ အချိန်က ကောင်းကောင်းကြီးကို ကျော်လွန်နေပါပြီ။ ခင်ဗျားတို့ ဘာကို စောင့်နေကြတာပါလဲ။ မြန်မာပြည်သူတွေရဲ့ အသက်နဲ့ ဘဝတွေကို ကျေးဇူးပြုပြီး ကယ်တင်ကြပါ။” လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသွားတာပါ။ မြန်မာပြည်သူတွေရဲ့ အခြေခံ လူ့အခွင့်အရေးတွေ အပေါ် အထူးအာရုံစိုက် အရေးယူ ဆောင်ရွက်ကြဖို့လည်း ဦးကျော်မိုးထွန်းက တိုက်တွန်းသွားပါသေးတယ်။

ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ စစ်ကောင်စီတပ်တွေက ခရစ်ယာန်ဘုရားကျောင်း ၂ ကျောင်း အပါအဝင် အိမ်ခြေ ၁၀၀ ‌ကျော်ကို မကြာခင်က မီးတင်ရှို့ခဲ့တယ်လို့လည်း သူ့မိန့်ခွန်းမှာ ပြောကြားသွားခဲ့ပါတယ်။

“လက်နက်ကြီးတွေ ကျပြီးမှ မီးလောင်တာလား၊ မီးကို ရှို့တာလား၊ ကျွမတို့ ဘာပြောရမှန်းကို မသိတော့ပါဘူး” လို့ အိမ်ပျက်စီးသွားတဲ့ အမျိုးသမီးတယောက်က အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။

အနည်းဆုံး အိမ်ခြေ ၁၀၀ မီးလောင် ပျက်စီးသွားတယ်လို့ Save The Children နိုင်ငံတကာ လူမှုကူညီရေး စေတနာ့ဝန်ထမ်းအဖွဲ့က ပြောပါတယ်။

စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ခုလို မီးလောင်ရတာဟာ CRPH, NUG နဲ့ PDF ခေါ် ဒေသခံ ကာကွယ်ရေးတပ်တွေက မီးရှို့ဖျက်ဆီးတာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့လက တိုက်ပွဲဖြစ်ပွါးပြီးနောက် ထန်တလန် မြို့သူမြို့သား ၇,၅၀၀ မြို့ကနေ ထွက်ပြေးကြရပြီး အိန္ဒိယနိုင်ငံထဲကို ထွက်ပြေးသွားကြရတာပါ။ မေလတုန်းကလည်း မင်းတပ်မြို့ကို လက်နက်ကြီးတွေနဲ့ စစ်ကောင်စီက တိုက်ခိုက်ခဲ့ပြီး မြို့ကို ရေဖြတ်ထားခဲ့ကြတယ်လို့ ဒေသခံ စစ်အစိုးရဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့ဝင် တယောက်က ပြောကြောင်း အေအက်ဖ်ပီသတင်းက ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG