သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထန္တလန္နဲ႔ ျမန္မာ့အေရး လုံၿခံဳေရးေကာင္စီမွာ ေဆြးေႏြးဖို႔ ေတာင္းဆိုမႈေတြ ထြက္ေပၚ


ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕ မီးေလာင္ေနတဲ့ျမင္ကြင္း။ (ဓာတ္ပုံ - CHRO)

(Zawgyi / Unicode)

ေနအိမ္ အေဆာက္အဦး ၁၀၀ ေက်ာ္ မီးေလာင္ပ်က္စီးခဲ့ရတဲ့ ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕ အပါအဝင္ ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္မႈေတြ၊ လက္နက္ကိုင္ ပဋိပကၡေတြေၾကာင့္ အရပ္သားျပည္သူေတြ ထိခိုက္နစ္နာေနရတဲ့ ကိစၥေတြကို ကုလသမဂၢ လုံၿခံဳေရးေကာင္စီမွာ ေဆြးေႏြးဖို႔ တက္ႂကြလႈပ္ရွားသူေတြ ေတာင္းဆိုလိုက္ၾကပါတယ္။ စစ္ေရးတင္းမာေနတဲ့ ထန္တလန္ၿမိဳ႕မွာ မီးေလာင္ပ်က္စီးမႈေတြ အႀကီးအက်ယ္ ႀကံဳခဲ့ရၿပီးေနာက္ ျမန္မာ့အေရး အေရးေပၚေဆြးေႏြးဖို႔ တိုက္တြန္းမႈေတြ ထပ္မံထြက္ေပၚလာေနတာပါ။ အျပည့္အစုံကိုေတာ့ ကိုဉာဏ္ဝင္းေအာင္ တင္ျပထားပါတယ္။

မၾကာေသးခင္ကစလို႔ စစ္ေကာင္စီက အင္အားတိုးျမႇင့္ခ်ထားတဲ့ ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕မွာ ေသာၾကာေန႔က အိမ္ေျခ အေဆာက္အဦး ၁၀၀ ေက်ာ္ မီးေလာင္ ပ်က္စီးခဲ့ရၿပီး ဒါဟာ စစ္ေကာင္စီတပ္ဖဲြ႔ေတြရဲ႕ လက္ခ်က္ေၾကာင့္ျဖစ္ေၾကာင္း ခ်င္းလူ႔အခြင့္အေရးအဖြဲ႔ (CHRO) ရဲ႕ လက္ေထာက္ဒါ႐ိုက္တာ ဆလိုင္းဇာအုပ္လ်ံက ဗြီအိုေအကို ရွင္းျပပါတယ္။

"ဒါက စစ္ေကာင္စီလက္ခ်က္ပါပဲ။ ဘာလို႔လဲဆိုေတာ့ အဲဒီ ထန္တလန္ၿမိဳ႕ေပၚမွာ အဲဒီအခ်ိန္တုန္းက စစ္ေကာင္စီတပ္နဲ႔ CDF ပဲရွိတာ။ အဲဒီ CDF ေတြက ထန္တလန္သားေတြ၊ သူတို႔မွာ အိုးအိမ္ေတြ ထန္တလန္မွာ ရွိေနေသးတယ္။ ဘုရားေက်ာင္းလည္း အဲဒီထဲမွာ ပါေနတာဆိုေတာ့ သူတို႔က ကိုယ့္အိမ္ကိုယ္ယာကို သူတို႔ကိုယ္တိုင္ မီး႐ႈိ႕တယ္ ဆုိတာကေတာ့ မျဖစ္ႏိုင္ဘူးေပါ့။ စစ္ေကာင္စီက လက္နက္ႀကီးနဲ႔ ပစ္ခတ္လို႔.. လက္နက္ႀကီးေတာင္မွ အဲဒီ CDF အဖြဲ႔ေတြ ေျပာျပခ်က္အရဆိုရင္ မီးက်ည္နဲ႔ ပစ္ခတ္တယ္တဲ့။ ဆိုေတာ့ ဒီလို ႐ႈိ႕တယ္ေျပာတာက CDF ကို ပုံခ်႐ုံသက္သက္ပါပဲ။"

လုံၿခံဳေရးတပ္ဖဲြ႔ေတြ လက္ခ်က္အျဖစ္ ၿမိဳ႕ခံေတြနဲ႔ လူ႔အခြင့္အေရး အဖြဲ႔ေတြက ေျပာဆိုထားေပမယ့္ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ ထန္တလန္ၿမိဳ႕ မီးေလာင္ပ်က္စီးမႈဟာ CRPH, NUG နဲ႔ CDF ေခၚ ေဒသခံ ကာကြယ္ေရးတပ္ဖဲြ႔ေတြေၾကာင့္လို႔ တုံ႔ျပန္ထားပါတယ္။ CHRO ေျပာခြင့္ရ ဆလိုင္းဇာအုပ္လ်ံကေတာ့ ဒီလုပ္ရပ္ေတြဟာ စစ္တပ္ရဲ႕ ထိုးစစ္ဆင္မႈေၾကာင့္ ျဖစ္လာရတာလို႔ ဆိုပါတယ္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းၿပီးခ်ိန္ကစလို႔ ခ်င္းျပည္နယ္ဟာ အေစာဆုံး လက္နက္ကိုင္ ေတာ္လွန္ခဲ့တဲ့ေဒသ ျဖစ္သလို ေနာက္ပိုင္းမွာလည္း တူမီးလို ရရာလက္နက္ေတြနဲ႔ ေတာက္ေလွ်ာက္ ခုခံတြန္းလွန္ေနဆဲ ေဒသလည္း ျဖစ္ပါတယ္။

လတ္တေလာ ခ်င္းျပည္နယ္အတြင္းမွာ ျမန္မာစစ္တပ္က စစ္အင္အား တိုးခ်ထားသလို ျဖတ္ ၄ ျဖတ္ အစီအစဥ္နဲ႔ ထိုးစစ္ဆင္လာေနတာေၾကာင့္ ေနာက္ဆက္တြဲ ေပၚေပါက္လာတဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ ဆိုးရြားေနတဲ့အတြက္ ဒါကို သက္သာေစဖို႔ ကုလသမဂၢ လုံၿခံဳေရးေကာင္စီက အေရးယူေဆာင္ရြက္ေပးဖို႔ တိုက္တြန္းထားေၾကာင္း ခ်င္းလူ႔အခြင့္အေရးအဖြဲ႔ ေျပာခြင့္ရသူ ဆလိုင္းဇာအုပ္လ်ံက ေျပာပါတယ္။

"အခုလုပ္ေနတဲ့ စစ္ဆင္ေရးက အေနာ္ရထာ စစ္ဆင္ေရးေပါ့ေနာ္။ စစ္တပ္အင္အားေတြ အမ်ားႀကီး ခ်င္းျပည္နယ္ထဲကို လႊတ္ေနတယ္။ ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕ဆိုရင္ သူတို႔ ဗုံးႀကဲၿပီးေတာ့ မီး႐ႈိ႕ဖ်က္ဆီးတယ္။ ၿပီးေတာ့ စစ္တပ္အင္အားက ခ်င္းျပည္နယ္ကို စစ္ေၾကာင္း ၂ ေၾကာင္းနဲ႔ ခ်င္းျပည္နယ္ထဲကို လႊတ္ေနတာ။ မင္းတပ္ကေန စစ္ကား ၉၀ ေက်ာ္နဲ႔ သံခ်ပ္ကာကားေတြပါ သူတို႔လႊတ္ေနတာ က်ေနာ္တို႔ ေတြ႔ရတယ္။ ဆိုေတာ့ စစ္တပ္ေရာက္လာတာနဲ႔ တၿပိဳင္နက္ ဖလမ္းၿမိဳ႕နယ္မွာ ရြာ ၄ ရြာကို မီး႐ႈိ႕ၿပီးေတာ့ ဖ်က္ဆီးတာ ေတြ႔ရတယ္။ ၿမိဳ႕လုံးကၽြတ္ ထြက္ေျပးတာကေတာ့ ထန္တလန္ၿမိဳ႕ တၿမိဳ႕တည္းပါပဲ။ စစ္တပ္က ဒီ ျဖတ္ ၄ ျဖတ္ကို အသုံးျပဳၿပီးေတာ့ စစ္ဆင္ေရးလုပ္လာတာ က်ေနာ္တို႔ ေတြ႔ရတယ္။ ဆိုေတာ့ လူေတြဆီမွာ စားနပ္ရိကၡာ ျပတ္ေတာက္မႈ ျပႆနာ အႀကီးအက်ယ္ ႀကဳံေတြ႔ေနရတယ္။ တကယ့္ လူမဆန္တဲ့ လုပ္ရပ္ပါပဲ။ ဒါက ႏိုင္ငံတကာ ရာဇဝတ္မႈ ႀကီးႀကီးမားမား က်ဴးလြန္ေနတာ ျဖစ္ပါတယ္လို႔ ေျပာခ်င္တယ္။"

ထန္တလန္ၿမိဳ႕ အပါအဝင္ ျမန္မာႏိုင္ငံတဝန္း အၾကမ္းဖက္မႈေတြနဲ႔ လက္နက္ကိုင္ ပဋိပကၡေတြ ႀကီးထြားလာေနတာေၾကာင့္ ႏိုင္ငံတကာ အသိုင္းအဝန္းက အျမန္ဆုံး အေရးယူေဆာင္ရြက္ဖို႔ ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္းကလည္း နယူးေယာက္ ကုလသမဂၢ႐ုံးခ်ဳပ္မွာ ေသာၾကာေန႔က က်င္းပတဲ့ ၇၆ ႀကိမ္ေျမာက္ အေထြေထြညီလာခံ အစည္းအေဝးမွာ တိုက္တြန္းခဲ့ပါတယ္။

“ခ်င္းျပည္နယ္၊ ထန္တလန္မွာ စစ္တပ္ရဲ႕လက္ခ်က္ေၾကာင့္ အိမ္ေျခအေဆာက္အဦး ၁၀၀ ေက်ာ္နဲ႔ ခရစ္ယာန္ဘုရားေက်ာင္း ၂ ခု မီးေလာင္ကၽြမ္းခဲ့ရေၾကာင္းနဲ႔ ဒီလို ရက္စက္ၾကမ္းၾကဳတ္တဲ့ လုပ္ရပ္ေတြကို အေလးအနက္ အာ႐ုံစိုက္ဖို႔ လိုအပ္ေနပါတယ္။” လို႔ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း ေျပာၾကားခဲ့တာပါ။

ကုလသမဂၢ၊ အထူးသျဖင့္ လုံၿခံဳေရးေကာင္စီ အေနနဲ႔ ျပတ္ျပတ္သားသား ေဆာင္ရြက္ရမယ့္ အခ်ိန္ေတာင္ လြန္ေနၿပီလို႔လည္း ေျပာဆိုသြားပါတယ္။

တာဝန္ကေန အနားယူသြားတဲ့ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schraner Burgener ကလည္း ခ်င္းျပည္နယ္၊ စစ္ကိုင္းတိုင္းနဲ႔ မေကြးတိုင္းေတြမွာ ျမန္မာစစ္ေကာင္စီ လုံၿခံဳေရးတပ္ဖဲြ႔ေတြ အင္အားတိုးျမႇင့္ထားၿပီး စစ္ဆင္ေရးေတြအတြက္ ျပင္ဆင္ေနတဲ့အတြက္ စိုးရိမ္ေၾကာင္း ေျပာဆိုခဲ့တာပါ။ ျမန္မာလုံၿခံဳေရးတပ္ဖဲြ႔ေတြရဲ႕ ေဆာင္ရြက္ပုံေတြဟာ ၂၀၁၇ ခုႏွစ္တုန္းက ရခိုင္ျပည္နယ္မွာ ႀကံဳခဲ့ရတဲ့ အေျခအေနမ်ဳိးေတြကို ထင္ဟပ္ေနေၾကာင္းလည္း သတိေပးခဲ့သလို စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ရင္ဆိုင္ေနရတဲ့ ျပႆနာေတြ ဒီထက္ ပိုဆိုးမလာခင္ ႏိုင္ငံတကာက ေျဖရွင္းဖို႔ကိုလည္း တာဝန္သက္တမ္း မကုန္ဆုံးခင္ တရက္အလို ေသာၾကာေန႔ကပဲ ထပ္မံ တိုက္တြန္းသြားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ထန်တလန်နဲ့ မြန်မာ့အရေး လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ တောင်းဆိုမှုတွေ ထွက်ပေါ်

နေအိမ် အဆောက်အဦး ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရတဲ့ ချင်းပြည်နယ်၊ ထန်တလန်မြို့ အပါအဝင် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်နစ်နာနေရတဲ့ ကိစ္စတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ တက်ကြွလှုပ်ရှားသူတွေ တောင်းဆိုလိုက်ကြပါတယ်။ စစ်ရေးတင်းမာနေတဲ့ ထန်တလန်မြို့မှာ မီးလောင်ပျက်စီးမှုတွေ အကြီးအကျယ် ကြုံခဲ့ရပြီးနောက် မြန်မာ့အရေး အရေးပေါ်ဆွေးနွေးဖို့ တိုက်တွန်းမှုတွေ ထပ်မံထွက်ပေါ်လာနေတာပါ။ အပြည့်အစုံကိုတော့ ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။

မကြာသေးခင်ကစလို့ စစ်ကောင်စီက အင်အားတိုးမြှင့်ချထားတဲ့ ချင်းပြည်နယ် ထန်တလန်မြို့မှာ သောကြာနေ့က အိမ်ခြေ အဆောက်အဦး ၁၀၀ ကျော် မီးလောင် ပျက်စီးခဲ့ရပြီး ဒါဟာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်ချက်ကြောင့်ဖြစ်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ လက်ထောက်ဒါရိုက်တာ ဆလိုင်းဇာအုပ်လျံက ဗွီအိုအေကို ရှင်းပြပါတယ်။

"ဒါက စစ်ကောင်စီလက်ချက်ပါပဲ။ ဘာလို့လဲဆိုတော့ အဲဒီ ထန်တလန်မြို့ပေါ်မှာ အဲဒီအချိန်တုန်းက စစ်ကောင်စီတပ်နဲ့ CDF ပဲရှိတာ။ အဲဒီ CDF တွေက ထန်တလန်သားတွေ၊ သူတို့မှာ အိုးအိမ်တွေ ထန်တလန်မှာ ရှိနေသေးတယ်။ ဘုရားကျောင်းလည်း အဲဒီထဲမှာ ပါနေတာဆိုတော့ သူတို့က ကိုယ့်အိမ်ကိုယ်ယာကို သူတို့ကိုယ်တိုင် မီးရှို့တယ် ဆိုတာကတော့ မဖြစ်နိုင်ဘူးပေါ့။ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လို့.. လက်နက်ကြီးတောင်မှ အဲဒီ CDF အဖွဲ့တွေ ပြောပြချက်အရဆိုရင် မီးကျည်နဲ့ ပစ်ခတ်တယ်တဲ့။ ဆိုတော့ ဒီလို ရှို့တယ်ပြောတာက CDF ကို ပုံချရုံသက်သက်ပါပဲ။"

လုံခြုံရေးတပ်ဖွဲ့တွေ လက်ချက်အဖြစ် မြို့ခံတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောဆိုထားပေမယ့် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ထန်တလန်မြို့ မီးလောင်ပျက်စီးမှုဟာ CRPH, NUG နဲ့ CDF ခေါ် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေကြောင့်လို့ တုံ့ပြန်ထားပါတယ်။ CHRO ပြောခွင့်ရ ဆလိုင်းဇာအုပ်လျံကတော့ ဒီလုပ်ရပ်တွေဟာ စစ်တပ်ရဲ့ ထိုးစစ်ဆင်မှုကြောင့် ဖြစ်လာရတာလို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ ချင်းပြည်နယ်ဟာ အစောဆုံး လက်နက်ကိုင် တော်လှန်ခဲ့တဲ့ဒေသ ဖြစ်သလို နောက်ပိုင်းမှာလည်း တူမီးလို ရရာလက်နက်တွေနဲ့ တောက်လျှောက် ခုခံတွန်းလှန်နေဆဲ ဒေသလည်း ဖြစ်ပါတယ်။

လတ်တလော ချင်းပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်က စစ်အင်အား တိုးချထားသလို ဖြတ် ၄ ဖြတ် အစီအစဉ်နဲ့ ထိုးစစ်ဆင်လာနေတာကြောင့် နောက်ဆက်တွဲ ပေါ်ပေါက်လာတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးရွားနေတဲ့အတွက် ဒါကို သက်သာစေဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးယူဆောင်ရွက်ပေးဖို့ တိုက်တွန်းထားကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ ပြောခွင့်ရသူ ဆလိုင်းဇာအုပ်လျံက ပြောပါတယ်။

"အခုလုပ်နေတဲ့ စစ်ဆင်ရေးက အနော်ရထာ စစ်ဆင်ရေးပေါ့နော်။ စစ်တပ်အင်အားတွေ အများကြီး ချင်းပြည်နယ်ထဲကို လွှတ်နေတယ်။ ချင်းပြည်နယ် ထန်တလန်မြို့ဆိုရင် သူတို့ ဗုံးကြဲပြီးတော့ မီးရှို့ဖျက်ဆီးတယ်။ ပြီးတော့ စစ်တပ်အင်အားက ချင်းပြည်နယ်ကို စစ်ကြောင်း ၂ ကြောင်းနဲ့ ချင်းပြည်နယ်ထဲကို လွှတ်နေတာ။ မင်းတပ်ကနေ စစ်ကား ၉၀ ကျော်နဲ့ သံချပ်ကာကားတွေပါ သူတို့လွှတ်နေတာ ကျနော်တို့ တွေ့ရတယ်။ ဆိုတော့ စစ်တပ်ရောက်လာတာနဲ့ တပြိုင်နက် ဖလမ်းမြို့နယ်မှာ ရွာ ၄ ရွာကို မီးရှို့ပြီးတော့ ဖျက်ဆီးတာ တွေ့ရတယ်။ မြို့လုံးကျွတ် ထွက်ပြေးတာကတော့ ထန်တလန်မြို့ တမြို့တည်းပါပဲ။ စစ်တပ်က ဒီ ဖြတ် ၄ ဖြတ်ကို အသုံးပြုပြီးတော့ စစ်ဆင်ရေးလုပ်လာတာ ကျနော်တို့ တွေ့ရတယ်။ ဆိုတော့ လူတွေဆီမှာ စားနပ်ရိက္ခာ ပြတ်တောက်မှု ပြဿနာ အကြီးအကျယ် ကြုံတွေ့နေရတယ်။ တကယ့် လူမဆန်တဲ့ လုပ်ရပ်ပါပဲ။ ဒါက နိုင်ငံတကာ ရာဇဝတ်မှု ကြီးကြီးမားမား ကျူးလွန်နေတာ ဖြစ်ပါတယ်လို့ ပြောချင်တယ်။"

ထန်တလန်မြို့ အပါအဝင် မြန်မာနိုင်ငံတဝန်း အကြမ်းဖက်မှုတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားလာနေတာကြောင့် နိုင်ငံတကာ အသိုင်းအဝန်းက အမြန်ဆုံး အရေးယူဆောင်ရွက်ဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကလည်း နယူးယောက် ကုလသမဂ္ဂရုံးချုပ်မှာ သောကြာနေ့က ကျင်းပတဲ့ ၇၆ ကြိမ်မြောက် အထွေထွေညီလာခံ အစည်းအဝေးမှာ တိုက်တွန်းခဲ့ပါတယ်။

“ချင်းပြည်နယ်၊ ထန်တလန်မှာ စစ်တပ်ရဲ့လက်ချက်ကြောင့် အိမ်ခြေအဆောက်အဦး ၁၀၀ ကျော်နဲ့ ခရစ်ယာန်ဘုရားကျောင်း ၂ ခု မီးလောင်ကျွမ်းခဲ့ရကြောင်းနဲ့ ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို အလေးအနက် အာရုံစိုက်ဖို့ လိုအပ်နေပါတယ်။” လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားခဲ့တာပါ။

ကုလသမဂ္ဂ၊ အထူးသဖြင့် လုံခြုံရေးကောင်စီ အနေနဲ့ ပြတ်ပြတ်သားသား ဆောင်ရွက်ရမယ့် အချိန်တောင် လွန်နေပြီလို့လည်း ပြောဆိုသွားပါတယ်။

တာဝန်ကနေ အနားယူသွားတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ကလည်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာ မြန်မာစစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့တွေ အင်အားတိုးမြှင့်ထားပြီး စစ်ဆင်ရေးတွေအတွက် ပြင်ဆင်နေတဲ့အတွက် စိုးရိမ်ကြောင်း ပြောဆိုခဲ့တာပါ။ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ ဆောင်ရွက်ပုံတွေဟာ ၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မှာ ကြုံခဲ့ရတဲ့ အခြေအနေမျိုးတွေကို ထင်ဟပ်နေကြောင်းလည်း သတိပေးခဲ့သလို စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရင်ဆိုင်နေရတဲ့ ပြဿနာတွေ ဒီထက် ပိုဆိုးမလာခင် နိုင်ငံတကာက ဖြေရှင်းဖို့ကိုလည်း တာဝန်သက်တမ်း မကုန်ဆုံးခင် တရက်အလို သောကြာနေ့ကပဲ ထပ်မံ တိုက်တွန်းသွားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG