သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ကိုင္းတုိင္း၊ ကၽြန္းလွအနီးေက်းရြာေတြမွာ စစ္တပ္ရဟတ္ယာဥ္နဲ႔ ပစ္ခတ္


စစ္ကိုင္းတုိင္း၊ ကနီၿမိဳ႕နယ္ဝန္းက်င္ ေက်းရြာတခ်ဳိ႕က စစ္ေဘးေရွာင္ ဒုကၡသည္မ်ား။

{{Zawgyi/Unicode}}

စစ္ကိုင္းတိုင္းေဒသႀကီး ကြ်န္းလွၿမိဳ႕က ေက်းရြာအနီးမွာ စစ္ေကာင္စီတပ္ေတြက ရဟတ္ယာဥ္ေတြနဲ႔ ေလေၾကာင္းကေန ပစ္ခတ္မႈေတြလုပ္ခဲ့တယ္လို႔ ႐ြာသားေတြက ေျပာပါတယ္။ ခုလို ေလေၾကာင္းတိုက္ခိုက္တာေၾကာင့္ ေဒသခံေက်းရြာသားေတြ ေဘးလြတ္ရာ ထြက္ေျပးတိမ္းေရွာင္ေနၾကရပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုေက်ာ္ေက်ာ္သိန္းက တင္ျပေပးထားပါတယ္။

စစ္ကိုင္းတိုင္း ကြ်န္းလွၿမိဳ႕နဲ႔ မိုင္ ၂၀ ေဝးတဲ့ ကြ်ဲတဲ ေက်းရြာအနီးမွာ စစ္တပ္က ဒီေန႔ ေအာက္တုိဘာ ၂၈ ရက္ မနက္ပိုင္း ရဟတ္ယာဥ္ေတြနဲ႔ ေဝဟင္ကေန ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လုိ႔ ေဒသခံေတြက ေျပာပါတယ္။ ေဒသခံကာကြယ္ေရးအဖြဲ႔ေတြ ရွိႏိုင္တဲ့ေနရာေတြကို ပစ္တာျဖစ္ႏိုင္တယ္လို႔ ကြ်န္းလွေဒသခံတဦးက ယူဆပါတယ္။

“ကြ်န္းလွၿမိဳ႕နယ္ ကြ်ဲတဲရြာနားေပါ့။ အခ်ိန္က ၈ နာရီဝန္းက်င္ေလာက္မွာ ရုတ္တရက္ႀကီး မထင္မွတ္ထားခဲ့တာေပါ့။ သူတုိ႔ဒီတုိင္းပဲဝင္ၿပီး ပစ္သြားတဲ့ ပံုစံမ်ိဳးပဲ။ ရဟတ္ယာဥ္နဲ႔ပစ္တာ။ အဲ့မွာ ေလယာဥ္ေတြက ၂ စီးတြဲ ၂ စီးတြဲနဲ႔ ၆ စီးလား မသိဘူး။ အဲ့ ၆ စီးက လာေတာ့လာတယ္။ ပစ္မသြားဘူး။ ရဟတ္ယာဥ္ေတြကပဲ ပစ္တယ္။ ဟိုဟာေတြကမပစ္ဘူး။ သူတို႔ PDF Camp ေတြရွိတယ္ဆိုတဲ့ ပံုစံနဲ႔ သူတို႔ပစ္သြားတာေပါ့။ ဝင္ပစ္သြားတာ။ ဆိုးဆိုးရြားရြား ထိခိုက္သြားတာေတြက ဘာမွ မၾကားရဘူး။ မၾကားရဘူးဆိုတာ မရွိဘူးေပါ့။”

ကြ်န္းလွၿမိဳ႕အေနာက္ပိုင္းက ေက်းရြာေတြဟာ ကုန္းလမ္းခရီး သြားလာမႈခက္ခဲတဲ့အတြက္ ေလေၾကာင္းကေန တိုက္ခိုက္တာျဖစ္ႏိုင္ေၾကာင္း ေဒသခံေတြက ယူဆေနပါတယ္။ ခုလို ေလေၾကာင္းတိုက္ခိုက္မႈေတြေၾကာင့္ ကြ်ဲတဲ ၊ တင္လွ ၊ ခဝါသည္ စတဲ့ ေက်းရြာသားေတြဟာ စစ္ေဘးလြတ္ရာကို ထြက္ေျပးတိမ္းေရွာင္ေနၾကရတယ္လို႔ ေဒသခံ ရြာသားတဦးက ေျပာပါတယ္။

“ေလာေလာဆယ္ အေျခအေနကေတာ့ ေဒသခံရြာသားေတြက အဲ့လိုေလယာဥ္ႀကီးနဲ႔ ပတ္ပစ္တာဆိုေတာ့ က်ေနာ္တို႔ဘက္မွာ ရွင္းရွင္းေျပာရရင္ ေသနတ္ပစ္တာ ျမင္ေတာင္ မျမင္ဖူးတဲ့လူေတြဆိုေတာ့ အဲ့လိုႀကီးလုပ္တဲ့အခါက်ေတာ့ က်ေနာ္တို႔ ရြာသားေတြကေတာ့ ထိတ္လန္႔ၿပီး ထြက္ေျပးေနၾကရတာေပါ့။ က်ေနာ့္ရြာကဆိုရင္ လူ ၂၀၀ ၀န္းက်င္ေလာက္ အျပင္မွာ ထြက္ေျပးေနတဲ့ အေနအထားရွိတယ္။ က်ေနာ္တို႔ ဘက္က ေတာင္သူေတြဆိုေတာ့ အိမ္မွာရွိတဲ့ လွည္းနဲ႔ႏြားနဲ႔ကို တခါတည္း ထည့္သြားၿပီးေတာ့ လွည္းကို အမိုးေလးလုပ္ၿပီးေတာ့ ကိုယ့္နီးစပ္ရာေတာေတာင္ေတြထဲမွာ သြားၿပီးေတာ့ ေနၾကတာမ်ားတယ္။ ရွင္းရွင္းေျပာရရင္ စစ္ေဘးျဖစ္တာလည္း မႀကံဳဖူးတဲ့အခါက်ေတာ့ သက္ႀကီးရြယ္အိုေတြကစၿပီး အျပင္ထြက္ၾကတဲ့ အေနအထားမွာ ရွိေနတယ္။ က်ေနာ္တို႔လည္း ဘယ္လို သံုးသပ္ရမွန္း မေျပာျပတတ္ေအာင္ျဖစ္ေနတယ္။”

စစ္ေကာင္စီဘက္ကေတာ့ ဒီလို ေလေၾကာင္းက တိုက္ခိုက္တာနဲ႔ပတ္သက္လို႔ သတင္းထုတ္ျပန္တာမရွိေသးပါဘူး။ ဒါေပမယ့္ စစ္ကိုင္းတိုင္းက စစ္ေကာင္စီရဲ႕ လႈပ္ရွားမႈေတြကို လူမႈကြန္ယက္မွာ အစဥ္တစိုက္ ေဖာ္ျပေနတဲ့ သလႅာေရႊေျမ လူမႈကြန္ယက္စာမ်က္ႏွာက စစ္ကိုင္းတိုင္း ေဒသခံ ကာကြယ္ေရးအဖြဲ႔ေတြကို တိုက္ခိုက္ဖို႔ အေလာင္းမင္းတရားႀကီး အထူးစစ္ဆင္ေရးကို ဒီကေန႔ စတင္ၿပီဆိုတဲ့အေၾကာင္းေဖာ္ျပထားပါတယ္။ စစ္ေကာင္စီတပ္ေတြ တန္းစီေနတဲ့ပံုေတြ၊ ရဟတ္ယာဥ္ေတြေပၚ တက္ေရာက္ေနတဲ့ ဓာတ္ပံုေတြနဲ႔တကြ ေဖာ္ျပထားတာပါ။

ဒီလို ေလေၾကာင္းကတိုက္ခိုက္မႈ ျဖစ္ၿပီးတဲ့ေနာက္မွာ ကြ်န္းလွေဒသခံ ကာကြယ္ေရးအဖြဲ႔က ကြ်န္းလွၿမိဳ႕နယ္မွာ ေနထိုင္သူေတြအေနနဲ႔ မလိုအပ္ဘဲ ခရီးမသြားၾကဖို႔၊ အစားအစာေဆး၀ါးေတြကို စုေဆာင္းထားၾကဖို႔နဲ႔ ပုန္းခိုဖို႔ အကာအကြယ္တြ ျပဳလုပ္ထားၾကဖို႔ တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


==========

{{Unicode}}

စစ်ကိုင်းတိုင်း၊ ကျွန်းလှအနီးကျေးရွာတွေမှာ စစ်တပ်ရဟတ်ယာဉ်နဲ့ ပစ်ခတ်

စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့က ကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေက ရဟတ်ယာဉ်တွေနဲ့ လေကြောင်းကနေ ပစ်ခတ်မှုတွေလုပ်ခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။ ခုလို လေကြောင်းတိုက်ခိုက်တာကြောင့် ဒေသခံကျေးရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နဲ့ မိုင် ၂၀ ဝေးတဲ့ ကျွဲတဲ ကျေးရွာအနီးမှာ စစ်တပ်က ဒီနေ့ အောက်တိုဘာ ၂၈ ရက် မနက်ပိုင်း ရဟတ်ယာဉ်တွေနဲ့ ဝေဟင်ကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံကာကွယ်ရေးအဖွဲ့တွေ ရှိနိုင်တဲ့နေရာတွေကို ပစ်တာဖြစ်နိုင်တယ်လို့ ကျွန်းလှဒေသခံတဦးက ယူဆပါတယ်။

“ကျွန်းလှမြို့နယ် ကျွဲတဲရွာနားပေါ့ အချိန်က ၈ နာရီဝန်းကျင်လောက်မှာ ရုတ်တရက်ကြီး မထင်မှတ်ထားခဲ့ တာပေါ့။ သူတို့ဒီတိုင်းပဲဝင်ပြီး ပစ်သွားတဲ့ ပုံစံမျိုးပဲ။ ရဟတ်ယာဉ်နဲ့ပစ်တာ။ အဲ့မှာ လေယာဉ်တွေက ၂ စီးတွဲ ၂ စီးတွဲနဲ့ ၆ စီးလား မသိဘူး။ အဲ့ ၆ စီးက လာတော့လာတယ်။ ပစ်မသွားဘူး။ ရဟတ်ယာဉ်တွေကပဲ ပစ်တယ်။ ဟိုဟာတွေကမပစ်ဘူး။ သူတို့ PDF Camp တွေရှိတယ်ဆိုတဲ့ ပုံစံနဲ့ သူတို့ပစ်သွားတာပေါ့။ ဝင်ပစ်သွားတာ။ ဆိုးဆိုးရွားရွား ထိခိုက်သွားတာတွေက ဘာမှ မကြားရဘူး။ မကြားရဘူးဆိုတာ မရှိဘူးပေါ့။”

ကျွန်းလှမြို့အနောက်ပိုင်းက ကျေးရွာတွေဟာ ကုန်းလမ်းခရီး သွားလာမှုခက်ခဲတဲ့အတွက် လေကြောင်းကနေ တိုက်ခိုက်တာဖြစ်နိုင်ကြောင်း ဒေသခံတွေက ယူဆနေပါတယ်။ ခုလို လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျွဲတဲ ၊ တင်လှ ၊ ခဝါသည် စတဲ့ ကျေးရွာသားတွေဟာ စစ်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံ ရွာသားတဦးက ပြောပါတယ်။

“လောလောဆယ် အခြေအနေကတော့ ဒေသခံရွာသားတွေက အဲ့လိုလေယာဉ်ကြီးနဲ့ ပတ်ပစ်တာဆိုတော့ ကျနော်တို့ဘက်မှာ ရှင်းရှင်းပြောရရင် သေနတ်ပစ်တာ မြင်တောင် မမြင်ဖူးတဲ့လူတွေဆိုတော့ အဲ့လိုကြီးလုပ်တဲ့အခါကျတော့ ကျနော်တို့ ရွာသားတွေကတော့ ထိတ်လန့်ပြီး ထွက်ပြေးနေကြရတာပေါ့။ ကျနော့်ရွာကဆိုရင် လူ ၂၀၀ ဝန်းကျင်လောက် အပြင်မှာ ထွက်ပြေးနေတဲ့ အနေအထားရှိတယ်။ ကျနော်တို့ ဘက်က တောင်သူတွေဆိုတော့ အိမ်မှာရှိတဲ့ လှည်းနဲ့နွားနဲ့ကို တခါတည်း ထည့်သွားပြီးတော့ လှည်းကို အမိုးလေးလုပ်ပြီးတော့ ကိုယ့်နီးစပ်ရာတောတောင်တွေထဲမှာ သွားပြီးတော့ နေကြတာများတယ်။ ရှင်းရှင်းပြောရရင် စစ်ဘေးဖြစ်တာလည်း မကြုံဖူးတဲ့အခါကျတော့ သက်ကြီးရွယ်အိုတွေကစပြီး အပြင်ထွက်ကြတဲ့ အနေအထားမှာ ရှိနေတယ်။ ကျနော်တို့လည်း ဘယ်လို သုံးသပ်ရမှန်း မပြောပြတတ်အောင်ဖြစ်နေတယ်။”

စစ်ကောင်စီဘက်ကတော့ ဒီလို လေကြောင်းက တိုက်ခိုက်တာနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ ဒါပေမယ့် စစ်ကိုင်းတိုင်းက စစ်ကောင်စီရဲ့ လှုပ်ရှားမှုတွေကို လူမှုကွန်ယက်မှာ အစဉ်တစိုက် ဖော်ပြနေတဲ့ သလ္လာရွှေမြေ လူမှုကွန်ယက်စာမျက်နှာက စစ်ကိုင်းတိုင်း ဒေသခံ ကာကွယ်ရေးအဖွဲ့တွေကို တိုက်ခိုက်ဖို့ အလောင်းမင်းတရားကြီး အထူးစစ်ဆင်ရေးကို ဒီကနေ့ စတင်ပြီဆိုတဲ့အကြောင်းဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်တွေ တန်းစီနေတဲ့ပုံတွေ၊ ရဟတ်ယာဉ်တွေပေါ် တက်ရောက်နေတဲ့ ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားတာပါ။

ဒီလို လေကြောင်းကတိုက်ခိုက်မှု ဖြစ်ပြီးတဲ့နောက်မှာ ကျွန်းလှဒေသခံ ကာကွယ်ရေးအဖွဲ့က ကျွန်းလှမြို့နယ်မှာ နေထိုင်သူတွေအနေနဲ့ မလိုအပ်ဘဲ ခရီးမသွားကြဖို့၊ အစားအစာဆေးဝါးတွေကို စုဆောင်းထားကြဖို့နဲ့ ပုန်းခိုဖို့ အကာအကွယ်တွ ပြုလုပ်ထားကြဖို့ တိုက်တွန်းထားပါတယ်။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #voaburmese #စစ်အာဏာသိမ်းမှု #ဗွီအိုအေမြန်မာပိုင်း

=================

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG