(Zawgyi / Unicode)
“စစ္မွန္ၿပီး အားလုံးပါဝင္တဲ့ ဒီမိုကေရစီ” လမ္းေၾကာင္းေပၚကို ျပန္သြားဖို႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ရဲ႕ ေသာင္ၿပိဳကမ္းၿပိဳ ေရြးေကာက္ပြဲႏိုင္ ႏွစ္ပတ္လည္ေန႔မွာ အာဏာသိမ္းစစ္ေကာင္စီကို ေတာင္းဆိုလိုက္ပါတယ္။
၂၀၂၀ ႏိုဝင္ဘာ ၈ ရက္ေန႔ ေရြးေကာက္ပြဲမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္က ၄၉၈ ေနရာအနက္ ၃၉၆ ေနရာကို အႏိုင္ရရွိခဲ့ပါတယ္။
“တိုင္းျပည္မွာ ဒီမိုကေရစီ ျပန္လည္အသက္ဝင္ေရး၊ လူ႔အခြင့္အေရးေတြ ေလးစားေရးနဲ႔ တရားဥပေဒ စိုးမိုးေရးအတြက္ လႈပ္ရွားေနၾကတဲ့ အသက္ေပး က်ဆုံးသြားသူ အျပစ္မဲ့ျပည္သူ ၁,၃၀၀ ေက်ာ္ အပါအဝင္ ျမန္မာျပည္သူ တရပ္လုံးကို က်ေနာ္တုိ႔ ဂုဏ္ျပဳလိုက္ပါတယ္။” လို႔ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ေျပာပါတယ္။
ဥေရာပသမဂၢကလည္း NLD ေရြးေကာက္ပြဲႏိုင္ ႏွစ္ပတ္လည္ေန႔မွာ ေၾကညာခ်က္တေစာင္ ထုတ္ျပန္ၿပီး စစ္ေကာင္စီရဲ႕ အာဏာထိန္းအစိုးရ အသြင္ေဆာင္မႈနဲ႔ တရားဝင္မႈ မရႏိုင္ေၾကာင္း၊ ျမန္မာလက္နက္ကိုင္ တပ္ဖြဲ႔ေတြရဲ႕ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကို ျပင္းထန္စြာ ႐ႈတ္ခ်ေၾကာင္း၊ အဆမတန္ အင္အားသုံး တိုက္ခိုက္မႈမ်ားနဲ႔ ရန္လိုမႈမ်ားကို ခ်က္ခ်င္း အဆုံးသတ္ဖို႔ ေတာင္းဆိုေၾကာင္းနဲ႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) နဲ႔ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ (CRPH) တို႔ အပါအဝင္ အားလုံးပါဝင္ ေတြ႔ဆုံေဆြးေႏြးဖို႔ တိုက္တြန္းသြားပါတယ္။
ျပည္သူလူထုရဲ႕ အခြင့္အာဏာကို ျပည္သူေတြထံ ျပန္လည္အပ္ႏွင္းႏိုင္ဖို႔နဲ႔ ေရြးေကာက္ပြဲရလဒ္ကို လ်စ္လ်ဴ႐ႈၿပီး အၾကမ္းဖက္ အာဏာသိမ္းထားတဲ့ စစ္အာဏာရွင္စနစ္ ေအာက္ကေန အၿပီးတိုင္လြတ္ေျမာက္ၿပီး ဖက္ဒရယ္ ဒီမိုကေရစီစနစ္ ေပၚေပါက္လာတဲ့အထိ လူထုနဲ႔အတူ ဆက္လက္အားထုတ္ ႀကိဳးပမ္းသြားမယ့္အေၾကာင္း ၿပီးခဲ့တဲ့ ေရြးေကာက္ပြဲမွာ မဲအမ်ားစု အႏိုင္ရခဲ့တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD) ပါတီက ဒီကေန႔ ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။
ဒီကေန႔က်ေရာက္တဲ့ ေရြးေကာက္ပြဲ ႏွစ္ပတ္လည္ေန႔မွာ ေရြးေကာက္ပြဲရလဒ္ကို အသိအမွတ္ျပဳၿပီး ျပည္သူ႔အစိုးရကို အာဏာျပန္လည္အပ္ႏွင္းဖို႔ ေနရာအခ်ိဳ႕မွာ ျပည္သူလူထုက ေတာင္းဆို ဆႏၵျပခဲ့ၾကပါတယ္။
ျမန္မာစစ္တပ္က ဆယ္စုေပါင္းမ်ားစြာ အာဏာရွင္စနစ္နဲ႔ အုပ္ခ်ဳပ္ခဲ့ၿပီးတဲ့ေနာက္ က်င္းပခဲ့တဲ့ ဒုတိယအႀကိမ္ ေရြးေကာက္ပြဲမွာ NLD ပါတီက စစ္တပ္ ေက်ာေထာက္ေနာက္ခံေပးထားတဲ့ ႀကံ့ခိုင္ဖြံ႔ၿဖိဳးေရးပါတီကို အႏိုင္ရရွိခဲ့တာ ျဖစ္ပါတယ္။
စစ္ေကာင္စီက ေရြးေကာက္ပြဲမွာ မသမာမႈေတြ ရွိတယ္လို႔ ေျပာၾကားေပမယ့္ ႏိုင္ငံတကာ ေရြးေကာက္ပြဲ ေစာင့္ၾကည့္စစ္ေဆးတဲ့ ႏိုင္ငံေပါင္းစုံ အဖြဲ႔အသီးသီးကေတာ့ ေရြးေကာက္ပြဲက တရားမွ်တေၾကာင္း ထုတ္ျပန္ခဲ့ၾကပါတယ္။
------------------------
(Unicode)
ဒီမိုကရေစီလမ်းပြန်သွားဖို့ စစ်ကောင်စီကို ကန်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
“စစ်မှန်ပြီး အားလုံးပါဝင်တဲ့ ဒီမိုကရေစီ” လမ်းကြောင်းပေါ်ကို ပြန်သွားဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သောင်ပြိုကမ်းပြို ရွေးကောက်ပွဲနိုင် နှစ်ပတ်လည်နေ့မှာ အာဏာသိမ်းစစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။
၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၄၉၈ နေရာအနက် ၃၉၆ နေရာကို အနိုင်ရရှိခဲ့ပါတယ်။
“တိုင်းပြည်မှာ ဒီမိုကရေစီ ပြန်လည်အသက်ဝင်ရေး၊ လူ့အခွင့်အရေးတွေ လေးစားရေးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် လှုပ်ရှားနေကြတဲ့ အသက်ပေး ကျဆုံးသွားသူ အပြစ်မဲ့ပြည်သူ ၁,၃၀၀ ကျော် အပါအဝင် မြန်မာပြည်သူ တရပ်လုံးကို ကျနော်တို့ ဂုဏ်ပြုလိုက်ပါတယ်။” လို့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောပါတယ်။
ဥရောပသမဂ္ဂကလည်း NLD ရွေးကောက်ပွဲနိုင် နှစ်ပတ်လည်နေ့မှာ ကြေညာချက်တစောင် ထုတ်ပြန်ပြီး စစ်ကောင်စီရဲ့ အာဏာထိန်းအစိုးရ အသွင်ဆောင်မှုနဲ့ တရားဝင်မှု မရနိုင်ကြောင်း၊ မြန်မာလက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြင်းထန်စွာ ရှုတ်ချကြောင်း၊ အဆမတန် အင်အားသုံး တိုက်ခိုက်မှုများနဲ့ ရန်လိုမှုများကို ချက်ချင်း အဆုံးသတ်ဖို့ တောင်းဆိုကြောင်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တို့ အပါအဝင် အားလုံးပါဝင် တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းသွားပါတယ်။
ပြည်သူလူထုရဲ့ အခွင့်အာဏာကို ပြည်သူတွေထံ ပြန်လည်အပ်နှင်းနိုင်ဖို့နဲ့ ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုပြီး အကြမ်းဖက် အာဏာသိမ်းထားတဲ့ စစ်အာဏာရှင်စနစ် အောက်ကနေ အပြီးတိုင်လွတ်မြောက်ပြီး ဖက်ဒရယ် ဒီမိုကရေစီစနစ် ပေါ်ပေါက်လာတဲ့အထိ လူထုနဲ့အတူ ဆက်လက်အားထုတ် ကြိုးပမ်းသွားမယ့်အကြောင်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲအများစု အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဒီကနေ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ဒီကနေ့ကျရောက်တဲ့ ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့မှာ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပြီး ပြည်သူ့အစိုးရကို အာဏာပြန်လည်အပ်နှင်းဖို့ နေရာအချို့မှာ ပြည်သူလူထုက တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
မြန်မာစစ်တပ်က ဆယ်စုပေါင်းများစွာ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့ပြီးတဲ့နောက် ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ရွေးကောက်ပွဲမှာ NLD ပါတီက စစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီက ရွေးကောက်ပွဲမှာ မသမာမှုတွေ ရှိတယ်လို့ ပြောကြားပေမယ့် နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်စစ်ဆေးတဲ့ နိုင်ငံပေါင်းစုံ အဖွဲ့အသီးသီးကတော့ ရွေးကောက်ပွဲက တရားမျှတကြောင်း ထုတ်ပြန်ခဲ့ကြပါတယ်။