သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

PR ရွေးကောက်ပွဲစနစ်ကျင့်သုံးရေး UEC နဲ့ နိုင်ငံရေးပါတီတွေ စတင်ဆွေးနွေ


နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၊ (ယခင်ပုံဟောင်း)
နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၊ (ယခင်ပုံဟောင်း)

{{Zawgyi/Unicode}}

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အသစ်ဖွဲ့ထားတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ အချိုးကျကိုယ်စားပြုမှု PR စနစ်နဲ့ပတ်သက်ပြီး ဒီကနေ့ နိုဝင်ဘာ ၅ ရက် မှာ စတင်တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးပွဲကို နိုင်ငံရေးပါတီ ၅၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ပါတီတွေရဲ့ သဘောထားက ဘယ်လိုရှိနေပါသလဲ၊ ရန်ကုန်ကလာတဲ့ သတင်းကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းထားတဲ့ စစ်ကောင်စီက ကျင်းပပေးမယ်လို့ ပြောထားတဲ့ ရွေးကောက်ပွဲမှာ PR စနစ် ပြောင်းလဲကျင့်သုံးဖို့ပြင်ဆင်နေတာပါ။ ဒါကြောင့် အသစ်ဖွဲ့ထားတဲ့ရွေးကောက်ပွဲကော်မရှင်က လာမယ့် ရွေးကောက်ပွဲမှာ PR စနစ် ပြောင်းလဲကျင့်သုံးနိုင်ရေး နိုင်ငံရေးပါတီတွေနဲ့ ဒီကနေ့မှာ စတင်တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲပထမရက်မှာ PR စနစ်နဲ့ ပတ်သက်ပြီး UEC က ရှင်းလင်းပြောကြားခဲ့တယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP ပြောခွင့်ရ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။

"ကျနော်တို့က နိုင်ငံရေးပါတီဖြစ်တဲ့အခါကျတော့ တာဝန်ရှိတဲ့ UEC ကနေပြီးတော့မှ ဘယ်စနစ်ကျင့်သုံးသည်ဖြစ်စေ၊ ကျနော်တို့ကတော့ လုပ်တဲ့စနစ်ပေါ် မူတည်ပြီးတော့မှ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ရတဲ့ နိုင်ငံရေးပါတီ ဖြစ်တဲ့အတွက် ဘယ်စနစ်ပဲ ကျင့်သုံးကျင့်သုံး ကျနော်တို့ နိုင်ငံရေးပါတီတွေအနေနဲ့ကတော့ တရားမျှတစွာ မှန်မှန်ကန်ကန်နဲ့ ဝင်ရောက်ယှဉ်ပြိုင် ကြရမှာပေါ့လေ။"

အရင်က ကျင့်သုံးခဲ့တဲ့ မဲအများဆုံးရသူ အနိုင်ရစနစ် FPTP ကနေ PR အချိုးကျ ကိုယ် စားပြုစနစ်ကို ပြောင်းလဲဖို့အတွက် ဆွေးနွေးနေကြတာပါ။ PR စနစ်နဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီတွေရဲ့ အကြံပြုချက်ကို ရွေးကောက်ပွဲကော်မရှင်က ဒီနေ့ တောင်းခံခဲ့တယ်လို့ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။

"ကျနော်တို့ပါတီကို အကြံပြုချက်တောင်းတဲ့အချိန်မှာ ကျနော်တို့ကတော့ ကျနော်တို့နိုင်ငံနဲ့ ကိုက်ညီမယ့် ဘယ်စနစ်ပဲ ကျင့်သုံးကျင့်သုံး အဓိကတော့ ကျနော်တို့နိုင်ငံအတွက် အကျိုးရှိမယ်၊ နိုင်ငံသားတွေ အားလုံးကိုလွှမ်းခြုံနိုင်မယ်၊ အမျိုးသား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်မယ့် အနေအထားမျိုးကို ဦးစားပေးဆောင်ရွက်နိုင်ဖို့ပေါ့။ ဒီအပေါ်မှာ အခြေခံပြီး ကျနော်တို့အကြံပြု တင်ပြထားတာတော့ ရှိပါတယ်။"

ဒီကနေ့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ဥက္ကဋ္ဌ ဦးစိုင်းကျော်အုန်းကလည်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာကျင့်သုံးခဲ့တဲ့ နိုင်သူအကုန်ယူစနစ် (FPTP) ထက် အချိုးကျကိုယ်စားပြု PR စနစ်က ပိုကောင်းတယ်လို့ သူ့အမြင်ကို ပြောပါတယ်။

"ကော်မရှင်ဥက္ကဋ္ဌ အဖွင့်မိန့်ခွန်းပြောတယ်။ ကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးက PR စနစ်ကို ရှင်းပြတယ်၊ ဘယ်လိုလုပ်မယ်ဆိုတာ။ သူတို့က PR စနစ်လုပ်မယ်ဆိုတော့ အားလုံးက ပါဝင်မယ်ဆိုတဲ့ သဘောမျိုးပါပဲ။ UEC က ရွေးလာပြီဆိုရင် ကျနော်တို့က ဘာမှလုပ်လို့ မရဘူးလေ။ ကျနော်တို့ ပါတီတွေဆိုတာက UEC ရဲ့ လက်အောက်ပဲလေ။ ဒါပေမယ့် တခုကတော့ ကျနော်တို့က ပြောလို့ရတယ် ဆိုတာတော့ PR စနစ်ဆိုလို့ရှိရင် အားလုံးက ပါဝင်မှာပေါ့။ First Past the Post ထက်တော့ နည်းနည်းပိုကောင်းတယ်လို့ ကျနော်တို့မြင်တယ်လေ။"

ရွေးကောက်ပွဲမှာ မဲအများဆုံးရသူက သက်ဆိုင်ရာမြို့နယ်ရဲ့ ကိုယ်စားလှယ်အဖြစ် လွှတ်တော် ကိုယ်စားပြုခွင့်ရတာကို ပြောတာဖြစ်ပါတယ်။

နိုဝင်ဘာ ၅ ရက် ဒီကနေ့ကစပြီး ရန်ကုန်မှာ ၃ ရက်တိုင် တွေ့ဆုံကြတဲ့ ဒီဆွေးနွေးပွဲကို နိုင်ငံရေးပါတီပေါင်း ၅၀ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လ ၂၆ ရက်နေ့က ပယ်ဖျက်ခဲ့ပါတယ်။ ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန် ချက်ထဲမှာတော့ မဲမသမာမှုတွေ တွေ့ရှိခဲ့သလို လုပ်ပိုင်ခွင့် အလွဲသုံးစားပြုပြီး ဥပဒေ၊ နည်းဥပဒေတွေကို ကျော်လွန်ဆောင်ရွက်ခဲ့တာတွေကြောင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်လိုက်တာလို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြန်ကျင်းပပြီး အနိုင်ရတဲ့ပါတီကို ဒီမိုကရေစီစံနှုန်းနဲ့ အညီ နိုင်ငံ့တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထည့်သွင်းထားပါတယ်။

တိုက်ရိုက် လင့်ခ်


***************

{{Unicode}}














***************

XS
SM
MD
LG