သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အောက်လွှတ်တော်မှာ ဒီမိုကရက် အမတ်တနေရာထပ်တိုး

အမေရိကန်အောက်လွှတ်တော်မှာ ဒီမိုကရက်တွေ နောက်ထပ် အမတ်တနေရာ ရရှိသွားပါပြီ။ နယူးဂျာစီပြည်နယ်ရဲ့ တတိယမဲဆန္ဒနယ်မှာ လူသစ်နိုင်ငံရေးသမား Andy Kim အနိုင်ရကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာလိုက်တာပါ။

ရီပါပလင်ကန်က လက်ရှိအမတ် Tom MacArthur ကိုအနိုင်ရရှိတာလည်းဖြစ်ပါတယ်။ သမ္မတအိုဘားမားလက်ထက်က အမျိုးသားလုံခြုံရေးလက်ထောက်အဖြစ် ထမ်းဆောင်ခဲ့ဘူးသူ Kim ဟာ ကိုရီးယားနွယ်ဖွားဖြစ်ပြီး နယူးဂျာစီပြည်နယ်က အရွေးခံရတဲ့ ပထမဦးဆုံး အာရှနွယ်ဖွား အမေရိကန်အောက်လွှတ်တော် အမတ်တဦးလည်းဖြစ်ပါတယ်။

သမ္မတရာထူး သက်တမ်းဝက်မှာပြုလုပ်တဲ့ ဒီရွေးကောက်ပွဲမှာ အမေရိကန်လွှတ်တော် နှစ်ရပ်လုံးအတွက် မဲတွေကို ဆက်လက်ရေတွက်နေတုန်းဖြစ်ပါတယ်။

အောက်လွှတ်တော်မှာ ဒီမိုကရက် အမတ်တနေရာထပ်တိုး
please wait

No media source currently available

0:00 0:00:31 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG