သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လာမယ့္ေရြးေကာက္ပြဲမွာ စစ္ေဘးေရွာင္ဒုကၡသည္ေတြ မဲေပးခြင့္ရပါ့မလား


ကခ်င္ စစ္ေရွာင္ဒုကၡသည္မ်ား

(Zawgyi/Unicode)

လာမယ့္ ႏိုဝင္ဘာလထဲ က်င္းပမယ့္ ေ႐ြးေကာက္ပြဲမွာ လက္နက္ကိုင္ ပဋိပကၡေတြေၾကာင့္ ေနရပ္စြန႔္ခြာ ထြက္ေျပး ေနရသူေတြပါ မဲေပးႏိုင္ေအာင္ စီစဥ္ေနေပမဲ့ စစ္ေရွာင္ဒုကၡသည္ေတြ ၾကားမွာေတာ့ ေမွ်ာ္လင့္ခ်က္ေတြ အားနည္းေနတဲ့အေၾကာင္း တင္ျပေပးပါမယ္။ VOA ျမန္မာပိုင္း သတင္းေထာက္ မေမခ ရန္ကုန္ကေန သတင္းေပးပို႔ထားပါတယ္။

သိန္းနဲ႔ခ်ီတဲ့ စစ္ေရွာင္ ဒုကၡသည္ေတြရွိရာ တိုင္းရင္းသားေဒသေတြမွာပါ ေ႐ြးေကာက္ပြဲေတြ က်င္းပဖို႔ စီစဥ္ထားေပမဲ့ ေ႐ြးေကာက္ပြဲ လုပ္ငန္းစဥ္အေပၚ ေမွ်ာ္လင့္ခ်က္ေတြကေတာ့ အားနည္းေနဆဲပါ။ ဒီႏွစ္ ၂၀၂၀ ျပည့္ ေ႐ြးေကာက္ပြဲမွာ ပထမဆုံးမဲေပးခြင့္ရမယ့္ အသက္ ၂၁ ႏွစ္အ႐ြယ္ ကခ်င္တိုင္းရင္းသား လာႏူဟာ ဆိုရင္လည္း ျမစ္ႀကီးနားၿမိဳ႕အနီး မန္ခိန္းစစ္ေဘးေရွာင္စခန္းမွာ ႀကီးျပင္းခဲ့ရသူပါ။ ေ႐ြးေကာက္ပြဲ လုပ္ငန္းစဥ္ေတြကို စိတ္ဝင္စားသူ ျဖစ္ေပမဲ့လည္း ေမွ်ာ္လင့္ခ်က္ေတာ့ သိပ္မထားဘူးလို႔လည္း သူကေျပာပါတယ္။

“႐ိုး႐ိုးတန္းတန္းဝန္ခံရရင္ေတာ့ အရွိတိုင္းဆို ေမွ်ာ္လင့္ခ်က္အမ်ားႀကီး မရွိဘူး။ အရင္ကသူတို႔ေတြမဲ ဆြယ္စည္း ႐ုံးတာေတြ ျမစ္ႀကီးနားမွာလုပ္ရင္နားေထာင္ျဖစ္ပါတယ္။ မဲသာမထည့္ခဲ့ရတာေပါ့ ေနာက္ လက္ေတြ႕ ျဖစ္လာတာ ေတြၾကည့္ၿပီးေတာ့ ကိုယ္တိုင္မထည့္ခ်င္တာက ယုံၾကည္မႈသိပ္မရွိဘူးေပါ့။”




ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ကေတာ့ ကပ္ေရာဂါကာလနဲ႔ ႀကဳံေနရေပမဲ့ ေ႐ြးေကာက္ပြဲေတြကို ႏိုဝင္ဘာလ ၈ ရက္ေန႔မွာ က်င္းပဖို႔နဲ႔ ႏိုင္ငံေရးပါတီေတြစည္း႐ုံးလႈပ္ရွားခြင့္ျပဳေၾကာင္း ေၾကညာထားပါတယ္။ ဒါေပမဲ့လည္း တိုင္းရင္းသားေဒသေတြက လက္နက္ကိုင္ ပဋိပကၡေတြေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနၾကရသူေတြ မဲေပးႏိုင္မယ့္ အေျခအေနေတြနဲ႔ ပတ္သက္လို႔ေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ ကခ်င္ျပည္နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္ အတြင္းေရးမွဴး ဦးထြန္းေအာင္ခိုင္ကေတာ့ဒုကသည္စခန္း ကလူေတြ မဲေပးခြင့္မဆုံးရႈံးေအာင္ ျပင္ဆင္ေနတယ္လို႔ ေျပာပါတယ္။

“ဒီစခန္းေတြမွာ ဒီလူဦးေရစာရင္းမဲစာရင္းျပဳစုတဲ့ လုပ္ငန္းေတြ ေဆာင္ရြက္တဲ့အခါမွာ IDP စခန္းေတြ ဖြင့္ထားတဲ့ ရပ္ကြက္ေက်း႐ြာအုပ္စုေတြကမွ လူဦးေရစာရင္းေကာက္တယ္။ ေနာက္ၿပီးေတာ ့ဆႏၵမဲေပးပုိင္ခြင့္ရွိတဲ့ အရည္အခ်င္းနဲ႔ ကိုက္ညီသူဆိုရင္ မဲစာရင္းထဲ တခါထဲထည့္ၿပီးျဖစ္တယ္။ဒါေၾကာင့္မို႔ေ႐ြးေကာက္ပြဲမွာ လက္ရွိေနတဲ့ IDPစခန္း ပါ၀င္တဲ့ ရပ္ကြက္ေက်းရြာအုပ္စုရဲ႕ သက္ဆိုင္ရာမဲ႐ုံေတြကို မဲေပးလို႔ရတယ္။ ဒါေပမယ့္ တခ်ိဳ႕က ျမစ္ႀကီးနားမွာ မဲမေပးခ်င္ဘူး ဟိုမွာ သူတို႔ေနရပ္ရင္းမွာ ေ႐ြးေကာက္ပြဲလုပ္တယ္ အဲဒီကို ျပန္ၿပီးေတာ့ ျပန္ေပးခြင့္ရွိပါတယ္။သူတို႔ေနရပ္ရင္းမွာ က်ေနာ္တို႔ စိစစ္မယ္ သူတို႔ ေနထိုင္ခဲ့တာ မွန္ကန္တယ္ ဆိုရင္ အဲဒီမွာ က်ေနာ္တို႔ မဲစာရင္းကို တိုးထည့္ေပးလိုက္မယ္ အဲဒီမွာ ေပးခြင့္ျပဳလိုက္မွာပါ။”

စစ္ေရးတင္းမာမႈေတြ ႀကဳံေနရတဲ့ ရွမ္းျပည္နယ္မွာလည္း စစ္ေရွာင္ဒုကၡသည္ေတြ ေ႐ြးေကာက္ပြဲ လုပ္ငန္းစဥ္မွာ ပါဝင္ႏိုင္ခြင့္နဲ႔ ပတ္သက္လို႔ စိုးရိမ္သူေတြ ရွိပါတယ္။ နမ့္ခမ္း ၿမိဳ႕ ေပၚက လူဦးေရ ၅၀၀ ေက်ာ္ရွိတဲ့ စစ္ေရွာင္ဒုကၡသည္ေတြ ၾကားမွာလည္း ေ႐ြးေကာက္ပြဲအေပၚ စိတ္ဝင္စားမႈ သိပ္မရွိၾကဘူးလို႔ တအာင္း အမ်ိဳးသမီးအဖြဲ႕ (TWO) က ေလြးခ်ီး ဆန္ဂါ ကေျပာပါတယ္။

“ဒီအပိုင္းမွာ က်မတို႔အျမင္ေပါ့ေနာ္ ၿပီးေတာ့ က်မတို႔ ၾကားမိတာလည္းရွိတယ္။ ေ႐ြးေကာက္ပြဲနဲ႔ ပတ္သတ္လို႔ သိပ္အာ႐ံုမရဘူး။ ဒီေရြးေကာက္ပြဲက သူတို႔နဲ႔ မဆိုင္သလို ၊ သိပ္ၿပီးေတာ့ အက်ိဳးရလဒ္မရွိသလို သူတို႔ ခံစားေနရတဲ့အပိုင္းေတြေတာ့ရွိတယ္။ မဲေပးတာ မေပးတာတပိုင္း ၊ မဲေပးရင္လည္း ဘယ္သူႏိုင္ႏိုင္ သူတို႔အတြက္ အျပည့္အ၀ အာမခံခ်က္မရွိတဲ့ အျပည့္အ၀ အေထာက္အပံ႔မျဖစ္တဲ့ ပံုစံမ်ိဳး အေနအထားေတာ့ရွိတယ္။”

နမ့္ခမ္းေဒသက ဒုကၡသည္စခန္းက မဲေပးခြင့္ရွိသူေတြ ေ႐ြးေကာက္ပြဲမွာ မဲထည့္ႏိုင္ဖို႔ ျပင္ဆင္ထားတယ္လို႔လည္း နန႔္ခမ္း ေ႐ြးေကာက္ပြဲ ေကာ္မရွင္ဥကၠ႒ ဦးတင္ထြန္းက ေျပာပါတယ္။

“ က်ေနာ္တို႔ ၿမိဳ႕ေပၚမွာ ၃ ေနရာ IDP Camp က ကခ်င္ Campတခု ေနာက္ၿပီး ဟိုဘက္မွာ တအာင္း camp ၿပီးေတာ့ ပေလာင္ camp တခု အဲလိုေပါ့ ၿမိဳ႕ေပၚမွာေပါ့ေနာ္ရွိတဲ့ဟာကိုေျပာတာ။ ဒီ Camp နဲ႔ပတ္သက္ၿပီးေတာ့ မဲစာရင္း က်ေနာ္တို႔ ေကာက္ယူတာေတြ ေတာင္းဆိုတဲ့အတြက္ သူတို႔လာေပးတယ္”

ႏိုဝင္ဘာေ႐ြးေကာက္ပြဲမွာေတာ့ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေနရာအတြက္ မဲဆႏၵနယ္ ၃၃ဝ၊ အမ်ိဳးသားလႊတ္ေတာ္အတြက္ မဲဆႏၵနယ္ ၁၆၈ နယ္၊ တိုင္းနဲ႔ ျပည္နယ္လႊတ္ေတာ္ေတြအတြက္ မဲဆႏၵနယ္ ၆၄၄ နယ္မွာက်င္းပသြားမယ္လို႔ ေကာ္မရွင္ဘက္က ေျပာဆိုထားပါတယ္။ ဒါေပမဲ့လည္း စစ္ေရး တင္းမာမႈေတြေၾကာင့္ လုံၿခဳံေရးအတြက္ စိန္ေခၚမႈေတြ ရွိေနတဲ့ တိုင္းရင္းသား ေဒသတခ်ိဳ႕မွာေတာ့ ေ႐ြးေကာက္ပြဲ က်င္းပရာမွာ အခက္အခဲေတြ ရွိႏိုင္တယ္လို႔လည္း ခန႔္မွန္းေနၾကတာပါ။ ၿပီးခဲ့တဲ့၂၀၁၅ ခုႏွစ္ အေထြေထြ ေ႐ြးေကာက္ပြဲမြာ တုန္းကေတာ့ ကခ်င္၊ ကရင္၊ ရွမ္း၊ မြန္ ျပည္နယ္နဲ႔ ဝ ၊ မိုင္းလားေဒသေတြက မဲဆႏၵနယ္ေျမေတြမွာ ေ႐ြးေကာက္ပြဲ မက်င္းပႏိုင္တဲ့ အေျခအေနမ်ိဳးေတြနဲ႔လည္း ႀကဳံခဲ့ရဖူးပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

လာမယ့်ရွေးကောက်ပွဲမှာ စစ်ဘေးရှောင်ဒုက္ခသည်တွေ မဲပေးခွင့်ရပါ့မလား

(Unicode)

လာမယ့် နိုဝင်ဘာလထဲ ကျင်းပမယ့် ရွေးကောက်ပွဲမှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး နေရသူတွေပါ မဲပေးနိုင်အောင် စီစဉ်နေပေမဲ့ စစ်ရှောင်ဒုက္ခသည်တွေ ကြားမှာတော့ မျှော်လင့်ချက်တွေ အားနည်းနေတဲ့အကြောင်း တင်ပြပေးပါမယ်။ VOA မြန်မာပိုင်း သတင်းထောက် မမေခ ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

သိန်းနဲ့ချီတဲ့ စစ်ရှောင် ဒုက္ခသည်တွေရှိရာ တိုင်းရင်းသားဒေသတွေမှာပါ ရွေးကောက်ပွဲတွေ ကျင်းပဖို့ စီစဉ်ထားပေမဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ် မျှော်လင့်ချက်တွေကတော့ အားနည်းနေဆဲပါ။ ဒီနှစ် ၂၀၂၀ ပြည့် ရွေးကောက်ပွဲမှာ ပထမဆုံးမဲပေးခွင့်ရမယ့် အသက် ၂၁ နှစ်အရွယ် ကချင်တိုင်းရင်းသား လာနူဟာ ဆိုရင်လည်း မြစ်ကြီးနားမြို့အနီး မန်ခိန်းစစ်ဘေးရှောင်စခန်းမှာ ကြီးပြင်းခဲ့ရသူပါ။ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို စိတ်ဝင်စားသူ ဖြစ်ပေမဲ့လည်း မျှော်လင့်ချက်တော့ သိပ်မထားဘူးလို့လည်း သူကပြောပါတယ်။

“ရိုးရိုးတန်းတန်းဝန်ခံရရင်တော့ အရှိတိုင်းဆို မျှော်လင့်ချက်အများကြီး မရှိဘူး။ အရင်ကသူတို့တွေမဲ ဆွယ်စည်း ရုံးတာတွေ မြစ်ကြီးနားမှာလုပ်ရင်နားထောင်ဖြစ်ပါတယ်။ မဲသာမထည့်ခဲ့ရတာပေါ့ နောက် လက်တွေ့ ဖြစ်လာတာ တွေကြည့်ပြီးတော့ ကိုယ်တိုင်မထည့်ချင်တာက ယုံကြည်မှုသိပ်မရှိဘူးပေါ့။”

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတော့ ကပ်ရောဂါကာလနဲ့ ကြုံနေရပေမဲ့ ရွေးကောက်ပွဲတွေကို နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပဖို့နဲ့ နိုင်ငံရေးပါတီတွေစည်းရုံးလှုပ်ရှားခွင့်ပြုကြောင်း ကြေညာထားပါတယ်။ ဒါပေမဲ့လည်း တိုင်းရင်းသားဒေသတွေက လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသူတွေ မဲပေးနိုင်မယ့် အခြေအနေတွေနဲ့ ပတ်သက်လို့တော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးထွန်းအောင်ခိုင်ကတော့ဒုကသည်စခန်း ကလူတွေ မဲပေးခွင့်မဆုံးရှုံးအောင် ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

“ဒီစခန်းတွေမှာ ဒီလူဦးရေစာရင်းမဲစာရင်းပြုစုတဲ့ လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ IDP စခန်းတွေ ဖွင့်ထားတဲ့ ရပ်ကွက်ကျေးရွာအုပ်စုတွေကမှ လူဦးရေစာရင်းကောက်တယ်။ နောက်ပြီးတော့ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ အရည်အချင်းနဲ့ ကိုက်ညီသူဆိုရင် မဲစာရင်းထဲ တခါထဲထည့်ပြီးဖြစ်တယ်။ဒါကြောင့်မို့ရွေးကောက်ပွဲမှာ လက်ရှိနေတဲ့ IDPစခန်း ပါဝင်တဲ့ ရပ်ကွက်ကျေးရွာအုပ်စုရဲ့ သက်ဆိုင်ရာမဲရုံတွေကို မဲပေးလို့ရတယ်။ ဒါပေမယ့် တချို့က မြစ်ကြီးနားမှာ မဲမပေးချင်ဘူး ဟိုမှာ သူတို့နေရပ်ရင်းမှာ ရွေးကောက်ပွဲလုပ်တယ် အဲဒီကို ပြန်ပြီးတော့ ပြန်ပေးခွင့်ရှိပါတယ်။သူတို့နေရပ်ရင်းမှာ ကျနော်တို့ စိစစ်မယ် သူတို့ နေထိုင်ခဲ့တာ မှန်ကန်တယ် ဆိုရင် အဲဒီမှာ ကျနော်တို့ မဲစာရင်းကို တိုးထည့်ပေးလိုက်မယ် အဲဒီမှာ ပေးခွင့်ပြုလိုက်မှာပါ။”

စစ်ရေးတင်းမာမှုတွေ ကြုံနေရတဲ့ ရှမ်းပြည်နယ်မှာလည်း စစ်ရှောင်ဒုက္ခသည်တွေ ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ ပါဝင်နိုင်ခွင့်နဲ့ ပတ်သက်လို့ စိုးရိမ်သူတွေ ရှိပါတယ်။ နမ့်ခမ်း မြို့ ပေါ်က လူဦးရေ ၅၀၀ ကျော်ရှိတဲ့ စစ်ရှောင်ဒုက္ခသည်တွေ ကြားမှာလည်း ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု သိပ်မရှိကြဘူးလို့ တအာင်း အမျိုးသမီးအဖွဲ့ (TWO) က လွေးချီး ဆန်ဂါ ကပြောပါတယ်။

“ဒီအပိုင်းမှာ ကျမတို့အမြင်ပေါ့နော် ပြီးတော့ ကျမတို့ ကြားမိတာလည်းရှိတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သတ်လို့ သိပ်အာရုံမရဘူး။ ဒီရွေးကောက်ပွဲက သူတို့နဲ့ မဆိုင်သလို ၊ သိပ်ပြီးတော့ အကျိုးရလဒ်မရှိသလို သူတို့ ခံစားနေရတဲ့အပိုင်းတွေတော့ရှိတယ်။ မဲပေးတာ မပေးတာတပိုင်း ၊ မဲပေးရင်လည်း ဘယ်သူနိုင်နိုင် သူတို့အတွက် အပြည့်အ၀ အာမခံချက်မရှိတဲ့ အပြည့်အ၀ အထောက်အပံ့မဖြစ်တဲ့ ပုံစံမျိုး အနေအထားတော့ရှိတယ်။”

နမ့်ခမ်းဒေသက ဒုက္ခသည်စခန်းက မဲပေးခွင့်ရှိသူတွေ ရွေးကောက်ပွဲမှာ မဲထည့်နိုင်ဖို့ ပြင်ဆင်ထားတယ်လို့လည်း နန့်ခမ်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်ထွန်းက ပြောပါတယ်။

“ ကျနော်တို့ မြို့ပေါ်မှာ ၃ နေရာ IDP Camp က ကချင် Campတခု နောက်ပြီး ဟိုဘက်မှာ တအာင်း camp ပြီးတော့ ပလောင် camp တခု အဲလိုပေါ့ မြို့ပေါ်မှာပေါ့နော်ရှိတဲ့ဟာကိုပြောတာ။ ဒီ Camp နဲ့ပတ်သက်ပြီးတော့ မဲစာရင်း ကျနော်တို့ ကောက်ယူတာတွေ တောင်းဆိုတဲ့အတွက် သူတို့လာပေးတယ်”

နိုဝင်ဘာရွေးကောက်ပွဲမှာတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာအတွက် မဲဆန္ဒနယ် ၃၃ဝ၊ အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ် ၁၆၈ နယ်၊ တိုင်းနဲ့ ပြည်နယ်လွှတ်တော်တွေအတွက် မဲဆန္ဒနယ် ၆၄၄ နယ်မှာကျင်းပသွားမယ်လို့ ကော်မရှင်ဘက်က ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း စစ်ရေး တင်းမာမှုတွေကြောင့် လုံခြုံရေးအတွက် စိန်ခေါ်မှုတွေ ရှိနေတဲ့ တိုင်းရင်းသား ဒေသတချို့မှာတော့ ရွေးကောက်ပွဲ ကျင်းပရာမှာ အခက်အခဲတွေ ရှိနိုင်တယ်လို့လည်း ခန့်မှန်းနေကြတာပါ။ ပြီးခဲ့တဲ့၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမွာ တုန်းကတော့ ကချင်၊ ကရင်၊ ရှမ်း၊ မွန် ပြည်နယ်နဲ့ ဝ ၊ မိုင်းလားဒေသတွေက မဲဆန္ဒနယ်မြေတွေမှာ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ အခြေအနေမျိုးတွေနဲ့လည်း ကြုံခဲ့ရဖူးပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG