သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တပ္မေတာ္က ဖမ္းထားတဲ့ ရမ္းျဗဲေဒသခံတဦး ေသဆံုး


ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕မွာ တပ္စဲြထားတဲ့ ျမန္မာစစ္တပ္ တပ္ဖဲြ႔၀င္မ်ား။ (ၾသဂုတ္ ၃၁၊ ၂၀၁၇)

[Zawgyi/Unicode]

ရခုိင္ျပည္နယ္မွာ လုံၿခံဳေရးတပ္ဖဲြ႔ေတြက ဖမ္းဆီးထားစဥ္ ေဒသခံတစ္ဦး ေသဆုံးသြားတဲ့ အေၾကာင္းေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က သတင္းေပးပို႔ထားပါတယ္။

ရခုိင္လက္နက္ကုိင္အဖဲြ႔ AA နဲ႔ ဆက္ႏြယ္တယ္ဆုိတဲ့ သံသယနဲ႔ တပ္မေတာ္က စေနေန႔မွာပဲ ဖမ္းဆီးခဲ့တဲ့ ရမ္းၿဗဲၿမိဳ႕နယ္ အလယ္ေခ်ာင္းေက်းရြာက ေဒသခံ ေျခာက္ ဦး ထဲက တစ္ဦးဟာ ရဲစခန္းမွာ မေန႔က ေသဆုံးခဲ့တာပါ။ ေသဆုံးသူဟာ ကုိယ့္ကုိယ္ကုိ အဆုံးစီရင္သြားတာျဖစ္တယ္လို႔ ရဲတပ္ဖဲြ႔က အေၾကာင္းၾကားခဲ့ေၾကာင္း အလယ္ေခ်ာင္းေက်းရြာအုပ္ခ်ဳပ္ေရးမွူး ဦးျမင့္လြင္ ကေျပာ ပါတယ္။

"ဖမ္းထားတဲ့ ေျခာက္ ေယာက္ထဲက တစ္ေယာက္ဆံုးတာကေတာ့ မေန႔က တစ္နာခြဲေလာက္မွာ ရဲစခန္းက ဖုန္းဆက္ပါတယ္။ ေစာျမင့္ထြန္း ႀကိဳးဆြဲခ်ၿပီး ဆံုးတယ္ဆိုၿပီးေတာ့ က်ေတာ္က မိသားစုေတြကို ေခၚၿပီးေတာ့ တခါတည္း မအီ ကို လိုက္တယ္။ က်န္တဲ့ ငါး ေယာက္နဲ႔လည္း မိသားစုက ေတြ႔ရမယ္ဆိုၿပီး လိုက္လာၾကတယ္ ဟိုေရာက္ေတာ့ က်န္ တဲ့ မိသားစုနဲ႔ ေတြ႔ခြင့္မေပးဘူး။ က်ေနာ္တို႔ကို စိုးမင္းထြန္းကေတာ့ ႀကိဳးဆြဲခ်ၿပီး ဆံုးတယ္။ ေဆးရံုမွာ ရွိတယ္ဆိုၿပီး ေတာ့ ေျပာတယ္။ အေလာင္းက မေန႔က ညေန ၅ နာရီေလာက္မွာ သယ္လာတယ္။ ဒီေန႔ ရြာမွာ သၿဂၤိဳလိုက္တယ္။"

တပ္မေတာ္ဘက္ကေတာ့ ဇြန္လ ၂၃ ရက္ေန႔တုန္းက လုံၿခံဳေရးတပ္ဖဲြ႔၀င္ေတြ သံသယနဲ႔ စစ္ေဆးခဲ့သူေတြထံက ေမးျမန္းေဖာ္ထုတ္ခ်က္ေတြအရ အလယ္ေခ်ာင္းေက်းရြာက လူ ေျခာက္ ဦးကုိ ဒီလ ၁၂ ရက္ေန႔မွာပဲ ဖမ္းဆီးခဲ့တာျဖစ္ၿပီး မအီၿမိဳ႕မ ရဲစခန္းက သီးသန္႔အေဆာက္အဦးမွာ ထားရွိစဥ္ ခ်ည္ထားတဲ့ ႀကိဳးကိုျဖည္ၿပီး ေခါင္မိုးထုပ္တန္းမွာ ႀကိဳးဆြဲခ် အဆုံးစီရင္သြားတာျဖစ္ေၾကာင္း ဒီကေန႔ပဲ သတင္းထုတ္ျပန္ထားပါတယ္။ ေသဆုံးသူ အပါအ၀င္ ဖမ္းဆီးထားသူ ေျခာက္ ဦးဟာ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ရဲ႕ အမာခံေတြ ျဖစ္ေၾကာင္းလည္း ေဖာ္ျပထားပါတယ္။

အလယ္ေခ်ာင္းေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္လြင္ကေတာ့ အလယ္ေခ်ာင္းေက်းရြာက ဖမ္းဆီးခံထားရသူေတြဟာ လယ္ယာလုပ္ငန္း လုပ္ကိုင္သူေတြနဲ႔ ငါးဖမ္းလုပ္ငန္း လုပ္ကိုင္ေတြျဖစ္ၿပီး ေက်းရြာမွာပဲ အၿမဲေနထိုင္သူေတြ ျဖစ္တယ္လို႔ ေျပာပါတယ္။

"က်န္တဲ့ ငါး ေယာက္ကုိေတာ့ ဘယ္မွာထားလဲလို႔ မေန႔ကလည္း ေမးပါတယ္။ သူတို႔ကေတာ့ မရွိဘူးလို႔ပဲ ေျဖတယ္။ မိသားစုနဲ႔ ေတြ႔ခ်င္တယ္ ေတြ႔ခြင့္ရမလားလို႔ေမးတဲ့ အခါေတာ့ ဗိုလ္ႀကီးကေတြ႔ခြင့္မေပးဘူး။ သူတို႔ကေတာ့ က်ေနာ္တို႔ရြာမွာ ေကာင္းေကာင္းမြန္မြန္လုပ္စားေနၾကတာ။ ၿပီးေတာ့ ဂဏၰန္းရွာတယ္။ လယ္လုပ္တဲ့ သူေတြ သူတို႔က ေနာက္ေနရာသို႔လည္း သြားတာေတာ့မရွိဘူး။ ရက္ ၃၀ ရွိရင္ သူတို႔က ေခ်ာင္းထဲမွာ ရက္ေပါင္း ၂၀ေလာက္ေနတယ္။ ေခ်ာင္းထဲမွာ ေလွနဲ႔သြားၿပီး ဂဏၰန္းရွာတာ။"

တပ္မေတာ္ဘက္ကေတာ့ က်န္တဲ့ ငါး ေယာက္ကိုလည္း ဥပေဒနဲ႔အညီ စစ္ေဆးေနတယ္လို႔ ဒီကေန႔ထုတ္ျပန္ ခ်က္မွာ ေဖာ္ျပထားပါတယ္။

ႏိုင္ငံရဲ႕လံုၿခံဳေရးနဲ႔ ကာကြယ္ေရးကို တာဝန္ယူထားတဲ့ အဖြဲ႔အစည္းတစ္ခုအေနနဲ႔ ဖမ္းဆီးထားတဲ့သူေတြကို ဥပေဒနဲ႔အညီေဆာင္ရြက္သင့္ၿပီး ဖမ္းဆီးထားသူေတြရဲ႕ အခြင့္အေရးေတြကိုလည္း ေပးသင့္သလို သံသယနဲ႔ ဖမ္းထားသူေတြဟာ တရားခံမဟုတ္ေသးတဲ့အတြက္ တရားရင္ဆိုင္ဖို႔အခြင့္အေရးကို ေပးသင့္တယ္လို႔လည္းလို႔ ရမ္းၿဗဲၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚထုေမက ေျပာပါတယ္။ ဖမ္းဆီးထားစဥ္ေသဆံုးသြားတာနဲ႔ ပတ္သတ္ၿပီး တပ္မေတာ္မွာ တာဝန္အျပည္႔အဝရွိတယ္လို႔ သူကေျပာပါတယ္။

"သူတို႔အဖြဲ႔အစည္းက အင္မတန္မွ လံုၿခံဳေရးနဲ႔ ကာကြယ္ေရးကို တာဝန္ယူထားတဲ့ အဖြဲ႔အစည္းကေနၿပီးေတာ့ တာဝန္ယူမႈ တာဝန္ခံမႈ အျပည့္အဝရွိရပါမယ္။ ဒါကမေတာ္တဆ လက္လြန္သြားတာပါဆိုၿပီးေတာ့ အေၾကာင္းျပခ်က္ ေပးေကာင္းေပးႏိုင္ပါတယ္။ ဒါေပမဲ့ တကယ္တမ္းက်တဲ့အခါ ဒီလိုမ်ိဳးက်ဴးလြန္ၿပီးေတာ့မွ ျဖစ္သြားတဲ့ လူေတြအေပၚမွာ က်ဴးလြန္ခဲ့တဲ့ သူေတြ ဒီလိုေျခလြန္လက္လြန္ ျဖစ္သြားတယ္ဆိုလို႔ရွိရင္လည္း ဒီဟာကိုေနၿပီးေတာ့ သက္ဆိုင္ရာ အထက္အရာရွိအဆင့္ဆင့္ကေနၿပီးေတာ့ သူတို႔မွာရွိတဲ့ ဥပေဒနဲ႔ အေရးယူရမွာျဖစ္ပါတယ္။ အဲလိုမ်ိဳးအေရးမယူဘူးဆိုလို႔ရွိရင္ေတာ့ က်မတို႔ ျပည္သူေတြက အင္မတန္မွ ယံုၾကည္မႈအားနည္းတဲ့ အဖြဲ႔အစည္းအျဖစ္ ျမင္ေကာင္းျမင္လာႏို္င္တယ္ရွင္။"

ဖမ္းဆီးခံထားရစဥ္ ရမ္းၿဗဲေဒသခံ ေသဆံုးသြားတာနဲ႔ ပတ္သတ္ၿပီး သက္ဆိုင္ရာတာဝန္ရွိသူေတြက ဥပေဒနဲ႔ ေဆာင္ရြက္ေပးဖို႔အတြက္ သက္ဆိုင္ရာဝန္ႀကီးဌာနေတြဆီကို စာတင္ထားတယ္လို႔လည္း ေဒၚထုေမက ေျပာပါတယ္။

"က်မတို႔ရဲ႕ျပည္သူေတြကို အမွန္တကယ္ဆိုလို႔ရွိရင္ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးအေနနဲ႔ ကာကြယ္ ေပးရပါမယ္။ ဒါေပမဲ့ အခုအေျခအေနမွာ သံသယနဲ႔ ဖမ္းဆီးတယ္။ ဒီကိစၥနဲ႔ပတ္သတ္ၿပီး သက္ဆိုင္ရာေတြက တာဝန္ယူၾကဖို႔ ဥပေဒနဲ႔အညီ ေဆာင္ရြက္ၾကဖို႔အတြက္ ေနၿပီးေတာ့ က်မအေနနဲ႔ ဒီေန႔ဆိုရင္ ကာကြယ္ေရးရယ္ ျပည္ထဲေရးရယ္ ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ နယ္စပ္ေရးရာနဲ႔ လံုၿခံဳေရးဝန္ႀကီးဌာနက ဝန္ႀကီးေတြကို စာအသီးသီး ပို႔ထားပါတယ္။"

ၿပီးခဲ့တဲ့ဧၿပီလအေစာပိုင္းကလည္း ပုဏၰားကြ်န္းၿမိဳ႕နယ္က ဖမ္းဆီးခံရထားသူ ငါး ဦးကို တပ္မေတာ္ေရယာဥ္နဲ႔ ေခၚေဆာင္သြားစဥ္ ထုိးႀကိတ္ေမးျမန္းခဲ့တဲ့ ဗြီဒီယုိဖုိင္တခု ပ်ံ႕ႏွံ႔ခဲ့တဲ့အတြက္ ေ၀ဖန္သံေတြလည္း ထြက္ေပၚခဲ့တာပါ။ တပ္မေတာ္ကေတာ့ စည္းကမ္းနဲ႔မညီတဲ့ တပ္မေတာ္သားတခ်ဳိ႕ကုိ အေရးယူမွာျဖစ္ေၾကာင္း ေျပာဆုိထားပါတယ္။

ရခိုင္ျပည္နယ္က လက္နက္ကိုင္ ပဋိပကၡေတြအတြင္း အရပ္သားေတြ ဖမ္းဆီးခံရတာ၊ ထိခုိက္ေသဆုံးတာေတြ ရွိေနတဲ့အေပၚ ကုလသမဂၢနဲ႔ ႏုိင္ငံတကာ လူ႔အခြင့္အေရး အဖဲြ႔ေတြကလည္း စုိးရိမ္မကင္းတဲ့ သေဘာထားေတြ ေျပာဆုိထားၾကပါတယ္။

တပ္မေတာ္က ဖမ္းထားတဲ့ ရမ္းျဗဲေဒသခံတဦး ေသဆံုး
please wait

No media source currently available

0:00 0:04:38 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တပ်မတော်က ဖမ်းထားတဲ့ ရမ်းဗြဲဒေသခံတဦး သေဆုံး

ရခိုင်ပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးထားစဉ် ဒေသခံတစ်ဦး သေဆုံးသွားတဲ့ အကြောင်းပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။

ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ ဆက်နွယ်တယ်ဆိုတဲ့ သံသယနဲ့ တပ်မတော်က စနေနေ့မှာပဲ ဖမ်းဆီးခဲ့တဲ့ ရမ်းဗြဲမြို့နယ် အလယ်ချောင်းကျေးရွာက ဒေသခံ ခြောက် ဦး ထဲက တစ်ဦးဟာ ရဲစခန်းမှာ မနေ့က သေဆုံးခဲ့တာပါ။ သေဆုံးသူဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က အကြောင်းကြားခဲ့ကြောင်း အလယ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်လွင် ကပြော ပါတယ်။

"ဖမ်းထားတဲ့ ခြောက် ယောက်ထဲက တစ်ယောက်ဆုံးတာကတော့ မနေ့က တစ်နာခွဲလောက်မှာ ရဲစခန်းက ဖုန်းဆက် ပါတယ်။ စောမြင့်ထွန်း ကြိုးဆွဲချပြီး ဆုံးတယ်ဆိုပြီးတော့ ကျတော်က မိသားစုတွေကို ခေါ်ပြီးတော့ တခါတည်း မအီ ကို လိုက်တယ်။ ကျန်တဲ့ ငါး ယောက်နဲ့လည်း မိသားစုက တွေ့ရမယ်ဆိုပြီး လိုက်လာကြတယ် ဟိုရောက်တော့ ကျန် တဲ့ မိသားစုနဲ့ တွေ့ခွင့်မပေးဘူး။ ကျနော်တို့ကို စိုးမင်းထွန်းကတော့ ကြိုးဆွဲချပြီး ဆုံးတယ်။ ဆေးရုံမှာ ရှိတယ်ဆိုပြီး တော့ ပြောတယ်။ အလောင်းက မနေ့က ညနေ ၅ နာရီလောက်မှာ သယ်လာတယ်။ ဒီနေ့ ရွာမှာ သင်္ဂြိုလိုက်တယ်။"

တပ်မတော်ဘက်ကတော့ ဇွန်လ ၂၃ ရက်နေ့တုန်းက လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သံသယနဲ့ စစ်ဆေးခဲ့သူတွေထံက မေးမြန်းဖော်ထုတ်ချက်တွေအရ အလယ်ချောင်းကျေးရွာက လူ ခြောက် ဦးကို ဒီလ ၁၂ ရက်နေ့မှာပဲ ဖမ်းဆီးခဲ့တာဖြစ်ပြီး မအီမြို့မ ရဲစခန်းက သီးသန့်အဆောက်အဦးမှာ ထားရှိစဉ် ချည်ထားတဲ့ ကြိုးကိုဖြည်ပြီး ခေါင်မိုးထုပ်တန်းမှာ ကြိုးဆွဲချ အဆုံးစီရင်သွားတာဖြစ်ကြောင်း ဒီကနေ့ပဲ သတင်းထုတ်ပြန်ထားပါတယ်။ သေဆုံးသူ အပါအဝင် ဖမ်းဆီးထားသူ ခြောက် ဦးဟာ ရခိုင်လက်နက်ကိုင် AA အဖွဲ့ရဲ့ အမာခံတွေ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

အလယ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်လွင်ကတော့ အလယ်ချောင်းကျေးရွာက ဖမ်းဆီးခံထားရသူတွေဟာ လယ်ယာလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်တွေဖြစ်ပြီး ကျေးရွာမှာပဲ အမြဲနေထိုင်သူတွေ ဖြစ်တယ်လို့ ပြောပါတယ်။

"ကျန်တဲ့ ငါး ယောက်ကိုတော့ ဘယ်မှာထားလဲလို့ မနေ့ကလည်း မေးပါတယ်။ သူတို့ကတော့ မရှိဘူးလို့ပဲ ဖြေတယ်။ မိသားစုနဲ့ တွေ့ချင်တယ် တွေ့ခွင့်ရမလားလို့မေးတဲ့ အခါတော့ ဗိုလ်ကြီးကတွေ့ခွင့်မပေးဘူး။ သူတို့ကတော့ ကျနော်တို့ရွာမှာ ကောင်းကောင်းမွန်မွန်လုပ်စားနေကြတာ။ ပြီးတော့ ဂဏ္ဏန်းရှာတယ်။ လယ်လုပ်တဲ့ သူတွေ သူတို့က နောက်နေရာသို့လည်း သွားတာတော့မရှိဘူး။ ရက် ၃၀ ရှိရင် သူတို့က ချောင်းထဲမှာ ရက်ပေါင်း ၂၀လောက်နေတယ်။ ချောင်းထဲမှာ လှေနဲ့သွားပြီး ဂဏ္ဏန်းရှာတာ။"

တပ်မတော်ဘက်ကတော့ ကျန်တဲ့ ငါး ယောက်ကိုလည်း ဥပဒေနဲ့အညီ စစ်ဆေးနေတယ်လို့ ဒီကနေ့ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံရဲ့လုံခြုံရေးနဲ့ ကာကွယ်ရေးကို တာဝန်ယူထားတဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ ဖမ်းဆီးထားတဲ့သူတွေကို ဥပဒေနဲ့အညီဆောင်ရွက်သင့်ပြီး ဖမ်းဆီးထားသူတွေရဲ့ အခွင့်အရေးတွေကိုလည်း ပေးသင့်သလို သံသယနဲ့ ဖမ်းထားသူတွေဟာ တရားခံမဟုတ်သေးတဲ့အတွက် တရားရင်ဆိုင်ဖို့အခွင့်အရေးကို ပေးသင့်တယ်လို့လည်းလို့ ရမ်းဗြဲမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ပြောပါတယ်။ ဖမ်းဆီးထားစဉ်သေဆုံးသွားတာနဲ့ ပတ်သတ်ပြီး တပ်မတော်မှာ တာဝန်အပြည့်အဝရှိတယ်လို့ သူကပြောပါတယ်။

"သူတို့အဖွဲ့အစည်းက အင်မတန်မှ လုံခြုံရေးနဲ့ ကာကွယ်ရေးကို တာဝန်ယူထားတဲ့ အဖွဲ့အစည်းကနေပြီးတော့ တာဝန်ယူမှု တာဝန်ခံမှု အပြည့်အဝရှိရပါမယ်။ ဒါကမတော်တဆ လက်လွန်သွားတာပါဆိုပြီးတော့ အကြောင်းပြချက် ပေးကောင်းပေးနိုင်ပါတယ်။ ဒါပေမဲ့ တကယ်တမ်းကျတဲ့အခါ ဒီလိုမျိုးကျူးလွန်ပြီးတော့မှ ဖြစ်သွားတဲ့ လူတွေအပေါ်မှာ ကျူးလွန်ခဲ့တဲ့ သူတွေ ဒီလိုခြေလွန်လက်လွန် ဖြစ်သွားတယ်ဆိုလို့ရှိရင်လည်း ဒီဟာကိုနေပြီးတော့ သက်ဆိုင်ရာ အထက်အရာရှိအဆင့်ဆင့်ကနေပြီးတော့ သူတို့မှာရှိတဲ့ ဥပဒေနဲ့ အရေးယူရမှာဖြစ်ပါတယ်။ အဲလိုမျိုးအရေးမယူဘူးဆိုလို့ရှိရင်တော့ ကျမတို့ ပြည်သူတွေက အင်မတန်မှ ယုံကြည်မှုအားနည်းတဲ့ အဖွဲ့အစည်းအဖြစ် မြင်ကောင်းမြင်လာနိုင်တယ်ရှင်။"

ဖမ်းဆီးခံထားရစဉ် ရမ်းဗြဲဒေသခံ သေဆုံးသွားတာနဲ့ ပတ်သတ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေက ဥပဒေနဲ့ ဆောင်ရွက်ပေးဖို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေဆီကို စာတင်ထားတယ်လို့လည်း ဒေါ်ထုမေက ပြောပါတယ်။

"ကျမတို့ရဲ့ပြည်သူတွေကို အမှန်တကယ်ဆိုလို့ရှိရင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ကာကွယ် ပေးရပါမယ်။ ဒါပေမဲ့ အခုအခြေအနေမှာ သံသယနဲ့ ဖမ်းဆီးတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး သက်ဆိုင်ရာတွေက တာဝန်ယူကြဖို့ ဥပဒေနဲ့အညီ ဆောင်ရွက်ကြဖို့အတွက် နေပြီးတော့ ကျမအနေနဲ့ ဒီနေ့ဆိုရင် ကာကွယ်ရေးရယ် ပြည်ထဲရေးရယ် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီးဌာနက ဝန်ကြီးတွေကို စာအသီးသီး ပို့ထားပါတယ်။"

ပြီးခဲ့တဲ့ဧပြီလအစောပိုင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ်က ဖမ်းဆီးခံရထားသူ ငါး ဦးကို တပ်မတော်ရေယာဉ်နဲ့ ခေါ်ဆောင်သွားစဉ် ထိုးကြိတ်မေးမြန်းခဲ့တဲ့ ဗွီဒီယိုဖိုင်တခု ပျံ့နှံ့ခဲ့တဲ့အတွက် ဝေဖန်သံတွေလည်း ထွက်ပေါ်ခဲ့တာပါ။ တပ်မတော်ကတော့ စည်းကမ်းနဲ့မညီတဲ့ တပ်မတော်သားတချို့ကို အရေးယူမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ်က လက်နက်ကိုင် ပဋိပက္ခတွေအတွင်း အရပ်သားတွေ ဖမ်းဆီးခံရတာ၊ ထိခိုက်သေဆုံးတာတွေ ရှိနေတဲ့အပေါ် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေကလည်း စိုးရိမ်မကင်းတဲ့ သဘောထားတွေ ပြောဆိုထားကြပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG