[Zawgyi/Unicode]
ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈေတြ ဆက္ၿပီးျဖစ္ပြားေနတဲ့ ၾကားကပဲ အစၥလာမ္ဘာသာဝင္ေတြရဲ႕ Hajj ပြဲေတာ္အတြက္ ဒီကေန႔ Mecca ၿမိဳ႕ကို ဘုရားဖူးအဖြဲ႕ေတြ စတင္လာေရာက္ေနၾကပါတယ္။
ခါတိုင္းႏွစ္ေတြတုန္းက တကမာၻလုံးက ဘုရားဖူး ၂,၀၀၀,၀၀၀ ေလာက္ ဒီေနရာကို လာေရာက္ေလ့ရွိတာပါ။
ဒီႏွစ္မွာေတာ့ ကပ္ေရာဂါ ဂယက္ေၾကာင့္ ႏိုင္ငံတကာခရီးသြားေတြကို ေဆာ္ဒီအာေရဗ်ႏိုင္ငံကတားျမစ္ထားၿပီး လူ ၁,၀၀၀ ေလာက္ပဲ ပြဲေတာ္ကို တက္ေရာက္ဖို႔ ကန္႔သတ္ထားပါတယ္။ ဒီအထဲမွာ ေဆာ္ဒီႏိုင္ငံသားေတြနဲ႔ အရင္သီတင္းပတ္ေတြတုန္းက ႀကိဳတင္ေ႐ြးခ်ယ္ထားသူ ေဒသခံတခ်ိဳ႕ကိုပဲတက္ေရာက္ခြင့္ျပဳတာပါ။
ဘုရားဖူးအဖြဲ႕ေတြက အသက္ ၂၀ က ၅၀ ၾကားရွိသူေတြျဖစ္ၿပီး Mecca ၿမိဳ႕ကို မသြားခင္ COVID-19 ကင္းရွင္းေၾကာင္း စစ္ေဆးခံရၿပီး Hajj ပြဲေတာ္ မတိုင္ခင္ သီးျခားေစာင့္ၾကည့္ဖို႔ စီစဥ္ထားတဲ့ ဟိုတယ္ေတြမွာ ေနရမွာျဖစ္ပါတယ္။ ပြဲေတာ္တြင္းလူခ်င္းခ်ဲ စည္းကမ္းသတ္မွတ္ခ်က္ေတြ လိုက္နာရမွာလည္းျဖစ္ပါတယ္။ ၅ ရက္ပြဲေတာ္ကာလၿပီးရင္လည္း သူတို႔ကို ၁ ပတ္ သီးျခားေစာင့္ၾကည့္ကာလ သတ္မွတ္ထားပါတယ္။
ေဆာ္ဒီအာေရဗ်မွာ COVID-19 ကူးစက္သူ ၂၇၀,၀၀၀ နဲ႔ ေသဆုံးသူ ၂,၈၀၀ နီးပါးရွိပါတယ္။
[Unicode Version]
ကပ်ဘေးကန့်သတ်ချက်နဲ့ Hajj ဝတ်ပြုခရီးစဉ်စတင်
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ ဆက်ပြီးဖြစ်ပွားနေတဲ့ ကြားကပဲ အစ္စလာမ်ဘာသာဝင်တွေရဲ့ Hajj ပွဲတော်အတွက် ဒီကနေ့ Mecca မြို့ကို ဘုရားဖူးအဖွဲ့တွေ စတင်လာရောက်နေကြပါတယ်။
ခါတိုင်းနှစ်တွေတုန်းက တကမ္ဘာလုံးက ဘုရားဖူး ၂,၀၀၀,၀၀၀ လောက် ဒီနေရာကို လာရောက်လေ့ရှိတာပါ။
ဒီနှစ်မှာတော့ ကပ်ရောဂါ ဂယက်ကြောင့် နိုင်ငံတကာခရီးသွားတွေကို ဆော်ဒီအာရေဗျနိုင်ငံကတားမြစ်ထားပြီး လူ ၁,၀၀၀ လောက်ပဲ ပွဲတော်ကို တက်ရောက်ဖို့ ကန့်သတ်ထားပါတယ်။ ဒီအထဲမှာ ဆော်ဒီနိုင်ငံသားတွေနဲ့ အရင်သီတင်းပတ်တွေတုန်းက ကြိုတင်ရွေးချယ်ထားသူ ဒေသခံတချို့ကိုပဲတက်ရောက်ခွင့်ပြုတာပါ။
ဘုရားဖူးအဖွဲ့တွေက အသက် ၂၀ က ၅၀ ကြားရှိသူတွေဖြစ်ပြီး Mecca မြို့ကို မသွားခင် COVID-19 ကင်းရှင်းကြောင်း စစ်ဆေးခံရပြီး Hajj ပွဲတော် မတိုင်ခင် သီးခြားစောင့်ကြည့်ဖို့ စီစဉ်ထားတဲ့ ဟိုတယ်တွေမှာ နေရမှာဖြစ်ပါတယ်။ ပွဲတော်တွင်းလူချင်းချဲ စည်းကမ်းသတ်မှတ်ချက်တွေ လိုက်နာရမှာလည်းဖြစ်ပါတယ်။ ၅ ရက်ပွဲတော်ကာလပြီးရင်လည်း သူတို့ကို ၁ ပတ် သီးခြားစောင့်ကြည့်ကာလ သတ်မှတ်ထားပါတယ်။
ဆော်ဒီအာရေဗျမှာ COVID-19 ကူးစက်သူ ၂၇၀,၀၀၀ နဲ့ သေဆုံးသူ ၂,၈၀၀ နီးပါးရှိပါတယ်။