သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ် လူမှောင်ခိုကွန်ယက်တိုက်ဖျက်ရေး အပေါ် လူ့အခွင့်အရေးအဖွဲ့တွေသံသယရှိ


ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha
ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha

(Zawgyi/Unicode)

ထိုင်းနိုင်ငံတွင်း COVID-19 ကူးစက် ပျံ့နှံ့မှုဟာ တရားမဝင် ရွှေ့ပြောင်းတွေကြောင့်လို့ ထိုင်းဝန်ကြီးချုပ် Prayut Chan-ocha က အပြစ်ဖို့ခဲ့ပြီးနောက် လူမှောင်ခိုးကူးမှု ကွင်းဆက်တွေမှာ အားပေးကူညီနေကြတဲ့ အစိုးရ တာဝန်ရှိသူတွေကို ဖော်ထုတ် စစ်ဆေးရေး အထူးကော်မတီ တရပ် ဖွဲ့စည်းဖို့ ရဲတပ်ဖွဲ့ကို ညွှန်ကြားလိုက်ပါတယ်။

အဂတိ လိုက်စားတဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေနဲ့ပေါင်းပြီး နှစ်ပေါင်းများစွာ ရပ်တည်နေတဲ့ မှောင်ခို ကွန်ရက်တွေရဲ့ အချိတ်အဆက်တွေကို အခု ဆောင်ရွက်ချက်နဲ့ ရှင်းလင်းမယ်ဆိုတဲ့ အပေါ် အခွင့်အရေး အဖွဲ့တွေကတော့ သံသယ ရှိနေကြပြီး အခု လုပ်ရပ်က တကယ့် အစစ်အမှန်ထက် လုပ်ပြတာက ပိုများတယ်လို့လည်း ယူဆနေကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းက အစိုးရရဲ့ ကာကွယ်ရေး ကောင်စီ အစည်းအဝေးကို ဝန်ကြီးချုပ် Prayut က ခေါ်ယူခဲ့ကြောင်း အစည်းအဝေး တက်ခဲ့သူ၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရ ဒုတိယ ဗိုလ်ချုပ်ကြီး Kongcheep Tantrawanit ကပြောပါတယ်။ အစိုးရ တာဝန်ရှိသူ တချို့ ပတ်သက်နေတယ်လို့ ယုံကြည်ကြေင်းနဲ့ စုံစမ်းဖော်ထုတ်သွားမယ်လို့လည်း သူက ဗွီအိုအေကို ပြောပါတယ်။

COVID 19 ကပ်ဘေးကာလ စခဲ့ချိန်ကစလို့ ထိုင်းနိုင်ငံမှာ အဆိုးရွားဆုံး ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ကြုံခဲ့ရပြီးနောက် သီတင်း တပတ်လောက် အတွင်းမှာဘဲ အခု ညွှန်ကြားချက် ထွက်လာတာပါ။ အရှေ့တောင် အာရှမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများနေတဲ့ အိမ်နီးချင်း မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ လည်ပတ်နေတဲ့ မဟာချိုင်က ပုစွန်ဈေးမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အချက်အချာ ဖြစ်နေတာပါ။

အဲဒီ ပုစွန်ဈေးမှာ COVID-19 ဖြစ်ပွားသူ ပထမဆုံး တဦး မတွေ့ခင် ဒီဇင်ဘာလ ၁၇ ရက်နေ့ အထိ ထိုင်းနိုင်ငံမှာ COVID 19 အတည်ပြု ၄,၂၉၇ ဦးဘဲ ရှိခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာ နိုင်ငံတဝန်း ကူးစက် လူနာသစ် ၂,၁၄၃ ဦး ထပ်တွေ့ပြီး အများစုက ပုစွန်ဈေးက ဖြစ်ပါတယ်။ ပထမဆုံး စတွေ့သူက ထိုင်းအမျိုးသမီး တဦး ဖြစ်ပေမယ့်လည်း ဝန်ကြီးချုပ်ကတော့ သက်သေတစုံတရာ မပြဘဲ မြန်မာဘက်က တရားမဝင် ရွှေ့ပြောင်းတွေကြောင့်လို့ အပြစ်တင်ထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


............


(Unicode)






XS
SM
MD
LG