သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းတောင်ပိုင်း မိုးကြီးရေလျှံ လူ ၅ ဦးမက သေဆုံး


(Zawgyi/Unicode)

ထိုင်းနိုင်ငံမှာတော့ တောင်ပိုင်းပြည်နယ် (၇) ခုမှာ မိုးကြီးပြီး တောင်ကျရေကြီးလာတာကြောင့် အနည်းဆုံး (၅) ဦးထိ သေဆုံးခဲ့ပါတယ်။ ဒီသေဆုံးမူအားလုံးကတော့ Nakhon Si Thammarat ပြည်နယ်မှာ ဖြစ်ခဲ့တာလို့ ထိုင်းအရာရှိတွေက မနေ့က ထုတ်ပြောထားပါတယ်။

ရုပ်မြင်သံကြားသတင်းတွေထဲမှာလည်း ဆေးရုံဝန်ထမ်းတွေအနေနဲ့ အရေးပေါ်ကုသဆောင်အပြင်ဖက်မှာ သဲအိပ်တွေပုံပြီး၊ လမ်းမပေါ်ကရေတွေ ဝင်မလောအောင် တားဆီးနေကြပါတယ်။

အခြားပုံတွေထဲမှာလည်း ပေါင်လောက်ထိမြုပ်တဲ့ ရေတွေထဲ မော်တော်ဆိုင်ကယ်တွေကို တွန်းသွားနေကြချိန်မှာ၊ သံဃာတော်တွေအပါအဝင် ဒီပြည်နယ်ကတချို.လည်း ဈေးပိုင်းအတွင်း လှေလှော်ပြီး သွားနေကြကာ၊ ကလေးတွေကလည်း ရေထဲဆော့နေကြပါတယ်။

တကယ်တော့ ဒီတောင်ကျရေကြီးမူက ပြီးခဲ့တဲ့ တစ်ပတ်ထဲက စဖြစ်ခဲ့ပြီး၊ မနေ့က စသက်သာလာတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားကာ၊ ဒီတောင်ပိုင်းပြည်နယ် (၇) ခုက အိမ်ထောင်စုပေါင်း ၂၅၅ ၀၀၀ ကျော် ထိခိုက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

တကယ်တော့ အခုရေကြီးဒဏ်ခံရတဲ့ ဒေသက ကမ္ဘာပေါ်ကိုအဓိက ရာဘာတင်ပို့နေတဲ့၊ ထိုင်းရာဘာစိုက်ဒေသလည်းဖြစ်ပါတယ်။

ထိုင်းနိုင်ငံရာဘာဆိုင်ရာအုပ်ချုပ်မူအဖွဲ့ကလည်း၊ ရာဘာပင် ၂၀ ထက်ပိုပြီး ဖျက်ဆီးခံခဲ့ရတဲ့ လယ်သမားတစ်ဦးကို လျော်ကြေး အမေရိကန် ဒေါ်လာတရာနီးပါးရှိတဲ့ ဘတ်ငွေ ၃၀၀၀ ပေးသွားမယ်လို့ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


.............


(Unicode)








XS
SM
MD
LG