သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေျမာက္ကုိရီးယားမွာ ေရေဘးေၾကာင့္ လူ ၂၀ ေက်ာ္ေသဆုံး


ေျမာက္ကိုရီးယားႏိုင္ငံ Pyongyang ၿမိဳ႕က လမ္းသြားလမ္းလာ အမ်ိဳးသမီး ႏွစ္ဦး။ (ၾသဂုတ္ ၀၅၊ ၂၀၂၀)

[Zawgyi/Unicode]

ေျမာက္ကိုရီးယားနုိင္ငံမွာ အႀကီးအက်ယ္ေရႀကီးေနတာေၾကာင့္ လူ ၂၂ ဦးထက္မနည္းေသဆံုးၿပီးေနာက္ထပ္လူ ၄ ဦးေပ်ာက္ဆုံးေနတယ္လုိ႔ ႏုိင္ငံတကာၾကက္ေျခနီအဖြဲ႔နဲ႔ လျခမ္းနီအဖြဲ႔ IFRC ကေျပာပါတယ္။

ေျမာက္ကိုရီးယား တာ၀န္ရွိသူေတြကို ကိုးကားေဖာ္ျပထားတဲ့ IFRC ရဲ ႔ေၾကျငာခ်က္မွာေတာ့ ေရႀကီးေရလ ွ်ံမႈေၾကာင့္ သီးႏွံစိုက္ခင္းအေတာ္မ်ားမ်ားလည္း ပ်က္စီးသြားတယ္လို႔ ဆိုပါတယ္။ ဒီျဖစ္ရပ္ေၾကာင့္ ကာလတာရွည္ စားနပ္ရိကၡာရွားပါးမႈနဲ႔ အႀကီးအက်ယ္ရင္ဆုိင္ေနရတဲ့ ေျမာက္ကိုရီးယားႏုိင္ငံရဲ ႔ စီးပြါးေရးပိုၿပီး အထိနာေစပါတယ္။

အစိုးရပိုင္ KCNA သတင္းဌာနကလည္း ေရႀကီးမႈေၾကာင့္ သီးႏွံစိုက္ခင္း ဧကေပါင္း ၁၀၀,၀၀၀ ၀န္းက်င္ ပ်က္စီးဆုံးရႈံးခဲ့ရသလို အိမ္ေျခ ၁၇,၀၀၀ ေက်ာ္ ပ်က္စီးတာ၊ ေရ၀င္တာေတြျဖစ္ခဲ့တယ္္လို႔ေသာၾကာေန႔မွာ ေျပာပါတယ္။ ကားလမ္း၊ ရထားလမ္းေတြနဲ႔ တံတားအေတာ္မ်ားမ်ားလည္း ၿပိဳက်ပ်က္စီးခဲ့ရသလို တုိင္းျပည္ စီးပြားေရးလုပ္ငန္းအေတာ္မ်ားမ်ား ထိခိုက္နစ္နာခဲ့ရတယ္လို႔လည္း KCNA သတင္းကေဖာ္ျပခဲ့တာပါ။

ကိုရီးယားကၽြန္းဆြယ္မွာ မိုးရာသီကာလ သာမန္ထက္ ရက္ၾကာရွည္လာပါတယ္။ ေတာင္ကိုရီးယားႏုိင္ငံကတခ်ိဳ႕ေဒသေတြမွာ လတ္တေလာ ၄၉ ရက္ဆက္တုိက္ မိုးမျပတ္ရြာသြန္းခဲ့တာေၾကာင့္ ေရႀကီးေျမၿပိဳၿပီးလူ ဒါနဲ႔ခ်ီေသဆုံးခဲ့ရပါတယ္။ ေျမာက္ကိုရီးယားႏုိင္ငံကေတာ့အေျခခံအေဆာက္အအုံ မလုံေလာက္တာ၊ ထင္းနဲ႔ေလာင္စာအတြက္ အသုံးျပဳတာ၊ ေတာင္ယာခ်ဲ႔ထြင္ဖို႔သစ္ပင္ေတြမဆင္မျခင္ခုတ္ယူတာေတြၾကာင့္ အဆမတန္ သစ္ေတာျပဳန္းတီးေနတဲ့အတြက္ ေရေဘးအႏၱရာယ္ကိုပိုၿပီး ရင္ဆုိင္ေနရတာလည္းျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြောက်ကိုရီးယားမှာ ရေဘေးကြောင့် လူ ၂၀ ကျော်သေဆုံး

မြောက်ကိုရီးယားနိုင်ငံမှာ အကြီးအကျယ်ရေကြီးနေတာကြောင့် လူ၂၂ ဦးထက်မနည်းသေဆုံးပြီးနောက်ထပ်လူ ၄ ဦးပျောက်ဆုံးနေတယ်လို့ နိုင်ငံတကာကြက်ခြေနီအဖွဲ့နဲ့ လခြမ်းနီအဖွဲ့ IFRC ကပြောပါတယ်။

မြောက်ကိုရီးယား တာဝန်ရှိသူတွေကို ကိုးကားဖော်ပြထားတဲ့ IFRC ရဲ့ကြေငြာချက်မှာတော့ ရေကြီးရေလ ျှံမှုကြောင့် သီးနှံစိုက်ခင်းအတော်များများလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ ဒီဖြစ်ရပ်ကြောင့် ကာလတာရှည် စားနပ်ရိက္ခာရှားပါးမှုနဲ့ အကြီးအကျယ်ရင်ဆိုင်နေရတဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ စီးပွါးရေးပိုပြီး အထိနာစေပါတယ်။

အစိုးရပိုင် KCNA သတင်းဌာနကလည်း ရေကြီးမှုကြောင့် သီးနှံစိုက်ခင်း ဧကပေါင်း ၁၀၀,၀၀၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ရသလို အိမ်ခြေ ၁၇,၀၀၀ ကျော် ပျက်စီးတာ၊ ရေဝင်တာတွေဖြစ်ခဲ့တယ်လို့သောကြာနေ့မှာ ပြောပါတယ်။ ကားလမ်း၊ ရထားလမ်းတွေနဲ့ တံတားအတော်များများလည်း ပြိုကျပျက်စီးခဲ့ရသလို တိုင်းပြည် စီးပွားရေးလုပ်ငန်းအတော်များများ ထိခိုက်နစ်နာခဲ့ရတယ်လို့လည်း KCNA သတင်းကဖော်ပြခဲ့တာပါ။

ကိုရီးယားကျွန်းဆွယ်မှာ မိုးရာသီကာလ သာမန်ထက် ရက်ကြာရှည်လာပါတယ်။ တောင်ကိုရီးယားနိုင်ငံကတချို့ဒေသတွေမှာ လတ်တလော ၄၉ ရက်ဆက်တိုက် မိုးမပြတ်ရွာသွန်းခဲ့တာကြောင့် ရေကြီးမြေပြိုပြီးလူ ဒါနဲ့ချီသေဆုံးခဲ့ရပါတယ်။ မြောက်ကိုရီးယားနိုင်ငံကတော့အခြေခံအဆောက်အအုံ မလုံလောက်တာ၊ ထင်းနဲ့လောင်စာအတွက် အသုံးပြုတာ၊ တောင်ယာချဲ့ထွင်ဖို့သစ်ပင်တွေမဆင်မခြင်ခုတ်ယူတာတွေကြာင့် အဆမတန် သစ်တောပြုန်းတီးနေတဲ့အတွက် ရေဘေးအန္တရာယ်ကိုပိုပြီး ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG