သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဗီယက္နမ္အလယ္ပိုင္း ေရေဘးေၾကာင့္ အနည္ဆံုး လူ ၁၇ ဦးေသဆံုး


ဗီယက္နမ္အလယ္ပိုင္း ေရႀကီးမႈျဖစ္

(Zawgyi/Unicode)

ဗီယက္နမ္ ႏုိင္ငံ အလယ္ပိုင္းေဒသမွာ ၿပီးခဲ႔တဲ႔ သီတင္းပတ္ အတြင္း မိုးသည္းထန္ၿပီး ေရႀကီးတာေၾကာင့္ အနည္းဆံုး လူ ၁၇ ဦး ေသဆံုးခဲ႔ရသလို လူေပါင္း ေသာင္းနဲ႔ခ်ီၿပီး ေဘးလြတ္ရာ ေရႊ႕ေျပာင္းေပးထားေၾကာင္း ႏုိင္ငံပိုင္ သတင္းက ေဖာ္ျပပါတယ္။

ေဒသတြင္းက ရတဲ႔ ပံုေတြထဲမ်ာေတာ့ Quang Tri ေဒသတြင္းက ရြာအားလံုးနီးပါး ေရႀကီး နစ္ျမဳပ္ေနၿပီး ေထာင္နဲ႔ခ်ီတဲ႔ ေဒသံေတြ အတြက္ စားနပ္ရိကၡာ ေထာက္ပံ႔မႈလည္း ျပတ္ေတာက္ေနပါတယ္။ လူေပါင္း ၄၀,၀၀၀ ေက်ာ္ကို ကုန္းျမင့္ပိုင္းကို ေရႊ႕ေျပာင္းထားရပါတယ္။ ေနာက္ထပ္ အပူပိုင္း မုန္တိုင္း Linfa ၀င္လာခ်ိန္မွာ ထပ္ၿပီး မိုးသည္းထန္ၿပီး အေျခအေန ပိုဆိုးလာဦးမယ္လို႔ ယူဆေၾကာင္း အာဏာပိုင္တို႔က ေျပာဆိုပါတယ္။

ဗီယက္နမ္ ႏုိင္ငံဟာဆိုရင္ မုန္တိုင္းေတြ ၀င္ေရာက္ တိုက္ခတ္တာေၾကာင့္ ေရႀကီး ေျမၿပိဳမႈနဲ႔ ႀကံဳေတြ႔ရေလ႔ရွိၿပီး အလယ္ပိုင္း ကမ္းရိုးတန္း ေဒသက ေဘးဒဏ္အခံရဆံုး ျဖစ္ပါတယ္။ ၿပီးခဲ႔တဲ႔ ႏွစ္တြင္း သဘာ၀ ေဘးဒဏ္ေတြ အတြင္း ေသဆံုး ဒါမွမဟုတ္လည္း ေပ်ာက္ဆံုး အျဖစ္ စာရင္းသြင္းခံရသူ အနည္းဆံုး ၁၃၂ ဦး ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ဗီယက်နမ်အလယ်ပိုင်း ရေဘေးကြောင့် အနည်ဆုံး လူ ၁၇ ဦးသေဆုံး

(Unicode)

ဗီယက်နမ် နိုင်ငံ အလယ်ပိုင်းဒေသမှာ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း မိုးသည်းထန်ပြီး ရေကြီးတာကြောင့် အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ရသလို လူပေါင်း သောင်းနဲ့ချီပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားကြောင်း နိုင်ငံပိုင် သတင်းက ဖော်ပြပါတယ်။

ဒေသတွင်းက ရတဲ့ ပုံတွေထဲမျာတော့ Quang Tri ဒေသတွင်းက ရွာအားလုံးနီးပါး ရေကြီး နစ်မြုပ်နေပြီး ထောင်နဲ့ချီတဲ့ ဒေသံတွေ အတွက် စားနပ်ရိက္ခာ ထောက်ပံ့မှုလည်း ပြတ်တောက်နေပါတယ်။ လူပေါင်း ၄၀,၀၀၀ ကျော်ကို ကုန်းမြင့်ပိုင်းကို ရွှေ့ပြောင်းထားရပါတယ်။ နောက်ထပ် အပူပိုင်း မုန်တိုင်း Linfa ဝင်လာချိန်မှာ ထပ်ပြီး မိုးသည်းထန်ပြီး အခြေအနေ ပိုဆိုးလာဦးမယ်လို့ ယူဆကြောင်း အာဏာပိုင်တို့က ပြောဆိုပါတယ်။

ဗီယက်နမ် နိုင်ငံဟာဆိုရင် မုန်တိုင်းတွေ ဝင်ရောက် တိုက်ခတ်တာကြောင့် ရေကြီး မြေပြိုမှုနဲ့ ကြုံတွေ့ရလေ့ရှိပြီး အလယ်ပိုင်း ကမ်းရိုးတန်း ဒေသက ဘေးဒဏ်အခံရဆုံး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွင်း သဘာ၀ ဘေးဒဏ်တွေ အတွင်း သေဆုံး ဒါမှမဟုတ်လည်း ပျောက်ဆုံး အဖြစ် စာရင်းသွင်းခံရသူ အနည်းဆုံး ၁၃၂ ဦး ရှိပါတယ်။

XS
SM
MD
LG