သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံေျမာက္ပိုင္း မိုးမ်ားေရႀကီးအႏၲရာယ္ထပ္ရွိ


မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနရဲ႕ မိုးေလ၀သခန္႔မွန္းခ်က္။ (ဓာတ္ပံု - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန -စက္တင္ဘာ ၂၈၊ ၂၀၂၀)

[Zawgyi/Unicode]

မၾကာေသးခင္ ရက္ေတြအတြင္း မုိးမ်ားေရႀကီးမႈေတြ ႀကံဳရတဲ့အတြက္ ေဘးလြတ္ရာ ေျပာင္းေရႊ႕ရသူေတြ ရွိခဲ့သလုိ၊ ေနာက္ထပ္ ေရႀကီးေရလွ်ံမႈ အႏၱရာယ္ ရွိေနတဲ့အတြက္ သတိထားဖုိ႔လည္း မုိးေလ၀သပညာရွင္ေတြ သတိေပးထားတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအဂၢႏြန္က ေျပာျပပါမယ္။

ဒီရက္ပုိင္းတြင္း မုိးမ်ားေရႀကီးမႈေတြေၾကာင့္ ျမန္မာႏုိင္ငံေျမာက္ပုိင္းမွာ ေရေဘးသင့္ခဲ့သလုိ ေနာက္ထပ္ ေရႀကီး၊ ေျမၿပိဳႏုိင္တဲ့ အႏၱရာယ္ကုိလည္း ကၽြမ္းက်င္သူေတြ သတိေပးေနၾကတာပါ။ မုိးမ်ားေရႀကီးမႈေတြ ႀကံဳခဲ့ရတဲ့ ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕မွာဆိုရင္လည္း ဧရာဝတီျမစ္ေရ ျမင့္တက္မႈေၾကာင့္ ေနအိမ္ေတြ ေရနစ္ျမွဳပ္ခဲ့ရာက အိမ္ေထာင္စု ၉၀ ေက်ာ္ ေဘးလြတ္ရာ ေျပာင္းေရႊ႕ေပးခဲ့ရပါတယ္။

ကခ်င္ျပည္နယ္အတြင္း ၿပီးခဲ့တဲ့ ၂၅ ရက္ေန ၂၇ ရက္ထိ ေရေဘးသင့္သူ ေထာင္နဲ႔ခ်ီရွိတယ္လုိ႔လည္း ေဘးအႏၲရာယ္ဆိုင္ရာ

စီမံခန႔္ခြဲမႈဦးစီဌာန ညႊန္ၾကားေရးမွဴး ေဒၚျဖဴလဲ့လဲ့ထြန္းက ေျပာပါတယ္။

“ခုဏက ဖားကန္႔က ၄၁၀ေလာက္ စုစုေပါင္း ၈၄၀ ေက်ာ္ေလာက္ေတာ့ ျဖစ္တယ္၊ အခု ကခ်င္ျပည္နယ္ထဲမွာေပါ့ ဖားကန္႔ရယ္ ျမစ္ၾကီးနား၊ ဆင္ဘို၊ လူဦးေရက်ေတာ့ စုစုေပါင္းဆိုရင္ ၄,၈၀၀ ေလာက္ရွိတယ္။”

ဖားကန္႔ၿမိဳ႕နယ္မွာ ဆုိရင္လည္း မိုးအဆက္အျပတ္ရြာသြန္းၿပီး ဥ႐ုေခ်ာင္းျမစ္ေရ စံခ်ိန္တင္ျမင့္တက္ရာက ေရေေဘးသင့္ အိမ္ေထာင္စု ၁,၀၀၀ ေက်ာ္ကို ေဘးလြတ္ရာ ေျပာင္းေရႊ႕ေပးထားရတယ္လုိ႔လည္း ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးက ေျပာပါတယ္။

ျမန္မာႏိုင္ငံ ေျမာက္ပိုင္းေဒသေတြမွာ ဒီႏွစ္ ပုံမွန္ထက္ မိုးမ်ားေနတယ္လို႔လည္း မိုးေလဝသပညာရွင္လည္းျဖစ္ အမ်ဳိးသားေဘးအႏၱရာယ္ စီမံခန္႔ခြဲမႈဆိုင္ရာအႀကံေပးအဖြဲ႔ အတြင္းေရးမွဴးလည္း ျဖစ္တဲ့ ဦးခ်စ္ေက်ာ္က ေျပာပါတယ္။

“ျမန္မာႏိုင္ငံ ေျမာက္ပိုင္းမွာ မုတ္သံုေလ ဆုတ္ခြာသြားၿပီး ျဖစ္ေသာ္လည္းပဲ မိုးေတြ ရြာေနတယ္၊ ဒီလိုမိုးရြာတာ ပံုမွန္မဟုတ္ဘူး၊ အခါတိုင္း ႏွစ္ေတြက မုတ္သုံဆုတ္ၿပီးရင္ ေျမာက္ပိုင္းမွာ မိုးေလ်ာ့သြားတယ္၊ မရြာဘူး၊ လံုးဝမရြာဘူး ေျပာတာမဟုတ္ဘူး၊ ေလ်ာ့သြားတယ္။ အခုက ရြာတယ္မိုးမ်ားတယ္။”

မုိးမ်ားေရႀကီးမႈေတြ ႀကံဳေနရခ်ိန္မွာပဲ ေနာက္ထပ္ရာသီဥတု ဆုိးရြားႏုိင္တဲ့ အႏၱရာယ္နဲ႔လည္း ႀကံဳေနရတာပါ။ ကပၸလီပင္လယ္ျပင္နဲ႔ ဘဂၤလားပင္လယ္ေအာ္တို႔မွာ ေလဖိအားနည္း ရပ္ဝန္းေၾကာင့္ မုန္တိုင္းအႏၱရာယ္ ရွိေနတယ္လုိ႔လည္း မိုးေလဝသနဲ႔ ဇလေဗဒဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာေက်ာ္မိုးဦးက ခန္႔မွန္းထားပါတယ္။

“ေအာက္တိုဘာလအတြက္ လပတ္ခန္႔မွန္းခ်က္မွာဆိုရင္ က်ေနာ္တို႔ ေလဖိအားနည္း ရပ္ဝန္ ႏွစ္ႀကိမ္ျဖစ္ႏိုင္ၿပီးေတာ့ တစ္ႀကိမ္မွာေတာ့ ပိုမိုအားေကာင္းလာၿပီးေတာ့မွ မုန္းတိုင္ငယ္အျဖစ္ေရာက္ႏိုင္တယ္ဆိုၿပီးေတာ့ ခန္႔မွန္ထားပါတယ္။ ဒီကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္မွာ ေလဖိအားနည္း ရပ္ဝန္း မုန္တုိင္းေတြျဖစ္လာၿပီဆိုရင္ က်ေနာ္တို႔ သတိျပဳဖို႔လိုတယ္။ ဒီိမုန္တိုင္းအေနရဲ႕ ၈၅ ရာခိုင္ႏႈန္းေလာက္ကေတာ့ အိႏၵိယနဲ႔ ဘဂၤလားေဒ့ရွ္ဘက္တို႔ သြားေပးမယ့္ က်န္တဲ့ ၁၅ ရာခိုင္ႏႈန္းက ျမန္မာ့ကမ္းရုိးတန္းဝင္ခဲ့တဲ့အေနအထားမ်ဳိးေတြ ဒီ ေလဖိအားနည္းရပ္ဝန္း အထူးေစာင့္ၾကည့္ဖို႔လိုပါတယ္။”

ဒီကာလေတြမွာ ေလဖိအားနည္းရပ္ဝန္းေတြ မုန္တိုင္းေတြေၾကာင့္ပင္လယ္ေရလိႈင္းႀကီးတာ ေလျပင္းခတ္တိုက္တာ မိုးသက္ေလျပင္း က်ေရာက္ႏိုင္တာၿပီး ပင္လယ္ျပင္ထြက္မယ့္ သူေတြ သတိျပဳဖို႔လိုတယ္လို႔လည္း ေျပာပါတယ္။

ေတာင္တ႐ုတ္ ပင္လယ္ျပင္က မုန္တိုင္းအၾကြင္းအက်န္ေၾကာင့္ ျမန္မာႏိုင္ငံ တခ်ဳိ႕ေဒသေတြမွာ မိုးသည္းထန္ရြာသြန္ၿပီး ျမစ္ငယ္ေခ်ာင္းငယ္ေတြမွာလည္း ေရျပည့္ေရလွ်ံမႈ အႏၱရာယ္ျဖစ္ႏိုင္ေၾကာင္း ေျပာပါတယ္။ ဒီရက္ပိုင္းအတြင္းမွာ ဧရာဝတီျမစ္ေရ ျမင့္တက္လာၿပီး တခ်ဳိ႕ ေနရာေတြမွာ စိုးရိမ္ေရမွတ္ အထက္ေရာက္ရွိႏိုင္တာေၾကာင့္ ျမစ္ကမ္း အနီးအနားေနရာသူေတြ သတိဖို႔လိုတယ္လို႔လည္း ေဒါက္တာေက်ာ္မိုးဦးက ေျပာပါတယ္။

“ေရႊဂူကေတာ့ မနက္ျဖန္ေလာက္ဆိုရင္ ဒါ စိုးရိမ္မွတ္ေရာက္သြားႏိုင္တယ္ေပါ့ေနာ္၊ ေအာက္တိုဘာလအတြက္ ခန္႔မွန္းခ်က္မွာဆိုရင္ စိုးရိမ္ေရအမွတ္အထက္ေရာက္ႏိုင္တဲ့ ဥစၥာက ေရႊဂူ၊ ကသာ၊ ေညာင္ဦး၊ ဆိပ္သာ၊ ဟသၤာတရေပါ့ေနာ္၊ ဧရာဝတီျမစ္မွာဆိုရင္ေတာ့ စိုးရိ္မ္ေရမွတ္ေရာက္ႏိုင္မယ့္ အေနအထားမ်ဳိးေတြ၊ ေရႊဂူကေတာ့ ဒီလထဲျဖစ္သြားႏိုင္တယ္၊ လကုန္ခါနီးနားေလာက္မွာ စိုးရိမ္ေရမွတ္ေက်ာ္သြားတဲ့ အေနအထားမ်ဳိးေတြရွိတယ္ေပါ့ေနာ္။”

ပဲခူး၊ ရန္ကုန္၊ ဧရာဝတီ၊ ရွမ္းျပည္နယ္၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္ေတြမွာ မိုးထစ္ခ်ဳန္းႏိုင္ၿပီး တနသၤာရီတိုင္း၊ ကရင္ျပည္နယ္ နဲ႔ မြန္ျပည္နယ္တို႔က စက္တင္ဘာ ၂၉ ရက္ေန႔မွာ မိုးႀကီးႏိုင္တယ္လို႔ မိုးေလဝသနဲ႔ ဇလေဗဒညႊန္ၾကားးမႈဦးစီးဌာနက သတင္းထုတ္ျပန္ ထားပါတယ္။ ျမန္မာႏုိင္ငံအႏွံ႔ ၿပီးခဲ့တဲ့ ဇူလိုင္ကေန စက္တင္ဘာ ၁၇ ရက္ထိ မိုးႀကီးေရလွ်ံမႈေၾကာင့္ ျပည္နယ္နဲ႔ တိုင္း ၁၁ ခုမွာ မုိးမ်ားၿပီး ေရႀကီးခဲ့ရာက အိမ္ေထာင္စု ၂၃,၀၀၀ ေက်ာ္၊ လူဦးေရ ၁၀၀,၀၀၀ နီးပါး ေရေဘးသင့္ခဲ့ေၾကာင္းလည္း ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဦးစီဌာန သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာနိုင်ငံမြောက်ပိုင်း မိုးများရေကြီးအန္တရာယ်ထပ်ရှိ

မကြာသေးခင် ရက်တွေအတွင်း မိုးများရေကြီးမှုတွေ ကြုံရတဲ့အတွက် ဘေးလွတ်ရာ ပြောင်းရွှေ့ရသူတွေ ရှိခဲ့သလို၊ နောက်ထပ် ရေကြီးရေလျှံမှု အန္တရာယ် ရှိနေတဲ့အတွက် သတိထားဖို့လည်း မိုးလေဝသပညာရှင်တွေ သတိပေးထားတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအဂ္ဂနွန်က ပြောပြပါမယ်။

ဒီရက်ပိုင်းတွင်း မိုးများရေကြီးမှုတွေကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းမှာ ရေဘေးသင့်ခဲ့သလို နောက်ထပ် ရေကြီး၊ မြေပြိုနိုင်တဲ့ အန္တရာယ်ကိုလည်း ကျွမ်းကျင်သူတွေ သတိပေးနေကြတာပါ။ မိုးများရေကြီးမှုတွေ ကြုံခဲ့ရတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာဆိုရင်လည်း ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် နေအိမ်တွေ ရေနစ်မြှုပ်ခဲ့ရာက အိမ်ထောင်စု ၉၀ ကျော် ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ရပါတယ်။

ကချင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ ၂၅ ရက်နေ ၂၇ ရက်ထိ ရေဘေးသင့်သူ ထောင်နဲ့ချီရှိတယ်လို့လည်း ဘေးအန္တရာယ်ဆိုင်ရာ

စီမံခန့်ခွဲမှုဦးစီဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။

“ခုဏက ဖားကန့်က ၄၁၀လောက် စုစုပေါင်း ၈၄၀ ကျော်လောက်တော့ ဖြစ်တယ်၊ အခု ကချင်ပြည်နယ်ထဲမှာပေါ့ ဖားကန့်ရယ် မြစ်ကြီးနား၊ ဆင်ဘို၊ လူဦးရေကျတော့ စုစုပေါင်းဆိုရင် ၄,၈၀၀ လောက်ရှိတယ်။”

ဖားကန့်မြို့နယ်မှာ ဆိုရင်လည်း မိုးအဆက်အပြတ်ရွာသွန်းပြီး ဥရုချောင်းမြစ်ရေ စံချိန်တင်မြင့်တက်ရာက ရေေဘေးသင့် အိမ်ထောင်စု ၁,၀၀၀ ကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးထားရတယ်လို့လည်း မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေမှာ ဒီနှစ် ပုံမှန်ထက် မိုးများနေတယ်လို့လည်း မိုးလေဝသပညာရှင်လည်းဖြစ် အမျိုးသားဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာအကြံပေးအဖွဲ့ အတွင်းရေးမှူးလည်း ဖြစ်တဲ့ ဦးချစ်ကျော်က ပြောပါတယ်။

“မြန်မာနိုင်ငံ မြောက်ပိုင်းမှာ မုတ်သုံလေ ဆုတ်ခွာသွားပြီး ဖြစ်သော်လည်းပဲ မိုးတွေ ရွာနေတယ်၊ ဒီလိုမိုးရွာတာ ပုံမှန်မဟုတ်ဘူး၊ အခါတိုင်း နှစ်တွေက မုတ်သုံဆုတ်ပြီးရင် မြောက်ပိုင်းမှာ မိုးလျော့သွားတယ်၊ မရွာဘူး၊ လုံးဝမရွာဘူး ပြောတာမဟုတ်ဘူး၊ လျော့သွားတယ်။ အခုက ရွာတယ်မိုးများတယ်။”

မိုးများရေကြီးမှုတွေ ကြုံနေရချိန်မှာပဲ နောက်ထပ်ရာသီဥတု ဆိုးရွားနိုင်တဲ့ အန္တရာယ်နဲ့လည်း ကြုံနေရတာပါ။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်း ရပ်ဝန်းကြောင့် မုန်တိုင်းအန္တရာယ် ရှိနေတယ်လို့လည်း မိုးလေဝသနဲ့ ဇလဗေဒဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ခန့်မှန်းထားပါတယ်။

“အောက်တိုဘာလအတွက် လပတ်ခန့်မှန်းချက်မှာဆိုရင် ကျနော်တို့ လေဖိအားနည်း ရပ်ဝန် နှစ်ကြိမ်ဖြစ်နိုင်ပြီးတော့ တစ်ကြိမ်မှာတော့ ပိုမိုအားကောင်းလာပြီးတော့မှ မုန်းတိုင်ငယ်အဖြစ်ရောက်နိုင်တယ်ဆိုပြီးတော့ ခန့်မှန်ထားပါတယ်။ ဒီကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်း ရပ်ဝန်း မုန်တိုင်းတွေဖြစ်လာပြီဆိုရင် ကျနော်တို့ သတိပြုဖို့လိုတယ်။ ဒီမုန်တိုင်းအနေရဲ့ ၈၅ ရာခိုင်နှုန်းလောက်ကတော့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်တို့ သွားပေးမယ့် ကျန်တဲ့ ၁၅ ရာခိုင်နှုန်းက မြန်မာ့ကမ်းရိုးတန်းဝင်ခဲ့တဲ့အနေအထားမျိုးတွေ ဒီ လေဖိအားနည်းရပ်ဝန်း အထူးစောင့်ကြည့်ဖို့လိုပါတယ်။”

ဒီကာလတွေမှာ လေဖိအားနည်းရပ်ဝန်းတွေ မုန်တိုင်းတွေကြောင့်ပင်လယ်ရေလှိုင်းကြီးတာ လေပြင်းခတ်တိုက်တာ မိုးသက်လေပြင်း ကျရောက်နိုင်တာပြီး ပင်လယ်ပြင်ထွက်မယ့် သူတွေ သတိပြုဖို့လိုတယ်လို့လည်း ပြောပါတယ်။

တောင်တရုတ် ပင်လယ်ပြင်က မုန်တိုင်းအကြွင်းအကျန်ကြောင့် မြန်မာနိုင်ငံ တချို့ဒေသတွေမှာ မိုးသည်းထန်ရွာသွန်ပြီး မြစ်ငယ်ချောင်းငယ်တွေမှာလည်း ရေပြည့်ရေလျှံမှု အန္တရာယ်ဖြစ်နိုင်ကြောင်း ပြောပါတယ်။ ဒီရက်ပိုင်းအတွင်းမှာ ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး တချို့ နေရာတွေမှာ စိုးရိမ်ရေမှတ် အထက်ရောက်ရှိနိုင်တာကြောင့် မြစ်ကမ်း အနီးအနားနေရာသူတွေ သတိဖို့လိုတယ်လို့လည်း ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။

“ရွှေဂူကတော့ မနက်ဖြန်လောက်ဆိုရင် ဒါ စိုးရိမ်မှတ်ရောက်သွားနိုင်တယ်ပေါ့နော်၊ အောက်တိုဘာလအတွက် ခန့်မှန်းချက်မှာဆိုရင် စိုးရိမ်ရေအမှတ်အထက်ရောက်နိုင်တဲ့ ဥစ္စာက ရွှေဂူ၊ ကသာ၊ ညောင်ဦး၊ ဆိပ်သာ၊ ဟင်္သာတရပေါ့နော်၊ ဧရာဝတီမြစ်မှာဆိုရင်တော့ စိုးရိမ်ရေမှတ်ရောက်နိုင်မယ့် အနေအထားမျိုးတွေ၊ ရွှေဂူကတော့ ဒီလထဲဖြစ်သွားနိုင်တယ်၊ လကုန်ခါနီးနားလောက်မှာ စိုးရိမ်ရေမှတ်ကျော်သွားတဲ့ အနေအထားမျိုးတွေရှိတယ်ပေါ့နော်။”

ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တွေမှာ မိုးထစ်ချုန်းနိုင်ပြီး တနင်္သာရီတိုင်း၊ ကရင်ပြည်နယ် နဲ့ မွန်ပြည်နယ်တို့က စက်တင်ဘာ ၂၉ ရက်နေ့မှာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားးမှုဦးစီးဌာနက သတင်းထုတ်ပြန် ထားပါတယ်။ မြန်မာနိုင်ငံအနှံ့ ပြီးခဲ့တဲ့ ဇူလိုင်ကနေ စက်တင်ဘာ ၁၇ ရက်ထိ မိုးကြီးရေလျှံမှုကြောင့် ပြည်နယ်နဲ့ တိုင်း ၁၁ ခုမှာ မိုးများပြီး ရေကြီးခဲ့ရာက အိမ်ထောင်စု ၂၃,၀၀၀ ကျော်၊ လူဦးရေ ၁၀၀,၀၀၀ နီးပါး ရေဘေးသင့်ခဲ့ကြောင်းလည်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီဌာန သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG