သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံမွာ မုိးမ်ားေရႀကီးမႈေတြနဲ႔ ထပ္ႀကံဳရႏုိင္ေျခရွိ


မြန္ျပည္နယ္ မုဒံုၿမိဳ႕နယ္ ကတံုေပၚေက်းရြာမွာ တူးေျမာင္း ေရတိုက္စားၿပီး ေပ ၆၀ ေလာက္ ကမ္းပါးၿပိဳက် (ဓါတ္ပံု-Myanmar Fire Services Department)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံ ေနရာတခ်ဳိ႕မွာ မၾကာေသးခင္က မုိးမ်ားၿပီး ေရႀကီးေျမၿပိဳမႈေတြ ႀကံဳခဲ့ရသလုိ၊ ေနာက္ထပ္လည္း ႀကံဳရႏုိင္တဲ့ အႏၱရယ္ ရွိေနေသးတယ္လုိ႔ မိုးေလဝသပညာရွင္ေတြ သတိေပးေနတဲ့အေၾကာင္း အဂၢႏြန္ ေျပာျပာပါမယ္။

ျမန္မာႏိုင္ငံအတြင္း တိုင္းနဲ႔ ျပည္နယ္ ၈ ခုမွာ ေနရာအႏွံ႔ မိုးထစ္ခ်ဳန္းရြာႏိုင္ၿပီး စစ္ကိုင္းတိုင္းနဲ႔ ကခ်င္ျပည္နယ္တို႔မွာ ေနရာတခ်ဳိ႕ မိုးႀကီးႏိုင္တယ္လို႔ မိုးေလဝသပညာရွင္ေတြ ခန္႔မွန္းထားပါတယ္။ မုိးမ်ားေရႀကီးရာက ေျမၿပိဳမႈ အႏၱရာယ္ေတြ ရွိႏုိင္ေၾကာင္းလည္း မိုးေလဝသနဲ႔ ဇလေဗဒၫႊန္ၾကားေရးဦးစီးဌာန ဒုတိယညႊန္ၾကားေရးမွဴး ဦးလွထြန္းက ေျပာပါတယ္။

“ျမစ္ကမ္းပါးၿပိဳတာေတာ့ ဒါကျမစ္ေရတက္လာရင္ေတာ့ ျမစ္ေရမ်ားလာရင္ေတာ့ ကမ္းပါၿပိဳတဲ့ အေနအထားရွိတဲ့အခါက်ေတာ့၊ ဟို မိုးကေတာ့ ရာသီဥတုဆိုးဆိုးဝါးဝါးေတာ့ ျဖစ္တာမ်ဳိးေတာ့မရွိေပမယ့္ ေစာေစာကေျပာတ့ဲ မိုးမ်ားတဲ့အေနအထားလည္း ေျမာက္ပိုင္းေတြက ရွိေသးတဲ့ အခါက်ေတာ့ ျမစ္ေၾကာင္းတစ္ေလွ်ာက္မွာေတာ့ နည္းနည္းသတိထားရမွာေပါ့ေလ။ျမစ္ေရကေတာ့ စိုးရိမ္ေရမွတ္ေရာက္တာ လက္ရွိမွာ စိုးရိမ္ေရမွတ္ေရာက္တဲ့ျမစ္ေတာ့ မရွိဘူးေပါ့ေလး၊ အဲ့ ျမစ္ေၾကာင္းတစ္ေလွ်ာက္မွာရွိတဲ့ ဧရာဝတီျမစ္နဲ႔ ခ်င္းတြင္းျမစ္ေပါ့ေလး အဓိက အဲ့ဘက္မွာ။”

ျမန္မာႏိုင္ငံ ေျမာက္ပိုင္းမွာ အေနာက္ဘက္က လာတဲ့ ေလေပြလိႈင္းတခ်ဳိ႕ေၾကာင့္ ကခ်င္ျပည္နယ္၊ စစ္ကိုင္းတိုင္းအထက္ပိုင္း အပါအဝင္ က်န္တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြမွာ မိုးမ်ားႏိုင္တယ္လို႔လည္း ခန္႔မွန္းထားပါတယ္။ ဒီတပတ္ထဲမွာပဲ မြန္ျပည္နယ္ မုဒံုၿမိဳ႕နယ္ ကတံုေပၚေက်းရြာမွာ တူးေျမာင္း ေရတိုက္စားၿပီး ေပ ၆၀ ေလာက္ ကမ္းပါးၿပိဳက်မႈျဖစ္ပြားခဲ့ပါတယ္။ ေျမၿပိဳမႈေၾကာင့္ ေဒသခံ ၁၄၀ ေက်ာ္ကို ေဘးလႊတ္ရာေျပာင္းေရႊ႕လိုက္ရတယ္လို႔လည္း မုဒံုၿမိဳ႕နယ္ မီးသတ္ဦးစီးမွဴး ဦးျမင့္ဦး ကေျပာပါတယ္။

“အိမ္ေျခ၊ အိ္မ္သံုးလံုးက ကမ္းၿပိဳတဲ့ေနရာနဲ႔ နီးေနတာ၊ နီးသြားတဲ့အတြက္ က်ေနာ္တို႔ ေရႊ႕ေပးလိုက္တာ သူနဲ႔ တစ္ဆက္တည္းပဲ ရွိေနတဲ့အိမ္ေျခ ၃၀ က အိမ္ေတြကို က်ေနာ္တို႔က မေရႊ႕ဘူး၊ အိမ္ေထာင္စု လူဦးေရကိုပဲ က်ေနာ္တို႔က ေရႊ႕ေပးလိုက္တာ၊ ဒါ ဒီႏွစ္တစ္ႏွစ္ထဲပဲ ထူးထူးျခားျခားလာေတြ႕တာ ဒီေက်းရြာေတြက ပင္လယ္နားေလးမွာ လာေနေတာ့ေလဒီေရတက္တယ္၊ ဒီတိုင္းပဲဲ ျပန္ဆင္းတယ္၊ ဒီႏွစ္က်ကာမွ လာၿပီး ေျမအနိမ့္ပိုင္းေလး လာျဖစ္တာကို ေတြ႔တာပါ၊ ျဖစ္ေလ့ျဖစ္ထေတာ့ မရွိပါဘူးဗ်။”

ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းဆတ္ၿမိဳ႕မွာလည္ ေတာင္က်ေရစီးဆင္းမႈေၾကာင့္ မယ္ဆြမ္ေခ်ာင္း ေရႀကီးေရလွ်ံမႈျဖစ္ပြားခဲ့ၿပီး အိမ္ေျခ ၃၀ ေလာက္ ေရေဘးသင့္ခဲ့ပါတယ္။ ဒီတပတ္ထဲမွာပဲ ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္မွာလည္း ေျမၿပိဳက်မႈေၾကာင့္ ေရမေဆးေက်ာက္ရွာသူ ႏွစ္ဦးေသဆုံးခဲ့ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာန သတင္းထုတ္ျပန္ထားပါတယ္။

ျမန္မာအႏွံ႔ မၾကာေသးခင္က မုိးမ်ားေရႀကီးမႈေတြေၾကာင့္ ေရေဘးသင့္သူ လူ ၄၀၀၀ ေလာက္ကရွိတယ္လုိ႔လည္း ေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈဦးစီဌာန ဒုတိယ ၫႊန္ၾကားေရးမႉး ေဒၚေထြးၾကည္က ေျပာပါတယ္။

“အမတို႔ကေတာ့ ဒီေရေဘးသင့္ ျပည္သူေတြအတြက္ လိုအပ္ခ်က္ေပၚမူတည္ၿပီးေတာ့ေလး၊ အခ်ိန္နဲ႔ တေျပညီေတာ့ အမတို႔က ေထာက္ပံ့ေနတာေပါ့ေနာ္၊ ဒီမွာ ဘာလိုအပ္လဲဆိုတာေလးကို ၾကည့္ၿပီးေတာ့ ဥပမာ တခ်ဳိ႕ဆိုရင္ ေရေဘးေရွာင္တာၾကားသြားလို႔ဆိုၿပီးေတာ့ သူတို႔ထပ္ၿပီးေတာ့ ေတာင္းတာေတြ ဘာေတြလည္းရွိတယ္ေပါ့ေနာ္၊ အဲ့ဒါကိုလည္း အမတို႔က လိုအပ္ခ်က္အရ
ထပ္ေပးရတာလည္း ရွိတာေပါ့။”

ျမန္မာႏုိင္ငံအႏွံ႔ ၿပီးခဲ့တဲ့ ဇူလိုင္ကေန စက္တင္ဘာ ၁၇ ရက္ထိ မိုးႀကီးေရလွ်ံမႈေၾကာင့္ ျပည္နယ္နဲ႔ တိုင္း ၁၁ ခုမွာ မုိးမ်ားၿပီး ေရႀကီးခဲ့ရာက အိမ္ေထာင္စု ၂ ေသာင္း ၃ သုံးေထာင္ေက်ာ္၊ လူဦးေရ တစ္သိန္းနီးပါး ေရေဘးသင့္ခဲ့ေၾကာင္းလည္း ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဦးစီဌာနက သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

(Unicode)

မြန်မာနိုင်ငံ နေရာတချို့မှာ မကြာသေးခင်က မိုးများပြီး ရေကြီးမြေပြိုမှုတွေ ကြုံခဲ့ရသလို၊ နောက်ထပ်လည်း ကြုံရနိုင်တဲ့ အန္တရယ် ရှိနေသေးတယ်လို့ မိုးလေဝသပညာရှင်တွေ သတိပေးနေတဲ့အကြောင်း အဂ္ဂနွန် ပြောပြာပါမယ်။

မြန်မာနိုင်ငံအတွင်း တိုင်းနဲ့ ပြည်နယ် ၈ ခုမှာ နေရာအနှံ့ မိုးထစ်ချုန်းရွာနိုင်ပြီး စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေရာတချို့ မိုးကြီးနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေ ခန့်မှန်းထားပါတယ်။ မိုးများရေကြီးရာက မြေပြိုမှု အန္တရာယ်တွေ ရှိနိုင်ကြောင်းလည်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။

“မြစ်ကမ်းပါးပြိုတာတော့ ဒါကမြစ်ရေတက်လာရင်တော့ မြစ်ရေများလာရင်တော့ ကမ်းပါပြိုတဲ့ အနေအထားရှိတဲ့အခါကျတော့၊ ဟို မိုးကတော့ ရာသီဥတုဆိုးဆိုးဝါးဝါးတော့ ဖြစ်တာမျိုးတော့မရှိပေမယ့် စောစောကပြောတဲ့ မိုးများတဲ့အနေအထားလည်း မြောက်ပိုင်းတွေက ရှိသေးတဲ့ အခါကျတော့ မြစ်ကြောင်းတစ်လျှောက်မှာတော့ နည်းနည်းသတိထားရမှာပေါ့လေ။မြစ်ရေကတော့ စိုးရိမ်ရေမှတ်ရောက်တာ လက်ရှိမှာ စိုးရိမ်ရေမှတ်ရောက်တဲ့မြစ်တော့ မရှိဘူးပေါ့လေး၊ အဲ့ မြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ပေါ့လေး အဓိက အဲ့ဘက်မှာ။”

မြန်မာနိုင်ငံ မြောက်ပိုင်းမှာ အနောက်ဘက်က လာတဲ့ လေပွေလှိုင်းတချို့ကြောင့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း အပါအဝင် ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ မိုးများနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ ဒီတပတ်ထဲမှာပဲ မွန်ပြည်နယ် မုဒုံမြို့နယ် ကတုံပေါ်ကျေးရွာမှာ တူးမြောင်း ရေတိုက်စားပြီး ပေ ၆၀ လောက် ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ပါတယ်။ မြေပြိုမှုကြောင့် ဒေသခံ ၁၄၀ ကျော်ကို ဘေးလွှတ်ရာပြောင်းရွှေ့လိုက်ရတယ်လို့လည်း မုဒုံမြို့နယ် မီးသတ်ဦးစီးမှူး ဦးမြင့်ဦး ကပြောပါတယ်။

“အိမ်ခြေ၊ အိမ်သုံးလုံးက ကမ်းပြိုတဲ့နေရာနဲ့ နီးနေတာ၊ နီးသွားတဲ့အတွက် ကျနော်တို့ ရွှေ့ပေးလိုက်တာ သူနဲ့ တစ်ဆက်တည်းပဲ ရှိနေတဲ့အိမ်ခြေ ၃၀ က အိမ်တွေကို ကျနော်တို့က မရွှေ့ဘူး၊ အိမ်ထောင်စု လူဦးရေကိုပဲ ကျနော်တို့က ရွှေ့ပေးလိုက်တာ၊ ဒါ ဒီနှစ်တစ်နှစ်ထဲပဲ ထူးထူးခြားခြားလာတွေ့တာ ဒီကျေးရွာတွေက ပင်လယ်နားလေးမှာ လာနေတော့လေဒီရေတက်တယ်၊ ဒီတိုင်းပဲ ပြန်ဆင်းတယ်၊ ဒီနှစ်ကျကာမှ လာပြီး မြေအနိမ့်ပိုင်းလေး လာဖြစ်တာကို တွေ့တာပါ၊ ဖြစ်လေ့ဖြစ်ထတော့ မရှိပါဘူးဗျ။”

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့မှာလည် တောင်ကျရေစီးဆင်းမှုကြောင့် မယ်ဆွမ်ချောင်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၃၀ လောက် ရေဘေးသင့်ခဲ့ပါတယ်။ ဒီတပတ်ထဲမှာပဲ ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာလည်း မြေပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာသူ နှစ်ဦးသေဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာအနှံ့ မကြာသေးခင်က မိုးများရေကြီးမှုတွေကြောင့် ရေဘေးသင့်သူ လူ ၄၀၀၀ လောက်ကရှိတယ်လို့လည်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ထွေးကြည်က ပြောပါတယ်။

“အမတို့ကတော့ ဒီရေဘေးသင့် ပြည်သူတွေအတွက် လိုအပ်ချက်ပေါ်မူတည်ပြီးတော့လေး၊ အချိန်နဲ့ တပြေညီတော့ အမတို့က ထောက်ပံ့နေတာပေါ့နော်၊ ဒီမှာ ဘာလိုအပ်လဲဆိုတာလေးကို ကြည့်ပြီးတော့ ဥပမာ တချို့ဆိုရင် ရေဘေးရှောင်တာကြားသွားလို့ဆိုပြီးတော့ သူတို့ထပ်ပြီးတော့ တောင်းတာတွေ ဘာတွေလည်းရှိတယ်ပေါ့နော်၊ အဲ့ဒါကိုလည်း အမတို့က လိုအပ်ချက်အရ
ထပ်ပေးရတာလည်း ရှိတာပေါ့။”

မြန်မာနိုင်ငံအနှံ့ ပြီးခဲ့တဲ့ ဇူလိုင်ကနေ စက်တင်ဘာ ၁၇ ရက်ထိ မိုးကြီးရေလျှံမှုကြောင့် ပြည်နယ်နဲ့ တိုင်း ၁၁ ခုမှာ မိုးများပြီး ရေကြီးခဲ့ရာက အိမ်ထောင်စု ၂ သောင်း ၃ သုံးထောင်ကျော်၊ လူဦးရေ တစ်သိန်းနီးပါး ရေဘေးသင့်ခဲ့ကြောင်းလည်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီဌာနက သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG