သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူကုန္ကူးခံရသူေတြအပါအဝင္ တ႐ုတ္ကဖမ္းထားတဲ့ ျမန္မာေတြ ျပန္လႊဲေျပာင္းေပး


တရုတ္-ျမန္မာနယ္စပ္ လံုျခံဳေရးအဖြဲ႔မ်ား။ ( ေမ ၂၀-၂၀၂၀)

(ZAWGYI/UNICODE) လူကုန္ကူးခံရသူေတြအပါအဝင္ တ႐ုတ္ႏိုင္ငံမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရတဲ့ ျမန္မာႏိုင္ငံသား ၁၀၀ ေက်ာ္ကို ျမန္မာအာဏာပိုင္ေတြထံ လႊဲေျပာင္းေပးခဲ့တဲ့အေၾကာင္း ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္စုစုက သတင္းေပးပို႔ထားပါတယ္။

တ႐ုတ္ႏိုင္ငံမွာ တရားဝင္ေနထိုင္ခြင့္ အေထာက္အထားမရွိသူေတြအပါအဝင္၊ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရသူ ျမန္မာႏိုင္ငံသား ၁၄၆ ဦးကို တ႐ုတ္အာဏာပိုင္ေတြက ျမန္မာတာဝန္ရွိသူေတြထံ ဒီကေန႔ပဲ လႊဲေျပာင္းေပးလိုက္တာပါ။ ျပန္လည္လႊဲေျပာင္းေပးခဲ့တဲ့ ျမန္မာႏိုင္ငံသားေတြကိုေတာ့ တ႐ုတ္ႏိုင္ငံနဲ႔နယ္စပ္ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မူဆယ္ၿမိဳ႕၊ နန္းေတာ္ေပါက္ နယ္စပ္ဂိတ္ကေန ျပန္လည္လက္ခံခဲ့တာပါ။ ဒီထဲမွာ လူကုန္ကူးခံရတဲ့ ျမန္မာအမ်ိဳးသမီးေတြလည္း ပါဝင္ေနၿပီး သူတို႔ကိုလႊဲေျပာင္းလက္ခံခဲ့တယ္လို႔ မူဆယ္ၿမိဳ႕ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က ရဲမႉးမင္းႏိုင္က VOA ကိုေျပာပါတယ္။

"က်ား ၈၀၊ မ ၆၆ ေယာက္၊ အခုလႊဲတာကေလ။ အဲဒီ ၁၄၆ ေယာက္ထဲမွာမွ လူကုန္ကူးခံထားရသူ ၂ေယာက္ပါလာတာေပါ့ေနာ္။ က်ေနာ္တို႔ေခါင္းစဥ္နဲ႔လႊဲေပးတာ ဇန္နဝါရီကေန ဒီေန႔အထိဆိုရင္ လူကုန္ကူးခံရတဲ့သူ အႀကိမ္ေရကေတာ့ ၉၂ ႀကိမ္၊ လူကေတာ့ ၂၀၅ ဦးေလာက္ရွိသြားၿပီ အမ်ိဳးသမီးေတြ။ "

လူကုန္ကူးခံရသူ ျမန္မာအမ်ိဳးသမီးအမ်ားစုကို တ႐ုတ္အမ်ိဳးသားေတြနဲ႔ အတင္းအဓမၼလက္ထပ္ေစတာက အဓိကအေၾကာင္းရင္းျဖစ္ေနၿပီး လူကုန္ကူးခံရသူေတြထဲက ၂၆၆ ဦးကိုေတာ့ ၿပီးခဲ့တဲ့ ၂၀၁၉ တုန္းက ျပန္လည္လက္ခံႏိုင္ခဲ့တယ္လို႔ ရဲမႉးမင္းႏိုင္က ဆက္ေျပာပါတယ္။ သူတို႔ေတြကို ျပန္လည္ထူေထာင္ေရးစခန္းမွာ အပ္ၿပီးေတာ့ ေနရပ္အသီးသီးဆီ ျပန္ပို႔ေပးေနတယ္လို႔လည္း ေျပာပါတယ္။

"လူကုန္ကူးခံရတယ္ဆိုၿပီးေတာ့ တ႐ုတ္လူကုန္ကူးမႈတိုက္ဖ်က္ေရးအဖြဲ႕က ေခါင္းစဥ္နဲ႔လႊဲတဲ့ဟာတခုရွိမယ္။ ေနာက္တခါ အခုအလုပ္သမားလႊဲတဲ့အထမွာ ဟိုမွာေထာင္က်ထားတဲ့သူေတြကို ေသာၾကာေန႔တိုင္းလႊဲတဲ့အထဲမွာ စိစစ္ၿပီးေတာ့မွ လူကုန္ကူးခံရတယ္ဆိုတဲ့သူပါလာရင္ က်ေနာ္တို႔ကလႊဲယူတယ္။ အဲဒီ ၂ခုရွိတယ္၊ က်ေနာ္တို႔႐ုံးမွာ စိစစ္ၿပီး ေတြ႕ဆုံေမးျမန္းၿပီးရင္ ျပန္လည္ထူေထာင္ေရးဦးစီးဌာနက လူကုန္ကူးခံရသူမ်ား ယာယီလက္ခံေစာင့္ေရွာက္ေရးေဂဟာမွာ အပ္ထားၿပီးေတာ့မွ ျပန္လည္ပို႔ေဆာင္ေပးဖို႔အတြက္ ဒီကေန မႏၲေလး၊ တခ်ိဳ႕က်ေတာ့လည္း ဒီကေန ရန္ကုန္ကိုတိုက္႐ိုက္ ပို႔ေပးတာေတြရွိတယ္။"

မၾကာေသးခင္လေတြကစလို႔ ျမန္မာႏိုင္ငံမွာ ကပ္ေရာဂါကူးစက္မႈေတြ တိုးလာရာက အိမ္းနီးခ်င္းတ႐ုတ္ႏိုင္ငံ နယ္စပ္ေဒသမွာ သြားလာဝင္ထြက္မႈေတြကို တင္းတင္းၾကပ္ၾကပ္ ထိန္းခ်ဳပ္ထားသလို၊ တ႐ုတ္ႏိုင္ငံ နယ္စပ္ၿမိဳ႕ေတြမွာ အလုပ္လုပ္ကိုင္ေနၾကတဲ့ ျမန္မာႏိုင္ငံသားေတြကိုလည္း တင္းတင္းၾကပ္ၾကပ္ေစာင့္ၾကည့္ စစ္ေဆးေနပါတယ္။ ယူနန္ျပည္နယ္အစိုးရက နယ္စပ္ဂိတ္လူအဝင္အထြက္ကို ဧၿပီလကုန္ပိုင္းက ကန႔္သတ္လိုက္ၿပီး ျမန္မာဘက္ကေန တရားမဝင္ ဝင္ေရာက္တာမ်ိဳးမရွိေအာင္ နယ္စပ္တေလွ်ာက္မွာ ၿခံစည္း႐ိုး ပိတ္ဆို႔ကာရံတာေတြလည္း လုပ္ခဲ့ပါတယ္။

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ထိန္းသိမ္းခံခဲ့ရတဲ့ျမန္မာႏိုင္ငံသားေတြကို က်န္းမာေရးစစ္ေဆးၿပီး လႊဲေျပာင္းေပးဖို႔ ၂ႏိုင္ငံတာဝန္ရွိသူေတြၾကား သေဘာတူထားၿပီး ျပန္လည္လက္ခံၿပီးတဲ့ေနာက္မွာလည္း သတ္မွတ္ေနရာေတြမွာ အသြားအလာကန႔္သတ္ၿပီး က်န္းမာေရးစစ္ေဆးတာေတြကို ျမန္မာက်န္းမာေရးတာဝန္ရွိသူေတြက ေဆာင္႐ြက္ေနပါတယ္။ မူဆယ္မွာေတာ့ တ႐ုတ္ကေနျပန္လာသူေတြကို လက္ခံတဲ့ Quarantine စင္တာ၂ခုရွိေနၿပီး အေယာက္ ၃၀၀ ေလာက္ကို သီးျခားထားေစာင့္ၾကည့္ႏိုင္တယ္လို႔ မူဆယ္ၿမိဳ႕ က႐ုဏာလူမႈကူညီေရးအသင္းဥကၠဌ ဦးေသာင္းထြန္းက VOA ကိုေျပာပါတယ္။

"Quarantine စင္တာက ျပည္ေထာင္စုအားကစားကြင္းရယ္၊ တ႐ုတ္စာသင္ေက်ာင္းရယ္ ရွိတယ္ဗ်။ တ႐ုတ္စာသင္ေက်ာင္းမွာကေတာ့ ေထာင္က် လႊဲတဲ့သူေတြကို လက္ခံထားတာေပါ့ေနာ္။ တ႐ုတ္ကေတာ့ ေသခ်ာေလးစိစစ္ၿပီးေတာ့မွ ျပန္လႊတ္တာေပါ့၊ ဒါေပမယ့္ အခု တ႐ုတ္ဘက္ကေန ျပန္လာတဲ့အထဲမွာ မူဆယ္မွာေတာ့ ၂ေယာက္ပါဖူးတယ္။ ဒီဘက္ေရာက္ေတာ့ ေဆးစစ္တဲ့အခါက်မွ ပိုးေတြ႕တယ္။ အဲဒါ အားလုံးေပါင္းကေတာ့ ၂ေယာက္ပဲရွိပါေသးတယ္ဗ်။ "
က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔မြန္းလြဲပိုင္းထုတ္ျပန္ၿပီး စာရင္းအရ ျပည္တြင္းမွာကပ္ေရာဂါေၾကာင့္ေသဆုံးသူ ၂,၃၀၀ ေက်ာ္ရွိေနၿပီး၊ ပိုးေတြ႕အတည္ျပဳလူနာေပါင္းကေတာ့ ၁၁၃,၀၀၀ ေက်ာ္ရွိေနပါတယ္။ ေရာဂါကူးစက္မႈ ပထမဆုံးစတင္ခဲ့တဲ့ တ႐ုတ္ႏိုင္ငံကေတာ့ ေသဆုံးသူ ၄,၆၀၀ ေက်ာ္နဲ႔ ကူးစက္သူေပါင္း ၈၆,၀၀၀ ေက်ာ္ရွိေနတာပါ။

တိုက္႐ိုက္ လင့္ခ္


(UNICODE) လူကုန်ကူးခံရသူတွေအပါအဝင် တရုတ်နိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို မြန်မာအာဏာပိုင်တွေထံ လွှဲပြောင်းပေးခဲ့တဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက သတင်းပေးပို့ထားပါတယ်။

တရုတ်နိုင်ငံမှာ တရားဝင်နေထိုင်ခွင့် အထောက်အထားမရှိသူတွေအပါအဝင်၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ မြန်မာနိုင်ငံသား ၁၄၆ ဦးကို တရုတ်အာဏာပိုင်တွေက မြန်မာတာဝန်ရှိသူတွေထံ ဒီကနေ့ပဲ လွှဲပြောင်းပေးလိုက်တာပါ။ ပြန်လည်လွှဲပြောင်းပေးခဲ့တဲ့ မြန်မာနိုင်ငံသားတွေကိုတော့ တရုတ်နိုင်ငံနဲ့နယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ နန်းတော်ပေါက် နယ်စပ်ဂိတ်ကနေ ပြန်လည်လက်ခံခဲ့တာပါ။ ဒီထဲမှာ လူကုန်ကူးခံရတဲ့ မြန်မာအမျိုးသမီးတွေလည်း ပါဝင်နေပြီး သူတို့ကိုလွှဲပြောင်းလက်ခံခဲ့တယ်လို့ မူဆယ်မြို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ရဲမှူးမင်းနိုင်က VOA ကိုပြောပါတယ်။

"ကျား ၈၀၊ မ ၆၆ ယောက်၊ အခုလွှဲတာကလေ။ အဲဒီ ၁၄၆ ယောက်ထဲမှာမှ လူကုန်ကူးခံထားရသူ ၂ယောက်ပါလာတာပေါ့နော်။ ကျနော်တို့ခေါင်းစဉ်နဲ့လွှဲပေးတာ ဇန်နဝါရီကနေ ဒီနေ့အထိဆိုရင် လူကုန်ကူးခံရတဲ့သူ အကြိမ်ရေကတော့ ၉၂ ကြိမ်၊ လူကတော့ ၂၀၅ ဦးလောက်ရှိသွားပြီ အမျိုးသမီးတွေ။ "

လူကုန်ကူးခံရသူ မြန်မာအမျိုးသမီးအများစုကို တရုတ်အမျိုးသားတွေနဲ့ အတင်းအဓမ္မလက်ထပ်စေတာက အဓိကအကြောင်းရင်းဖြစ်နေပြီး လူကုန်ကူးခံရသူတွေထဲက ၂၆၆ ဦးကိုတော့ ပြီးခဲ့တဲ့ ၂၀၁၉ တုန်းက ပြန်လည်လက်ခံနိုင်ခဲ့တယ်လို့ ရဲမှူးမင်းနိုင်က ဆက်ပြောပါတယ်။ သူတို့တွေကို ပြန်လည်ထူထောင်ရေးစခန်းမှာ အပ်ပြီးတော့ နေရပ်အသီးသီးဆီ ပြန်ပို့ပေးနေတယ်လို့လည်း ပြောပါတယ်။

"လူကုန်ကူးခံရတယ်ဆိုပြီးတော့ တရုတ်လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့က ခေါင်းစဉ်နဲ့လွှဲတဲ့ဟာတခုရှိမယ်။ နောက်တခါ အခုအလုပ်သမားလွှဲတဲ့အထမှာ ဟိုမှာထောင်ကျထားတဲ့သူတွေကို သောကြာနေ့တိုင်းလွှဲတဲ့အထဲမှာ စိစစ်ပြီးတော့မှ လူကုန်ကူးခံရတယ်ဆိုတဲ့သူပါလာရင် ကျနော်တို့ကလွှဲယူတယ်။ အဲဒီ ၂ခုရှိတယ်၊ ကျနော်တို့ရုံးမှာ စိစစ်ပြီး တွေ့ဆုံမေးမြန်းပြီးရင် ပြန်လည်ထူထောင်ရေးဦးစီးဌာနက လူကုန်ကူးခံရသူများ ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာမှာ အပ်ထားပြီးတော့မှ ပြန်လည်ပို့ဆောင်ပေးဖို့အတွက် ဒီကနေ မန္တလေး၊ တချို့ကျတော့လည်း ဒီကနေ ရန်ကုန်ကိုတိုက်ရိုက် ပို့ပေးတာတွေရှိတယ်။"

မကြာသေးခင်လတွေကစလို့ မြန်မာနိုင်ငံမှာ ကပ်ရောဂါကူးစက်မှုတွေ တိုးလာရာက အိမ်းနီးချင်းတရုတ်နိုင်ငံ နယ်စပ်ဒေသမှာ သွားလာဝင်ထွက်မှုတွေကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားသလို၊ တရုတ်နိုင်ငံ နယ်စပ်မြို့တွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း တင်းတင်းကြပ်ကြပ်စောင့်ကြည့် စစ်ဆေးနေပါတယ်။ ယူနန်ပြည်နယ်အစိုးရက နယ်စပ်ဂိတ်လူအဝင်အထွက်ကို ဧပြီလကုန်ပိုင်းက ကန့်သတ်လိုက်ပြီး မြန်မာဘက်ကနေ တရားမဝင် ဝင်ရောက်တာမျိုးမရှိအောင် နယ်စပ်တလျှောက်မှာ ခြံစည်းရိုး ပိတ်ဆို့ကာရံတာတွေလည်း လုပ်ခဲ့ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်းခံခဲ့ရတဲ့မြန်မာနိုင်ငံသားတွေကို ကျန်းမာရေးစစ်ဆေးပြီး လွှဲပြောင်းပေးဖို့ ၂နိုင်ငံတာဝန်ရှိသူတွေကြား သဘောတူထားပြီး ပြန်လည်လက်ခံပြီးတဲ့နောက်မှာလည်း သတ်မှတ်နေရာတွေမှာ အသွားအလာကန့်သတ်ပြီး ကျန်းမာရေးစစ်ဆေးတာတွေကို မြန်မာကျန်းမာရေးတာဝန်ရှိသူတွေက ဆောင်ရွက်နေပါတယ်။ မူဆယ်မှာတော့ တရုတ်ကနေပြန်လာသူတွေကို လက်ခံတဲ့ Quarantine စင်တာ၂ခုရှိနေပြီး အယောက် ၃၀၀ လောက်ကို သီးခြားထားစောင့်ကြည့်နိုင်တယ်လို့ မူဆယ်မြို့ ကရုဏာလူမှုကူညီရေးအသင်းဥက္ကဌ ဦးသောင်းထွန်းက VOA ကိုပြောပါတယ်။

"Quarantine စင်တာက ပြည်ထောင်စုအားကစားကွင်းရယ်၊ တရုတ်စာသင်ကျောင်းရယ် ရှိတယ်ဗျ။ တရုတ်စာသင်ကျောင်းမှာကတော့ ထောင်ကျ လွှဲတဲ့သူတွေကို လက်ခံထားတာပေါ့နော်။ တရုတ်ကတော့ သေချာလေးစိစစ်ပြီးတော့မှ ပြန်လွှတ်တာပေါ့၊ ဒါပေမယ့် အခု တရုတ်ဘက်ကနေ ပြန်လာတဲ့အထဲမှာ မူဆယ်မှာတော့ ၂ယောက်ပါဖူးတယ်။ ဒီဘက်ရောက်တော့ ဆေးစစ်တဲ့အခါကျမှ ပိုးတွေ့တယ်။ အဲဒါ အားလုံးပေါင်းကတော့ ၂ယောက်ပဲရှိပါသေးတယ်ဗျ။ "

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မွန်းလွဲပိုင်းထုတ်ပြန်ပြီး စာရင်းအရ ပြည်တွင်းမှာကပ်ရောဂါကြောင့်သေဆုံးသူ ၂,၃၀၀ ကျော်ရှိနေပြီး၊ ပိုးတွေ့အတည်ပြုလူနာပေါင်းကတော့ ၁၁၃,၀၀၀ ကျော်ရှိနေပါတယ်။ ရောဂါကူးစက်မှု ပထမဆုံးစတင်ခဲ့တဲ့ တရုတ်နိုင်ငံကတော့ သေဆုံးသူ ၄,၆၀၀ ကျော်နဲ့ ကူးစက်သူပေါင်း ၈၆,၀၀၀ ကျော်ရှိနေတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG