သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ အလုပ္လက္မဲ့ျပႆနာေၾကာင့္ လူေမွာင္ခုိအႏၲရာယ္ စိုးရိမ္ဖြယ္ရွိ


ရန္ကုန္ၿမိဳ႕ရွိ အထည္ခ်ဳပ္စက္ရံု တခုမွာ အလုပ္ေနၾကတဲ့ အလုပ္သမားတခ်ိဳ႕။ (ေမ ၀၈၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ္ကပ္ေရာဂါကာလ သြားလာလႈပ္ရွားမႈေတြ ကန္႔သတ္ထားခ်ိန္မွာ လူေမွာင္ခုိမႈေတြ သိသိသာသာ က်ဆင္းသြားေပမဲ့ အလုပ္လက္မဲ့ဦးေရ တုိးလာေနတာေၾကာင့္ ျပႆနာ တေက်ာ့ျပန္ႀကီးထြားလာႏုိင္တဲ့ အႏၱရာယ္ရွိေနတာကုိ သတိေပးေနၾကတဲ့အေၾကာင္း ဗီြအိုေအျမန္မာပုိင္း သတင္းေထာက္ မစုစုက ေျပာျပပါမယ္။

ျမန္မာႏုိင္ငံရဲတပ္ဖဲြ႔ရဲ႕ ထုတ္ျပန္ခ်က္အရ ဒီႏွစ္ဇူလုိင္လအထိ လူေမွာင္ခုိမႈ စုစုေပါင္း ၇၂ မႈ ရွိခဲ့ၿပီး၊ ဒါဟာဆုိရင္ မႏွစ္တုန္းက ဒီလုိအခ်ိန္မွာ ၁၄၆ မႈရွိခဲ့ရာကေန ထက္ဝက္ေလာက္ က်ဆင္းသြားခဲ့တာပါ။ ဒီႏွစ္ထဲ ႀကံဳခဲ့ရတဲ့ လူေမွာင္ခုိမႈေတြမွာေတာ့ အမ်ဳိးသမီးနဲ႔ ကေလးငယ္ေတြ အမ်ားစု ပါ၀င္ၿပီး လူေပါင္း ၁၀၀ ေက်ာ္ ရွိခဲ့ပါတယ္။ ကပ္ေရာဂါကာလ လူေမွာင္ခုိမႈေတြ က်ဆင္းသြားတယ္ ဆုိေပမဲ့ အခုအခါ အလုပ္အကုိင္ ရွားပါးတဲ့ ျပႆနာေၾကာင့္ ေနာက္ဆက္တဲြ လူေမွာင္ခုိမႈေတြနဲ႔ ႀကံဳရႏုိင္တဲ့ အႏၱရာယ္ရွိတယ္လုိ႔လည္း လူကုန္ကူးမႈတားဆီး ႏွိမ္ႏွင္းေရး ရဲတပ္ဖြဲ႕ ဒုရဲမွဴးႀကီး ဦးေပၚထြန္းက VOA ကိုေျပာပါတယ္။

“အရင္တုန္းကေရာက္ေနတဲ့ အဖြဲ႕ေတြလည္း အကုန္လံုးႏုိင္ငံထဲကို ျပန္ဝင္လာၾကတယ္ဆိုေတာ့ လက္ရွိအေျခအေနမွာ အမႈအေရအတြက္ နည္းသြားတာက ဒီကိုဗစ္ကာလေၾကာင့္လည္း ပါတယ္။ ေနာက္ပုိင္းအေျခအေနအရ အလုပ္လက္မဲ့ေတြ ပိုမ်ားလာတယ္ဆုိရင္ေတာ့ ဒီျပည္တြင္းမွာလည္း အလုပ္ရွားပါးတယ္။ ေနာက္ ျပည္ပကေန ျပန္လာတဲ့အဖြဲ႕ေတြလည္း ေနာင္တခ်ိန္မွာ တဘက္ႏုိင္ငံေတြက အဝင္အထြက္ေတြ ခြင့္ျပဳၿပီဆုိရင္ ဒါေတြကပိုၿပီးေတာ့ ရွိလာႏုိင္တဲ့ အေျခအေနရွိတာေပါ့။”

ျမန္မာႏုိင္ငံ ရဲတပ္ဖြဲ႔ရဲ႕ စာရင္းေတြအရ လူကုန္ကူးမႈေတြဟာ တ႐ုတ္၊ ထုိင္းနဲ႔ မေလးရွား စတဲ့အိမ္နီးခ်င္း ႏုိင္ငံေတြကုိသြားသူေတြနဲ႔ ျပည္တြင္းမွာေတာ့ ရွမ္းျပည္နယ္နဲ႔ ရန္ကုန္တိုင္းမွာ အမ်ားဆံုးျဖစ္ေနတာ ေတြ႕ရပါတယ္။ တ႐ုတ္ႏုိင္ငံက အမ်ဳိးသားေတြနဲ႔ လက္ထပ္ဖုိ႔ ျမန္မာအမ်ဳိးသမီးေတြ လူကုန္ကူးခံရတဲ့အမႈကေတာ့ အမ်ားဆုံးျဖစ္ေနၿပီး ျပည္တြင္းမွာ ေတြ႔ရတဲ့အမႈေတြထဲမွာေတာ့ အဓမၼအလုပ္ေစခုိင္းတာေတြ၊ ျပည့္တန္ဆာအျဖစ္ ခုိင္းေစတာေတြ ပါဝင္ေၾကာင္းလည္း ရဲတပ္ဖဲြ႔က ထုတ္ျပန္တဲ့ စာရင္းမွာ ေဖာ္ျပထားပါတယ္။

ကပ္ေရာဂါကာလ လုပ္ငန္းေတာ္ေတာ္မ်ားမ်ား ရပ္ဆုိင္းထားရတာေၾကာင့္ အခုအခါ အလုပ္လက္မဲ့ျဖစ္ၾကရသူ အမ်ားအျပား ရွိေနသလုိ ျပည္ပႏုိင္ငံေတြမွာ အလုပ္မရွိၾကလုိ႔ ျပန္လာသူေတြလည္း သိန္းနဲ႔ခ်ီရွိေနတဲ့အတြက္ လူေမွာင္ခုိေတြရဲ႕ သားေကာင္ျဖစ္မယ့္ အႏၱရာယ္ ရွိေနတယ္လုိ႔လည္း ေရႊ႕ေျပာင္းအလုပ္သမား ပညာေပးစင္တာ တာဝန္ရွိသူ ဦးမုိးေဝက အခုလိုေျပာပါတယ္။

“ပြဲစားေတြကေနတဆင့္ ျပန္လာၾကတာေပါ့ေလ။ အရင္တုန္းက ပံုစံမ်ိဳး ျပန္ျဖစ္တယ္။ အရင္တုန္းကဆုိရင္လည္း ဒီပြဲစားေတြနဲ႔ပဲသြားၾကတာ။ တေခါက္သြားရင္ ၈၀၀,၀၀၀ ကေန ၁၂ သိန္း အဲလိုေပးရတာေတြ ရွိတယ္။ အခုလည္းပဲ ဒီပံုစံမ်ိဳး ျပန္ၿပီးျဖစ္လာတယ္။ ျပည္တြင္းထဲျပန္ေရာက္တဲ့ အခါမွာလည္း အလုပ္အကုိင္အခြင့္အလမ္းက ေသခ်ာျပင္ဆင္မထားေတာ့ အလုပ္သမားေတြအတြက္က ျပန္လာၿပီး တလေလာက္ဆုိရင္ စားဝတ္ေနေရးက အခက္အခဲျပန္ျဖစ္လာၿပီ။

အဲလိုျဖစ္လာေတာ့ သူတုိ႔ဟုိကိုျပန္သြားဖို႔ တခါျပန္စဥ္းစားရျပန္ေရာ။ အဲလိုျဖစ္တယ္ဆုိေတာ့ နည္းလမ္းမ်ိဳးစံုနဲ႔ က်ေနာ္တို႔ လူကုန္ကူး အႏၱရာယ္ကို ျပန္ၿပီးေတာ့သက္ေရာက္ဖုိ႔က တြန္းပို႔သလိုျဖစ္သြားေတာ့ အဲဒါေတြက စုိးရိမ္စရာျဖစ္တာေပါ့ေလ။”

အလုပ္သမားေရး ကူညီေပးေနတဲ့ အဖြဲ႕အစည္းေတြရဲ႕ စာရင္းအရ ကပ္ေရာဂါကာလ ျပည္တြင္းမွာ စက္ရံုအလုပ္ရံုေတြ ပိတ္ကုန္လို႔ အလုပ္လက္မဲ့ျဖစ္သူဦးေရ အခုလဆန္းပုိင္းအထိဆို ၄၀၀,၀၀၀ ဝန္းက်င္ရွိေနၿပီး၊ ဒီလူေတြအတြက္ အစိုးရက စနစ္တက် ေျဖရွင္းေပးဖုိ႔လည္း အလုပ္သမားေရး လႈပ္ရွားသူေတြနဲ႔ လုပ္ငန္းရွင္ေတြက လုိလားေနၾကပါတယ္။ စက္မႈလက္မႈအလုပ္သမား သမဂၢအဖြဲ႕ခ်ဳပ္က ဦးသက္ႏွင္းေအာင္ကေတာ့ အလုပ္အကုိင္ အခြင့္အလမ္းသစ္ေတြနဲ႔ ျပႆနာကုိ ေျဖရွင္းဖုိ႔ လုိတယ္လုိ႔ေျပာပါတယ္။

“ဥပမာ အလုပ္လက္မဲ့ျဖစ္သြားသူက ၁,၀၀၀,၀၀၀ ဝန္းက်င္ရွိတယ္ဆုိရင္ ဒီအလုပ္သမားေတြအတြက္ကို ဘယ္လုိအလုပ္အကုိင္ေတြ ဦးစားေပးဖန္တီးၾကမယ္ေပါ့။ ေနာက္ၿပီးေတာ့ ဘယ္လုိလုပ္ငန္းက႑အသစ္ေတြ ေဖာ္ေဆာင္မယ္ဆိုတာကို အလုပ္သမားအဖြဲ႕ခ်ဳပ္ေတြနဲ႔ အျခားေသာအရပ္ဘက္အဖြဲ႕ေတြ၊ အလုပ္ရွင္အဖြဲ႕အစည္းေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ရမွာ ျဖစ္ပါတယ္ခင္ဗ်။”

အေမရိကန္ႏုိင္ငံျခားေရး ဝန္ႀကီးဌာနက ဇြန္လထဲမွာ ထုတ္ျပန္ခဲ့တဲ့ ကမာၻတ၀န္းက လူကုန္ကူးမႈဆုိင္ရာ အစီရင္ခံစာမွာေတာ့ ျမန္မာႏိုင္ငံဟာ လူကုန္ကူးမႈ တိုက္ဖ်က္ေရးအတြက္ ထိထိေရာက္ေရာက္ ေဆာင္ရြက္မႈမရွိတဲ့ အနိမ့္ဆုံးအဆင့္ ႏုိင္ငံစာရင္းမွာ ထည့္သြင္းေဖာ္ျပခဲ့တာပါ။ အေမရိကန္ႏုိင္ငံျခားေရး ဝန္ႀကီးဌာနရဲ႕ အစီရင္ခံစာကုိ တုံ႔ျပန္ခဲ့တဲ့ ျမန္မာႏုိင္ငံျခားေရး၀န္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ လူကုန္ကူးမႈ တုိက္ဖ်က္ေရးမွာ ျမန္မာႏုိင္ငံရဲ႕ ေဆာင္ရြက္ခ်က္ေတြကုိ အသိအမွတ္မျပဳခဲ့ေၾကာင္း ေျပာဆုိခဲ့သလုိ ျမန္မာႏုိင္ငံမွာ ပဋိပကၡေတြေၾကာင့္ ေနရပ္စြန္႔ခြာရသူေတြ မ်ားလာေပမဲ့ လူကုန္ကူးခံရသူေတြရဲ႕ သားေကာင္မျဖစ္ေအာင္ ထိထိေရာက္ေရာက္ တားဆီးႏုိင္ခဲ့ေၾကာင္းလည္း ေျပာဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာ အလုပ်လက်မဲ့ပြဿနာကြောင့် လူမှောင်ခိုအန္တရာယ် စိုးရိမ်ဖွယ်ရှိ

ကိုဗစ်ကပ်ရောဂါကာလ သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားချိန်မှာ လူမှောင်ခိုမှုတွေ သိသိသာသာ ကျဆင်းသွားပေမဲ့ အလုပ်လက်မဲ့ဦးရေ တိုးလာနေတာကြောင့် ပြဿနာ တကျော့ပြန်ကြီးထွားလာနိုင်တဲ့ အန္တရာယ်ရှိနေတာကို သတိပေးနေကြတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက ပြောပြပါမယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဒီနှစ်ဇူလိုင်လအထိ လူမှောင်ခိုမှု စုစုပေါင်း ၇၂ မှု ရှိခဲ့ပြီး၊ ဒါဟာဆိုရင် မနှစ်တုန်းက ဒီလိုအချိန်မှာ ၁၄၆ မှုရှိခဲ့ရာကနေ ထက်ဝက်လောက် ကျဆင်းသွားခဲ့တာပါ။ ဒီနှစ်ထဲ ကြုံခဲ့ရတဲ့ လူမှောင်ခိုမှုတွေမှာတော့ အမျိုးသမီးနဲ့ ကလေးငယ်တွေ အများစု ပါဝင်ပြီး လူပေါင်း ၁၀၀ ကျော် ရှိခဲ့ပါတယ်။ ကပ်ရောဂါကာလ လူမှောင်ခိုမှုတွေ ကျဆင်းသွားတယ် ဆိုပေမဲ့ အခုအခါ အလုပ်အကိုင် ရှားပါးတဲ့ ပြဿနာကြောင့် နောက်ဆက်တွဲ လူမှောင်ခိုမှုတွေနဲ့ ကြုံရနိုင်တဲ့ အန္တရာယ်ရှိတယ်လို့လည်း လူကုန်ကူးမှုတားဆီး နှိမ်နှင်းရေး ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး ဦးပေါ်ထွန်းက VOA ကိုပြောပါတယ်။

“အရင်တုန်းကရောက်နေတဲ့ အဖွဲ့တွေလည်း အကုန်လုံးနိုင်ငံထဲကို ပြန်ဝင်လာကြတယ်ဆိုတော့ လက်ရှိအခြေအနေမှာ အမှုအရေအတွက် နည်းသွားတာက ဒီကိုဗစ်ကာလကြောင့်လည်း ပါတယ်။ နောက်ပိုင်းအခြေအနေအရ အလုပ်လက်မဲ့တွေ ပိုများလာတယ်ဆိုရင်တော့ ဒီပြည်တွင်းမှာလည်း အလုပ်ရှားပါးတယ်။ နောက် ပြည်ပကနေ ပြန်လာတဲ့အဖွဲ့တွေလည်း နောင်တချိန်မှာ တဘက်နိုင်ငံတွေက အဝင်အထွက်တွေ ခွင့်ပြုပြီဆိုရင် ဒါတွေကပိုပြီးတော့ ရှိလာနိုင်တဲ့ အခြေအနေရှိတာပေါ့။”

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ စာရင်းတွေအရ လူကုန်ကူးမှုတွေဟာ တရုတ်၊ ထိုင်းနဲ့ မလေးရှား စတဲ့အိမ်နီးချင်း နိုင်ငံတွေကိုသွားသူတွေနဲ့ ပြည်တွင်းမှာတော့ ရှမ်းပြည်နယ်နဲ့ ရန်ကုန်တိုင်းမှာ အများဆုံးဖြစ်နေတာ တွေ့ရပါတယ်။ တရုတ်နိုင်ငံက အမျိုးသားတွေနဲ့ လက်ထပ်ဖို့ မြန်မာအမျိုးသမီးတွေ လူကုန်ကူးခံရတဲ့အမှုကတော့ အများဆုံးဖြစ်နေပြီး ပြည်တွင်းမှာ တွေ့ရတဲ့အမှုတွေထဲမှာတော့ အဓမ္မအလုပ်စေခိုင်းတာတွေ၊ ပြည့်တန်ဆာအဖြစ် ခိုင်းစေတာတွေ ပါဝင်ကြောင်းလည်း ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

ကပ်ရောဂါကာလ လုပ်ငန်းတော်တော်များများ ရပ်ဆိုင်းထားရတာကြောင့် အခုအခါ အလုပ်လက်မဲ့ဖြစ်ကြရသူ အများအပြား ရှိနေသလို ပြည်ပနိုင်ငံတွေမှာ အလုပ်မရှိကြလို့ ပြန်လာသူတွေလည်း သိန်းနဲ့ချီရှိနေတဲ့အတွက် လူမှောင်ခိုတွေရဲ့ သားကောင်ဖြစ်မယ့် အန္တရာယ် ရှိနေတယ်လို့လည်း ရွှေ့ပြောင်းအလုပ်သမား ပညာပေးစင်တာ တာဝန်ရှိသူ ဦးမိုးဝေက အခုလိုပြောပါတယ်။

“ပွဲစားတွေကနေတဆင့် ပြန်လာကြတာပေါ့လေ။ အရင်တုန်းက ပုံစံမျိုး ပြန်ဖြစ်တယ်။ အရင်တုန်းကဆိုရင်လည်း ဒီပွဲစားတွေနဲ့ပဲသွားကြတာ။ တခေါက်သွားရင် ၈၀၀,၀၀၀ ကနေ ၁၂ သိန်း အဲလိုပေးရတာတွေ ရှိတယ်။ အခုလည်းပဲ ဒီပုံစံမျိုး ပြန်ပြီးဖြစ်လာတယ်။ ပြည်တွင်းထဲပြန်ရောက်တဲ့ အခါမှာလည်း အလုပ်အကိုင်အခွင့်အလမ်းက သေချာပြင်ဆင်မထားတော့ အလုပ်သမားတွေအတွက်က ပြန်လာပြီး တလလောက်ဆိုရင် စားဝတ်နေရေးက အခက်အခဲပြန်ဖြစ်လာပြီ။

အဲလိုဖြစ်လာတော့ သူတို့ဟိုကိုပြန်သွားဖို့ တခါပြန်စဉ်းစားရပြန်ရော။ အဲလိုဖြစ်တယ်ဆိုတော့ နည်းလမ်းမျိုးစုံနဲ့ ကျနော်တို့လူကုန်ကူးအန္တရာယ်ကို ပြန်ပြီးတော့သက်ရောက်ဖို့က တွန်းပို့သလိုဖြစ်သွားတော့ အဲဒါတွေက စိုးရိမ်စရာဖြစ်တာပေါ့လေ။”

အလုပ်သမားရေး ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေရဲ့ စာရင်းအရ ကပ်ရောဂါကာလ ပြည်တွင်းမှာ စက်ရုံအလုပ်ရုံတွေ ပိတ်ကုန်လို့ အလုပ်လက်မဲ့ဖြစ်သူဦးရေ အခုလဆန်းပိုင်းအထိဆို ၄၀၀,၀၀၀ ဝန်းကျင်ရှိနေပြီး၊ ဒီလူတွေအတွက် အစိုးရက စနစ်တကျ ဖြေရှင်းပေးဖို့လည်း အလုပ်သမားရေး လှုပ်ရှားသူတွေနဲ့ လုပ်ငန်းရှင်တွေက လိုလားနေကြပါတယ်။ စက်မှုလက်မှုအလုပ်သမား သမဂ္ဂအဖွဲ့ချုပ်က ဦးသက်နှင်းအောင်ကတော့ အလုပ်အကိုင် အခွင့်အလမ်းသစ်တွေနဲ့ ပြဿနာကို ဖြေရှင်းဖို့ လိုတယ်လို့ပြောပါတယ်။

“ဥပမာ အလုပ်လက်မဲ့ဖြစ်သွားသူက ၁,၀၀၀,၀၀၀ ဝန်းကျင်ရှိတယ်ဆိုရင် ဒီအလုပ်သမားတွေအတွက်ကို ဘယ်လိုအလုပ်အကိုင်တွေ ဦးစားပေးဖန်တီးကြမယ်ပေါ့။ နောက်ပြီးတော့ ဘယ်လိုလုပ်ငန်းကဏ္ဍအသစ်တွေ ဖော်ဆောင်မယ်ဆိုတာကို အလုပ်သမားအဖွဲ့ချုပ်တွေနဲ့ အခြားသောအရပ်ဘက်အဖွဲ့တွေ၊ အလုပ်ရှင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်ခင်ဗျ။”

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇွန်လထဲမှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာတဝန်းက လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်မှုမရှိတဲ့ အနိမ့်ဆုံးအဆင့် နိုင်ငံစာရင်းမှာ ထည့်သွင်းဖော်ပြခဲ့တာပါ။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အစီရင်ခံစာကို တုံ့ပြန်ခဲ့တဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ မြန်မာနိုင်ငံရဲ့ ဆောင်ရွက်ချက်တွေကို အသိအမှတ်မပြုခဲ့ကြောင်း ပြောဆိုခဲ့သလို မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာရသူတွေ များလာပေမဲ့ လူကုန်ကူးခံရသူတွေရဲ့ သားကောင်မဖြစ်အောင် ထိထိရောက်ရောက် တားဆီးနိုင်ခဲ့ကြောင်းလည်း ပြောဆိုထားပါတယ်။

XS
SM
MD
LG