သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္ၿမိဳ႕ေရာက္ တိုင္းရင္းသားလူမ်ိဳးမ်ား(၁၆)စု စုေပါင္း ဆႏၵျပပြဲ


ရန္ကုန္ၿမိဳ႕ေရာက္တိုင္းရင္းသားလူမ်ိဴးမ်ား (၁၆)စု စုေပါင္း ဆႏၵျပပြဲ

{{Zawgyi/Unicode}}

ျမန္မာစစ္တပ္က အာဏာသိမ္းတာကို လမ္းေပၚထြက္ ကန္႔ကြက္ၾကတဲ့ ၆ ရက္ေျမာက္ေန႔မွာ ရန္ကုန္ၿမိဳ႔ေရာက္ တုိင္းရင္းသား လူနည္းစုေတြလည္း ပူးေပါင္းပါ၀င္လာၾကပါတယ္။ ဆႏၵျပလႈပ္ရွားမႈအတြင္း တုိင္းရင္းသား ၁၆ မ်ိဳး စုစည္းၿပီး စစ္အာဏာရွင္စနစ္နဲ႔ ၂၀၀၈ ခုႏွစ္ အေျခခံဥပေဒ ဖ်က္သိမ္းေရးတုိ႔ကုိလည္း ေတာင္းဆုိခဲ့ၾကတာပါ။ အျပည့္အစုံကိုေတာ့ ကိုယ္တုိင္သတင္းသြားယူခဲ့တဲ့ VOA ျမန္မာပိုင္း သတင္းေထာက္ ကိုမုိးေဇာ္က တင္ျပထားပါတယ္။

ရန္ကုန္ၿမိဳ႔ေရာက္ တိုင္းရင္းသားလူမ်ိဳး ၁၆ မ်ိဳးဟာ တိုင္းရင္းသားလူမ်ိဳးမ်ား အေထြေထြသပိတ္ေကာ္မတီကို ဖဲြ႔စည္းၿပီး ဒီေန႔ ဆႏၵျပပဲြမွာ ပူးေပါင္းပါ၀င္ခဲ့ၾကတာပါ။ လက္ရိွ တိုင္းရင္းသားလူမ်ိဳးမ်ား အေထြေထြသပိတ္ေကာ္မတီက ေဆာင္ရြက္ခဲ့တဲ့အေျခအေနကို နာဂတုိင္းရင္းသားလူငယ္တစ္ဦးျဖစ္တဲ့ ကိုခါးႏူးက VOA ကို အခုလို ေျပာပါတယ္။

“အခုေလာေလာဆယ္က ကရင္အမ်ိဳးသားေန႔ျဖစ္သလို ကရင္အမ်ိဳးသားေတြက ဦးေဆာင္ၿပီးေတာ့ ေျမနီကုန္းကေန ေရႊဂံုတိုင္ထိ ခ်ီတက္ ဆႏၵျပတာျဖစ္ပါတယ္။ က်ေနာ္တို႔ရဲ့ ဘံုသေဘာတူညီခ်က္က စစ္အာဏာရွင္စနစ္ ဖ်က္သိမ္းဖုိ႔ရယ္။ ၂၀၀၈ အေျခခံဥပေဒဖ်က္သိမ္းဖို႔၊ ေနာက္ၿပီးေတာ့ ဖက္ဒရယ္ဒီမုိကေရစီနစ္ ျပည္ေထာင္စုတည္ေဆာက္ဖုိ႔ရယ္နဲ႔ ေနာက္ဆံုးေတာ့ မတရားဖမ္းဆီးခံ ျပည္သူမ်ားအားလံုး လႊတ္ေပးဖို႔အတြက္ က်ေနာ္တုိ႔ ေတာင္းဆိုၿပီးေတာ့ ခ်ီတက္ ဆႏၵျပတာျဖစ္ပါတယ္။”

ရန္ကုန္ၿမိဳ႔ေရာက္ တိုင္းရင္းသားလူမ်ိဳးေတြဟာ မနက္၈နာရီမွာ ေျမနီကုန္း ပဒုမၼာပန္းၿခံမွာ စုေ၀းေဟာေျပာၾကၿပီးေနာက္ ေရႊဂံုတိုင္ကို ခ်ီတက္ခဲ့ၾကရာမွာ လူဦးေရ တစ္ေသာင္း ေလာက္ ပါ၀င္မယ္လို႔ စီစဥ္သူေတြက ခန္႔မွန္းထားၾကပါတယ္။ ပဒုမၼာပန္းၿခံေဟာေျပာပဲြမွာေတာ့ ၂၀၁၅ ခုႏွစ္တုန္းက အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္လည္းျဖစ္ လက္ရိွ ရန္ကုန္တုိင္းေဒသၾကီးက ကရင္တိုင္းရင္းသားေရးရာ ၀န္ၾကီးအျဖစ္ ေရြးျခယ္ခံထားရတဲ့ စူစန္နာ လွလွစိုးလည္း ေဟာေျပာခဲ့ပါတယ္။

“ျပီးခဲ့တဲ့ အစိုးရေခတ္မွာလည္း က်မဟာ လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ေယာက္အေနနဲ႔ ၅ႏွစ္လံုးလံုး တာ၀န္ထမ္းေဆာင္ခဲ့တယ္။ ဒါေပမဲ့ ၂၀၀၈ဖဲြ႔စည္းပံုဥပေဒေအာက္မွာ က်မတုိ႔ ဘာမွ လုပ္ခြင့္မရခဲ့ပါဘူး။ က်မတို႔ တုိင္းရင္းသားေတြရဲ့ ေတာင္းဆုိမႈဟာ ၂၀၀၈ေအာက္မွာပဲ ေမွးမိွန္ ေပ်ာက္ကြယ္ခဲ့ရတာ က်မရဲ့ ကိုယ္ေတြ႔ပဲ ျဖစ္ပါတယ္။ အဲဒီေတာ့ က်မတို႔ ၂၀၀၈ ဖဲြ႔စည္းပံုဖ်က္သိမ္းေရးကိုလည္း ရဲရဲ၀ံ၀ံေထာက္ခံပါတယ္လုိ႔ ေျပာလုိပါတယ္။”

ရခုိင္တုိင္းရင္းသား ကိုယ္စားလွယ္တစ္ဦးကလည္း ၂၀၀၈ ခုႏွစ္ ဖဲြ႔စည္းပံုေၾကာင့္ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရး အဟန္႔အတားေတြ ႀကံဳေနရတဲ့အေျခအေနကုိ အေလးထား ေျပာသြားပါတယ္။

“အခု လက္ရိွ အႏိုင္ရပါတီအေနနဲ႔လည္းပဲ အခု က်မတို႔ ေတာ္လွန္ေရးကာလမွာလည္းပဲ ကတိျပဳရမယ့္အခ်က္ေတြရိွပါတယ္။ က်မတို႔ ဒီ ၂၀၀၈ ဖဲြ႔စည္းပံုအေျခခံဥပေဒေအာက္ကို လံုး၀ ျပန္၀င္လုိ႔ မရပါဘူး။ အဲဒါ အေရးၾကီးပါတယ္။ ဒါကိုလည္းပဲ က်မ ဒီေနရာမွာ ထပ္ေလာင္းေျပာခ်င္ပါတယ္ရွင္။”

ကခ်င္တုိင္းရင္းသား ကိုယ္စားလွယ္တစ္ဦးကလည္း ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရးအတြက္ အားလံုးပါ၀င္ဖုိ႔ တုိက္တြန္းသြားပါတယ္။

“ျပည္ေထာင္စုျမန္မာႏိုင္ငံမွာရိွတဲ့ လူမ်ိဳးမ်ားၾကား ၿငိမ္းခ်မ္းစြာအတူ ယွဥ္တဲြေနထုိင္ဖို႔ ဖက္ဒရယ္ဒီမုိကေရစီျပည္ေထာင္စု ေပၚေပါက္လာေရးဟာ အလြန္ကို အေရးၾကီးလွပါတယ္။ က်ေနာ္တုိ႔ ကခ်င္လူမ်ိဳးမ်ားဟာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းကတိေပးခဲ့တဲ့ ဖက္ဒရယ္ဒီမုိကေရစီျပည္ေထာင္စု ေပၚေပါက္ေရးကို ႏွစ္ေပါင္း ၆၀ ေတာင္းဆုိေနခဲ့ျခင္းျဖစ္ပါတယ္။ အာဏာရွင္စနစ္ဖ်က္သိမ္းေရး၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ့နည္းကို အျမန္အေကာင္အထည္ေဖာ္ႏိုင္ဖို႔ ဗမာ မိတ္ေဆြမ်ားအေနနဲ႔လည္း လက္ခံေပးၾကဖို႔ တုိက္တြန္းခ်င္ပါတယ္။ ”

ဒီကေန႔ တက္ေရာက္လာတဲ့ တုိင္းရင္းသားလူမ်ိဳးစု ၁၆ စုကေတာ့ ကခ်င္၊ ကရင္၊ ခ်င္း၊ ရခုိင္၊ ရွမ္း၊ ဗမာ၊ လီဆူး၊ နာဂ၊ ၀၊ ပအုိ၀္း၊ တအန္း(ပေလာင္)၊ ကတူး၊ ဒိုင္နက္၊ ၿမိဳ၊ အင္းသား၊ မရမာၾကီး၊ သက္တို႔ျဖစ္ၾကၿပီး ဟိႏၵဴဘာသာ၀င္ တမီးလ္လူမ်ိဳးနဲ႔ အစၥလာမ္ဘာသာ၀င္ ေတြလည္း ပူးေပါင္းပါ၀င္ခဲ့ၾကပါတယ္။

...........................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

မြန်မာစစ်တပ်က အာဏာသိမ်းတာကို လမ်းပေါ်ထွက် ကန့်ကွက်ကြတဲ့ ၆ ရက်မြောက်နေ့မှာ ရန်ကုန်မြို့ရောက် တိုင်းရင်းသား လူနည်းစုတွေလည်း ပူးပေါင်းပါဝင်လာကြပါတယ်။ ဆန္ဒပြလှုပ်ရှားမှုအတွင်း တိုင်းရင်းသား ၁၆ မျိုး စုစည်းပြီး စစ်အာဏာရှင်စနစ်နဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ဖျက်သိမ်းရေးတို့ကိုလည်း တောင်းဆိုခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ VOA မြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရန်ကုန်မြို့ရောက် တိုင်းရင်းသားလူမျိုး ၁၆ မျိုးဟာ တိုင်းရင်းသားလူမျိုးများ အထွေထွေသပိတ်ကော်မတီကို ဖွဲ့စည်းပြီး ဒီနေ့ ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်ခဲ့ကြတာပါ။ လက်ရှိ တိုင်းရင်းသားလူမျိုးများ အထွေထွေသပိတ်ကော်မတီက ဆောင်ရွက်ခဲ့တဲ့အခြေအနေကို နာဂတိုင်းရင်းသားလူငယ်တစ်ဦးဖြစ်တဲ့ ကိုခါးနူးက VOA ကို အခုလို ပြောပါတယ်။

“အခုလောလောဆယ်က ကရင်အမျိုးသားနေ့ဖြစ်သလို ကရင်အမျိုးသားတွေက ဦးဆောင်ပြီးတော့ မြေနီကုန်းကနေ ရွှေဂုံတိုင်ထိ ချီတက် ဆန္ဒပြတာဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ဘုံသဘောတူညီချက်က စစ်အာဏာရှင်စနစ် ဖျက်သိမ်းဖို့ရယ်။ ၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းဖို့၊ နောက်ပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီနစ် ပြည်ထောင်စုတည်ဆောက်ဖို့ရယ်နဲ့ နောက်ဆုံးတော့ မတရားဖမ်းဆီးခံ ပြည်သူများအားလုံး လွှတ်ပေးဖို့အတွက် ကျနော်တို့ တောင်းဆိုပြီးတော့ ချီတက် ဆန္ဒပြတာဖြစ်ပါတယ်။”

ရန်ကုန်မြို့ရောက် တိုင်းရင်းသားလူမျိုးတွေဟာ မနက်၈နာရီမှာ မြေနီကုန်း ပဒုမ္မာပန်းခြံမှာ စုဝေးဟောပြောကြပြီးနောက် ရွှေဂုံတိုင်ကို ချီတက်ခဲ့ကြရာမှာ လူဦးရေ တစ်သောင်း လောက် ပါဝင်မယ်လို့ စီစဉ်သူတွေက ခန့်မှန်းထားကြပါတယ်။ ပဒုမ္မာပန်းခြံဟောပြောပွဲမှာတော့ ၂၀၁၅ ခုနှစ်တုန်းက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် လက်ရှိ ရန်ကုန်တိုင်းဒေသကြီးက ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် ရွေးခြယ်ခံထားရတဲ့ စူစန်နာ လှလှစိုးလည်း ဟောပြောခဲ့ပါတယ်။

“ပြီးခဲ့တဲ့ အစိုးရခေတ်မှာလည်း ကျမဟာ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ၅နှစ်လုံးလုံး တာဝန်ထမ်းဆောင်ခဲ့တယ်။ ဒါပေမဲ့ ၂၀၀၈ဖွဲ့စည်းပုံဥပဒေအောက်မှာ ကျမတို့ ဘာမှ လုပ်ခွင့်မရခဲ့ပါဘူး။ ကျမတို့ တိုင်းရင်းသားတွေရဲ့ တောင်းဆိုမှုဟာ ၂၀၀၈အောက်မှာပဲ မှေးမှိန် ပျောက်ကွယ်ခဲ့ရတာ ကျမရဲ့ ကိုယ်တွေ့ပဲ ဖြစ်ပါတယ်။ အဲဒီတော့ ကျမတို့ ၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်းရေးကိုလည်း ရဲရဲဝံဝံထောက်ခံပါတယ်လို့ ပြောလိုပါတယ်။”

ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ်တစ်ဦးကလည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကြောင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အဟန့်အတားတွေ ကြုံနေရတဲ့အခြေအနေကို အလေးထား ပြောသွားပါတယ်။

“အခု လက်ရှိ အနိုင်ရပါတီအနေနဲ့လည်းပဲ အခု ကျမတို့ တော်လှန်ရေးကာလမှာလည်းပဲ ကတိပြုရမယ့်အချက်တွေရှိပါတယ်။ ကျမတို့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကို လုံး၀ ပြန်ဝင်လို့ မရပါဘူး။ အဲဒါ အရေးကြီးပါတယ်။ ဒါကိုလည်းပဲ ကျမ ဒီနေရာမှာ ထပ်လောင်းပြောချင်ပါတယ်ရှင်။”

ကချင်တိုင်းရင်းသား ကိုယ်စားလှယ်တစ်ဦးကလည်း ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အားလုံးပါဝင်ဖို့ တိုက်တွန်းသွားပါတယ်။

“ပြည်ထောင်စုမြန်မာနိုင်ငံမှာရှိတဲ့ လူမျိုးများကြား ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးဟာ အလွန်ကို အရေးကြီးလှပါတယ်။ ကျနော်တို့ ကချင်လူမျိုးများဟာ ဗိုလ်ချုပ်အောင်ဆန်းကတိပေးခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးကို နှစ်ပေါင်း ၆၀ တောင်းဆိုနေခဲ့ခြင်းဖြစ်ပါတယ်။ အာဏာရှင်စနစ်ဖျက်သိမ်းရေး၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့နည်းကို အမြန်အကောင်အထည်ဖော်နိုင်ဖို့ ဗမာ မိတ်ဆွေများအနေနဲ့လည်း လက်ခံပေးကြဖို့ တိုက်တွန်းချင်ပါတယ်။ ”

ဒီကနေ့ တက်ရောက်လာတဲ့ တိုင်းရင်းသားလူမျိုးစု ၁၆ စုကတော့ ကချင်၊ ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်း၊ ဗမာ၊ လီဆူး၊ နာဂ၊ ဝ၊ ပအိုဝ်း၊ တအန်း(ပလောင်)၊ ကတူး၊ ဒိုင်နက်၊ မြို၊ အင်းသား၊ မရမာကြီး၊ သက်တို့ဖြစ်ကြပြီး ဟိန္ဒူဘာသာဝင် တမီးလ်လူမျိုးနဲ့ အစ္စလာမ်ဘာသာဝင် တွေလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG