သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၀၂၀ မကုန္ခင္ ေရြးေကာက္ပဲြက်င္းပဖို႔ AA ကမ္းလွမ္းခ်က္ ကာကြယ္ေရးဦးစီးခ်ဳပ္ႀကိဳဆို


၂၀၂၀ ေရြးေကာက္ပဲြအတြက္ ရန္ကုန္ၿမိဳ႕ရွိ မဲဆႏၵရံုတခုမွာ မဲေပးေနတဲ့ မဲဆႏၵရွင္မ်ား။ (ႏိုဝင္ဘာ ၀၈၊ ၂၀၂၀)

[Zawgyi/Unicode]

၂၀၂၀ ျပည့္ႏွစ္ အေထြေထြေရြးေကာက္ပြဲအတြင္း ေရြးေကာက္ပြဲ မက်င္းပႏုိင္ခဲ့တဲ့ ရခုိင္ျပည္နယ္တြင္းၿမိဳ႕နယ္ေတြမွာ ဒီဇင္ဘာလ ၃၁ ရက္ေန႔မတိုင္ခင္ ေရြးေကာက္ပြဲေတြ ျပန္က်င္းပေပးေစလိုတယ္ဆုိတဲ့ ရခုိင္တုိင္းရင္းသားလက္နက္ကိုင္တပ္ AA ရဲ႕ ေၾကညာခ်က္အေပၚ တပ္မေတာ္အေနနဲ႔ ၾကိဳဆိုေၾကာင္းနဲ႔ လိုအပ္တာေတြကို ပူးေပါင္းေဆာင္ရြက္သြားမယ္လို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးၾကီးမင္းေအာင္လိႈင္က သူ႔သေဘာထား ထုတ္ျပန္ေျပာဆိုလိုက္ပါတယ္။

ဒီကေန႔က်ေရာက္တဲ့ (၄၆) ႏွစ္ေျမာက္ ရခိုင္ျပည္နယ္ေန႔အတြက္ ကာကြယ္ေရးဦးစီးခ်ဳပ္ကေပးပို႔တဲ့ သဝဏ္လႊာထဲမွာ အခုလို ေဖာ္ျပပါရွိတာပါ။ ဒီသ၀ဏ္လႊာထဲမွာ အၾကမ္းဖက္အဖဲြ႕အစည္းအျဖစ္ အစိုးရေၾကညာထားတဲ့ AA အဖဲြ႕ကို အရင္ကလို အၾကမ္းဖက္အဖဲြ႕အစည္းအျဖစ္သံုးႏႈန္းတာ မလုပ္ေတာ့ဘဲ ULA/AA လို႔ပဲ ကာကြယ္ေရးဦးစီးခ်ဳပ္က သံုးႏႈန္းထားပါတယ္။

တပ္မေတာ္အေနနဲ႔ ရခိုင္ျပည္နယ္ကို အေၾကာင္းတရားမ်ိဳးစံုနဲ႔ ခ်ဥ္းကပ္လာတဲ့ မတရားမႈတုိင္းကို အကာကြယ္ေပးသြားမွာျဖစ္သလို ရခိုင္ျပည္နယ္အတြက္ ကိုဗစ္ကပ္ေရာဂါ ကာကြယ္ကုသ ထိန္းခ်ဳပ္ေရး လိုအပ္တဲ့ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီေတြ ျပန္လည္ေနရာခ်ထားေရးေတြနဲ႔ ေဒသဖြ႔ံၿဖိဳးေရး ေရရွည္ပဋိပကၡ ကင္းေဝးေစေရးေတြကိုလည္း ၾကိဳးစားပံုေဖာ္ေပးသြားမွာျဖစ္တယ္လို႔လည္း ဆိုထားပါတယ္။

အလားတူႏုိင္ငံေတာ္သမၼတ ဦးဝင္းျမင့္ေပးပို႔တဲ့ ရခိုင္ျပည္နယ္ေန႔ သဝဏ္လႊာထဲမွာလည္း လြတ္လပ္ၿပီး တရားမွ်တမႈ က်င္းပႏိုင္တဲ့ လံုျခံဳေရးအေျခအေနမရွိလို႔ မက်င္းပႏိုင္ဘဲ ေရႊ႕ဆိုင္းခဲ့ရတဲ့ ရခိုင္ျပည္နယ္က ေရြးေကာက္ပြဲအတြက္ ရခိုင္ျပည္သူေတြအတြက္ စိတ္မေကာင္းျဖစ္ရပါေၾကာင္းနဲ႔ ဒီေရြးေကာက္ပြဲေတြ အျမန္ဆံုးက်င္းပႏုိင္တဲ့အေျခအေနေရာက္ေအာင္ သက္ဆိုင္တဲ့လူပုဂၢိဳလ္ အဖြဲ႔အစည္းေတြဘက္က ဝိုင္းဝန္းကူညီေဆာင္ရြက္ေပးၾကဖို႔ကိုလည္း သမၼတဦးဝင္းျမင့္က ေမတၱာရပ္ခံထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

၂၀၂၀ မကုန်ခင် ရွေးကောက်ပွဲကျင်းပဖို့ AA ကမ်းလှမ်းချက် ကာကွယ်ရေးဦးစီးချုပ်ကြိုဆို

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွင်း ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ ရခိုင်ပြည်နယ်တွင်းမြို့နယ်တွေမှာ ဒီဇင်ဘာလ ၃၁ ရက်နေ့မတိုင်ခင် ရွေးကောက်ပွဲတွေ ပြန်ကျင်းပပေးစေလိုတယ်ဆိုတဲ့ ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ် AA ရဲ့ ကြေညာချက်အပေါ် တပ်မတော်အနေနဲ့ ကြိုဆိုကြောင်းနဲ့ လိုအပ်တာတွေကို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့သဘောထား ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ဒီကနေ့ကျရောက်တဲ့ (၄၆) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အတွက် ကာကွယ်ရေးဦးစီးချုပ်ကပေးပို့တဲ့ သဝဏ်လွှာထဲမှာ အခုလို ဖော်ပြပါရှိတာပါ။ ဒီသဝဏ်လွှာထဲမှာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အစိုးရကြေညာထားတဲ့ AA အဖွဲ့ကို အရင်ကလို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သုံးနှုန်းတာ မလုပ်တော့ဘဲ ULA/AA လို့ပဲ ကာကွယ်ရေးဦးစီးချုပ်က သုံးနှုန်းထားပါတယ်။

တပ်မတော်အနေနဲ့ ရခိုင်ပြည်နယ်ကို အကြောင်းတရားမျိုးစုံနဲ့ ချဉ်းကပ်လာတဲ့ မတရားမှုတိုင်းကို အကာကွယ်ပေးသွားမှာဖြစ်သလို ရခိုင်ပြည်နယ်အတွက် ကိုဗစ်ကပ်ရောဂါ ကာကွယ်ကုသ ထိန်းချုပ်ရေး လိုအပ်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပြန်လည်နေရာချထားရေးတွေနဲ့ ဒေသဖွံ့ဖြိုးရေး ရေရှည်ပဋိပက္ခ ကင်းဝေးစေရေးတွေကိုလည်း ကြိုးစားပုံဖော်ပေးသွားမှာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

အလားတူနိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ပေးပို့တဲ့ ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာထဲမှာလည်း လွတ်လပ်ပြီး တရားမျှတမှု ကျင်းပနိုင်တဲ့ လုံခြုံရေးအခြေအနေမရှိလို့ မကျင်းပနိုင်ဘဲ ရွှေ့ဆိုင်းခဲ့ရတဲ့ ရခိုင်ပြည်နယ်က ရွေးကောက်ပွဲအတွက် ရခိုင်ပြည်သူတွေအတွက် စိတ်မကောင်းဖြစ်ရပါကြောင်းနဲ့ ဒီရွေးကောက်ပွဲတွေ အမြန်ဆုံးကျင်းပနိုင်တဲ့အခြေအနေရောက်အောင် သက်ဆိုင်တဲ့လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေဘက်က ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့ကိုလည်း သမ္မတဦးဝင်းမြင့်က မေတ္တာရပ်ခံထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG