သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လူထုလႈပ္ရွားမႈ ေခါင္းေဆာင္ေတြကုိ ဖမ္းဝရမ္းထုတ္တာ ထိေရာက္မည္မဟုတ္ - ကုိဂ်င္မီ


၈၈ ေက်ာင္းသားေခါင္းေဆာင္ ကိုဂ်င္မီ။

(Zawgyi / Unicode)

ျမန္မာႏုိင္ငံက ထင္ရွားတဲ့ ၁၉၈၈ ေက်ာင္းသားေခါင္းေဆာင္ ကိုမင္းကိုႏိုင္နဲ႔ ကိုဂ်င္မီ အပါအဝင္ ၾသဇာရွိသူတခ်ိဳ႕ကို ဖမ္းဆီးႏိုင္ေရး သတင္းေပးၾကဖို႔ စစ္အာဏာသိမ္းအဖြဲ႔က မေန႔က ေၾကညာခ်က္ထုတ္တဲ့အေပၚ ကိုဂ်င္မီက ထိေရာက္မွာမဟုတ္ဘဲ အခု စစ္အာဏာသိမ္း ဆန္႔က်င္လႈပ္ရွားမႈႀကီးက စစ္အုပ္စု အၾကမ္းဖက္လံႈ႔ေဆာ္မႈေတြၾကားက အရင္နဲ႔မတူ အရွိန္ဆက္ျမႇင့္သြားဖို႔ပဲ ရွိတယ္လို႔ တံု႔ျပန္လိုက္ပါတယ္။ ကိုဝင္းမင္းက ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

ျမန္မာႏုိင္ငံက ထင္ရွားတဲ့ ေက်ာင္းသားေခါင္းေဆာင္ ကိုမင္းကိုႏိုင္နဲ႔ ကိုဂ်င္မီ အပါအဝင္ ၾသဇာရွိသူတခ်ိဳ႕ကို ဖမ္းဆီးႏုိင္ေရး သတင္းေပးၾကဖို႔ စစ္အာဏာသိမ္းအဖြဲ႔က မေန႔က ေၾကညာခ်က္ထုတ္တဲ့အေပၚ ထိေရာက္မွာမဟုတ္ဘဲ အခု စစ္အာဏာသိမ္းဆန္႔က်င္ေရး လႈပ္ရွားမႈႀကီးက စစ္အုပ္စု အၾကမ္းဖက္ လႈံ႔ေဆာ္မႈေတြၾကားထဲက အရင္နဲ႔မတူ အရွိန္ဆက္ျမႇင့္သြားဖို႔ပဲ ရွိတယ္လို႔ ကိုဂ်င္မီက ေျပာပါတယ္။

အခု စစ္အုပ္စုမွာ ဖိႏွိပ္ေရး အကန္႔အသတ္ ရွိေနတာေၾကာင့္ လႈပ္ရွားမႈအတြက္ အခြင့္အလမ္း ရွိေနတယ္လို႔ ခုလို ေျပာပါတယ္။

ကိုဂ်င္မီ - “၅၀၅(ခ) ဆိုတဲ့ ပုဒ္မက က်ေနာ္တို႔ ရွက္စရာေတာင္ ေကာင္းေနေသးတယ္။ က်ေနာ္တို႔ ႏွစ္ေပါင္းမ်ားစြာ ႀကံဳခဲ့ရတဲ့ အထဲမွာ အဲဒီေလာက္ အေသးအဖြဲပုဒ္မေတြ တခါမွ အတပ္မခံခဲ့ရဘူး။ အဲဒီေတာ့ နည္းနည္း ထူးထူးျခားျခား သြားေတြ႔ရတယ္။ ဒီ အခု အာဏာသိမ္းစစ္ေကာင္စီဟာ သူတို႔ရဲ႕ ဖြဲ႔စည္းပံုအေျခခံဥပေဒနဲ႔ သူတို႔ ပိတ္မိေနတယ္လို႔ က်ေနာ္ အဲဒီလို ခံစားရတယ္။ လုပ္ပံုကိုင္ပံုေတြကလည္း ေဘာင္မဝင္ဘူးျဖစ္ေနတာ သြားေတြ႔ရတယ္။ အဲဒါ သူတို႔ ၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒကို ေလးစားတယ္ ဆိုတဲ့အခါမွာ တႏွစ္ပဲ သက္တမ္းရွိတယ္ဆိုတဲ့ အဓိပၸါယ္ေပါ့။ အဲဒီေတာ့ အေရးေပၚစီမံတဲ့ အေျခအေနနဲ႔ စစ္အုပ္ခ်ဳပ္ေရးနဲ႔က မတူဘူးခင္ဗ်။ အဲဒီေတာ့ သူတုိ႔က အေရးေပၚ စီမံတဲ့ကာလမွာ သူတို႔က တည္ဆဲဥပေဒေတြကို ကိုင္ၿပီး က်င့္သံုးရတယ္။ အဲေတာ့ က်ေနာ္တို႔က အရင္တုန္းက ႀကံဳခဲ့ရတာကေတာ့ စစ္အုပ္ခ်ဳပ္ေရးနဲ႔ ေတာက္ေလွ်ာက္ ႀကံဳခဲ့ရတာကိုးဗ်။ အခုျဖစ္ေနတဲ့ ျဖစ္စဥ္ေတြ အကုန္လံုးက က်ေနာ္တို႔ ျပည္သူေတြအတြက္က အခြင့္အေရးက အမ်ားႀကီးရတယ္။ အမ်ားႀကီးသာတယ္။”

ကိုဝင္းမင္း - အဲဒီေတာ့ အခု ဖမ္းဖို႔ သတင္းေပးေရးေပါ့ေနာ္။ ေၾကညာခ်က္ ထုတ္လိုက္တာက ဘယ္လိုဆက္ျဖစ္လာမယ္လို႔ ထင္ထားလဲ။

ကိုဂ်င္မီ - “တရားဝင္အစိုးရ မဟုတ္တဲ့လူေတြက ဒီဥပေဒ ဒါမ်ိဳးႀကီးထုတ္ေပမယ့္ သူတို႔ကို အသိအမွတ္မျပဳဘူး။ သူတို႔ ႀကိဳက္သေလာက္ အမိန္႔ေတြထုတ္၊ ႀကိဳက္သေလာက္ ပုဒ္မေတြထုတ္ က်ေနာ္တို႔ျပည္သူက အသိအမွတ္မျပဳဘူး။ ဒါက လႊတ္ေတာ္ကိုယ္စားျပဳ ေကာ္မတီေတြကလည္း မၾကာခင္မွာ ေၾကညာခ်က္ ထြက္လာပါလိမ့္မယ္ေနာ္။ ဒါသည္ တကယ္တမ္းေျပာရင္ သူတို႔ကိုယ္သူတို႔ ယံုၾကည္မႈမရွိတဲ့ အခါက်ေတာ့ အဲဒီလို သတင္းေပးတို႔ ဘာတို႔နဲ႔။ ဘယ္သူက ေပးမွာလည္းဗ်ာ။ နဂိုကတည္းက က်ေနာ္တို႔က ျပည္သူနဲ႔ပဲ ႀကီးျပင္းလာတာ။ က်ေနာ္တို႔ ၁၉၈၈ ဒီမိုကေရစီ အေရးေတာ္ပံု စတင္ကတည္းကိုက က်ေနာ္တို႔က ေျပးရင္းလႊားရင္း အိမ္တခုထဲကို ေျပးဝင္တယ္။ က်ေနာ္တို႔က ေက်ာင္းသားေတြပါ ဆိုကတည္းက က်ေနာ္တို႔ကို ဖြက္တာေရာ၊ ေနာက္ဆံုး အဝတ္အစားလဲတာ၊ ေကၽြးတာေမြးတာေရာ အစ ကေန႔အခ်ိန္အထိ ျပည္သူလူထုက က်ေနာ္တို႔ကို တာဝန္ယူတယ္။ ယူတဲ့အတြက္ တခ်ိဳ႕ ဘယ္ေတာ့မွလည္း သတင္းရမွာ မဟုတ္သလို ျပည္သူလူထုၾကားမွာ က်ေနာ္တုိ႔ေနရတာ ပိုၿပီးေတာ့ လံုၿခံဳတယ္လို႔ ယံုၾကည္တယ္။ သူတို႔ တပ္မေတာ္က သတင္းမွန္ျပန္ၾကားေရးရဲ႕ (ေဖ့စ္ဘုတ္စာမ်က္ႏွာ) ေအာက္မွာ က်ေနာ္တို႔ သြားၾကည့္ဖူးတယ္။ အဲဒီမွာ ေအာက္ကေနၿပီးေတာ့ သူတို႔ကို ဟ ဟ ေပးတဲ့သူေတြက သူတို႔လူေတြထက္ အမ်ားႀကီးကို ပိုေနတာ ေတြ႔ရတယ္။”

ကိုဝင္းမင္း - “ဒီေနရာမွာ ဖမ္းဆီးမႈေတြက ညဘက္မွာ ရွိလာတာအတြက္ ျပည္သူေတြနဲ႔ အတူ လံုၿခံဳေရးေတြ ဖြဲ႔ဖို႔ စီစဥ္ေနတဲ့ အေနထားကေရာ။

ကိုဂ်င္မီ - “ဟုတ္ကဲ့။ က်ေနာ္တို႔ အခု ျပည္သူ႔လံုၿခံဳေရးအဖြဲ႔ေတြ ဖြဲ႔တယ္ဆိုတာ၊ အခု လမ္းအလိုက္ လံုၿခံဳေရးေတြ ထားမယ္ ဘာမယ္ ဆိုတာ အမွန္အတိုင္း ေျပာရင္ေတာ့ ျပည္သူကို ျပည္သူက ကာကြယ္ဆိုတဲ့ အစီအစဥ္နဲ႔ လုပ္ၾကတာပါ။ ဘာလို႔လဲဆိုေတာ့ တဖက္က အာဏာသိမ္းစစ္ေကာင္စီ အေနနဲ႔ သူတုိ႔ရဲ႕ ထံုးစံအတိုင္း သူတို႔ရဲ႕ ေရွး႐ုိးအစဥ္အတိုင္း အင္မတန္မွ ယုတ္ညံ့တဲ့ လုပ္ရပ္ေတြ ရွိတယ္။ လူေတြကိုလႊတ္ၿပီးေတာ့ မီး႐ႈိ႕ခိုင္းတာတို႔၊ အဆိပ္ခတ္ခိုင္းတာတို႔၊ က်ေနာ္တို႔ ၁၉၈၈ တုန္းကလည္း ႀကံဳခဲ့ရၿပီးၿပီ။ အဲဒီေတာ့ က်ေနာ္တို႔ ျပည္သူလူထုက ပိုၿပီးေတာ့ ညီညြတ္ရမယ့္အခ်ိန္ကို ေရာက္ေနၿပီ။ တည္ၿငိမ္ရမယ့္ အခ်ိန္ကိုလည္း ေရာက္ေနၿပီ။ ေနာက္ အမွားနဲ႔အမွန္ ခြဲျခားရမယ္။ သတင္းအမွန္ေတြ ခြဲျခားသိဖို႔ လိုတယ္။ ေကာလာဟလေတြက ဒီကာလမွာ အမ်ားႀကီး ရွိႏိုင္ေပမယ့္ က်ေနာ္တို႔ ၈၈ နဲ႔က မတူဘူးခင္ဗ်။ က်ေနာ္တို႔မွာ မိုဘိုင္းလ္ဖုန္းေတြ ရွိတယ္ဗ်ာ။ ေနာက္ အင္တာနက္ရွိတယ္ဗ်ာ။ သတင္းကို အျမန္စစ္ထုတ္လို႔ရတဲ့ အေျခအေန ျဖစ္သြားၿပီေပါ့ဗ်ာ။”

ကိုဝင္းမင္း - ဒီေနရာမွာ အခု ဒီလႈပ္ရွားမႈႀကီးက အရင္လႈပ္ရွားမႈေတြ အထူးသျဖင့္ ၁၉၈၈ နဲ႔ မတူတဲ့ ေနာက္ထပ္ ကြာျခားတာေတြ ရွိပါေသးလား။

ကိုဂ်င္မီ - “တရားဝင္အစိုးရနဲ႔ အာဏာသိမ္းအစိုးရ ၂ ခု ျဖစ္သြားၿပီခင္ဗ်။ အဲဒီေတာ့ ဒီမွာက ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေတြ၊ လႊတ္ေတာ္ေတြက အထင္အရွား ေပၚလာၿပီ။ အခု ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ ဆိုတာကလည္း သူတို႔ရဲ႕ လုပ္ပိုင္ခြင့္ နယ္ပယ္ထဲကေနၿပီးေတာ့ အမ်ားႀကီးကို လုပ္လို႔ရတယ္။ အလားတူပဲ တိုင္းနဲ႔ျပည္နယ္အလိုက္လည္း လႊတ္ေတာ္ေတြ ေခၚယူၿပီး ကိုယ္စားျပဳ ေကာ္မတီေတြ ရွိေနၿပီ။ ဥပမာ ရန္ကုန္တိုင္းဆိုရင္ ရန္ကုန္တိုင္းလႊတ္ေတာ္ ေခၚထားၿပီးၿပီ။ ရန္ကုန္တိုင္းလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီဆိုတာ ေပၚေနၿပီ။ အဲဒီေတာ့ အဲဒီ ကိုယ္စားျပဳေကာ္မတီေတြက အမွန္အတိုင္း ေျပာလို႔ရွိရင္ေတာ့ အစိုးရတရပ္သဖြယ္ သူက လုပ္ပိုင္ခြင့္ေတြ၊ ဥပေဒေတြ ျပဳၿပီးေတာ့ သူတုိ႔ထုတ္ခြင့္ ရွိေနၿပီ ျဖစ္တဲ့အတြက္ အာဏာသိမ္းစစ္ေကာင္စီက ႀကိဳက္တဲ့ ခန္႔ထားတဲ့ တိုင္းဘာညာ အဆင့္ဆင့္ကို လက္ခံမွာမဟုတ္ဘူး။ အဲဒီေတာ့ ျပည္သူလူထုက အဓိကပဲ၊ ျပည္သူလူထုကသာ ဒီ တိုင္းလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီေတြနဲ႔ ပူးေပါင္းေဆာင္ရြက္မယ္ ဆိုလို႔ရွိရင္ အခု စစ္ေကာင္စီက ခန္႔ထားတဲ့ လူေတြက အလကားျဖစ္သြားမယ္။ အခု အမ်ားစုႀကီးကေတာ့ ဝန္ထမ္း သိန္းနဲ႔ခ်ီၿပီးေတာ့သာ ျပည္သူေတြဘက္က ရပ္ၾကတာ၊ က်ေနာ္တို႔ CDM movement လႈပ္ရွားမႈ ေပါ့ဗ်ာ။”

ကိုဝင္းမင္း - ဟုတ္ကဲ့ အဲဒီေတာ့ အခု ဒီလို တရားဝင္မႈ ပိုရွိလာတဲ့ အေနအထားမွာ ျပည္သူေတြနဲ႔ လံုၿခံဳေရးအဖြဲ႔ေတြ ဖြ႔ဲမယ့္အေနထားကေရာ ဘယ္လိုမ်ိဳး ရွိလာမလဲ။

ကိုဂ်င္မီ - “အဲဒီေတာ့ က်ေနာ္တို႔က ဘာျဖစ္လဲဆိုေတာ့ ျပည္သူလူထုဟာ ခုန ျပည္သူေရြးခ်ယ္တင္ေျမႇာက္ထားတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား အစုအဖြဲ႔ရဲ႕ သူတို႔ရဲ႕ ထုတ္ျပန္ထားတဲ့ ဥပေဒနဲ႔အညီ က်ေနာ္တို႔က ဒါေတြကို ေဆာင္ရြက္တာ။ တက္ႂကြလႈပ္ရွားသူေတြ၊ အရပ္ဘက္ လူ႔အဖြဲ႔အစည္းက လူေတြ၊ အဲဒါေတြကို က်ေနာ္တို႔က ဖြဲ႔ထားမွာ။ ဒီေနရာမွာ စစ္ေကာင္စီကေနၿပီးေတာ့ ဒီရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးေတြကို ရာထူးကေန ဖယ္ရွားတယ္ဆိုတဲ့ ေၾကညာခ်က္ ထြက္တာေပါ့ဗ်ာ။ အဲဒီက ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေတြ ဆိုတာက ျပည္သူေတြက ေရြးခ်ယ္တင္ေျမႇာက္ထားတာ ခင္ဗ်။ အဲဒါကို ဒီ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီနဲ႔ သက္ဆိုင္ရာ တုိင္းေဒသႀကီး ကိုယ္စားျပဳေကာ္မတီ ကေနၿပီးေတာ့ အရင္ရွိၿပီးသား ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေတြက အတည္ျဖစ္တယ္ ဆိုတာကို သူတို႔က အတည္ျပဳၾကလိမ့္မယ္။ က်ေနာ္တို႔က ဘာပဲျဖစ္ျဖစ္ ျပည္သူလူထုဘက္က ရပ္တည္တဲ့ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေတြနဲ႔ ျပည္သူလူထုနဲ႔ ပူးေပါင္းၿပီးေတာ့ ကိုယ့္ရပ္ကြက္၊ ကိုယ့္လမ္းကို ကိုယ္ ကာကြယ္ေစာင့္ေရွာက္ရမယ့္ အေျခေနတခုပဲ။ ဆိုေတာ့ ရပ္မိရပ္ဖေတြ ပါမွာေပါ့ဗ်ာ၊ တက္ႂကြလႈပ္ရွားတဲ့ လူငယ္ေတြ ပါမယ္။ ေနာက္ လူမႈေရး အသင္းအဖြဲ႔ေတြ ပါမယ္။”

ကိုဝင္းမင္း - ဟုတ္ကဲ့။ ဒီေနရာမွာ တခုစိုးရိမ္ရတာက ၁၉၈၈ တုန္းကလိုေပါ့ဗ်ာ။ ေထာင္ေတြခါၿပီးေတာ့ ဒီ အၾကမ္းဖက္မႈေတြ ျဖစ္လာေအာင္ ဖန္တီးေနတဲ့ အေနထားေတြ အေပၚမွာေရာ ဘယ္လိုမ်ိဳး ေက်ာ္လႊားဖို႔ ျပင္ဆင္ထားလဲ။

ကိုဂ်င္မီ - “ျပည္သူက အေတြ႔အႀကံဳ ရွိၿပီးသားပဲ။ တည္တည္ၿငိမ္ၿငိမ္နဲ႔ က်ေနာ္တို႔ဘက္ကေန မွန္မွန္ကန္ကန္ ေဆာင္ရြက္ႏိုင္မယ္လုိ႔ ေမွ်ာ္လင့္ရတယ္။ က်ေနာ္ ဒီမွာ ဗီြဒီယို္ဖိုင္ေတြ ေတြ႔တယ္။ မိတဲ့သူေတြ အကုန္လံုးကို ေအးေအးေဆးေဆး ခ်ိဳခ်ိဳသာသာနဲ႔ ေမးတာ။ ဥပမာ က်ေနာ္ ဗီြဒီိယိုဖိုင္တခု ၾကည့္လိုက္ရတယ္။ ဦးပိန္တံတား မႏၱေလးမွာေပါ့ေနာ္၊ အဲဒီနားက စစ္တပ္ကေန ကေလးတေယာက္ကို ပိုက္ဆံ ၅ သိန္း ေပးၿပီးေတာ့ မီး႐ႈိ႕ခိုင္းတယ္ ဆိုတဲ့ဟာမ်ိဳးဆို က်ေနာ္တို႔ျပည္သူက ေတာ္ေတာ္ေလးကို သိမ္သိမ္ေမြ႔ေမြ႔နဲ႔ ကိုင္တြယ္တတ္ေနၿပီ။ ၁၉၈၈ တုန္းကနဲ႔ မတူဘူးေပါ့ဗ်ာ။ ၁၉၈၈ တုန္းကေတာ့ စစ္အာဏာရွင္ကေနၿပီးေတာ့ အေမွာင္ပိတ္ ဖိသိပ္ခ်ိတ္ပိတ္ထားတဲ့ အခါက်ေတာ့ အမွန္တိုင္းေျပာရရင္ေတာ့ က်ေနာ္တို႔ေတြလည္း ေဒါသအေပၚ တုံ႔ျပန္တာမ်ိဳးေတြ ရွိတယ္။ တခုခုဆို ဆြေပးလုိက္လို႔ရွိရင္ ဝုန္းဝုန္းဝုန္းနဲ႔ ျဖစ္ၿပီးေတာ့မွ သူတို႔ေခၚတဲ့ လမ္းေၾကာင္းကိို ပါသြားတာေပါ့ေနာ္။ အဲ အခု ၂၀၂၁ ျပည္သူလူထုကေတာ့ အဲဒီလို မဟုတ္ေတာ့ဘူးဗ်။ အဲ မိၿပီဆိုလို႔ရွိရင္ တကယ္လည္းပဲ သူတို႔ရင္ထဲကေန ကာကြယ္ေစာင့္ေရွာက္တယ္။ တခ်ိဳ႕ဆိုလို႔ရွိရင္ က်ေနာ္ေတြ႔ေနတာက ရဲစခန္းကို သြားအပ္တယ္။ ရဲစခန္းမွာ အမႈဖြင့္တယ္။ အဲေတာ့ ဒီဘက္မွာ က်ေနာ္တို႔ ျပည္သူက သတၱိလည္းရွိလာတယ္။ ဥပေဒေၾကာင္းကိုလည္း နားလည္တယ္။ ေနာက္ၿပီးေတာ့ လုပ္နည္းကိုင္နည္းလည္း ပိုၿပီးေတာ့ အေတြ႔အႀကံဳအရ ပိုၿပီးေတာ့ ကၽြမ္းက်င္လာတယ္။ တတ္ေျမာက္လာတယ္လို႔ က်ေနာ္ျမင္တယ္ဗ်။ ဒီ လႊတ္ေတာ္ကိုယ္စားျပဳ ေကာ္မတီေတြရယ္၊ ေနာက္ CDM လို႔ေခၚတဲ့ ဝန္ထမ္းလႈပ္ရွားမႈရယ္၊ လူထုလႈပ္ရွားမႈရယ္နဲ႔က ေပါင္းၿပီးေတာ့ တသားတည္း ျဖစ္သြားခ်ိန္မွာ ဒီ့ထက္ ပိုၿပီးေတာ့ အရွိန္ေကာင္းလာမွာပဲ။”

ကိုဝင္းမင္း - ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္ ကိုဂ်င္မီ ခင္ဗ်ား။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

လူထုလှုပ်ရှားမှု ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်တာ ထိရောက်မည်မဟုတ် - ကိုဂျင်မီ

မြန်မာနိုင်ငံက ထင်ရှားတဲ့ ၁၉၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီ အပါအဝင် သြဇာရှိသူတချို့ကို ဖမ်းဆီးနိုင်ရေး သတင်းပေးကြဖို့ စစ်အာဏာသိမ်းအဖွဲ့က မနေ့က ကြေညာချက်ထုတ်တဲ့အပေါ် ကိုဂျင်မီက ထိရောက်မှာမဟုတ်ဘဲ အခု စစ်အာဏာသိမ်း ဆန့်ကျင်လှုပ်ရှားမှုကြီးက စစ်အုပ်စု အကြမ်းဖက်လှုံ့ဆော်မှုတွေကြားက အရင်နဲ့မတူ အရှိန်ဆက်မြှင့်သွားဖို့ပဲ ရှိတယ်လို့ တုံ့ပြန်လိုက်ပါတယ်။ ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

မြန်မာနိုင်ငံက ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီ အပါအဝင် သြဇာရှိသူတချို့ကို ဖမ်းဆီးနိုင်ရေး သတင်းပေးကြဖို့ စစ်အာဏာသိမ်းအဖွဲ့က မနေ့က ကြေညာချက်ထုတ်တဲ့အပေါ် ထိရောက်မှာမဟုတ်ဘဲ အခု စစ်အာဏာသိမ်းဆန့်ကျင်ရေး လှုပ်ရှားမှုကြီးက စစ်အုပ်စု အကြမ်းဖက် လှုံ့ဆော်မှုတွေကြားထဲက အရင်နဲ့မတူ အရှိန်ဆက်မြှင့်သွားဖို့ပဲ ရှိတယ်လို့ ကိုဂျင်မီက ပြောပါတယ်။

အခု စစ်အုပ်စုမှာ ဖိနှိပ်ရေး အကန့်အသတ် ရှိနေတာကြောင့် လှုပ်ရှားမှုအတွက် အခွင့်အလမ်း ရှိနေတယ်လို့ ခုလို ပြောပါတယ်။

ကိုဂျင်မီ - “၅၀၅(ခ) ဆိုတဲ့ ပုဒ်မက ကျနော်တို့ ရှက်စရာတောင် ကောင်းနေသေးတယ်။ ကျနော်တို့ နှစ်ပေါင်းများစွာ ကြုံခဲ့ရတဲ့ အထဲမှာ အဲဒီလောက် အသေးအဖွဲပုဒ်မတွေ တခါမှ အတပ်မခံခဲ့ရဘူး။ အဲဒီတော့ နည်းနည်း ထူးထူးခြားခြား သွားတွေ့ရတယ်။ ဒီ အခု အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ သူတို့ ပိတ်မိနေတယ်လို့ ကျနော် အဲဒီလို ခံစားရတယ်။ လုပ်ပုံကိုင်ပုံတွေကလည်း ဘောင်မဝင်ဘူးဖြစ်နေတာ သွားတွေ့ရတယ်။ အဲဒါ သူတို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားတယ် ဆိုတဲ့အခါမှာ တနှစ်ပဲ သက်တမ်းရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့။ အဲဒီတော့ အရေးပေါ်စီမံတဲ့ အခြေအနေနဲ့ စစ်အုပ်ချုပ်ရေးနဲ့က မတူဘူးခင်ဗျ။ အဲဒီတော့ သူတို့က အရေးပေါ် စီမံတဲ့ကာလမှာ သူတို့က တည်ဆဲဥပဒေတွေကို ကိုင်ပြီး ကျင့်သုံးရတယ်။ အဲတော့ ကျနော်တို့က အရင်တုန်းက ကြုံခဲ့ရတာကတော့ စစ်အုပ်ချုပ်ရေးနဲ့ တောက်လျှောက် ကြုံခဲ့ရတာကိုးဗျ။ အခုဖြစ်နေတဲ့ ဖြစ်စဉ်တွေ အကုန်လုံးက ကျနော်တို့ ပြည်သူတွေအတွက်က အခွင့်အရေးက အများကြီးရတယ်။ အများကြီးသာတယ်။”

ကိုဝင်းမင်း - အဲဒီတော့ အခု ဖမ်းဖို့ သတင်းပေးရေးပေါ့နော်။ ကြေညာချက် ထုတ်လိုက်တာက ဘယ်လိုဆက်ဖြစ်လာမယ်လို့ ထင်ထားလဲ။

ကိုဂျင်မီ - “တရားဝင်အစိုးရ မဟုတ်တဲ့လူတွေက ဒီဥပဒေ ဒါမျိုးကြီးထုတ်ပေမယ့် သူတို့ကို အသိအမှတ်မပြုဘူး။ သူတို့ ကြိုက်သလောက် အမိန့်တွေထုတ်၊ ကြိုက်သလောက် ပုဒ်မတွေထုတ် ကျနော်တို့ပြည်သူက အသိအမှတ်မပြုဘူး။ ဒါက လွှတ်တော်ကိုယ်စားပြု ကော်မတီတွေကလည်း မကြာခင်မှာ ကြေညာချက် ထွက်လာပါလိမ့်မယ်နော်။ ဒါသည် တကယ်တမ်းပြောရင် သူတို့ကိုယ်သူတို့ ယုံကြည်မှုမရှိတဲ့ အခါကျတော့ အဲဒီလို သတင်းပေးတို့ ဘာတို့နဲ့။ ဘယ်သူက ပေးမှာလည်းဗျာ။ နဂိုကတည်းက ကျနော်တို့က ပြည်သူနဲ့ပဲ ကြီးပြင်းလာတာ။ ကျနော်တို့ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံ စတင်ကတည်းကိုက ကျနော်တို့က ပြေးရင်းလွှားရင်း အိမ်တခုထဲကို ပြေးဝင်တယ်။ ကျနော်တို့က ကျောင်းသားတွေပါ ဆိုကတည်းက ကျနော်တို့ကို ဖွက်တာရော၊ နောက်ဆုံး အဝတ်အစားလဲတာ၊ ကျွေးတာမွေးတာရော အစ ကနေ့အချိန်အထိ ပြည်သူလူထုက ကျနော်တို့ကို တာဝန်ယူတယ်။ ယူတဲ့အတွက် တချို့ ဘယ်တော့မှလည်း သတင်းရမှာ မဟုတ်သလို ပြည်သူလူထုကြားမှာ ကျနော်တို့နေရတာ ပိုပြီးတော့ လုံခြုံတယ်လို့ ယုံကြည်တယ်။ သူတို့ တပ်မတော်က သတင်းမှန်ပြန်ကြားရေးရဲ့ (ဖေ့စ်ဘုတ်စာမျက်နှာ) အောက်မှာ ကျနော်တို့ သွားကြည့်ဖူးတယ်။ အဲဒီမှာ အောက်ကနေပြီးတော့ သူတို့ကို ဟ ဟ ပေးတဲ့သူတွေက သူတို့လူတွေထက် အများကြီးကို ပိုနေတာ တွေ့ရတယ်။”

ကိုဝင်းမင်း - ဒီနေရာမှာ ဖမ်းဆီးမှုတွေက ညဘက်မှာ ရှိလာတာအတွက် ပြည်သူတွေနဲ့ အတူ လုံခြုံရေးတွေ ဖွဲ့ဖို့ စီစဉ်နေတဲ့ အနေထားကရော။

ကိုဂျင်မီ - “ဟုတ်ကဲ့။ ကျနော်တို့ အခု ပြည်သူ့လုံခြုံရေးအဖွဲ့တွေ ဖွဲ့တယ်ဆိုတာ၊ အခု လမ်းအလိုက် လုံခြုံရေးတွေ ထားမယ် ဘာမယ် ဆိုတာ အမှန်အတိုင်း ပြောရင်တော့ ပြည်သူကို ပြည်သူက ကာကွယ်ဆိုတဲ့ အစီအစဉ်နဲ့ လုပ်ကြတာပါ။ ဘာလို့လဲဆိုတော့ တဖက်က အာဏာသိမ်းစစ်ကောင်စီ အနေနဲ့ သူတို့ရဲ့ ထုံးစံအတိုင်း သူတို့ရဲ့ ရှေးရိုးအစဉ်အတိုင်း အင်မတန်မှ ယုတ်ညံ့တဲ့ လုပ်ရပ်တွေ ရှိတယ်။ လူတွေကိုလွှတ်ပြီးတော့ မီးရှို့ခိုင်းတာတို့၊ အဆိပ်ခတ်ခိုင်းတာတို့၊ ကျနော်တို့ ၁၉၈၈ တုန်းကလည်း ကြုံခဲ့ရပြီးပြီ။ အဲဒီတော့ ကျနော်တို့ ပြည်သူလူထုက ပိုပြီးတော့ ညီညွတ်ရမယ့်အချိန်ကို ရောက်နေပြီ။ တည်ငြိမ်ရမယ့် အချိန်ကိုလည်း ရောက်နေပြီ။ နောက် အမှားနဲ့အမှန် ခွဲခြားရမယ်။ သတင်းအမှန်တွေ ခွဲခြားသိဖို့ လိုတယ်။ ကောလာဟလတွေက ဒီကာလမှာ အများကြီး ရှိနိုင်ပေမယ့် ကျနော်တို့ ၈၈ နဲ့က မတူဘူးခင်ဗျ။ ကျနော်တို့မှာ မိုဘိုင်းလ်ဖုန်းတွေ ရှိတယ်ဗျာ။ နောက် အင်တာနက်ရှိတယ်ဗျာ။ သတင်းကို အမြန်စစ်ထုတ်လို့ရတဲ့ အခြေအနေ ဖြစ်သွားပြီပေါ့ဗျာ။”

ကိုဝင်းမင်း - ဒီနေရာမှာ အခု ဒီလှုပ်ရှားမှုကြီးက အရင်လှုပ်ရှားမှုတွေ အထူးသဖြင့် ၁၉၈၈ နဲ့ မတူတဲ့ နောက်ထပ် ကွာခြားတာတွေ ရှိပါသေးလား။

ကိုဂျင်မီ - “တရားဝင်အစိုးရနဲ့ အာဏာသိမ်းအစိုးရ ၂ ခု ဖြစ်သွားပြီခင်ဗျ။ အဲဒီတော့ ဒီမှာက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ၊ လွှတ်တော်တွေက အထင်အရှား ပေါ်လာပြီ။ အခု ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ဆိုတာကလည်း သူတို့ရဲ့ လုပ်ပိုင်ခွင့် နယ်ပယ်ထဲကနေပြီးတော့ အများကြီးကို လုပ်လို့ရတယ်။ အလားတူပဲ တိုင်းနဲ့ပြည်နယ်အလိုက်လည်း လွှတ်တော်တွေ ခေါ်ယူပြီး ကိုယ်စားပြု ကော်မတီတွေ ရှိနေပြီ။ ဥပမာ ရန်ကုန်တိုင်းဆိုရင် ရန်ကုန်တိုင်းလွှတ်တော် ခေါ်ထားပြီးပြီ။ ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားပြုကော်မတီဆိုတာ ပေါ်နေပြီ။ အဲဒီတော့ အဲဒီ ကိုယ်စားပြုကော်မတီတွေက အမှန်အတိုင်း ပြောလို့ရှိရင်တော့ အစိုးရတရပ်သဖွယ် သူက လုပ်ပိုင်ခွင့်တွေ၊ ဥပဒေတွေ ပြုပြီးတော့ သူတို့ထုတ်ခွင့် ရှိနေပြီ ဖြစ်တဲ့အတွက် အာဏာသိမ်းစစ်ကောင်စီက ကြိုက်တဲ့ ခန့်ထားတဲ့ တိုင်းဘာညာ အဆင့်ဆင့်ကို လက်ခံမှာမဟုတ်ဘူး။ အဲဒီတော့ ပြည်သူလူထုက အဓိကပဲ၊ ပြည်သူလူထုကသာ ဒီ တိုင်းလွှတ်တော် ကိုယ်စားပြုကော်မတီတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ် ဆိုလို့ရှိရင် အခု စစ်ကောင်စီက ခန့်ထားတဲ့ လူတွေက အလကားဖြစ်သွားမယ်။ အခု အများစုကြီးကတော့ ဝန်ထမ်း သိန်းနဲ့ချီပြီးတော့သာ ပြည်သူတွေဘက်က ရပ်ကြတာ၊ ကျနော်တို့ CDM movement လှုပ်ရှားမှု ပေါ့ဗျာ။”

ကိုဝင်းမင်း - ဟုတ်ကဲ့ အဲဒီတော့ အခု ဒီလို တရားဝင်မှု ပိုရှိလာတဲ့ အနေအထားမှာ ပြည်သူတွေနဲ့ လုံခြုံရေးအဖွဲ့တွေ ဖွ့ဲမယ့်အနေထားကရော ဘယ်လိုမျိုး ရှိလာမလဲ။

ကိုဂျင်မီ - “အဲဒီတော့ ကျနော်တို့က ဘာဖြစ်လဲဆိုတော့ ပြည်သူလူထုဟာ ခုန ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့ရဲ့ သူတို့ရဲ့ ထုတ်ပြန်ထားတဲ့ ဥပဒေနဲ့အညီ ကျနော်တို့က ဒါတွေကို ဆောင်ရွက်တာ။ တက်ကြွလှုပ်ရှားသူတွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းက လူတွေ၊ အဲဒါတွေကို ကျနော်တို့က ဖွဲ့ထားမှာ။ ဒီနေရာမှာ စစ်ကောင်စီကနေပြီးတော့ ဒီရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို ရာထူးကနေ ဖယ်ရှားတယ်ဆိုတဲ့ ကြေညာချက် ထွက်တာပေါ့ဗျာ။ အဲဒီက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ဆိုတာက ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတာ ခင်ဗျ။ အဲဒါကို ဒီ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီနဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီး ကိုယ်စားပြုကော်မတီ ကနေပြီးတော့ အရင်ရှိပြီးသား ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက အတည်ဖြစ်တယ် ဆိုတာကို သူတို့က အတည်ပြုကြလိမ့်မယ်။ ကျနော်တို့က ဘာပဲဖြစ်ဖြစ် ပြည်သူလူထုဘက်က ရပ်တည်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ပြည်သူလူထုနဲ့ ပူးပေါင်းပြီးတော့ ကိုယ့်ရပ်ကွက်၊ ကိုယ့်လမ်းကို ကိုယ် ကာကွယ်စောင့်ရှောက်ရမယ့် အခြေနေတခုပဲ။ ဆိုတော့ ရပ်မိရပ်ဖတွေ ပါမှာပေါ့ဗျာ၊ တက်ကြွလှုပ်ရှားတဲ့ လူငယ်တွေ ပါမယ်။ နောက် လူမှုရေး အသင်းအဖွဲ့တွေ ပါမယ်။”

ကိုဝင်းမင်း - ဟုတ်ကဲ့။ ဒီနေရာမှာ တခုစိုးရိမ်ရတာက ၁၉၈၈ တုန်းကလိုပေါ့ဗျာ။ ထောင်တွေခါပြီးတော့ ဒီ အကြမ်းဖက်မှုတွေ ဖြစ်လာအောင် ဖန်တီးနေတဲ့ အနေထားတွေ အပေါ်မှာရော ဘယ်လိုမျိုး ကျော်လွှားဖို့ ပြင်ဆင်ထားလဲ။

ကိုဂျင်မီ - “ပြည်သူက အတွေ့အကြုံ ရှိပြီးသားပဲ။ တည်တည်ငြိမ်ငြိမ်နဲ့ ကျနော်တို့ဘက်ကနေ မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ရတယ်။ ကျနော် ဒီမှာ ဗွီဒီယိုဖိုင်တွေ တွေ့တယ်။ မိတဲ့သူတွေ အကုန်လုံးကို အေးအေးဆေးဆေး ချိုချိုသာသာနဲ့ မေးတာ။ ဥပမာ ကျနော် ဗွီဒီယိုဖိုင်တခု ကြည့်လိုက်ရတယ်။ ဦးပိန်တံတား မန္တလေးမှာပေါ့နော်၊ အဲဒီနားက စစ်တပ်ကနေ ကလေးတယောက်ကို ပိုက်ဆံ ၅ သိန်း ပေးပြီးတော့ မီးရှို့ခိုင်းတယ် ဆိုတဲ့ဟာမျိုးဆို ကျနော်တို့ပြည်သူက တော်တော်လေးကို သိမ်သိမ်မွေ့မွေ့နဲ့ ကိုင်တွယ်တတ်နေပြီ။ ၁၉၈၈ တုန်းကနဲ့ မတူဘူးပေါ့ဗျာ။ ၁၉၈၈ တုန်းကတော့ စစ်အာဏာရှင်ကနေပြီးတော့ အမှောင်ပိတ် ဖိသိပ်ချိတ်ပိတ်ထားတဲ့ အခါကျတော့ အမှန်တိုင်းပြောရရင်တော့ ကျနော်တို့တွေလည်း ဒေါသအပေါ် တုံ့ပြန်တာမျိုးတွေ ရှိတယ်။ တခုခုဆို ဆွပေးလိုက်လို့ရှိရင် ဝုန်းဝုန်းဝုန်းနဲ့ ဖြစ်ပြီးတော့မှ သူတို့ခေါ်တဲ့ လမ်းကြောင်းကို ပါသွားတာပေါ့နော်။ အဲ အခု ၂၀၂၁ ပြည်သူလူထုကတော့ အဲဒီလို မဟုတ်တော့ဘူးဗျ။ အဲ မိပြီဆိုလို့ရှိရင် တကယ်လည်းပဲ သူတို့ရင်ထဲကနေ ကာကွယ်စောင့်ရှောက်တယ်။ တချို့ဆိုလို့ရှိရင် ကျနော်တွေ့နေတာက ရဲစခန်းကို သွားအပ်တယ်။ ရဲစခန်းမှာ အမှုဖွင့်တယ်။ အဲတော့ ဒီဘက်မှာ ကျနော်တို့ ပြည်သူက သတ္တိလည်းရှိလာတယ်။ ဥပဒေကြောင်းကိုလည်း နားလည်တယ်။ နောက်ပြီးတော့ လုပ်နည်းကိုင်နည်းလည်း ပိုပြီးတော့ အတွေ့အကြုံအရ ပိုပြီးတော့ ကျွမ်းကျင်လာတယ်။ တတ်မြောက်လာတယ်လို့ ကျနော်မြင်တယ်ဗျ။ ဒီ လွှတ်တော်ကိုယ်စားပြု ကော်မတီတွေရယ်၊ နောက် CDM လို့ခေါ်တဲ့ ဝန်ထမ်းလှုပ်ရှားမှုရယ်၊ လူထုလှုပ်ရှားမှုရယ်နဲ့က ပေါင်းပြီးတော့ တသားတည်း ဖြစ်သွားချိန်မှာ ဒီ့ထက် ပိုပြီးတော့ အရှိန်ကောင်းလာမှာပဲ။”

ကိုဝင်းမင်း - ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကိုဂျင်မီ ခင်ဗျား။

XS
SM
MD
LG