(Zawgyi / Unicode)
ျမန္မာႏုိင္ငံအတြင္း စစ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ အႏုနည္းနဲ႔ အာဏာဖီဆန္ လႈပ္ရွားမႈ CDM မွာ ပါဝင္ၿပီး လုပ္ငန္းခြင္ မဝင္ေရာက္ဘဲေနတဲ့ ဝန္ထမ္းေတြအေနနဲ႔ လုပ္ငန္းခြင္ကို ျပန္ဝင္ေရာက္ဖို႔ လက္ရွိ အာဏာသိမ္းယူထားတဲ့ စစ္အုပ္ခ်ဳပ္ေရးေကာင္စီက မေန႔က တိုက္တြန္းလိုက္ပါတယ္။
အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ႏုိင္ငံတာဝန္ ထမ္းေဆာင္ရန္ ပ်က္ကြက္ေနၾကေသာ ႏုိင္ငံ့ဝန္ထမ္းမ်ားသို႔ အသိေပးေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။
အဲဒီလို ျမန္မာ့႐ုပ္သံကတဆင့္ ထုတ္ျပန္ခ်က္မွာ ႏုိင္ငံဝန္ထမ္းေတြဟာ ႏုိင္ငံေတာ္ ယႏၲရား တခုလုံးကို ေကာင္းမြန္စြာ သက္ဝင္လႈပ္ရွားေစရန္ ေဆာင္ရြက္ေနၾကရသူေတြ ျဖစ္တယ္လို႔ ဝန္ခံထားပါတယ္။ ဒါ့အျပင္ ႏုိင္ငံေရး၊ စီးပြားေရး စနစ္ေတြနဲ႔ အစိုးရေတြ ဘယ္လိုေျပာင္းေျပာင္း ႏုိင္ငံေတာ္ယႏၲရား အစဥ္မျပတ္ေစဖို႔ ေဆာင္ရြက္ၾကရတယ္လို႔လည္း ေဖာ္ျပထားပါတယ္။
ဝန္ထမ္းဥပေဒနဲ႔ က်င့္ဝတ္အရ သက္ဆိုင္တဲ့ စည္းကမ္းေတြ ေဖာက္ဖ်က္မႈနဲ႔ တာဝန္ပ်က္ကြက္မႈရွိရင္ အေရးယူႏုိင္ပါတယ္လို႔လည္း ေျပာပါတယ္။ တာဝန္ထမ္းေဆာင္မႈ ပ်က္ကြက္မႈက ျပစ္မႈေျမာက္ႏုိင္ေၾကာင္းနဲ႔ ဥပေဒေၾကာင္းအရ အေရးယူ ေဆာင္ရြက္ႏုိင္ေၾကာင္းလည္း ေဖာ္ျပထားတာပါ။
အသိေပးခ်က္ ေၾကညာခ်က္လို႔ သုံးႏႈန္းထားတဲ့ အဲဒီ စစ္အုပ္ခ်ဳပ္ေရးေကာင္စီရဲ႕ ေၾကညာခ်က္မွာ ပ်က္ကြက္မႈကို အေရးယူႏုိင္၊ ျပစ္မႈေျမာက္ႏုိင္၊ အေရးယူေဆာင္ရြက္ႏုိင္ဆိုတဲ့ အသုံးအႏႈန္းေတြသာ သုံးႏႈန္းထားတာကို ေတြ႔ရွိရၿပီး ဘယ္လိုအေရးယူ ေဆာင္ရြက္မလဲ ဆိုတာကိုေတာ့ တိတိက်က် ေဖာ္ျပထားျခင္း မရွိပါဘူး။
-------------------------
(Unicode)
ဝန်ထမ်းတွေ အလုပ်ပြန်ဆင်းကြဖို့ စစ်အုပ်ချုပ်ရေးကောင်စီ တိုက်တွန်း
မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အနုနည်းနဲ့ အာဏာဖီဆန် လှုပ်ရှားမှု CDM မှာ ပါဝင်ပြီး လုပ်ငန်းခွင် မဝင်ရောက်ဘဲနေတဲ့ ဝန်ထမ်းတွေအနေနဲ့ လုပ်ငန်းခွင်ကို ပြန်ဝင်ရောက်ဖို့ လက်ရှိ အာဏာသိမ်းယူထားတဲ့ စစ်အုပ်ချုပ်ရေးကောင်စီက မနေ့က တိုက်တွန်းလိုက်ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံတာဝန် ထမ်းဆောင်ရန် ပျက်ကွက်နေကြသော နိုင်ငံ့ဝန်ထမ်းများသို့ အသိပေးကြေညာချက် ထုတ်ပြန်ထားပါတယ်။
အဲဒီလို မြန်မာ့ရုပ်သံကတဆင့် ထုတ်ပြန်ချက်မှာ နိုင်ငံဝန်ထမ်းတွေဟာ နိုင်ငံတော် ယန္တရား တခုလုံးကို ကောင်းမွန်စွာ သက်ဝင်လှုပ်ရှားစေရန် ဆောင်ရွက်နေကြရသူတွေ ဖြစ်တယ်လို့ ဝန်ခံထားပါတယ်။ ဒါ့အပြင် နိုင်ငံရေး၊ စီးပွားရေး စနစ်တွေနဲ့ အစိုးရတွေ ဘယ်လိုပြောင်းပြောင်း နိုင်ငံတော်ယန္တရား အစဉ်မပြတ်စေဖို့ ဆောင်ရွက်ကြရတယ်လို့လည်း ဖော်ပြထားပါတယ်။
ဝန်ထမ်းဥပဒေနဲ့ ကျင့်ဝတ်အရ သက်ဆိုင်တဲ့ စည်းကမ်းတွေ ဖောက်ဖျက်မှုနဲ့ တာဝန်ပျက်ကွက်မှုရှိရင် အရေးယူနိုင်ပါတယ်လို့လည်း ပြောပါတယ်။ တာဝန်ထမ်းဆောင်မှု ပျက်ကွက်မှုက ပြစ်မှုမြောက်နိုင်ကြောင်းနဲ့ ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်နိုင်ကြောင်းလည်း ဖော်ပြထားတာပါ။
အသိပေးချက် ကြေညာချက်လို့ သုံးနှုန်းထားတဲ့ အဲဒီ စစ်အုပ်ချုပ်ရေးကောင်စီရဲ့ ကြေညာချက်မှာ ပျက်ကွက်မှုကို အရေးယူနိုင်၊ ပြစ်မှုမြောက်နိုင်၊ အရေးယူဆောင်ရွက်နိုင်ဆိုတဲ့ အသုံးအနှုန်းတွေသာ သုံးနှုန်းထားတာကို တွေ့ရှိရပြီး ဘယ်လိုအရေးယူ ဆောင်ရွက်မလဲ ဆိုတာကိုတော့ တိတိကျကျ ဖော်ပြထားခြင်း မရှိပါဘူး။