သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ညဘက္ မီး႐ႈိ႕မႈေတြေၾကာင့္ ၿမိဳ႕ခံေတြ ကုိယ္ထူကုိယ္ထ လုံၿခံဳေရးတာဝန္ယူေနရ


လြတ္ၿငိမ္းခ်မ္းသာခြင့္ အမိန္႔နဲ႔ လြတ္ေျမာက္လာတဲ့ အက်ဥ္းသားေတြကုိ အင္းစိန္အက်ဥ္းေထာင္မွာ စစ္ေဆးေနတဲ့ အက်ဥ္းဦးစီးဝန္ထမ္းမ်ား။ (ေဖော္ဝါရီ ၁၂၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းလို႔ ၁၃ ရက္ေျမာက္ေန႔မွာပဲ ျပည္သူလူထုရဲ႕ လုံၿခဳံေဘးကင္းေရးအတြက္ ညအခ်ိန္မေတာ္မွာ လူထုကိုယ္တိုင္ ႀကိဳးပမ္းကာကြယ္ေနၾကရၿပီ ျဖစ္ပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး လမ္းမေတာ္၊ သဃၤန္းကၽြန္း ငမိုးရိပ္ အပါအဝင္ ေနရာ ေတာ္ေတာ္မ်ားမ်ားမွာ အဆိပ္ခတ္မႈနဲ႔ မီးကြင္းပစ္မႈေတြ ျဖစ္ပြားေနတယ္ဆိုၿပီး Citizen Journalist လို႔ေခၚတဲ့ သာမန္ျပည္သူေတြထဲက သတင္းေပးပို႔သူေတြက လူမႈမီဒီယာေတြကတဆင့္ ျဖန္႔ေဝေနတာပါ။

ရန္ကုန္တိုင္းအတြင္းက ၿမိဳ႕နယ္ေပါင္းစုံမွာ အခုလို အျဖစ္အပ်က္ေတြ ျဖစ္ပြားေနတာနဲ႔အတူ ျပည္သူလူထုကိုယ္တိုင္က အၾကမ္းမဖက္ဘဲ ေဘးအႏၲရာယ္ ကင္းရွင္းေရးကို တာဝန္ယူေနတယ္လို႔လည္း လူမႈမီဒီယာေတြမွာ ေဖာ္ျပေနၾကပါတယ္။

စစ္အုပ္ခ်ဳပ္ေရးေကာင္စီက ႏုိင္ငံေရးေခါင္းေဆာင္ေတြ၊ ေရြးေကာက္ပြဲ တာဝန္ရွိသူေတြနဲ႔ တက္ႂကြလႈပ္ရွားသူေတြကို ဖမ္းဆီးထိန္းသိမ္းၿပီးတဲ့ေနာက္ အႏုနည္းနဲ႔ အာဏာဖီဆန္တဲ့ CDM လႈပ္ရွားမႈမွာ ပါဝင္သူေတြကို ညအခ်ိန္မေတာ္ ဖမ္းဆီးမႈေတြေၾကာင့္ ျပည္သူေတြ စိုးရိမ္မႈေတြ ျဖစ္ေပၚေနတာပါ။ အဲဒီတခ်ိန္တည္းမွာပဲ ျပည္ေထာင္စုေန႔ အထိမ္းအမွတ္အေနနဲ႔ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္အမိန္႔နဲ႔ ျမန္မာႏုိင္ငံတဝန္းက အက်ဥ္းသား ၂၃,၀၀၀ ေက်ာ္ကို လႊတ္ေပးအၿပီးမွာ အခုလို အေျခအေန ႐ႈပ္ေထြးမႈေတြ ပိုၿပီး မ်ားျပားလာေနတာလည္း ျဖစ္ပါတယ္။

ျပည္သူေတြအေနနဲ႔ ၁၉၈၈ တုန္းက ႀကဳံေတြ႔ခဲ့ရတဲ့ အေျခအေနမ်ိဳးကို တဖန္ျပန္ၿပီး ႀကဳံေတြေနရတာလို႔လည္း ေျပာပါတယ္။ ဒါေပမယ့္ လူမႈမီဒီယာေတြကေရာ ပင္မမီဒီယာ သတင္းေတြအရပါ အၾကမ္းဖက္ အသက္ဆုံး႐ႈံးမႈေတြ အခုအခ်ိန္အထိ မရွိပါဘူး။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

ညဘက် မီးရှို့မှုတွေကြောင့် မြို့ခံတွေ ကိုယ်ထူကိုယ်ထ လုံခြုံရေးတာဝန်ယူနေရ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလို့ ၁၃ ရက်မြောက်နေ့မှာပဲ ပြည်သူလူထုရဲ့ လုံခြုံဘေးကင်းရေးအတွက် ညအချိန်မတော်မှာ လူထုကိုယ်တိုင် ကြိုးပမ်းကာကွယ်နေကြရပြီ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်၊ သင်္ဃန်းကျွန်း ငမိုးရိပ် အပါအဝင် နေရာ တော်တော်များများမှာ အဆိပ်ခတ်မှုနဲ့ မီးကွင်းပစ်မှုတွေ ဖြစ်ပွားနေတယ်ဆိုပြီး Citizen Journalist လို့ခေါ်တဲ့ သာမန်ပြည်သူတွေထဲက သတင်းပေးပို့သူတွေက လူမှုမီဒီယာတွေကတဆင့် ဖြန့်ဝေနေတာပါ။

ရန်ကုန်တိုင်းအတွင်းက မြို့နယ်ပေါင်းစုံမှာ အခုလို အဖြစ်အပျက်တွေ ဖြစ်ပွားနေတာနဲ့အတူ ပြည်သူလူထုကိုယ်တိုင်က အကြမ်းမဖက်ဘဲ ဘေးအန္တရာယ် ကင်းရှင်းရေးကို တာဝန်ယူနေတယ်လို့လည်း လူမှုမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။

စစ်အုပ်ချုပ်ရေးကောင်စီက နိုင်ငံရေးခေါင်းဆောင်တွေ၊ ရွေးကောက်ပွဲ တာဝန်ရှိသူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးထိန်းသိမ်းပြီးတဲ့နောက် အနုနည်းနဲ့ အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေကို ညအချိန်မတော် ဖမ်းဆီးမှုတွေကြောင့် ပြည်သူတွေ စိုးရိမ်မှုတွေ ဖြစ်ပေါ်နေတာပါ။ အဲဒီတချိန်တည်းမှာပဲ ပြည်ထောင်စုနေ့ အထိမ်းအမှတ်အနေနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အမိန့်နဲ့ မြန်မာနိုင်ငံတဝန်းက အကျဉ်းသား ၂၃,၀၀၀ ကျော်ကို လွှတ်ပေးအပြီးမှာ အခုလို အခြေအနေ ရှုပ်ထွေးမှုတွေ ပိုပြီး များပြားလာနေတာလည်း ဖြစ်ပါတယ်။

ပြည်သူတွေအနေနဲ့ ၁၉၈၈ တုန်းက ကြုံတွေ့ခဲ့ရတဲ့ အခြေအနေမျိုးကို တဖန်ပြန်ပြီး ကြုံတွေနေရတာလို့လည်း ပြောပါတယ်။ ဒါပေမယ့် လူမှုမီဒီယာတွေကရော ပင်မမီဒီယာ သတင်းတွေအရပါ အကြမ်းဖက် အသက်ဆုံးရှုံးမှုတွေ အခုအချိန်အထိ မရှိပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG