[Zawgyi/Unicode]
ကယားျပည္နယ္မွာေတာ့ ရဲတပ္ဖဲြ႔ဝင္ေတြ ထပ္မံပူးေပါင္းလာျပီး သပိတ္ေကာ္မတီ၀င္ေတြကိုေတာ့ စစ္အုပ္ခ်ဳပ္ေရးေကာင္စီက တရားစဲြဆုိတာေတြလည္း လုပ္လာပါတယ္။ ဒီသတင္းကုိ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက တင္ဆက္ေပးမွာ ျဖစ္ပါတယ္။
ကယားျပည္နယ္ လိြဳင္ေကာ္ျမိဳ႕မွာေတာ့ ဌာနဆိုင္ရာ၀န္ထမ္းေတြ၊ ေက်ာင္းသားေတြ၊ ေရြးေကာက္ခံလႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ စစ္အာဏာရွင္ဆန္႔က်င္ေရး ပူးေပါင္းသပိတ္လႈပ္ရွားဆက္ျဖစ္ေနျပီး ရဲတပ္ဖဲြ႔ဝင္ေတြလည္း ထပ္မံပူးေပါင္းလာေၾကာင္း ကယားျပည္နယ္သပိတ္၀န္းရံသူလည္းျဖစ္၊ ဗကသမ်ိဳးဆက္ေက်ာင္းသားတဦးလည္းျဖစ္တဲ့ ကိုေကာင္းထက္ေက်ာ္က အခုလိုေျပာပါတယ္။
"ဒီေန႔ ရဲ သံုး ေယာက္ထပ္ျပီး ပူးေပါင္းလာပါတယ္။ အခုဆုိရင္ ပူးေပါင္းလာတဲ့ ရဲတပ္ဖဲြ႔၀င္ ၆၄ ဦး ရွိသြားပါျပီ။ ဒီ သံုး ဦးကုိ သပိတ္ေကာ္မတီက လံုျခံဳတဲ့ေနရာကို ေျပာင္းေရႊ႕ၿပီးသြားပါျပီ။ က်ေနာ္တုိ႔ သပိတ္ေကာ္မတီ၀င္ေတြရဲ႕ စဥ္းစားမႈက မနက္ျဖန္မွာ Silence day အျဖစ္သတ္မွတ္တယ္။ သတ္မွတ္ျပီး မနက္ျဖန္မွာ လူထုတရပ္လံုးေရာ၊ ၀န္ထမ္းေတြေရာ ဌာနဆိုင္ရာေတြက စစ္အာဏာရွင္ကုိ ဆန္႔က်င္ျပီး လမ္းေပၚမထြက္ဘဲ ကုိ္ယ့္အိမ္ထဲမွာ ေနျပီး ဆန္႔က်င့္ၾကဖို႔ သပိတ္ေကာ္မတီက စဥ္းစားထားပါတယ္။"
ျမန္မာစစ္အုပ္ခ်ဳပ္ေရးေကာင္စီကေတာ့ ကယားျပည္နယ္ သပိတ္ေကာ္မတီမွာ ပါတဲ့သူေတြကို ဖိအားေပးတဲ့အေနနဲ႔ ကယားျပည္နယ္ ဒီမုိကရက္တစ္ပါတီက ေရြးေကာက္ခံကိုယ္စားလွယ္ေတြနဲ႔ ေခါင္းေဆာင္ေတြအပါအ၀င္ သပိတ္ေကာ္မတီ၀င္အေတာ္မ်ားမ်ားကုိ တရားစဲြဆုိစာေတြ ထြက္လာပါတယ္။ ဒါေပမဲ့ သပိတ္ေကာ္မတီ၀င္ေတြရဲ႕ လူထုလႈပ္ရွားမႈေတြကုိ ဟန္႔တားႏိုင္မွာ မဟုတ္ဘူးလို႔လည္း ကိုေကာင္းထက္ေက်ာ္ကေျပာပါတယ္။
"ဒီလိုမ်ိဳး သပိတ္ေကာ္မတီ၀င္ေတြေရာ၊ ဦးေဆာင္တဲ့သူေတြကိုေရာ တရားစဲြတဲ့လုပ္ရပ္ေတြကေတာ့ ေနာက္ရက္ေတြမွာ စစ္အာဏာရွင္ဆန္႔က်င္ေရး လူထုလႈပ္ရွားမႈေတြကို ေခါင္းေဆာင္မႈ မေပးႏုိင္ေအာင္ ဖိအားေပးျပီး သပိတ္ကို တန္႔သြားေအာင္၊ ဟန္႔သြားေအာင္လုပ္တာျဖစ္ပါတယ္။ ကယားျပည္နယ္သမိုင္းအရ တဗိုလ္က်တဗိုလ္တက္စံနစ္နဲ႔ သြားတဲ့အတြက္သူတို႔ဟန္႔တားမႈက ေအာင္ျမင္မွာ မဟုတ္ပါဘူး။"
ကယားျပည္နယ္သပိတ္ဟာ လူထုလူတန္းစားအလႊာေပါင္းစံု ပါ၀င္ျပီး တုိင္းနဲ႔ ျပည္နယ္ အားလံုးထဲမွာ ရဲတပ္ဖဲြ႔၀င္အမ်ားဆံုး ဆႏၵျပသူေတြနဲ႔ ပူးေပါင္းခဲ့တဲ့ျပည္နယ္ျဖစ္ပါတယ္။ အခုဆိုရင္ ျပည္နယ္တခုလံုးရဲ႕ ရဲတပ္ဖဲြ႔၀င္ သံုးပံုတပံုဟာ ျမန္မာစစ္အုပ္ခ်ဳပ္ေရးေကာင္စီကိုဆန္႔က်င္တဲ့ သပိတ္ေကာ္မတီနဲ႔ ပူးေပါင္းခဲ့ျပီး သူတို႔ကုိေတာ့ လံုၿခံဳတဲ့ေနရာမွာ ကာကြယ္ေပးထားတယ္လို႔ သပိတ္ေကာ္မတီက ေျပာပါတယ္။
[Unicode Version]
ကယားသပိတ်ခေါင်းဆောင်တွေကို စစ်ကောင်စီတရားစွဲ
ကယားပြည်နယ်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေ ထပ်မံပူးပေါင်းလာပြီး သပိတ်ကော်မတီဝင်တွေကိုတော့ စစ်အုပ်ချုပ်ရေးကောင်စီက တရားစွဲဆိုတာတွေလည်း လုပ်လာပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက တင်ဆက်ပေးမှာ ဖြစ်ပါတယ်။
ကယားပြည်နယ် လွိုင်ကော်မြို့မှာတော့ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ကျောင်းသားတွေ၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ပူးပေါင်းသပိတ်လှုပ်ရှားဆက်ဖြစ်နေပြီး ရဲတပ်ဖွဲ့ဝင်တွေလည်း ထပ်မံပူးပေါင်းလာကြောင်း ကယားပြည်နယ်သပိတ်ဝန်းရံသူလည်းဖြစ်၊ ဗကသမျိုးဆက်ကျောင်းသားတဦးလည်းဖြစ်တဲ့ ကိုကောင်းထက်ကျော်က အခုလိုပြောပါတယ်။
"ဒီနေ့ ရဲ သုံး ယောက်ထပ်ပြီး ပူးပေါင်းလာပါတယ်။ အခုဆိုရင် ပူးပေါင်းလာတဲ့ ရဲတပ်ဖွဲ့ဝင် ၆၄ ဦး ရှိသွားပါပြီ။ ဒီ သုံး ဦးကို သပိတ်ကော်မတီက လုံခြုံတဲ့နေရာကို ပြောင်းရွှေ့ပြီးသွားပါပြီ။ ကျနော်တို့ သပိတ်ကော်မတီဝင်တွေရဲ့ စဉ်းစားမှုက မနက်ဖြန်မှာ Silence day အဖြစ်သတ်မှတ်တယ်။ သတ်မှတ်ပြီး မနက်ဖြန်မှာ လူထုတရပ်လုံးရော၊ ဝန်ထမ်းတွေရော ဌာနဆိုင်ရာတွေက စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး လမ်းပေါ်မထွက်ဘဲ ကိုယ့်အိမ်ထဲမှာ နေပြီး ဆန့်ကျင့်ကြဖို့ သပိတ်ကော်မတီက စဉ်းစားထားပါတယ်။"
မြန်မာစစ်အုပ်ချုပ်ရေးကောင်စီကတော့ ကယားပြည်နယ် သပိတ်ကော်မတီမှာ ပါတဲ့သူတွေကို ဖိအားပေးတဲ့အနေနဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီက ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ ခေါင်းဆောင်တွေအပါအဝင် သပိတ်ကော်မတီဝင်အတော်များများကို တရားစွဲဆိုစာတွေ ထွက်လာပါတယ်။ ဒါပေမဲ့ သပိတ်ကော်မတီဝင်တွေရဲ့ လူထုလှုပ်ရှားမှုတွေကို ဟန့်တားနိုင်မှာ မဟုတ်ဘူးလို့လည်း ကိုကောင်းထက်ကျော်ကပြောပါတယ်။
"ဒီလိုမျိုး သပိတ်ကော်မတီဝင်တွေရော၊ ဦးဆောင်တဲ့သူတွေကိုရော တရားစွဲတဲ့လုပ်ရပ်တွေကတော့ နောက်ရက်တွေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေကို ခေါင်းဆောင်မှု မပေးနိုင်အောင် ဖိအားပေးပြီး သပိတ်ကို တန့်သွားအောင်၊ ဟန့်သွားအောင်လုပ်တာဖြစ်ပါတယ်။ ကယားပြည်နယ်သမိုင်းအရ တဗိုလ်ကျတဗိုလ်တက်စံနစ်နဲ့ သွားတဲ့အတွက်သူတို့ဟန့်တားမှုက အောင်မြင်မှာ မဟုတ်ပါဘူး။"
ကယားပြည်နယ်သပိတ်ဟာ လူထုလူတန်းစားအလွှာပေါင်းစုံ ပါဝင်ပြီး တိုင်းနဲ့ ပြည်နယ် အားလုံးထဲမှာ ရဲတပ်ဖွဲ့ဝင်အများဆုံး ဆန္ဒပြသူတွေနဲ့ ပူးပေါင်းခဲ့တဲ့ပြည်နယ်ဖြစ်ပါတယ်။ အခုဆိုရင် ပြည်နယ်တခုလုံးရဲ့ ရဲတပ်ဖွဲ့ဝင် သုံးပုံတပုံဟာ မြန်မာစစ်အုပ်ချုပ်ရေးကောင်စီကိုဆန့်ကျင်တဲ့ သပိတ်ကော်မတီနဲ့ ပူးပေါင်းခဲ့ပြီး သူတို့ကိုတော့ လုံခြုံတဲ့နေရာမှာ ကာကွယ်ပေးထားတယ်လို့ သပိတ်ကော်မတီက ပြောပါတယ်။