သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းမႈဆန္႔က်င္တဲ့ ၉ ရက္ေျမာက္ ႏိုင္ငံတဝန္း ဆႏၵျပပဲြ


စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ဆႏၵျပၾကသူ ရန္ကုန္ၿမိဳ႕ခံမ်ား။ (ေဖေဖာ္ဝါရီ ၁၄၊ ၂၀၂၁)

[Zawgyi/Unicode]

စစ္တပ္က အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ လူထုဆႏၵျပပဲြေတြ ရန္ကုန္၊ မႏၱေလး နဲ႔ ေနျပည္ေတာ္ အပါအ၀င္ ႏုိင္ငံတ၀န္းက ၿမိဳ႕ေတြမွာ ဒီေန႔မွာလည္း အရွိန္အဟုန္နဲ႔ ဆက္ၿပီးေတာ့ျဖစ္ပြားေနပါတယ္။

ရန္ကုန္မွာေတာ့ လမ္းေပၚထြက္ဆႏၵျပတာေတြ အခုဆိုရင္ ၉ ရက္ေျမာက္ရွိသြားၿပီ ျဖစ္ၿပီး ဆႏၵျပတဲ့သူေတြဟာ လွည္းတန္း၊ ေျမနီကုန္းနဲ႔ ၿမိဳ႕ အႏွံမွာ စုေ၀းဆႏၵျပခဲ့ၾကၿပီး ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတဦး၀င္းျမင့္နဲ႔ ဖမ္းဆီးထားတဲ့သူေတြကို အျမန္ဆုံးျပန္လႊတ္ေပးဖို႔၊ ၀န္ထမ္းေတြအေနနဲ႔ CDM လႈပ္ရွားမႈမွာ ပါ၀င္ၾကဖို႔ ေတာင္းဆုိခဲ့ ၾကပါတယ္။

ဒါ့အျပင္ ဆႏၵျပတဲ့သူေတြဟာ တကၠသိုလ္ရိပ္သာလမ္းက အေမရိကန္သံ႐ုံးေရွ႕နဲ႔ ကန္ေတာ္ႀကီးက ကုလသမဂၢ႐ုံးေရွ႕ေတြမွာလည္း သြားေရာက္ၿပီးေတာ့ ျမန္မာစစ္တပ္ကို အေမရိကန္နဲ႔ ႏုိင္ငံတကာအေနနဲ႔ ဖိအားေပးဖို႔ ေတာင္းဆုိတာေတြ ဆက္ၿပီးေတာ့ လုပ္ခဲ့ၾကပါတယ္။

ဒီေန႔ဆႏၵျပပဲြေတြအတြင္း ဆႏၵျပျပည္သူေတြအတူ လႊတ္ေတာ္အမတ္တခ်ိဳ႕နဲ႔ အနုပညာရွင္ေတြလည္း ပါ၀င္ခဲ့ၾကသလို၊ အင္ဂ်င္နီယာေက်ာင္းေပါင္းစုံပါ၀င္တဲ့ အင္ဂ်င္နီယာတပ္ေပါင္းစု သပိတ္အဖဲြ႔လည္း ရန္ကုန္မွာ စုေဝးဆႏၵျပခဲ့ၾကပါတယ္။

ဒါ့အျပင္ ကက္သလစ္ ခရစ္ယာန္ ဘာသာ၀င္မ်ား အဖဲြ႔ကလည္း ရန္ကုန္တကၠသိုလ္ေရွ႕ ျပည္လမ္းေပၚမွာ စုေ၀းၿပီးေတာ့ စာတမ္းေတြ၊ poster ေတြ၊ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ဓါတ္ပုံေတြ ကိုင္ေဆာင္ၿပီး ၿငိမ္းခ်မ္းစြာ စီတန္းလွည့္လည္ဆႏၵျပခဲ့ၾကပါတယ္။

ဒါ့အျပင္ ၿပီးခဲ့တဲ့ရက္ပိုင္းက ေနျပည္ေတာ္ဆႏၵျပပဲြအတြင္း ရဲတပ္ဖဲြ႔က ပစ္ခတ္မႈေၾကာင့္ ဦးေခါင္းကို က်ည္ဆံထိမွန္ခဲ့တဲ့ မျမသဲြ႔သဲြ႔ခုိင္အတြက္ ဆုေတာင္းပဲြအခမ္းအနားကိုလည္း ရန္ကုန္ၿမိဳ႕ ဆူးေလဘုရားအနီးမွာ ဒီေန႔ညေနပိုင္းက ျပဳလုပ္ခဲ့ပါတယ္။

မႏၱေလးၿမိဳ႕မွာဆုိရင္လည္း စစ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ လူထုဆႏၵျပပဲြေတြ ဒီေန႔မွာ ဆက္လက္ျဖစ္ပြားခဲ့ၿပီး၊ ျပည္သူလူထုေတြ သိန္းနဲ႔ခ်ီ ပါ၀င္ခဲ့ၾကၿပီး မႏၱေလး ႏုိင္ငံျခားဘာသာတကၠသိုလ္က ေက်ာင္းသားေက်ာင္းသူေတြလည္း ဆႏၵျပခဲ့ၾကတာကို ေတြ႔ခဲ့ရပါတယ္။ ဒါ့အျပင္ ေနျပည္ေတာ္မွာဆုိရင္လည္း ဆႏၵျပတဲ့သူေတြဟာ ကားေတြ၊ ေမာ္ေတာ္ဆုိင္ကယ္ေတြနဲ႔ လွည့္လည္ဆႏၵျပခဲ့ၾကၿပီး ၀န္ထမ္းေတြအေနနဲ႔ အၾကမ္းမဖက္ဘဲ အာဏာဖီဆန္တဲ့ (CDM) လႈပ္ရွားမႈမွာ ပါ၀င္ၾကဖို႔ကို ေတာင္းဆုိခဲ့ၾကပါတယ္။

ရန္ကုန္၊ မႏၱေလးနဲ႔ ေနျပည္ေတာ္ၿမိဳ႕ေတြမွာ လူထုဆႏၵျပပဲြေတြျဖစ္ေနတဲ့ တခ်ိန္တည္းမွာပဲ ႏုိင္ငံေျမာက္ပိုင္း ကခ်င္ျပည္နယ္ကေန ေတာင္ပိုင္း တနသၤာရီတုိင္းအထိ ႏုိင္ငံတ၀န္းက တျခားၿမိဳ႕ေတြမွာလည္း စစ္တပ္အာဏာသိမ္းမႈကို လက္မခံတဲ့ ဆႏၵျပပဲြေတြဟာျဖစ္ပြားခဲ့ပါတယ္။ ကခ်င္ျပည္နယ္က ျမစ္ႀကီးနားနဲ႔ ၀ုိင္းေမာ္ၿမိဳ႕ေတြမွာ ဆႏၵျပပဲြေတြျဖစ္ပြားခဲ့သလို စစ္ကိုင္းတုိင္း မုံရြာနဲ႔ ကေလးၿမိဳ႕ေတြမွာလည္း လူထုဆႏၵျပပဲြေတြ ဒီေန႔မွာ ဆက္လက္ျဖစ္ပြားခဲ့ပါတယ္။ ဒါ့အျပင္ ရွမ္းျပည္နယ္ ေတာင္ႀကီးနဲ႔ ဖယ္ခုံၿမိဳ႕ေတြမွာ လူထုဆႏၵျပပဲြျဖစ္ပြားခဲ့သလို၊ ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕မွာလည္း ကရင္နီတုိင္းရင္းသားေတြ အပါအ၀င္ ျပည္သူေတြက ေဒၚေအာင္ဆန္းစုၾကည္ လြတ္ေျမာက္ေရးနဲ႔ ၀န္ထမ္းေတြ CDM လႈပ္ရွားမႈမွာ ပါ၀င္ဖို႔ ေတာင္းဆုိခဲ့ၾကပါတယ္။

ဒါ့အျပင္ မိတၳီလာ၊ သထုံ၊ ဘုရားသုံးဆူ၊ ၾကာအင္းဆိပ္ႀကီးနဲ႔ ထား၀ယ္ၿမိဳ႕ေတြမွာလည္း ၿငိမ္းခ်မ္းစြာ ဆႏၵျပေတာင္းဆုိမႈေတြ ျဖစ္ပြားခဲ့ၿပီး အခုခ်ိန္ထိေတာ့ အာဏာပိုင္ေတြနဲ႔ ထိပ္တုိက္ေတြ႔တာေတြ၊ အၾကမ္းဖက္ၿဖိဳခြင္းတာေတြလည္း မရွိဘူးလို႔ သိရပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ ၉ ရက်မြောက် နိုင်ငံတဝန်း ဆန္ဒပြပွဲ

စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူထုဆန္ဒပြပွဲတွေ ရန်ကုန်၊ မန္တလေး နဲ့ နေပြည်တော် အပါအဝင် နိုင်ငံတဝန်းကမြို့တွေမှာ ဒီနေ့မှာလည်း အရှိန်အဟုန်နဲ့ ဆက်ပြီးတော့ဖြစ်ပွားနေပါတယ်။

ရန်ကုန်မှာတော့ လမ်းပေါ်ထွက်ဆန္ဒပြတာတွေ အခုဆိုရင် ၉ ရက်မြောက်ရှိသွားပြီ ဖြစ်ပြီး ဆန္ဒပြတဲ့သူတွေဟာ လှည်းတန်း၊ မြေနီကုန်းနဲ့ မြို့ အနှံမှာ စုဝေးဆန္ဒပြခဲ့ကြပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ ဖမ်းဆီးထားတဲ့သူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့၊ ဝန်ထမ်းတွေအနေနဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ကြဖို့ တောင်းဆိုခဲ့ ကြပါတယ်။

ဒါ့အပြင် ဆန္ဒပြတဲ့သူတွေဟာ တက္ကသိုလ်ရိပ်သာလမ်းက အမေရိကန်သံရုံးရှေ့နဲ့ ကန်တော်ကြီးက ကုလသမဂ္ဂရုံးရှေ့တွေမှာလည်း သွားရောက်ပြီးတော့ မြန်မာစစ်တပ်ကို အမေရိကန်နဲ့ နိုင်ငံတကာအနေနဲ့ ဖိအားပေးဖို့ တောင်းဆိုတာတွေ ဆက်ပြီးတော့ လုပ်ခဲ့ကြပါတယ်။

ဒီနေ့ဆန္ဒပြပွဲတွေအတွင်း ဆန္ဒပြပြည်သူတွေအတူ လွှတ်တော်အမတ်တချို့နဲ့ အနုပညာရှင်တွေလည်း ပါဝင်ခဲ့ကြသလို၊ အင်ဂျင်နီယာကျောင်းပေါင်းစုံပါဝင်တဲ့ အင်ဂျင်နီယာတပ်ပေါင်းစု သပိတ်အဖွဲ့လည်း ရန်ကုန်မှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် ကက်သလစ် ခရစ်ယာန် ဘာသာဝင်များ အဖွဲ့ကလည်း ရန်ကုန်တက္ကသိုလ်ရှေ့ ပြည်လမ်းပေါ်မှာ စုဝေးပြီးတော့ စာတမ်းတွေ၊ poster တွေ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံတွေ ကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် ဦးခေါင်းကို ကျည်ဆံထိမှန်ခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်အတွက် ဆုတောင်းပွဲအခမ်းအနားကိုလည်း ရန်ကုန်မြို့ ဆူးလေဘုရားအနီးမှာ ဒီနေ့ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။

မန္တလေးမြို့မှာဆိုရင်လည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူထုဆန္ဒပြပွဲတွေ ဒီနေ့မှာ ဆက်လက်ဖြစ်ပွားခဲ့ပြီး၊ ပြည်သူလူထုတွေ သိန်းနဲ့ချီ ပါဝင်ခဲ့ကြပြီး မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်က ကျောင်းသားကျောင်းသူတွေလည်း ဆန္ဒပြခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် နေပြည်တော်မှာဆိုရင်လည်း ဆန္ဒပြတဲ့သူတွေဟာ ကားတွေ၊ မော်တော်ဆိုင်ကယ်တွေနဲ့ လှည့်လည်ဆန္ဒပြခဲ့ကြပြီး ဝန်ထမ်းတွေအနေနဲ့ အကြမ်းမဖက်ဘဲ အာဏာဖီဆန်တဲ့ (CDM) လှုပ်ရှားမှုမှာ ပါဝင်ကြဖို့ကို တောင်းဆိုခဲ့ကြပါတယ်။

ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မြို့တွေမှာ လူထုဆန္ဒပြပွဲတွေဖြစ်နေတဲ့ တချိန်တည်းမှာပဲ နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ကနေ တောင်ပိုင်း တနင်္သာရီတိုင်းအထိ နိုင်ငံတဝန်းက တခြားမြို့တွေမှာလည်း စစ်တပ်အာဏာသိမ်းမှုကို လက်မခံတဲ့ ဆန္ဒပြပွဲတွေဟာဖြစ်ပွားခဲ့ပါတယ်။ ကချင်ပြည်နယ်က မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့တွေမှာ ဆန္ဒပြပွဲတွေဖြစ်ပွားခဲ့သလို စစ်ကိုင်းတိုင်း မုံရွာနဲ့ ကလေးမြို့တွေမှာလည်း လူထုဆန္ဒပြပွဲတွေ ဒီနေ့မှာ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ် တောင်ကြီးနဲ့ ဖယ်ခုံမြို့တွေမှာ လူထုဆန္ဒပြပွဲဖြစ်ပွားခဲ့သလို၊ ကယားပြည်နယ် လွိုင်ကော်မြို့မှာလည်း ကရင်နီတိုင်းရင်းသားတွေ အပါအဝင် ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ ဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပါဝင်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒါ့အပြင် မိတ္ထီလာ၊ သထုံ၊ ဘုရားသုံးဆူ၊ ကြာအင်းဆိပ်ကြီးနဲ့ ထားဝယ်မြို့တွေမှာလည်း ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုမှုတွေ ဖြစ်ပွားခဲ့ပြီး အခုချိန်ထိတော့ အာဏာပိုင်တွေနဲ့ ထိပ်တိုက်တွေ့တာတွေ၊ အကြမ်းဖက်ဖြိုခွင်းတာတွေလည်း မရှိဘူးလို့ သိရပါတယ်။

XS
SM
MD
LG